Tuesday, June 14, 2016

ပဋိပက္ခ

ပဋိပက္ခ ငုကဆောင်း တဲ့ မွန်စကားလေးပါ ။ ဆိုလိုတာက မိုးတွင်းနေ လောကတစ်ခုလုံး အေးမြမြ ဖြစ်နေတဲ့အချိန် တိမ်တိုက်အမှောင်တွေ လွှမ်းမိုးဖုံးထားချိန် ဒီအချိန်မှာ ရုတ်ခနဲ ထွက်ပြုလာတဲ့ နေတစ်စင်းရဲ့ပြင်းထန်တဲ့ ပူလောင်မှုတွေဟာ လူသားတွေပါဝင်နေတဲ့လောကတစ်ခုလုံးကို ဖျတ်ဖျတ်လူးစေခဲ့တယ် ။ အဲ့ဒီနေရောင်ခြည် ရဲ့ပူပြင်းလွန်းတဲ့ရသအပေါ်ကဖြစ်စေတဲ့ စကားစုလေးပါပဲ ။ ဒီလိုပါပဲ ဒီအချိန်မြန်မာတစ်နိုင်ငံလုံးဟာလည်း နိုင်ငံရေးရာသီဥတုသက်ရောက်မှုပြင်းထန်နေချိန်ဖြစ်တယ် ။ မုန်တိုင်းတစ်စင်းရဲ့ ရှေ့တော်ပြေးလေပြေရမ်းတွေ က၀င်ပြီး မုန်တိုင်းကြီးဝင်မလာမီခေတ္တငြိမ်သက်နေပုံမျိုး ။ ရှေ့တော်ပြေးလေပြေတွေအဖြစ် ၁၉၈၅ နဲ့ ၁၉၈၇ ခုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ငွေစက္ကူတွေကို နိုင်ငံတော်အစိုးရ ဆိုတဲ့ လူတန်းစားးတစ်စုက မရှုနိုင်မကယ်နိုင် အဖြစ်ဆိုးကြီးက ရုန်းထွက်နိုင်ဖို့ စက္ကူတွေအဖြစ်ကြေငြာခဲ့တယ် ။ သက်ရောက်မှုကတော့ အားလုံးကိုပါပဲ ။ အဲ့ဒီအထဲမှာမှ အဆိုးဝါးဆုံးက အခြေခံအရင်းမဲ့တွေ လက်လုပ်လက် စား နေ့လုပ်နေ့စားတွေ တစ်နိုင်ငံလုံးရဲ့ အလုပ်သမား လယ်သမားတွေ ရှိစုမဲ့စုငွေကြေးလေးတွေ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ အဆိုးဆုံးအခြေအနေတစ်ရပ်ဆီကိုရွေ့သွားကြတော့တယ် ။ ငိုသံတွေ တောက်ခေါက် သံတွေ အံကြိတ်သံတွေ ဒေသအမျက်ခြောင်းခြောင်းထွက်ခဲ့တာတွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီး ဆုပ်တွေ တစ်နိုင်ငံလုံးက အော်ဟစ်ငိုယိုနေတဲ့အသံတွေဟာ မြန်မာကောင်းကင်ယံတိုင်အောင်ညံနေတော့ တယ် ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ရဲ့သရုပ်သဏ္ဍန်တွေဟာ ဘူးပေါ်သလိုပေါ်လာတဲ့အချိန်မှာ မြန်မာ့ ဆိုရှယ်လစ်ရဲ့အာဘော်ဖြစ်တဲ့ အလုပ်သမားနဲ့လယ်သမားလူတန်းစားနှစ်ရပ်လုံးဒုက္ခမြက်ရိုင်းနွံအတွင်းမှာ စုန်း စုန်းမြုပ်နေတဲ့အဖြစ်ကိုဲကြည့်ကောင်းကောင်းနဲ့အခန့်သားထိုင်ကြည့်နေကြတယ် ။ လူထုတွေရဲ့အထွေထွေမကျေနပ်ချက်တွေရဲ့ရှေ့တော်ပြေးအဖြစ် ကိုယ်ကျိုးစွန့်တဲ့ရန်ကုန်တက္ကသိုလ်ကျောင်း သားတွေက မ ဆ လ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန်ဖေါ်ထုတ်လာခဲ့ကြတယ် ။ လူထုတွေရဲ့ တိုက်ရိုက်ဆန့်ကျင်မှုကိုခံလိုက်ရတဲ့ မ ဆ လ ဟာ တုန်လှုပ်ခြောက်ချားလာခဲ့တယ် ။ တစ်ချိန်က နယ်ချဲ့တွေရဲ့ လုပ်ဟန်ကို အမှတ်တရပြန်လည်အသုံးချပြလိုက်ကြတဲ့အနေနဲ့ တောင်ကြီးနဲု့ပြည်မှာ ကုလား ဗမာ အဓိကရုဏ်း ဖန်တီးမှုပြုလုပ်လိုက်ပေမယ့် တကယ်ဖြစ်လာတာက အစိုးရဆန့်ကျင်ရေးနဲ့ မ ဆ လ ကျဆုံးရေးတွေပဲဖြစ်လာ ခဲ့တယ် ။ ပြည်တွင်းကျောင်းသားခေါင်းတောင်တွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေဟာ ပြည်ပသံလွှင့်ဠာန အသီးသီးနဲ့ပူးပေါင်းပြီး ( ၈၈၈၈ ) ရှစ်လေးလုံးဆိုတဲ့ အဲ့ဒီတစ်ရက်ကို တစ်နိုင်ငံလုံးက လူထုတစ်ရပ်လုံးပါဝင်ပြီး မ ဆ လ ဆန့်ကျင့်ရေးနဲ့ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တာထွက်ဖို့ အဆင်သင့်ဖြစ်နေကြတယ် ။ ×××××××××××××××××××××××××××××××××××××××××××××××××××××××× ရှစ်လေးလုံးနေ့မတိုင်မီတစ်ရက်အလို ။ မ ဆ လ လက်ထက်ရွေးကောင်ပွဲမှာအနိုင်ရခဲ့တဲ့ အမတ်ဦးထွန်း အောင်ကိုအစွဲပြုလို့ ဦးထွန်းအောင်ကွက်သစ်လို့ခေါ်တဲ့ ဒိုက်ဦးမြို့က ( ၆ ) ရပ်ကွက်ရဲ့ ( ၅ ) လမ်းအလယ် လောက်မှာ ကျွန်တော်ရှိနေခဲ့တယ် ။ ဒီရပ်ကွက်လေးဟာ နံပါတ် ( ၁ ) လမ်းကနေ ဆည်မြောင်းလမ်းအထိအား လုံးအရှေ့အနောက်စီရီပြီး ဖေါက်လုပ်ထားတဲ့လမ်း ( ၁၀ ) လမ်းရှိတယ် ။ လမ်းတွေဟာ အရှေ့ဖက်မှာရှိတဲ့ ရန်ကုန် - မန္တလေးကားလမ်းကြီးကို ဦးခိုက်နေကြတယ် ။ တောင်ဖက်အစွန်ဆုံးက ကမ်းနားလမ်းဟာ ကောလိ ယချောင်းရဲ့မြောက်ဖက် ကမ်းပါးပေါ်မှာရှိနေတယ် ။ တောင်ဖက်ကမ်းပါးမှာ ဘောလယ်ရွာကလေးရှိတယ် ။ ဒါ ပေမယ့် ချောင်းကမ်းပါးတလျောက်မှာသာ လူနေအိမ်တွေစည်ကားပြီး ရန်ကုန် - မန္တလေးကားလမ်းမကြီးတ လျောက်ကတော့ အိမ်ခြေခပ်ကျဲကျဲ ။ ( အခုတော်တော်စည်နေပါပြီ . စာရိုက်သူ ) ။ အဲ့ဒီနေ့နံနက်ပိုင်း ဆယ် နာရီဝန်းကျင်မှာ ကျွန်တော့်အစ်မ ( မရီး ) ဖြစ်သူခူးခပ်ကျွေးတဲ့ ထမင်းကိုအခန့်သားထိုင်စားနေတုန်း ဒို့အရေး . . . . . . ဒို့အရေး . . . . . . အပိုင်း ( ၂ ) ဒို့အရေး . . . . . . ဒို့အရေး အသံတွေ အသံတွေ တဖြည်းဖြည်းကျယ်လောင်လာအသံတွေ ။ ညီညီညွတ်ညွတ် သံပြိုင်အော်ဟစ်နေသံတွေ ။ ကျွန်တော် အသေအချာကြီးကိုနားစွင့်လိုက်မိတယ် ။ ဟုတ်တယ် ။ ဒါကြွေးကြော်သံတွေပဲ ။ ဒီကြွေးကြော်သံ တွေဟာ မြန်မာ့ဆိုရှယ်လစ်လက်ထက်ပုံစံခွက် ကြွေးကြော်သံတွေမဟုတ်မှန်းသိလိုက်တယ် ။ ကျွန်တော်စား လက်စထမင်းပန်းကန်ကို ဒီအတိုင်းပစ်ထားခဲ့ပြီး ( ၅ ) အလယ်ဘလောက်ကနေ ရန်ကုန် - မန္တလေးကားလမ်း မကြီးရှိရာ အရှေ့ဖက်ကို ပြေးတက်လာခဲ့တယ် ။ ကားလမ်းမကြီးပေါ်ရောက်တော့ တောင်ကြည့် မြောက်ကြည့် ဘယ်ညာကိုသွက်သွက်ပါအောင်ကြည့်ဖြစ်တယ်။ ဘယ်အရပ်ကပျံ့လွှင့်လာတဲ့အသံတွေမှန်းမသိတာကြောင့် မှန်းဆကြည့်နေခဲ့တယ် ။ တောင်ဖက်ကလား မြောက်ဖက်ကလား ။ ဘယ်ရပ်ကွက်ကဖြစ်နိုင်မလဲ ။ ဘယ်ရွာက ဖြစ်နိုင်သလဲ ။ ဘာတွေကြွေးကြော်လာကြသလဲ ။ ကျွန်တော်အပြေးအလွှား စဉ်းစားခန်းဝင်နေရတယ် ။ ထမင်း စားရင်းပြေးဆင်းလာတာဖြစ်လို့မဆေးကြောခဲ့တဲ့လက်က ကပ်စီးစီး ။ကတ္တရာလမ်းရဲ့အပူနဲ့ထိတွေ့မှုကြောင့် မိမိခြေထောက် မိမိပြန်ကြည့်မိတော့ ဖိနပ်ကပါမလာပြန်ဘူး ။ သိချင်ဇောနဲ့ မြင်တွေ့လိုတဲ့စိတ်အားကြီးမှုတွေ က ဘာဆိုဘာမှသတိမထားနိုင်ခဲ့ ။ ဟုတ်တယ် ။ ကျွန်တော်တို့မွေးဖွားစဉ်ကနေခုချိန်အထိ သပိတ်မှောက်တယ် ဆန္ဒုပြတယ်ဆိုတာကြီးကို ကြား သာကြားဖူးတာ ဘယ်မှမြင်တွေ့ခဲ့ရလို့တုန်း ။ ၁၉၇၄ မှာဖြစ်ခဲ့တဲ့ မေလနဲ့ဇွန်လ အလုပ်သမားအရေးအခင်းတွေ က နိုင်နဲ့အ၀ှန်းမှာဖြစ်ပေါ်လာခဲ့တယ် ။ ဒီဇင်္ဘာ ( ၅ ) ရက်နေ့မှာ ဦးသန့်အရေးအခင်းဖြစ်ခဲ့တယ် ။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ဆဌမတန်းကျောင်းသားတစ်ယောက်ဖြစ်နေခဲ့ပြီ ။ ကျောင်းရက်အကန့်အသတ်မရှိတစ်နိုင်ငံလုံး ပိတ်လိုက်တယ် ။ ရန်ကုန်မှာကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရပြီဆိုတာကိုသိလိုက်ရတဲ့ ကျွန်တော်ဟာ သွေးကတောင်းဆိုမှုအတိုင်း ရန်ကုန်ဆင်းပြီး တက္ကသိုလ်ကျောင်းသားကြီးတွေနဲ့အတူတိုက်ပွဲဝင် ဖို့ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် မိဘတွေရဲ့အကြည့်အောက်က ကျွန်တော်စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ဘူး ။ အတားအဆီးတွေကအများသားလား ။ လမ်းကြောင်းမကျွမ်းကျင်တဲ့ပြဿနာကနံပါတ် တစ် ။ လမ်းစရိတ်ခက် ခဲမှုက နံပါတ် နှစ် ။ မိဘတွေရဲ့ကန့်ကွက်မှုက နံပါတ် သုံး ။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာမိမိကိုယ်မိမိအားမရခဲ့ ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးတွေနဲ့ မပူးပေါင်းနိုင်ခဲ့တဲ့ ကျွန်တော်ဟာ ရှေ့တစ်လှမ်းတိုးဖို့အတွက် နောက်ကိုနှစ်လှမ်းဆုတ်ခဲ့ရတယ် ။ ကျွန်တော်ဟာ မိမိကျင်လည်ရာကျေးလက်တစ်ပိုင်းဖြစ်နေတဲ့ မြို့ကလေးက အလုပ်သမားတွေနဲ့ ကျေးလက်လယ်သမားတွေကြားမှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့သူပါ ။ လယ်သမားတွေနဲ့အလုပ် သမားတွေရဲ့ခါးသီးလှတဲ့ဘ၀တွေဟာ ကျွန်တော်နဲ့တရင်းတနှီးပါပဲ ။ လယ်ကူလီတွေဘ၀လည်း မ ဆ လ ရဲ့ ဆိုရှယ်လစ်စနစ်အောက်မှာ ဘ၀တစ်ခုလုံးကျွန်သံသရာဇာတ်ခင်းနေခဲ့ရတယ် ။ လယ်သမားတွေရဲ့ဘ၀တွေက လည်းတစ်နှစ်ပြီးတစ်နှစ် တိုတိုလိုက်လာတဲ့ ကောက်ဆွနဲ့အနားကွပ်မဲံ့နေတဲ့ စကောစုတ်ပဲ အနိုင်နိုင် ။ ဒီမိုကရေ စီကျတဲ့ အခြေခံလူတန်းစားတွေရဲ့ဘ၀တွေကလည်း ဒုက္ခပေါင်းစုံလို့ ။ မိမိရှေ့မှာဖြစ်နေပျက်နေတဲ့ ဘ၀တွေဟာ ဘယ်လဲ ဘာလဲလို့ လားရာကိုစာပေတွေလေ့လာရင်း လက်တွေဘ၀ နဲ့ပေါင်းစပ်ရင်းက ထင်ထင်ရှားရှားကြီးဖြစ်လာချိန်မှာ ကျွန်တော်ဟာမြန်မာ့နည်း မြန်မာ့ဟန်ပန်းစုံဆိုရှယ်လစ် ဆိုတာကြီးကိုအော့နှလုံးနာလာခဲံတယ် ။ ဒီမိုကရေစီကျတဲ့မြောက်များစွာသောအခြေခံလူတန်းစားဘ၀တွေ လွတ်မြောက်မှုမရမခြင်း ဒီမိုကရေစီဆိုတာကလည်း မဓိပ္ပါယ်မဲ့ ဆိုရှယ်လစ်ဆိုတာလည်း အာဏာငမ်းဖမ်းနေတဲ့ နိုင်ငံတော် အစိုးရဆိုတဲ့ လက်လုပ်လက်စားလူတန်းစားရဲ့ ထွင်လုံးတွေပဲဖြစ်နေမယ် ဆိုတဲ့အသိက ပိုမိုနက်ရှိုင်း လာခဲ့တယ် ။ ဒါကြောင့်ပဲ မ ဆ လ ကိုဆန့်ကျင်သူမှန်သမျှကို ရန်သူရဲ့ ရန်သူဟာမိတ်ဆွေဆိုတဲ့အသိနဲ့ ယာယီ မဟာမိတ်ဖွဲ့ ပူးပေါင်းခဲ့တယ် ။ အခုလည်းကြည့် မ ဆ လ ကိုဆန့်ကျင်အာခံတဲ့အဖွဲ့ကို ကျွန်တော်ပူးပေါင်းပါဝင်ချိန်မရမီအထိ ကြိုဆိုခြင်း ထောက်ခံခြင်းတွေ အားပေးခြင်းတွေ လုပ်ရဦးမယ်လေ ။ ကြွေးကြော်သံတွေက တဖြေးဖြေး ကျယ်လောင်လာ ခဲ့ပြီ ။ အသေအချာနားစွင့်မိလိုက်တော့ အရှေ့မြောက်အရပ်ဆီကအသံတွေ ။ ကျွန်တော်ရန်ကုန် - မန္တလေး ကားလမ်းမကြီးအတိုင်းနေပူပူကို ဖိနပ်မပါပြေးလွှားရင်း ဒိုက်ဦးတာဆုံလို့ခေါ်တဲ့ ကားဂိတ်ကိုရောက်လာတော့ မြို့ဝင်လမ်းအတိုင်း အနောက်ဖက်ကို ကြွေးကြော်သံတွေနဲ့အတူ လက်သီးလက်အောင်းတွေတန်းရင်းလက်သီး တွေဆုပ်ရင်း ချီတက်လာကြတဲ့ လူတန်းကြီးတစ်ခုကိုတွေ့လိုက်ရတော့ ရင်ထဲလှိုက်ကနဲ ခုန်တက်လာပြီး သွေး တွေဆူပွက်လာခဲ့တယ် ။ အပိုင်း ( ၃ ) တဖြည်းဖြည်းနဲ့အမြင်ကနီးလာပြီ ။ ကြွေးကြော်သံတွေကလည်းပီပြင်လာခဲ့ပြီ ။ လူတွေကိုလည်း သဲကွဲစွာ မြင် လာရပြီ ။ သူတို့လက်တွေမှာ တံဇဉ်တွေကိုတင်းတင်းဆုပ်လို့ပါလား ။ သူတို့ခေါင်းပေါ်မှာလည်း ၀ါးဖက်ခမောက် ကိုယ်စီဆောင်းလို့ ။ ထမီတွေကတိုတို ၊ ပုဆိုးတွေတိုတို စုတ်ပြတ်နူံ့နဲ့ပြီး အရောင်ဆိုတာမမြင်နိုင်တော့လောက် အောင်ဖြစ်နေတဲ့ အ၀တ်နွမ်းတွေကိုယ်စီနဲ့ မိုးကာလရဲ့ ပြယုဂ်ဖြစ်တဲ့ ရွံ့တွေ ဗွက်တွေက ခြေအစုံတိုင်းမှာတ လိမ်းလိမ်း ဖိနပ်တွေကမပါ ။ ဖမ်းဆီးကျောင်းသား . . . . လွှတ်ပေးရေး တို့အရေး . . . . တို့အရေး လွတ်လပ်စွာ . . . ဟောပြောခွင့်ရရှိရေး တို့အရေး . . . . . တို့အရေး လွတ်လပ်စွာ . . . . . ရေးသားခွင့်ရရှိရေး တို့အရေး . . . . တို့အရေး ဒီမိုကရေစီ . . . . . ရရှိရေး တို့အရေး . . . တို့အရေး တစ်ပါတီစနစ် ဖျက်သိမ်းပစ် . . . ဖျက်သိမ်းပစ် မ ဆ လ အစိုးရ ကျဆုံးပါစေ . . . . ကျဆုံးပါစေ ရှေ့ကနေကြွေးကြော်သံတွေကိုဦးဆောင်တိုင်နေတဲ့သူက ပင်နီတိုက်ပုံနဲ့လွယ်အိပ်အနီကို မျက်စိပေါက်နှစ် ပေါက်ဖွင့်ပြီး ခေါင်းစွပ်ရုပ်ဖျက်ထားတယ် ။ ဒါကလိုအပ်ချက် တစ်ခုပါပဲ ။ မ ဆ လ လက်အောက် သူတို့ရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ ပါတီကိုဖြစ်ဖြစ် ကောင်စီကိုဖြစ်ဖြစ် အာခံမိရင် မတရားမှုတွေကိုအံတုမိရင် အဲ့ဒီ ပုဂ္ဂိုလ်အတွက် ထောင် ( ၃ ) နှစ်ဆိုတာနဲ့ ဗ က ပ တံဆိပ်ကအဆင်သင့်စောင်ကြိုနေတော့တယ် ။ ပင်နီတိုက်ပုံဝတ် လွယ်အိတ်ခေါင်းစွပ်ထားတဲ့ ကျောင်းသားခေါင်းဆောင်က ရှေ့ဆုံးကကြွေးကြော်သံတွေကို တိုင်လိုက် ၊ ကျန်တဲ့ဆန္ဒပြလယ်သမားတွေက အော်လိုက်နဲ့ နာရီစည်းဝါးအကိုက်ကြွေးကြော်သံတွေဟာ ကြား ရသူအပေါင်းအတွက်ကြက်သီးမွှေးညှင်းဖြိုင်ဖြိုင်ထလောက်တယ် ။ ခွန်အားတွေလည်းပြည့်မောက်လာတယ် ။ ဒီအသံတွေကြောင့်ပဲ မြို့နေရပ်ကွက် အလုပ်သမားထုကြီးက ရန်ကုန် - မန္တလေးကားလမ်းမကြီးရဲ့ဘေးတစ် ဖက်တစ်ချက်မှာနေရာယူပြီး အလုအယက်အားပေးကြတယ် ။ တောင်သူလယ်သမားတွေရဲ့ ကြွေးကြော်သံတွေ နဲ့ မြို့နေအလုပ်သမားလူတန်းစားထုကြီးရဲ့ လက်ခုပ်သံတွေဟာ တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားကြပြီး ဘ၀ဂ် တိုင်အောင်ညံနေတော့တယ် ။ အားပေးထောက်ခံနေကြတဲ့ မြို့နေအလုပ်သမားထုကြီးကိုတွေ့ရတော့ ဆန္ဒပြ တိုက်ပွဲဝင်နေတဲ့ လယ်သမားထုကြီးဟာ စိတ်ပိုင်းဆိုင်ရာမှာ ခွန်အားတွေပြည့်လာပြီး ပို၍ပို၍ ကျယ်ကျယ် လောင်လောင်အော်ဟစ်ကြတယ် ။ လယ်သမားထုကြီးရဲ့လည်းပင်းကြောတွေက ပြိုင်းပြိုင်းထနေကြတယ် ။ ဒိုက်ဦးမြို့ကလေးရဲ့ အရှေ့ဖက်သုံးမိုင်အကွာ ဖအောင်ဝဲကျေးရွာရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ လက်ပံတန်းကနေချီ တက်လာကြတဲ့ ဒီလယ်သမားထုကြီးဟာ ဘယ်အချိန်ကထလို့ ဘယ်အချိန်လူစုပြီး ဘယ်လောက်ကြာအောင် လမ်းလျောက်ချီတက်ရင်း ကြွေးကြော်လာခဲ့တယ် ဆိုတာကိုမသိပေမယ့် မိုးကာလရဲ့နေကျဲကျဲပူနေတဲ့အောက် မှာ လမ်းလျောက်ရင်းချွေးထွက်တာတွေများပြီး အားအင်တွေဆုတ်ခမ်းနေတာကိုတော့အထင်းသားတွေ့ရတယ် ။ အချို့ကမောဟိုက်တုန်ရီနေကြပြီ ။ အချို့ခြေလှမ်းတွေကမဟန်နိုင်ချင်တော့ ။ ဒါပေမယ့် လက်ထဲမှာကိုင်လာ ခဲ့ကြတဲ့ တံဇဉ်တွေကိုတော့တင်းတင်းဆုပ် . . . . လို့ ကြွေးကြော်ရင်းချီတက်ဆန္ဒပြနေကြတဲ့လယ်သမားတွေ ဟာ ရန်ကုန် - မန္တလေးလမ်းအတိုင်း မြို့အထွက်တောင်ဖက် ကောလိယတံတားကြီးဆီ ဆက်လက်ချီတက်နေ ကြတယ် ။ ကြွေးကြော်သံတွေက အဆက်မပြတ် ။ ဆန္ဒပြလယ်သမားသူရဲကောင်းတွေရဲ့နောက်မှာ အသက်ငွေ့ငွေ့သာရှိတော့တဲ့ မ ဆ လ ရဲ့နောက်ဆုံးထွက် သက်တွေဖြစ်တဲ့ မြို့နယ်ကောင်စီရဲ့ အာဏာရှင်ကြီးတွေလိုက်လာတာတွေ့ရတယ် ။ ကျွန်တော်ကချီတက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေနံဘေးမှာယှဉ်ပြီး ပူးတုံ ခွာတုံ လိုက်လာခဲ့တယ် ။ . . . . . တို့အရး တို့အရေး . . . . . တို့အရေး တို့အရေး . . . . . ကျဆုံးပါစေ ကျဆုံးပါစေ ကြွေးကြော်သံတွေကို အနားမပေး ၊ ရပ်သွာတယ်လည်းမရှိ ၊ ဆက်ခါဆက်ခါ မနားတမ်းသံကုန်ဟစ်အော်ရင်းက တဖြည်းဖ်ြည်း ကောလိယချောင်းကိုဖြတ်ထိုးထားတဲ့သံတံတားဆီ ရောက်လာကြတယ် ။ ရှေ့ကိုဆက်လက်ချီ တက်ပြီး ဆန္ဒပြဖို့ရာတောင်ဖက်ကမ်းအလွန်မှာ အောင်စိုးမိုးကွက်သစ်က အိမ်ခြေကျို့ကျို့ ကျဲကျဲ ၊ ဒီအချိန်မှာ ချီတက်လာတဲ့လယ်သမားထုကြီးတစ်တန်းလုံးဟာ သံတံတားကြီးရဲ့မြောက်ဖက်ကမ်းပေါ်မှာအိပြီး စုပြုံလုံးသွား တော့တယ် ။ နောက်ပြန်ချီတက်ပြီးပြန်လှည့်ဖို့ရာ နောက်မှာက အာဏာရှင်အဖွဲ့တွေကပိတ်နေပြီ ။ ပစ္စုပ္ပနိမခြေ အနေကို သုံးသပ်ပြီးလွယ်အိတ်အနီခေါင်းဆောင်းထားတဲ့ကျောင်းသားခေါင်းဆောင်လေးက လက်ခုပ်တစ်ဖေါင် လောက်အမြင့်ရှိတဲ့ တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်လိုက်တယ် ။ ကြွေးကြော်သံတွေကို အရှိန်မြှင့်ပြီးကြွေး ကြော်ကြပြန်တယ် ။ အာဏာပိုင်အဖွဲ့အစည်းကတာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်က လယ်သမားတွေနဲ့အနီး ဆုံးကိုသွားတယ် ။ မြို့ပေါ်အလုပ်သမားထုကြီးနဲ့အတူ ဆန္ဒပြနေကြတဲ့ လယ်သမားတွေအားလုံးက ဒီခေါင်း ဆောင်လေးကိုဖမ်းတော့မလား ဆီးတော့မလား နောက်ဆုံးခါးမှာပါလာတဲ့သေနတ်နဲ့ပဲ ထုတ်ပြီးပစ်တော့မလား ဆိုတာကို ခေတ္တရပ်ပြီး ငြိမ်နေရင်းကစိုးရိမ်နေကြတယ် ။ ဒါပေမယ့် ထင်သလိုတော့ဖြစ်မလာခဲ့ဘူး ။ အဲ့ဒီအာ ဏာရှင်ခေါင်းဆောင်က ကျောင်းသားကိုလှမ်းမေးလိုက်တယ် ။ မင်းတို့ဘာလိုချင်တာလည်း . . . . ဘာဖြစ်ချင်တာလည်း . . . ငါတို့ဘာလုပ်ပေးရမလည်း . . . . တဲ့ ။ သိသိကြီးနဲ့ မေးခွန်းတွေတန်းစီမေးနေတာကို ကျောင်းသားခေါင်းဆောင်ကပဲစိတ်ရှည်ရှည်ပြန်ဖြေနေတာကို တွေ့ရတယ် ။ ခေါင်းမှာစွပ်ထားတဲ့လွတ်အိတ်အနီရောင်ကလည်းစွပ်မြဲစွပ်လျှက် ။ ကွှန်တော်တို့လိုချင်တာက ရန်ကုန်မှာဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ရရှိရေးပဲဖြစ် တယ် ။ လွတ်လပ်စွာစကားပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့် ၊ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် ၊ လွတ်လပ် စွာ . . . . . . ကျောင်းသားခေါင်းဆောင်လေးရဲ့ ပြောစကားတွေက အဆုံးမသတ်နိုင်ခဲ့ ။ အဆုံးသတ်ကိုလည်း မရာက်ခဲ့တော့ ပါ ၊ နေကပူ ချွေးတွေကခမ်းခြောက်ပြီး အင်အားတွေကကုန်ခမ်း ထမင်းကဆာရေကဆာနဲ့ သည်းခံနိုင်ခြင်းမရှိ တော့တဲ့ လယ်သမားတွေထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်ဟန်တူတဲ့သူက ဟေ့ကောင် . . ရည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့ကွာ . . . ဆန် . .လိုချင်တယ်သာပြောလိုက် ။ ကိုင်း . . . ဒီမှာပဲ ပွဲကပြီးပြီ ။ အာဏာရှင်ခေါင်းဆောင်က ပျာပျာသလဲ ခက်ဗျားတို့ဆန်လိုအပ်တယ်ဆိုရင် မနက်ဖြန်ခင်ဗျားတို့ရွာကို ဆန်လာလှူပါ့မယ် . . စိတ်ချလက်ချသာပြန်ကြပါ အပြောတောင်မဆုံးလိုက်ဘူး ခေါင်းဆောင်ကျောင်းသားလေးလည်းကြက်ပျောက် ငှက်ပျောက် ၊ လယ်သမား ထုကြီးလည်း ကစင့်ကလျား သံတံတားဈေးလမ်းကနေ အရှေ့ဖက်မှီးရထားလမ်းကိုဖြတ်ကျော်ပြီး သူတို့ဇာတိ မြေဖြစ်တဲ့ လက်ပဲတန်းကွက်သစ်ရှိရာကို ကောလိယချောင်ကမ်းပါးအတိုင်း ဂမူးရှုးထိုးလူစုခွဲပြီး ပြန်သွားကြ တော့တယ် ။ ကျန်ခဲ့တာက ကျွန်တော်တစ်ယောက်ထဲ ။ ဘယ်သူဆို ဘယ်သူမှမရှိကြတော့ဘူး ။ ဇာတ်ခေါင်း ကကွဲပြီ ။ မင်းသားလည်းမရှိ ။ လူကြမ်းလည်းမရှိ ။ ပွဲကြည့်ပရိသတ်လည်းတစ်မယောက်မှမကျန် ။ ကျွန်တော် တစ်ယောက်တည်းပဲ ကားလမ်းနံဘေးက ၀်းကြမ်းကျဲကျဲခင်းထားတဲ့ ဈေးဆိုင်ဟောင်းလေးတစ်ခုမှာ ထိုင်ကျန် ရင်းက ဒီအဖြစ်အပျက်ကို အနုလုံ ပဋိလုံခြုံငုံနေမိတော့တယ် ။ တော်လှန်ရေးတစ်ခုအတွက် ဒီမိုကရေစီကျတဲ့လူတန်းစားထုကြီးတစ်ရပ်လုံးကို ဦးဆောင်နိုင်ဖို့ ပညာတတ် လူတန်းစားခေါင်းဆောင်မှုကလိုအပ်တယ် ဆိုတဲ့စကားကို အမှတ်ရနေမိတယ် ။ လုပ်သားတွေနဲ့လယ်သမား ထုကြီးရဲ့ အတွေးအခေါ်ဟာ ငြင်းလို့မရအောင်တိမ်လွန်းပါတယ် ။ ဒါကလည်း ရိုးစင်းလှတဲ့ဘ၀ဖြတ်သန်းမှုတွေ ရဲ့ရလာဒ်တွေပဲလေ ။ ဖိနှိပ်ရေးယန္တရားတစ်ခုသာဖြစ်တဲ့ နိုင်ငံတော်အစိုးရဆိုတဲ့ လက်တစ်ဆုပ်စာ လူတန်းစား အဆက်ဆက်မှာ ဒီအလုပ်သမားနဲ့ တောင်သူလယ်သမားတွေဟာ ပွင့်လင်းး လွတ်လပ်တဲ့ အတွေးအခေါ်တွေ ကို ဘယ်တော့မှတပ်ဆင်ခြင်း ခွင့်မပြုခဲ့ဘူး ။နိုးကြားလာမယ့် ဒီမိုကရေစီကျတဲ့ အခြေခံလူတန်းစားတွေရဲ့ အတွေးအခေါ်ဒီရေဟာ အတားအဆီးမှန်သမျှကို ဖျက်အားပြင်းပြင်းနဲ့ ဖျက်ဆီးကြလိမ့်မယ် ။ ညီညွတ်ခြင်းရဲ့ တန်ပြန်သက်ရောက်လာမှုကို ဘယ်အုပ်ချုပ်သူလူတန်းစားကမှ ကြည်ကြည်ဖြူဖြူရှိလိမ့်မယ် မဟုတ်ဘူး ။ ရိုးရိုးသားသား စီးပွားရှာ ရိုးသားကြိုးကုတ်စွာနေ ရသမျှလေးနဲ့ရောင့်ရဲ ၊ ပူပူပင်ပင် ကိစ္စတွေနဲ့ တတ်နိုင်ငမျှ ဝေးအောင်နေပြီး ကျန်နေသေးတဲ့ဘ၀အစိတ်အပိုင်းတွေကို ရိုးရှင်းစွာဖြတ်သန်းဖို့ရာသာ သူတို့နှလုံးသားတွေ မှာရှိကြတယ် ။ လှပလွန်းတဲ့ဒီမိုကရေစီကျတဲ့ လူတန်းစားကြီးရဲ့နှလုံးသားထဲမှာ ဒီမိုကရေစီဆိုတာ သူတို့မသိ သူတို့သိတာက ဓားမဦးချ လယ်ယာလုပ်ငန်းတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခြင်းဆိုတဲ့ အသိပဲ ။ လွတ်လပ်စွာဟောပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာတွေဟာ ။ီလူ တန်းစားထုကြီးတစ်ရပ်လုံးနဲံ့ ခပ်ဝေးဝေးမှာပါ ။ အလှူအတန်းတွေ ဥပုသ်သီတင်းသီလတွေစောင့်တည်ကြတဲ့ ဖြစ်စဉ်တွေကို သူတို့ပွေ့ပွေ့ပိုက်ပိုက် လက်ခံကြပြီး ကျေနပ်နှစ်သိမ့်ကြတယ် ။ အဲသလိုလွတ်လပ်တဲ့ဘ၀တွေ ကိုခုံမင်ကြတယ် ။ သွေးစုပ်သူနဲ့ သွေးစုပ်ခံတို့ရဲ့ တိုက်ပွဲလူတန်းစားနှစ်ရပ်တိုက်ပွဲ လူတန်းစားပဋိပက္ခ ဒါတွေကို ဘယ်လိုအချိန်ပေးနားလည်နိုင်ကြမလည်း ။ ( ဇာတ်သိမ်းပါပြီ ) ဒီမိုကရေစီကျတဲ့ ဒီလူတန်းစားနှစ်ရပ်လုံးဟာ နလပိန်းတုံးတွေတော့မဟုတ်ဘူး ။ လူတန်းစားဖိနှိပ်သွေးစုပ်မှု တွေ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ်က တစ်စုံတစ်ရာလျောကျနေမှုတွေ ဒီလိုလက်တွေ့ကျကျတိုက်ပွဲဝင်ဖို့ အတွက် သဘောတရားရေးနဲ့ ပေါင်းစပ်ပေးနိုင်ခြင်းမရှိသေးတာသာဖြစ်တယ် ။ သမိုင်းမှာမိမိတို့ရဲ့ ကိုယ်ပိုင်လူ တန်းစားအကျိုးစီးပွားနဲ့ အမျိုးဘာသာ သာသနာကိုထိပါးလာမယ့် ဘယ်ရန်သူမျိုးကိုမဆို ရှီရှီသမျွအင်အားနဲ့ မ ဆုတ်မနစ်လှေခွက်ချည်းကျန်တဲ့အထိ ခုခံတိုက်ခိုက်ခဲ့တဲ့ သာဓကတွေကလည်းထင်ထင်လင်းလင်းရှိနေသေး တယ် ။ ဗြိတိသျွလက်ထက်တောင်သူလယ်သမားထုကြီးတစ်ခုလုံး ကြွေးဆပ် နွံနစ် ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀တွေအ တွက် ရရာလက်နက် သေနတ်မီးကျိုးမောင်းပျက်တွေ ရရာတုတ် ဓား လှံ လေးမြားတွေနဲ့ နယ်ချဲ့ကိုအာခံခဲ့တဲ့ ခေါင်းဆောင် ဆရာစံနဲ့ တောင်သူလယ်သမားတွေကို အနှတ်ရနေမိတယ် ။ ဖက်ဆစ်ကျွန်ဘ၀က လွတ်မြောက် ရေးအတွက် မ ဆ လ အလံတော်ကိုတပ်ဦးမှာတင်ပြီး ၀ံ့ဝံ့ရဲရဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ တောင်သူလယ်သမားဖက် ဆစ်ဆန့်ကျင်ရေးသမားတွေရဲ့ ပုံရိပ်တွေကလည်းတောက်ပရွှန်းမြဆဲ ။ မှန်ကန်တဲ့ကြွေးကြော်သံနဲ့ မှန်ကန်တဲ့တိုက်ပွဲဝင်မှုတွေအဖြစ် ဘယ်လူတန်းစားကဦးဆောင်ပြီး ဘယ်လူတန်း စားကို ကိုယ်စားပြူနေကြပါသလည်း ။ ကျေးလက်လူထုအတွက် ဘယ်လိုအခွင့်အရေးတောင်းဆိုမှုတွေရှိနေပါ သလည်း ။ မြှို့ပေါ်ကထမင်းတစ်နပ် နပ်မှန်ရေးအတွက်နည်းလမ်းပေါင်းစုံနဲ့ အကျင့်စာရိတ္တတွေကို မချိုးဖဲ့ချင်ပါ ပဲလျက် ချိုးဖဲ့ပြီး သိက္ခာနဲ့ ရိက္ခာကိုနှမြောတသစွာလဲလှယ်နေကြတဲ့ ဒီမိုကရေစီကျတဲ့အလုပ်သမားထုကြီး တစ်ရပ်လုံးအတွက်ကော ဘာတွေများထည့်စဉ်းစားပေးကြပါသလည်း ။ အဆန်းတကျယ်မဟုတ်ပေမယ့် ဓနရှင် နဲ့ အရင်းရှင် ၀ိညဉ်ပူးကပ်ခံနေရတဲ့ ပညာတတ်လူတန်းစားတွေရဲ့ တောင်းဆိုထားတဲ့ ကြွေးကြော်သံတွေဟာ ဘာတွေဖြစ်နိုင်မလည်း ။ လားရာက ဘယ်လိုဖြစ်ပါသလည်း ။ လွတ်လပ်စွာသွေးစုပ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ခေါင်းပုံဖြတ်ခွင့်တွေအတွက် ဒီမိုကရေစီကျတဲ့ အခြေခံလူတန်းစားထုကြီးက ဒီမိုကရေစီသည် ဒီမိုကရေစီအ တွက် ဒီမိုကရေစီရဲ့ ရန်သူအဖြစ် စွဲချက်တွေပြန်တင်ကြလိမ့်မယ် ။ လတ်တလောဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းရဲ့အဖြေကရှင်းပြီးသားပါ ။ လူတန်းစားပဋိပက္ခတွေ လူတန်းစားတိုက်ပွဲတွေ ကိုမေ့မေ့လျော့လျော့ဖြစ်နေတဲ့ ပညာတတ်လူတန်းစားတွေရဲ့ ပြည်တွင်းဓနရှင် အရင်းရှင်တွေအတွက် ကိုယ် စားပြုတောင်းဆိုမှုတွေကို ဆန့်ကျင်ပြီး မိမိဘ၀တွေရဲ့ ပကတိလိုအပ်ချက်ကိုတင်ပြတောင်းဆိုလာတဲ့ လယ်သ မားတွေပါ ။ဒီတောင်းဆိုချက်နဲ့ ဒီဆန္ဒတွေကိုဆန့်ကျင်ပြီး လျစ်လျူရှုထားလို့မရဘူးဆိုတာကို အထင်းသားမြင် လာရတယ် ။ လွတ်လပ်စွာသွေးစုပ်ခွင့်နဲ့ ခေါင်းပုံဖြတ်ခွင့်ဆိုတာတွေအတွက် ကုန်ထုတ်လုပ်မှုကိုအားသွန်ကြိုး ပမ်းနေတဲ့ သူတို့ရဲ့လက်ဖျံအားကောင်းကောင်းတွေနဲ့ ရိုက်ချိုးကြလိမ့်မယ် ။ နိုင်ငံသားတစ်ယောက်အဖြစ်က ဥပက္ခောပြုထားခြင်းခံနေကြရတဲ့ အတားအဆီးတွေကို သွေးနဲ့လဲလှယ်ပြီးတိုက်ပွဲဝင်လာကြလိမ့်မယ် ။ နောက် ဆုံးဒီမိုကရေစီကျတဲ့လူတန်းစားတွေဟာ သူတို့ရဲ့ပြည်သူ့ဒီမိုကရေစီစစ်စစ်ကို ရရှိဖို့အတွက် အတားအဆီးနဲ့ ဘယ်လိုအခက်အခဲမျိုးကိုဖြစ်စေ တိုက်လှဲနင်းခြေကြလိမ့်မယ်ဆိုတာကိုတော့ ။ ကြွေးကြော်သံတွေ တိတ်ဆိတ်ငြိမ်သက်ြ့ပီး ခြောက်သွေ့သွေ့ဖြစ်နေတဲ့ ရန်ကုန် - မန္တလေးကားလမ်းမကြီး ပေါ်က ကျွန်တော့ရဲ့ အပြန်လမ်းဟာနှေးကွေးလွန်းလှတယ် ။ လူတန်းစား ပဋိပက္ခတွေနဲ့ လူတန်းစားနှစ်ရပ်ရဲ့ တိုက်ပွဲသံတွေက နားထဲမှာ ညံ . . . . . . . . လို့ ။ ကိုလွင် ( နန်းမြေ )

No comments:

Post a Comment