Wednesday, June 15, 2016
ကြိုးကြာရိပ်
ကြိုးကြာရိပ်
ကိုလွင် ( နန်းမြေ )
အပိုင်း ( ၁ )
ပေါင်းမိုးတပ်ထားတဲ့စက်လှေရဲ့ကူဘိုတာအင်ဂျင်အသံက နားနှစ်ဖက်မှာလျှံထွက်နေ တယ် ။ စက်လှေဦးခေါင်းပိုင်းပေါင်းမိုးရဲ့ လွတ်ရာနေရာလှေဦးမှာထိုင်နေတဲ့ ကျွန်တော် ရဲ့ အတွေးတွေက ထို . . . တစ ၊ သည် . . . တစ ။ လှေကဆိပ်ကမ်းက စတင်ထွက် ခွာလာကတည်းက ရေစီးသန်လွန်းတဲ့ ကောလိချောင်းရဲ့ရေဆန်လမ်းကို အင်ဂျင်အသံ ကိုညှစ်ပြီး ထွက်ခွာလာခဲ့ရတယ် ။ ဘောလည်ရွာလေးကိုကျော်လွန်လာတော့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ ပကတိပြန့်ပြူးတဲ့ လယ်ယာမြေတွေပေါ်က မိုးဦးကာလရဲ့သန့်စင် လတ်ဆတ်တဲ့ လေတွေကိုတ၀ကြီးရှုဖြစ်ခဲ့တယ် ။ တောင်ဖက်မှာ မိုးသားတိမ်ညိုတွေက မိုးသားပြာပြာနောက်ခံပေါ်မှာ အဆုပ်ဆုပ် ။ လေကတစ်ချက်တစ်ချက်နင့်နင့်ပိုးပိုး ။
ကျွန်တော်တို့က မ ဆ လ ရဲ့ စစ်သံဖိနပ်အောက် လျှို့ဝှက်ရေးသည် ပထမ ။ လျှို့ဝှက် ရေးသည် ဒုတိယ ။ လျှို့ဝှက်ရေးသည် တတိယ ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး သိပ်သည်းစွာနဲ့ လက်ဝဲစာပေလေ့လာရေးအဖွဲ့ကိုဖွဲ့စည်းတယ် ။ စစ်အာဏာရှင်ရန်သူ ကို အန်တုလေ့လာရေးကို ပြင်းပြင်းထန်ထန်လုပ် ၊ အခြေအနေပေးရင်လူထုကြားကို ဆင်း ၊ လူထုနဲ့အတူ သုံးတူနဲ့တသားတည်းကျအောင်နေရင်း စည်းရုံး ။ ဒီလိုတက်ကြွ နေချိန် ၊ ဒီအချိန်မှာပဲ ဒိုက်ဦးမြို့ရဲ့အနောက်ဖက် ခုနှစ်မိုင်အကွာ သစ်တောကြိုးဝိုင်းအ စပ်က ကြိုးကြာကွင်း ဆိုတဲ့ရွာကလေးမှာကျောင်းသားကျောင်းသူရှစ်ဆယ်ဝန်းကျင်ဟာ အစဉ်အဆက်ဘုန်းတော်ကြီးကျောင်းမှာ စာသင်နေရကြောင်း ခေတ်ပညာကိုခေတ်နဲ့ အညီ သင်ယူလိုကြကြောင်း တတ်မြောက်စေချင်ကြောင်း ၊ မိဘတွေမှာဆန္ဒပြင်းထန်နေ ကြောင်းနဲ့ ကျောင်းဆရာတစ်ယောက်အလိုရှိကြောင်းသတင်းရတယ် ။
ဒီအချိန် ကျွန်တော်တို့ကလည်း ဆရာထက်မြတ် ၊ ဆရာနိုင်ဝင်းဆွေရေးတဲ့ အိုယန်းဟိုင် ရဲ့တေးသံကို စူးစူးနစ်နစ်လေ့လာနေဆဲလည်းဖြစ်တယ် ။ အထူးသဖြင့် အိုယန်းဟိုင် ရဲ့ တေးသံ ကိုရေးသားသူ မူရင်းစာရေးဆရာ ချင်ချင်းမိုင်ရဲ့ အမှာစာပါ ပြည်သူအကျိုး ဆောင်ကြ ၊ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ ပစ္စည်းမဲ့လူတန်းစားဆောင်ပုဒ်ကို စွဲစွဲ မြဲမြဲဆုပ်ကိုင်ထားလို့ ပြည်သူကိုအလုပ်အကျွှေးပြုရေးဟာ အဓိကအခန်းမှာပါဝင်နေ တယ် ။ ဒါကြောင့် ၁၉၈၀ - ၈၂ ဆိုတဲ့အချိန် မ ဆ လ ရဲ့ ပဉ္စလက်ဆိုရှယ်လစ် မီးပူပူ ပြာပူပူကြီးကိုအံတုရင်း ကိုယ်ကျိုးစီးပွားကို စွန့်ပယ်လို့ ပစ္စည်းမဲ့လူတန်းစားအကျိုးကို ဆောင်ရွက်ဖို့ စိတ်ဒုန်းဒုန်းချ ယတိပြတ်ဆုံးဖြတ်လိုက်ပြီး ကိုယ်နဲ့သူစိမ်းတရံစာ ဒီကြိုး ကြာကွင်း ဆိုတဲ့ရွားလေးကို ခေတ်ပညာတွေသင်ပေးဖို့ထွက်လာခဲ့တယ် ။
မိုးသက်လေကတဖြူးဖြူး ။ ရေအဆန်ကိုဆန်တက်နေတဲ့ စက်လှေကတရွေ့ရွေ့ ။ ပျဉ်ပုံရွာလှေဆိပ်ကိုရောက်တော့ ကိုယ့်ရဲ့ခရီးကဆုံးပြီ ။ လှေဆိပ်မှာစောင့်နေကြတဲ့ ရွာသားတွေက တစ်ယောက်တစ်လက်နဲ့ ပါလာတဲ့ ပုံနှပ်စာအုပ်တွေ ဗလာစာအုပ် ၊ ခဲတံ ၊ ကျောက်သင်ပုန်းပါမကျန် ထမ်းပိုးပြီး သူတို့နေထိုင်ရာ ကြိုးကြာကွင်း ရွာကလေးဆီကို မျှော်လင့်ချက်တွေ ၊ ရည်မှန်းချက်တွေနဲ့ ချီတက်ကြတော့တယ် ။ မိမိနဲ့အတူကျေးရွာလူ ကြီးအချို့ကျန်ခဲ့ပြီး နောက်ကဖြည်းဖြည်းလိုက်ခဲ့ကြတယ် ။ ပျဉ်ပုံဆိပ်ကမ်းက လောလိ ယချောင်းရဲ့ မြောက်ဖက်မှာ ။ ချေင်းကပျဉ်ပုံရောက်တော့ အနောက်တောင်ဖက်ဆီကို ချိုးကွေ့ဆန်တက်သွားတယ် ။ဒါကြောင့် ပျဉ်ပုံလေးရဲ့ အနောက်မြောက်အရပ်မှာရှိနေ တဲ့ ကြိုးကြာကွင်းရွာကလေးဟာ ကောလိယချောင်းနဲ့ ခပ်ဝေးဝေးမှာ ။ ပထမချောင်း ကမ်းဘေးအတိုင်းလျှောက် ၊ နောက်တော့ချောင်းကိုဖယ်ခွာပြီး လယ်ကြားကန် သင်း လမ်းတွေအတိုင်း ကွေ့ကွေ့ကောက်ကောက်လျှောက်ကြရတယ် ။ ဖုန်းဆိုးတောတန်း လေး တစ်ခုကိုကျော်တော့ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ရွာလေးတစ်ရွာကိုလှမ်းမြင်လိုက် တယ် ။ အဲ့ဒါကွှန်တော်တို့ရွာလေ ဆရာလေး ၊ ကျွန်တော်လှမ်းကြည့်လိုက်တော့ ရွာရဲ့ တောအုပ်စိမ်းစိမ်းနောက်မှာ သစ်တောကြိုးဝိုင်းတောထူထူ ။ အဲ့ဒီနောက်မှာမှ ပဲခူးရိုးမ တောင်တန်းပြာပြာ ။ အုပ်ဆိုင်းနေတဲ့ မိုးသားတိမ်စိုင်ခဲတွေဟာရွာအပေါ်မှာအုပ်မိုး လို့ တောင်အရပ်ကလေအသင့်နဲ့ပါလာတဲ့ ငွေဗျိုင်းဖြူဖြူတစ်အုပ်ဟာ နောက်ခံမိုးသားမည်း မည်းထက်မှာ ထင်းထင်းကြီးပျံသန်းနေကြလေရဲ့ ။
အပိုင်း ( ၂ )
ဖုန်းဆိုးတောတန်းလေးကိုကျော်လာပြီးနောက် စောက်နက်နက်ရိုးချောင်းတစ်ခုကို လူ ရောလှည်းတွေပါကူးလို့ရတဲ့ လှပတဲ့သစ်သားတံတားတစ်ခုကို ဖြတ်ထိုးထားတယ် ။ ဒီရိုးဟာ ရွာရဲ့အနားသတ်မျဉ်းပေလား ကျွန်တော်မပြောတတ် ။ တံတားကိုဖြတ်ကျော် လာပြီးရှေ့နားရောက်တော့ ဒါဆရာလေးစာသင်ရမယ့်ကျောင်းပဲ ။ ကျွန်တော်အထင်ရွာ အပြင်မှာခြေတံရှည်ရှည်လယ်စောင့်တဲ့တစ်ခုအဖြစ်ထင်နေတဲ့ အဆောက်အဦးက စာ သင်ကျောင်းတဲ့ ။ ကျေးရွာလူကြီးတွေပြောတော့ မအံ့သြပါဘူး ။ ဒီလောက်ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲ မြို့နဲ့ဆက်သွယ်ရေးကလည်း သီခြားဆိုလိုဖြစ်နေတဲ့ဒေသ ။ ကုန်းကျ ပြီး မြေဆီမကောင်းတဲ့လယ်သမားမြေတွေပေါ်မှာအသက်မွေးနေရတဲ့ တောင်သူလယ် သမားတွေရဲ့ဘ၀ ။ ဒီဘ၀တွေ . . . . ဒီ . . . ဘ . . . ၀ တွေ ။
ခုလည်းကြည့်တော့ လေးပေလောက်မြင့်တဲ့ ခြေတံရှည်တဲပေါ်မှာ ၀ါး ထရံ ဒူးပိတ်ကကျဲ ကျဲ ၊ သက်ငယ်မိုးနဲ့ အခင်းပျဉ်က ကျိးတို့ကျဲတဲ ၊ ဒီကျောင်းလေးပေါ်မှာ ကျောင်းသား ရှစ်ဆယ်ကိုခေတ်မှီပညာရေးတွေ သင်ကြားပေးရတော့မယ် ။ ကျွန်တော်တစ်ယောက် ထဲ . . . . ။
သင်ကြားရေးတွေက အသားကျနေချိန် ၊ ကလေးတွေရဲ့ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ ပျော် ရွှင်စေဖို့ဘော်လုံးကစားကွင်း ၊ ထုပ်ဆီးတိုးကစားကွင်းတွေဖန်တီးပေးထားတယ် ။ ကျောင်းရဲ့အနောက်တောင်ထောင့်က အုန်းနှဲပင်ကြီးအောက်မှာ ကျား မ သီးသန့် သန့် စင်ခန်းကလေးတွေ တည်ဆောက်ပေးပြီးချိန်ပေါ့ ။
တစ်ည . . ကာလသားခေါင်း ကိုပြုံးမောင်ရေနွေးကြမ်းသောက်ဖိတ်လို့ရွာ မြောက်ပိုင်း ကိုသွားတော့ ကိုပြုံးမောင်အိမ်မှာ ကျွန်တော်တွေ့လိုလှတဲ့လူငယ်တော်တော်များများ ကို တစ်စုတစ်ဝေးထဲတွေ့လိုက်ရတယ် ။ လူငယ်တွေရဲ့လက်တွေမှာ ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ မျက်နှာတွေက ရှုးသိုးသိုး လူငယ်တွေရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကိုပြုံးမောင် ကဒီရွာကိုဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးတဲ့ကျောင်းဆရာ . . . . ဆိုတဲ့ဆရာလေး ဟာ ဒီရွာရဲ့ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် မိန်းမပျိုလေးတွေရင်ထဲ နှလုံးသားထဲကို အချိန်မရွေးရောက်ရှိနိုင်ကြောင်း ဆရာလေးအနေနဲ့လည်းအခွင့်ရှိကြောင်း သို့သော် လည်းဒီရွာရဲ့ထုံးဓလေ့အရ ဒီရွာရဲ့ကွမ်းတောင်ကိုင်ဟာ ဒီရွာသားနဲ့သာ အိမ်ယာထူ ထောင်ရမှာဖြစ်ကြောင်း ၊ ဆရာလေးအနေနဲ့ ဒီရွာရဲ့ဓလေ့ကိုသီရှိစေချင်ကြောင်း လူ ငယ်တွေနဲ့လည်း တရင်းတနှီးဖြစ်စေလိုတဲ့အတွက်ရေနွေးကြမ်းသောက်ဖိတ်ရခြင်းဖြစ် ကြောင်းတွေကိုပြောပြတော့ ကျွန်တော်ကို ဓားကိုယ်စီနဲ့ခပ်ရိုင်းရိုင်းတားနေတဲ့အဖြစ်က ကျွန်တော်ရဲ့ဒေသကိုငယ်ထိပ်တက်စေတော့တာပါပဲ ။ မြွေးပွေးတစ်ကောင်ကို တို့ထိ လိုက်သလိုမျိုးအဖြစ်ကိုရောက်သွားတယ် ။ ဒါပေမယ့် အသိဉာဏ်တွေပိန်းနေအောင် မှောင်ပြီးအတွေးအခေါ်နုံ့နဲ့နေတဲ့ မိမိလူတန်းစားတွေကိုဒေါသစိတ်နေရာမှာ သနားခြင်း ဆိုတဲ့အစားထိုးဖြေသိမ့်လိုက်ရတယ် ။
ကျွန်တော်ဒီရွာကိုလာခဲ့ရတဲ့ရည်ရွယ်ချက်တွေကိုအတတ်နိုင်ဆုံးနားလည်အောင်ရှုင်းပြ ဖြစ်တယ် ။ကျွန်တော်ရဲ့ရှည်လျားစွာ ရှင်းပြပြီးတဲ့နောက်မှာလူငယ်တွေရဲ့မျက်နှာတွေ ပြုံးလာနိုင်ကြတယ် ။ ဒီနောက်ပိုင်းသူတို့ရဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးဟာစာသင် ချိန်မှာတောင် ကျားဖွပ်ဖို့အချက်ပေးလို့ ။ ကလေးတွေကိုအတန်းလိုက်စာတွေချပေးခဲ့ပြီး ကျောင်းပေါ်ကနေသုတ်သုတ်ဆင်းလိုက်ရတဲ့အထိရင်းနှီးလာခဲ့တယ် ။ကျွန်တော်ဟာ ကွန်မြူပါတီဥက္ကဌကြီး မောာ် ရဲ့သုံးတူနဲ့တသားထဲကျရေး ( သွားအတူ ၊ နေအတူ ၊ စားအတူ ) နဲ့တစားဖြစ်ထဲဖြစ်နေရေးမှုအရပဲ လူငယ်တွေနဲ့ပျိုးကြဲ ပျိုးနှုတ် ၊ ကောက် စိုက်စတဲ့အလုပ်တွေကို ကျောင်းအားချိန်နဲ့ ကျောင်းပိတ်ရက်တွေမှာ တသားထဲဖြစ်လာ ခဲ့တယ် ။ယုတ်စွအဆုံး ရေမြွေဖမ်းတဲ့အထိကို မျှော့ကြောက်ကြောက်နဲ့လိုက်ခဲ့ရတယ် ။
သူတို့လူငယ်တွေနဲ့ အားလပ်ချိန်တွေတိုင်းမှာ အတူနေထိုင်ရင်းတစ်ချိန်မှာ ဒီကျေးရွာရဲ့ အိမ်ထောင်ဦးစီးတွေဖြစ်လာမယ့် ယနေ့လူငယ်တွေကို အရင်းရှင်ပုဂ္ဂလိက လယ်ယာ မြေတွေအစား စုပေါင်းထွန်ယက် စုပေါင်းစိုက်ပျိး ၊ စိုပေါင်းရိတ်သိမ်း ၊ ဖိနှိပ်စော်ကားမှု တွေကိုစိုပေါင်းဆန့်ကျင် ၊စိုပေါင်းတော်လှန် ၊ ဆိုတဲ့ကျေးလက်ဘုံလယ်ယာမြေစနစ်တွေ ထူထောင်နိုင်ဖို့ တဖြည်းဖြည်းစည်းရုံးသိမ်းသွင်းနေခဲ့တယ် ။ ဒီဒေသဟာတစ်ချိန်က ပစ္စည်းမဲ့လူတန်းစားတွေရဲ့တပ်ဦးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့အမာခံကျောရိုးဒေ သတွေဖြစ်ခဲ့ဘူးတယ် ။
ဒီအခြေအနေတွေကိုမိမိတည်းခိုနေထိုင်ရာအိမ်က ဦးလေးဦးသန်းရွှေနဲ့ ဒေါ်စိန်မေတို့ကို တီးခေါက်ကြည့်မိခဲ့တယ် ။ ဆရာလေးရယ် ကွန်မြူနစ်တွေ ရွာကိုလာရင်တစ်လကိုးသီ တင်းနေကြတာ ရွာကိုဝင်လိုက်တာနဲ့လက်နက်တွေဖျောက် ၊ အားလုံးလူစုခွဲပြီး အားလုံး ဟာလည်း ရွာသားတွေဖြစ်ကုန်ကြတယ် ။ ရဲဘော်တွေဟာ ဒေါ်ဒေါ်တို့အစ်ကိုတွေ မောင်တွေဖြစ်နေတတ်ပြီး ရဲမေတွေကတော့ အစ်မတွေ ညီမတွေဖြစ်ရော ။ အိမ်တိုင်း က အလုပ်တွေဟာသူတို့ရဲ့အလုပ်တွေပဲလေ ။ တသားတည်းကိုဖြစ်နေတာ ၊ မိုးဦးဆို ထယ်ထိုး ၊ထွန်မွှေ ၊ ကောက်စိုက် ၊ နွားကျောင်း ၊ အလုပ်တွေကို သူတို့ပဲလုပ်ပေးကြ တာ ။ ရေခပ် ၊ ထင်းခွေ အဆုံးပါပဲကွယ် ။ မိန်းကလေးတွေကိုလည်း သူတို့ရဲ့အမေတွေ အစ်မတွေ ညီမတွေလိုကိုစောင့်ရှောက်ကြတယ် ။ ဒေါ်ဒေါ်တို့ဘ၀တွေလုံခြုံကြတယ် ကွယ် ။ အဲ . . . ကြောက်ရတာက နေ၀င်း - စန်းယု စစ်တပ် ။ ၇ွာတွေကိုရောက်လာရင် အဆီးအတားဆိုတာမရှိကြတော့ဘူး ။အနက်ရောင်နယ်မြေ ဆိုပြီး စိတ်ထင်တိုင်းကြဲကြ တော့တာပဲ ။ ဒေါ်ဒေါ်တို့ပြေးပုန်းပုန်းနေရတာချည်းပဲ ။နေ၀င်းမုဒိန်းတပ်ပြန်မှပဲ စိတ် ဒုန်းဒုန်းချ ရွာပြန်ကပ်ရဲတော့တယ် ။ ညဖက်ဆိုရွာလယ်ပိုင်းကအစ်ကိုသန်းတို့ခြေတံ ရှည်အိမ်ကြီးအောက်မှာ ကွန်မြူနစ်တွေကခေါ်တယ် ။ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူ ကြီးတွေကိုပါ ။အောက်လင်းဓါတ်မီးကြီးထွန်းပြီး တူ တံ ဇဉ် အလံကြီးနောက်ခံထားလို့ မာစ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်တွေကိုညစဉ်သင်တန်းပို့ချတယ် ။ သူတို့ ပြန်ရင် ဒေါ်ဒေါ်တို့မျက်ရည်အမြဲကျရတာချည်းပါပဲကွယ် . . . ။ ကျွန်တော်ရင်ထဲ ပြည်သူချစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ အင်အားကြီးမားလှတဲ့ ကွန်မြူနစ် ပါတီကြီးတစ်ခုလုံး ဒီကနေ့ဝါးအစည်းပြေ ပြေခဲ့ရတာတွေကို ယူကြုံးမရဖြစ်ခဲ့ရတယ် ။ ပါတီရဲ့အမှားတွေကို သင်ခန်းစာယူ ရှေ့ကိုဆက်လက်တိုက်ပွဲဆင်ပြီး အခြေခံလူတန်း စားတွေလွတ်မြောက်ဖို့ကြိုးပမ်းရမယ် ။
မတွေ့ချင် . . . မြင်ရက်သား . . . ဆိုတဲ့စကားပုံဟာ ကျွန်တော်အတွက်ပဲလို့ ဆိုရင် တောင်ရတယ် ။ ၀ါတွင်းဥပုသ်နေ့တွေတိုင်းမှာ ရွာမြောက်ဖျားကဘုန်းတော်ကြီးကျောင်း မှာ ကျေးရွာလူကြီးတွေက ဥပုသ်သီတင်းတည်ဆောက်နေကြစဉ်မှာ လူငယ်ကာလသား ကာလသမီးတွေက ဘုန်းကြီးကျောင်းဝန်းအတွင်းနဲ့စေတီတော်ကို သန့်ရှင်းရေးလုပ်ကြ ရတယ် ။ စုပေါင်းလုပ်ကြတဲ့ သန့်ရှင်းရေးပွဲတိုင်းမှာ သူမနဲ့ဆုံဖြစ်တယ် ။ သူမဆိုတာက ကြိုးကြာကွင်းရွာရဲ့အလှဆုံး ၊ အကျော့ရှင်းဆုံး ၊ ကွမ်းတောင်ကိုင်အပျိုစင်လေး ချိုသဲ ဆိုတဲ့မိန်းကလေးပါ ။ ကွမ်းတောင်ကိုင်လေးပီပီ ဆံတောက်လေးမှာတစ်ပွင့်ပန်းလေးအ မြဲပန်ဆင်လေ့ရှိတယ် ။ နားနှစ်ဖက်က နားသံသီးလေးကကိုယ်ကို လှုပ်ရမ်းရယ် လိုက်တိုင်း တလှုပ်လှုပ် ၊ အဖြူဖက်ကိုကဲနေတဲ့ ညိုယောင်ယောင်အသားအရေ ၊ ၀န်း ၀ိုင်းပြီး အနက်ရောင်လက်လက်မျက်ဝန်းပိုင်ရှင်လေး ။
ပျိုးနှုတ် ကောက်စိုက် ခလုတ်တိုက်တွေ့ခဲ့ပေမယ့် မသိသလိုနေထိုင်ခဲ့တယ် ။ နောက် ပိုင်းဝါတွင်းအပါတ်စဉ်ဘုန်းတော်ကြီးကျောင်းဆုံတွေ့ရတဲ့အဖြစ်တွေက မျက်လုံးချင်း တွေ မကြခဏဆုံဖြစ်တော့တယ် ။ သူရဲ့အကြည့်ဟာ ကျွန်တော်အပေါ် ဒီရွာကိုအခမဲ့ ပညာလာသင်ပေးနေတဲ့မြို့သားကျောင်းဆရာလေးဆိုတဲ့ အကြည့်ထက်မပိုခဲ့ဘူးလို့ ထက်ရပေမယ့် ထပ်ခါထပ်ခါဆုံဖြစ်တဲ့အကြည့်တွေမှာ အချစ်ရနံ့တွေသင်းလာခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်ကကြည့်တဲ့အကြည့်ဟာ ဒီရွာကလှပတဲ့ကွမ်းတောင်ကိုင်မလေး တစ်ယောက်အဖြစ်နဲ့ရယ်ပါ ။ ဒါပေမယ့်နောက်ပိုင်းမှာ မြင်ပါများတော့ ယဉ်ဆိုသလို ကျွန်တော့်မျက်ဝန်းဟာလည်း မရိုးသားနိုင်တော့တာမိမိဘာသာအသိ ။ ကျွန်တော်ရဲ့ မရဲတရဲအကြည့်နဲ့ သူရဲ့စူးစူးနစ်နစ်အကြည့်တွေ ပိုပြီးပိုပြီးရင်းနှီးလာခဲ့တယ် ။ ကျွန်တော်ရဲ့ ကိုယ်ကျင့်တရား ၊မာဂျင်လိုင်းလေးကဆွေးဆွေးမြေ့မြေ့ ။ ဘယ်အချိန် ကျိုးပဲ့နိုင်လေမလည်း ။ လောလောဆယ်မစဉ်းစားနိုင်သေးပါ ။ ခိုးခိုးကြည့်နေတဲ့အ ကြည့်လေးတွေဟာကျွန်တော်ရဲ့ဘ၀တစ်ခုအဖြစ် အသိမဲ့မဲ့ခံစားနေရတယ် ။ချိုသဲ . . . . . . တဲ့ ။ လန်းဆန်းလတ်ဆတ်သစ်လင်တောက်ပတဲ့ မြန်မာ့ကျေးလက်က သမီးပျိုတစ်ယောက် ၊ ကျွန်တော်ရဲ့အိပ်ချိန်တွေအပေါ်ကိုတောင် တစတစ နင်း လျောက်လာပါပကော ။ ကျွန်တော်ကိုယ်တိုင်လည်းလူငယ်စိတ်နဲ့ လောင်ကျွမ်းနေပေါ့ ။
သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ လပြည့်နေ့မှာ ကောလိယချောင်းအထက် သပြေ တန်းရွာကစလို့ ချောင်းရိုးအတိုင်း ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကြီး မီးမျှောပူဇော်ပွဲကို နှစ်စဉ် အစဉ်အဆက်ကျင်းပမြဲဖြစ်တယ် ။ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ဟာ သပြေ တန်းရွာကတစ်ဆင့် ကောလိယချောင်းအတိုင်းနတ်စဉ်ကုန်း ပြီးတော့ ပျဉ်ပုံရွမှာဆိုက် ကပ်အပူဇော်ခံပြီး ကောလိယချောင်းရေနဲ့အတူ ချောင်းအောင်ပိုင်းရွာစဉ်အဆက်ဆက် ကို အပူဇော်ခံလေ့ရှိတယ် ။
ကျွန်တော်တို့ကြိုးကြာကွင်းရွာလေးက ရှင်ဥပဂုတ္တမထေရ်ကိုပူဇော်လိုရင် ပျဉ်ပုံကတို့ ဆိပ်ကမ်းကိုသွားကြရတယ် ။ မီးမျှောပွဲအတွက် ကြိုးကြာကွင်းရွာက လူငယ်တွေ အမျိုး သမီးလေးတေဟာ မိုးမချုပ်မှီကတည်းကတပြင်ပြင် ။ ကျွန်တော်ရွာအရှေ့တောင်ဖက် ရိုးချောင်းတံတားပေါ်မှာသီတင်းကျွတ်လပြည့်ရဲ့ လရောင်လင်းလင်းအောက်ရပ်နေမိ တယ် ။သွားလေရာရာလက်နက်တွေ ယူဆောင်လာတတ်တဲ့ကိုယ့်ရွာက လူငယ်တွေ ကိုစောင့်ကြည့်ရင်းပေါ့ ။ ထင်တဲ့အတိုင်းပါပဲ ဘာသာရေးပွဲတော်ကို ဓားအတို အရှည်တွေယူလာကြတယ် ။ ဘာသာရေးပွဲမို့ လက်နက်တွေမဆောင်သင့်ကြောင်း ငြိမ်း ငြိမ်းချမ်းချမ်းရှိစေချင်ကြောင်းတွေဟောပြောပြီးလက်နက်တွေအပ်ခိုင်းပြီးမှ ပျဉ်ပုံရွာကို လွှတ်ဖြစ်တယ် ။ လူငယ်အချို့ကျန်နိုးကျန်နိုးနဲ့စောင့်နေရင်း ဗြုံးဆို ချိုသဲတို့မိန်းက လေးတစ်စုတံတားပေါ်ရောက်လာကြတယ် ။ ကျွန်တော်ကိုမြင်တော့ ဟယ် . . . ဆရာ လေးဒီမှာဘာရပ်လုပ်နေတာလည်း .. ချိုသဲတို့အထဲကတစ်ယောက်ကနှုတ်သွက် လျှာ သွက် လှမ်းပြီးနှုတ်ဆက်ရင်း တံတားပေါ်မှာသတို့ရဲ့ခြေလှမ်းတွေကို ရပ်လိုက်ကြတယ် ။ အကျိုးအကြောင်းပြောပြဖြစ်တယ် ။ လပြည့်ညရဲလရောင်ထိန်ထိန်အောက်က ချိုသဲ ရဲ့အကြည့်တွေဟာရွှန်းမြတောက်ပလွန်းပြီး လရောင်လက်လက်ကြောင့် ချိုသဲ မျက် ၀န်းလေးတွေ အရည်လဲ့နေတယ် ။
အပိုင်း ( ၃ )
ဆရာလေးချိုသဲတို့နဲ့လိုက်ခဲ့ပါလား . . . ။ ပထမ . . . ဆုံးပါပဲ ။ ကျွန်တော်ကိုဆရာ လေးလို့ခေါ်လိုက်တဲ့စကားတစ်ခွန်းတော့ ကျွန်တော်ရဲ့နားကတစ်ဆင့်နှလုံးသားဆီကို ချိုချိုအေးအေးလေးနဲ့စိမ့်ပြီးစီးဆင်းသွားတယ် ။ ဒီရွာရောက်ပြီးငါးလကျော်အကြာမှာ ကျွန်တော်တိတ်တဆိတ်စိတ်ဝင်စားနေတဲ့ ကွမ်းတောင်ကိုင်မလေးချိုသဲ နှစ်ဦးသားဆုံမိ တိုင်းမျက်ဝန်းတွေနဲ့စကားတွေပြောပြောနေတတ်တဲ့ချိုသဲ ၊ စကားကိုပင် ဟဟမပြော ဖြစ်ခဲ့ကြပါပဲ ဒီည . . . . မှ ။
ကျွန်တော်ရဲ့ပျော်ရွှင်ဝမ်းသာစိတ်ကို မနည်းမြိုသိပ်လိုက်ရတယ် ။ ဒီကြားထဲ မိန်းက လေးအုပ်စုက ချိုသဲကိုကျွန်တော်နဲ့အတူနောက်ကလိုက်ခဲ့ဖို့ပြောရင်းရှေ့ကထွက်သွား ကြတော့ ချိုသဲအရှက်ပြေရယ်ရင်း ဒီကောင်မတွေကတော့ဟယ် . . လို့ငြီးငြူရင်း ကျွန် တော်ကိုအားတုန့်အားနာစွာနဲ့ မျက်လွှာလေးလှန်ကြည့်တယ် ။ သူ့အကြည့်တွေတိုင်း ဟာကျွန်တော်နှလုံးသားကိုစူးစူးနစ်နစ်ရှိနေစေတာတော့ အမှန်ပါပဲ ။
ကျွန်တော်တို့နှစ်ယောက်လပြည့် လရောင်အောက်မှာ တံတားပေါ်ကဆင်းပြီး လမ်း လျောက်လာခဲ့ကြတယ် ။ ဖုန်းဆိုးတောတန်းလေးအလွန်အထိနှစ်ယောက်သားယှဉ်တွဲ လျောက်လာနိုင်ပေမယ့်တံတားလေးအကျော်မှာ လယ်ကွင်းတွေရဲ့ကန်သင်းလမ်းတွေ အတိုင်းရှေ့နောက်စဉ်ပြီး ကွေ့ကွေ့ကောက်ကောက်သွားရင်း ကောလိယချောင်ကမ်းနံ ဘေးကုနရောက်လာကြတယ် ။ သီတင်းကျွတ်ရေစစ်ရေကျချိန်မို့ ကောလိယချောင်းရေ ဟာ သဲချောင်းပီပီ ကြည်လဲ့နေတယ် ။ ချောင်းရေပြင်ပါးပါးပေါ်က လရောင်ကငွေနှင်း ကော်ဇော်ကြီးသဖွယ် ၊ အားစမ်းနေတဲ့မြောက်ပြန်လေက တစ်ချက်တစ်ချက်ခပ်စိမ့်စိမ့် လေအတိုးမှာချောင်းရေထဲကလပြည့်လဟာ လှုပ်လှုပ်ခပ်ခပ် ။
ကမ်းနံဘေးလှည်းလမ်းအလယ်ဟာ နှစ်ယောက်ယှဉ်တွဲလျောက်ဖို့လုံလုံလောက် လောက်မရှိ ။ ယှဉ်လျောက်လာတဲ့ ချိုသဲနဲ့ကျွန်တော်က ရံဖန်ရံခါပုခုံးခြင်းထိမိတဲ့အထိ ဖြစ်စေတယ် ။လမ်းလျောက်နေရင်း နောက်မှာကျန်ကျန်နေတဲ့ချိုသဲက အရှက်တရား ထက် စိုးရိမ်စိတ်နဲ့ အကြောက်တရားပိုမိုလွှမ်းမိုးထားတဲ့အခါ ကျွန်တော်လက်မောင်းကို လှမ်းလှမ်းဆွဲတတ်တယ် ။ နှစ်ဦးသားပူးပူးကပ်ကပ်ရှိနေချိန်မှာ ချိုသဲခေါင်းပေါ် ပန်လာ တဲ့ စံပယ်ကုံးနဲ့ ချိုသဲမျက်နှာပြင်ကသနပ်ခါးရနံ့တွေဟာ ကျွန်တော်ကိုသာယာမိစေတာ ကတော့အမှန်ပါ ။ တဖြည်းဖြည်းကျွန်တော်တို့နှစ်ယောက်ပျဉ်ပုံရွာကိုရောက်လာခဲ့တယ် ။ ကမ်းနံဘေးအောက်လင်းဓာတ်မီးတွေက ထိန်လို့ အသံချဲ့စက်ရဲ့တရားဓမ္မသံတွေဟာ သီတင်းကျွတ်လပြည့်ရဲ့အဓိပ္ပါယ်ကိုပေါ်လွင်အောင်ဖော်ဆောင်နေတယ် ။ နတ်စဉ်ကုန်း ရွာကစုန်ဆင်းလာမယ့် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကမဆိုက်ရောက်သေး ။ ကမ်းန ဖူးနဲ့သဲသောင်ပြင်မှာလူတွေက တလှုပ်လှုပ် ၊ လပြည့်ညအတွက်မီးပူဇော်သူတွေက သဲသောင်ပြင်တ၀ိုက်မှာမီးကြာခွက်တွေရေမှာမျှောပြီးပူဇော်နေကြတယ် ။
ကျွန်တော်နံဘေးမှာကပ်ပါလာတဲ့ချိုသဲက ဆရာလေး မီးပူဇော်ရအောင်လေ လို့ချိုသဲ သတိပေးမှ မီးပူဇော်ဖို့သတိရတော့တယ် ။ ကမ်းပေါ်ကမီကြာကလက်နှစ်ခုကိုဝယ်ပြီး ဖရောင်းတိုင်ကိုမီးထွန်းလာခဲ့တယ် ။ လူနည်းနည်းရှင်းတဲ့ ဟိုး. . . ခပ်လှမ်းလှမ်းသဲ သောင်စပ်မှာနှစ်ယောက်သားထိုင်ဖြစ်တယ် ။ ကောလိယချောင်းရဲ့ရေစီးကြောင်း ကောက်ကောက်ကွေ့ကွေ့ပေါ်မှာမီးကြာခွက်ရောင်စုံတွေကလှလှပပစီးမြောနေလေရဲ့ ။ လပြည့်ညထိန်ထိန်သာနေတဲ့လရောင်ရယ် ကမ်းနံဘေးကဘားပေါ်ကအောက်လင်း ဓာတ်မီးရဲ့အလင်းရောင်တွေရယ် ရေးစီးကြောင်းပေါ်က မီးကြာခွက်တွေရဲ့အလင်း ရောင်က ချိုသဲရဲ့အလှကိုပိုမိုတောက်ပလာစေတယ် ။ ကျွန်တော်နဲ့အတူကပ်ပြီးယှဉ် ထိုင်ရင်း မီးကြာခွက်ကိုင်ထားတဲ့ကွမ်းတောင်ကိုင်လေးရဲ့အလှ ၊ ဒီအလှတွေကိုချိုသဲ မမြင်မိလေအောင် ခိုးခိုးဝှက်ဝှက်ငဲ့စောင်းကြည့်ဖြစ်တယ် ။ စိတ်ကစေခြင်းမရှိပါဘဲမိမိ ပါးစပ်ကစကားလုံးအချို့ခုန်ပေါက်ထွက်ကျသွားတယ် ။ သိပ်လှတယ်ချိုသဲရယ် ……။ ချိုသဲတအံ့တသြကြားလိုက်ရတဲ့စကားသံကဟုတ်ပါလေစဆိုတဲ့အကြည့်မျိုးနဲ့လည်ပြန် လှည့်ကြည့်တယ် ။ မဖျက်သိမ်းနိုင်သေးတဲ့ကျွန်တော်ရဲ့စူးနစ်လှတဲ့အကြည့်ကို ချိုသဲ မတုန့်ပြန်နိုင်ဘူး ။ အို . . . . . ဆရာလေးကလည်း ။ ချိုသဲရဲ့ပန်းနုရောင်မျက်နှာလေး ကိုမီးရောင်နဲ့ လရောင်အောက်မှာအထင်းသားတွေ့ရတယ် ။ ချိုသဲရဲ့ရှက်ပြုံးတစ်ပွင့်နဲ့ အတူတစ်ဖက်ကိုလှည့်လိုက်စဉ်မှာ ချိုသဲရဲ့ဆံတောက်လေးအပေါ်မှာရစ်ခွေပန်ဆင် ထားတဲ့စံပယ်လေးကို နုနုဖွဖွ ခိုးနမ်းလိုက်ဖြစ်တယ် ။ ရေပြင်ပေါ်မှာပူးကပ်သွားတဲ့ပုံရိပ် တစ်စုံ ၊ လရောင်အောက်မှာနီးစပ်သွားတဲ့ပုံရိပ်နှစ်ခု ။
ပူဇော်ပွဲအပြီးအပြန်လမ်းဟာကျွန်တော်တို့နှစ်ဦးအတွက်အချိန်တွေအကုန်မြန်လွန်းလှ တယ် ။ ဒီလမ်းခရီးဟာတိုတေင်းလွန်းလှတယ် . . လို့ရင်ထဲမှာမကျေမနပ်ခံစားရပြန် တယ် ။ ရွာကလူငယ်တွေနဲ့ မိန်းကလေးတွေ အစုကပြန်နှင့်ကြပြီ ။ မိန်းကလေးအစုက စာသင်ကျောင်းမှာစောင့်မယ်ဆိုတဲ့အသိကိုပေးခဲ့တယ် ။ ကျွန်တော်တို့နှစ်ဦးရဲ့အပြန် လမ်းမှာ ချိုသဲဟာရဲရဲတင်းတင်းပဲ ကျွန်တော်လက်ကိုတွဲခဲ့တယ် ။ ခြေလှမ်းတွေကတုန့် တုန့်နှေးနှေး ။ လရောင်ဟာညဉ့်နက်လေ ပိုမိုသစ်လွင်လေ ။ လယ်ယာမြေတွေက ပုရစ် အော်သံအချို့မှတပါး ပကတိအငြိမ် ။နှစ်ဦးသားပြောစရာစကားများရှိပါလျက်က ပတ် ၀န်းကျင်နဲ့အတူ ဆိတ်ဆိတ်နေနေကြတယ် ။ ဆရာလေးရယ် . . ချိုသဲတော့ . . ဒီည . . အိပ်ပျော်မယ်မထင်တော့ဘူး . . . ချိုသဲရဲ့အသံယဲ့ယဲ့လေးက တိတ်ဆိတ်နေတဲ့ဝန်း ကျင်မှာတော့ပီပီသသ ။ ကျွန်တော်လည်း . . .ထပ်တူပါပဲ . . ချိုသဲရယ် . . . ။
ပေါက်ကွဲတော့မယ့်မိမိရဲ့စိတ်တွေကိုအသိနဲ့အချိန်မီထိန်းထားရင်း စာသင်ကျောငးလေး မှာစောင့်နေကြမယ့်ချိုသဲရဲ့အဇော်တွေရှိရာကို ကျွန်တော်အရာက်ပို့ပေးခဲ့တယ် ။ ချိုသဲ နဲ့သူရဲ့မိန်းကလေးအစုရွာတောင်ပိုင်းကိုဝင်သွားချိန်အထိ ကျွန်တော်ဟာစာသင် ကျောင်းကလေးရဲ့လှေခါးထစ်မှာထိုင်ရင်း လရောင်အောက်မှာ တစ်ကိုယ်ထဲလွမ်း လွမ်း ဆွေးဆွေး . . . ကျန် . . . . နေ . . . . ရစ်. . . . . တော့တယ် ။
လူငယ်စိတ်တွေနဲ့ကျွန်တော်ဟာလောင်ကျွမ်းနေခဲ့ပေမဲ့ တစ်ဖက်မှာရွာကိုပေးထားတဲ့ ကတိတွေ နောက်အခြားတစ်ဖက်မှာ အိုယန်ဟိုင်းရဲ့ပြည်သူ့အကျိုးဆောင်ကြ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ပစ္စည်းမဲ့လူတန်းစားခံယူချက် ။ ဒါတွေနဲ့အတူကျွန် တော်ကြိုးတန်းပေါ်လျောက်ခဲ့တယ် ။ ဒီကျွန်တော်ရဲ့တွေဝေစိတ်တွေဟာ ပညာတတ် ညဉ်နဲ့ဓနရှင်အတွေးအခေါ်ကဆင်းသက်လာကြောင်းတွေကို မိမိကိုယ်မိမိအဖန်ဖန်ဝေ ဖန်ရင်းဖောက်ပြန်တဲ့အတွေအခေါ်တွေအဖြစ် ထင်ထင်ရှားရှားဖြစ်လာချိန်မှာ ကျွန်တော် ပြတ်သားခဲ့ရတယ် ။ မ ဆ လ ရဲ့ကြွေးကြော်သံဖြစ်တဲ့ အူမတောင့်မှသီလစောင့်မယ် ဆိုတဲ့အရင်းရှင်လက်သစ်ဝါဒရဲ့ဖောက်ပြန်ရေးအဆိုကို ခါးခါးသီးသီးဖြစ်ခဲ့ဖူးပြီ ။ ခုလည်းနေမြင့်လေ အရူးရင့်လေ ဆုတဲ့ကိုယ်ကျိုးစီးပွားသမားတွေရဲ့ ရှေ့နေစကားတွေ ကိုလူတန်းစားအမြင်ကြည်လင်စွာနဲ့ဖြတ်တောက်ပစ်ရတော့မယ် ။ ဆင်ခြင်သုံးသပ်မှု တွေနဲ့အတူ ပစ္စည်းမဲ့လူတန်းစားတွေရဲ့အရေးကိုသေတပန်သက်ထက်ဆုံး ဦးထိပ်ပန် ဆင်ဖို့ ဒီလက်ဝဲစာပေတွေကိုလျှို့လျှို့ဝှက်ဝှက်နဲ့ နက်နက်နဲနဲလေ့လာခဲ့ခြင်းမဟုတ်ပါ လား ။နောက်ဆုံးမှာကျွန်တော်ဟာပြည်သူ့အကျိုးဆောင်ခြင်းဆိုတဲ့အရာကနေသွေဖီမ သွားနိုင်ဖို့ သွေးအေးအေးနဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာတည်ဆောက်လိုက်တယ် ။ ကျွန် တော်ချိုသဲကို အတတ်နိုင်ဆုံးမတွေ့ဆုံမိဖို့ပါပဲ ။ဒါပေမယ့် ကွေ့ကွေ့ကောက်ကောက်နဲ့ ချိုသဲကိုရှောင်ကွင်းနိုင်ရေးလမ်းဟာတစ်ကြိမ်မှာ ထိပ်တိုက်ကြီးကြုံတွေကလာခဲ့တယ် ။
ဒီအခြေအနေဟာလည်းနောက်ဆုံးအချိန် ဖြစ်လိမ့်မယ်ဆိုတာကိုရင်ထဲမှာ . . . အသိ ။
အပိုင်း ( ၄ ) ဇာတ်သိမ်း
တန်ဆောင်မုန်းလပြည့်နေ့ နှစ်ကျိပ်ရှစ်ဆူသောဘုရားရှငငင်မှားလှည့်လည်ပူဇော်ပွဲနဲံ့ ဇာတ်လမ်းသရုပ်ဖေါ်ကားတွေဟာ ကျွန်တော်တို့မြို့ကလေးပေါ်မှာ ကားတန်းကြီးတွေစီ စီရီရီနဲ့လှည့်လည်ကြတော့နယ် ။ မြို့သူမြို့သားတွေနဲ့ မြို့နဲံ့နီးစပ်ရာရွာတွေက မြို့ပေါ် တက်ပြီး ပျော်ရွှင်စွာဆင်နွဲနေချိန်မှာ မြို့ရဲ့အနောက်ဖက်ခုနှစ်မိုင်အကွာ သစ်တောကြိုး ၀ိုင်းအစပ်ကကြိုးကြာကွင်းရွာကလေးက သူနဲ့ဘာဆို ဘာမှမဆိုင်သလိုပင် ။ မြို့ပေါ် ကျွန်တော်ကိုယ်တိုင် နှစ်စဉ်ဆင်နွဲခဲ့လေရာ အပျော်ရွှင်ရဆုံးကာလ ၊ ဒီအချိန်မြို့ပေါ်မှာ မေတ္တာသုတ်တွေရွတ်ဖတ်ပူဇော်ရင်း မိမိရပ်ကွက်ရဲ့အမျိုးသမီးလေးတွေ အမျိုးသား လေးတွေရောင်စုံမီးတွေကိုယ်စီနဲ့ လှည့်လည်ကြတော့မယ် ။ ဒီအချိန်မှာပဲ စတိတ်ရှိုး ကားတွေ တေးသရုပ်ဖေါ်ကားတွေ အလှပြယဉ်ကိုကြည့်ရှုငေးမောရင်း တညတာအချိန် တွေကိုကုန်လွန်စေမယ် ။
ဒီလိုပျော်ရွှင်ဖွယ်အချိန်တွေကို ဒီရွာလေးအတွက် စတေးလိုက်တယ် ။ မြို့ပေါ်က ပျော် ရွှင်မှုတွေကို ဒီရွာကပစ္စည်းမဲ့လူတန်းစားတွေအတွက် လျဟ်လျူရှုလိုက်တယ် ။ ဒီရွာ လေးရဲ့အခြေခံလူတန်းစားတွေနဲ့အတူ နေထိုင်ခြင်းတွေကအကောင်းဆုံးနေ့တွေအဖြစ် သုံးသပ်လိုက်ပြီး ရွာဓလေ့ဖြစ်တဲ့ ကောက်စော ကောက်ညှင်းပေါင်းဆွမ်းကပ်ပူဇော်ပွဲ လေးထဲမှာ နစ်မြူပ်ပစ်လိုက်တယ် ။ ဒီပွဲမှာ ချိုသဲနဲ့ ပြန်လည်ဆုံတွေ့တယ် ။ ဖြစ်ချင် တော့ မိမိနေထိုင်ရာဦးသန်းရွှေလယ်ကအစောဆုံးကောက်ညှင်းစပါးထွက်လာတော့ မုန့်ဆမ်းထောင်းပွဲ နဲ့ဆွမ်းကပ်ခွင့်ရခဲ့တာပေါ့ ။ ချိုသံဟာ ကျွန်တော်ကိုမြင်တွေ့တော့ မျက်ဝန်းထဲမှာ မျက်ရည်တွေကရစ်ဝိုင်းလို့ ဆရာ . . . လေး လို့ခေါ်လိုက်ချိန်မှာ သူရဲ့ မျက်ဝန်းအကြည့်တွေက ကျွန်တော်အပေါ် ပဟေဠိများစွာထင်နေတော့တယ် ။ စိမ်း ရက်လေခြင်း ပစ်ထားရက်လေခြင်း တစ်ဖက်သတ်ဆန်လေခြင်းဆိုတဲ့ အကြည့်တွေ ဟာ ကျွန်တော့်အတွက်နက်နက်နဲနဲ ရင်ကွဲချင်စရာပါ ။ သူရဲ့ပါးနှစ်ဖက်ကပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းလေးတွေလိမ့်ဆင်းလာတော့ မြားစင်းပေါင်းများစွာနဲ့ မိမိနှလုံးသား ကို ပစ်သွင်းနေသလိုပါပဲ ။ ရင်ထဲကတစစ်စစ်ကိုက်ခဲနာကျင်လာတယ် ။
ချိုသဲလို မိန်းကလေးတစ်ယောက်ရဲ့စွဲလမ်းမှုကို ကျွန်တော် ဥပက္ခာမပြုနိုင်သလို မိမိ နှလုံးသားရဲ့စေညွှန်မှုကိုလည်း ရှေ့တန်းထွက်မပြသင့်ဘူး ဆိုတဲ့ အစွန်းနှစ်ဖက်ကြား နေရင်းက ကျွန်တော်စိတ်တွေကို နာကျဉ်း နာကြည်းစွာ မြတ်သားရတော့တယ် ။ ကျွန် တော်နဲ့ ချိုသဲက နှလုံးသားခြင်းပတ်သက်နေပေမယ့် တရားဝင်ချစ်သူအဆင့်ကိုမ ရောက်ကြသေးတာဟာ ရပ်သိရွာသိ ။ ဒီတန်ဆောင်မုန်းလပြည့်ဟာ နှလုံးသားကိုဆေး ပေါင်းမခနိုင်တဲ့ ည ။ လမ်းခွဲရတော့မယ့်လမ်းခွဲညလေး ။ နာကျင်စွာနဲ့ဘာမှမသိရှာသေး တဲ့ အပြစ်မဲ့မျက်ဝန်းလေး ။ မောင်းဆုံအနီးမိန်းမပျိုလေးတွေနဲ့အတူထိုင်ရင်းက ကျွန် တော်ကိုအရိပ်တကြည့်ကြည့်နဲ့ မော့ကာမော့ကာ ပျော်ပါးကြည်ရွှင်နေတဲ့ မျက်နှာကို တ၀ကြီးကြည့်နေဖြစ်တယ် ။
နှစ်ယောက်သားရတဲ့အချိန်အားလေးမှာ သူ့ကိုအကျိုးအကြောင်းတွေနဲ့ ဖျောင်းဖြဖြစ် တယ် ။ ဒီရွာလေးကိုလာရတဲ့ရည်ရွယ်ချက်မှာ အဓိကအချက်က ရွာကကလေးတွေကို ခေတ်ပညာတွေသင်ပေးရင်း ဒီရွာရဲ့ ပစ္စည်းမဲ့ဆင်းရဲသားတွေကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း ၊ ဒုတိယအချက်က အရပ်သားအစိုးရကိုသေနတ်ပြခြိမ်းခြောက်ပြီး ယူနီ ဖောင်းချွတ်ထားတဲ့ နေ၀င်း စစ် ဖက်ဆစ် အာဏာရှင်အစိုးရနဲ့ စစ်မှန်တဲ့ဆိုရှယ်လစ်ဝါဒ ကိုအိုးမဲသုတ် ၊အရေခြုံဆိုရှယ်လစ်ဆိုတာကြီးအကြောင်းဖွင့်ချဖို့အကြောင်း ၊ တတိယ အချက်က စစ်မှန်တဲ့ဆုရှယ်လစ်ဝါဒကိုတကယ့်ပစ္စည်းမဲ့ဆင်းရဲသားတွေကိုယ်တိုင်ဦး ဆောင်ပြီး အထွေထွေသွေးစုပ်ချယ်လှယ်မှုတွေအောက်က လွတ်မြောက်အောင်တိုက် ရွဲဝင်ကြရမှာဖြစ်ကြောင်း မိမိတို့ဟာသမိုင်းကထမ်းပိုးခိုင်းတဲ့ သမိုင်းတာဝန်တွေထမ်း ဆောင်နေကြတာဖြစ်ကြောင်း ၊ ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်ကို တစ်နိုင်ငံလုံး လက်နက်သဖွယ်တပ်ဆင် ။ တော်လှန်ရေး ကိုအောင်ပွဲခံတဲ့နေ့ဟာမိမိတိုရဲ့တာဝန်ပြီး ဆုံးပြီလို့ယူဆကြောင်း တစ်တိုင်းပြည်လုံးရဲ့ပစ္စည်းမဲ့လူတန်းစားညီညွတ်ရေးလမ်း ကြောင်းဟာယ်လောက်ရှည်လျားပြီး ဘယ်လောက်ရှုပ်ထွေးနေဦးမယ်လို့ခန့်မှန်းမရနိုင် ကြောင်း . . . တွေပြောပြတော့ နားထောင်ရင်းရစ်ဝိုင်းနေတဲ့ချိုသဲမျက်ဝန်းက မျက် ရည်တွေပါးနှစ်ဖက်က ပါးကွက်ကြားလေးပေါ်ဖြတ်သန်းသန်းစီးဆင်းသွားတာကို လ ပြည့်ညရဲ့လရောင်အောက်မှာ ထင်းထင်းကြီးမြင်လိုက်တယ် ။ ဒီလပြည့်ညဟာ သူရော ကျွန်တော်ပါ အနာကျင်ဆုံး ခံစားရတဲ့ညတစ်ညလို့ . . . . ဆိုချင်ပါတယ် ။
စာမေးပွဲအဖြေလွှာတွေကိုကျောပိုးအိတ်ထဲအထည့် မြို့ပြန်ဖို့ပြင်နေတုန်း ချိုသဲ သူငယ် ချင်း တစ်ယောက်ရောက်လာတယ် ။ မီးမျှောပွဲညက စံပယ်ကန်းကုံးလေးတဲ့ ချိုသဲ ပေးခိုင်းလိုက်တာပေးပြီး သုတ်သုတ်ပြန်ဆင်းသွားတယ် ။ ဖွင့်ကြည့်တော့ မီးမျှောပွဲည ကျွန်တော်ခိုးပြီး နမ်းရှိုက်ခဲ့တဲ့စံပယ်ပန်းကုံးအခြောက်လေး ။ ရင် . . ထဲ . .နင့် . . ကနဲ ။ ဆည်းဆာနေရောင်ကရဲ့နီနေတယ် ။ ကျွန်တော်ချစ်တဲ့ ကလေးတွေ ကျွန်တော်ချစ်တဲ့ လူငယ်တွေ လူကြီးတွေ ကျွန်တော်ချစ်တဲ့ရွာကလေးနဲ့ကျွန်တော်ရဲ့ ကွမ်းတောင်ကိုင် လေး . . . . . ။ ကျွန်တော်အားလုံးကိုကျောခိုင်းလိုက်တယ် ။ ရဲရဲနီနေတဲ့ ဆည်းဆာ ရောင်ခြည်ဟာကျွန်တော့်ကိုလွှမ်းခြုံထားသလို ကျွန်တော်ချစ်တဲ့ ကြိုးကြာကွင်းရွာလေး အပေါ်ကိုလည်း ဖျန်းဆွတ်ထားမယ် ဆိုတာ နောက်လှည့်မကြည့်ပဲသိနေတယ် ။ က လေးတွေရဲ့အဖြေလွှာတွေနဲ့ ကျွန်တော်ရဲ့အ၀တ်အစားမှန်သမျှ ကျောပေါ်က ကျော်ပိုး အိတ်ထဲမှာ . . . . . ။ လက်ထဲမှာ . . . က ချိုသဲပေးလိုက်တဲ့ စက္ကူဗူးဖြူဖြူထဲက နွမ်း နွမ်းခြောက်ခြောက် စံပယ်ကုံးလေးတစ်ကုံး ။
လက်တစ်ဖက်က ကျော်ပိုးအိတ်ကြိုးသိုင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး လေ ကိုငတ်မွတ်စွာ ပြင်းပြင်းရှုသွင်းလိုက်တယ် ။ ရှေုဆက်ချီတက်ရဦးမယ့် ခရီးရှည်ကြီးအ တွက် အားအင်တွေပြည်လည်စုစည်းရင်း တော်လှန်ရေးသီချင်းတစ်ပုဒ်ကို ရင်ကော့ ခေါင်းမော့ပြီး သီဆိုလိုက်တော့တယ် ။
အို . . . ရဲဘော် ချစ်ရဲဘော် ရယ် . . . . ငုပ်မိသဲတိုင် . . . တတ်နိုင်ဖျားရောက် . . . . . အောင်ရမယ် ။ တစ်နေ့ တလံ ပုဂံ ဘယ်ပြေးမယ် ( ဟုတ်တယ် )၄ မာ့က္ခစ် လီနင်ဝါဒ ဟာ အောင်ပွဲရတဲ့ ဒီ ချိန်ခါမယ် အနာဂါတ်ကို တို့ပိုင်တယ် . . . . အ နာ . . . ဂါတ် . . . ကို . . . တို့သာ . . ပိုင် . . . . ဆိုင် . . . .တယ် ။
ကိုလွင် ( နန်းမြေ )
Labels:
artical
Subscribe to:
Post Comments (Atom)
No comments:
Post a Comment