Saturday, January 2, 2016
· နောင်ဘ၀အထိဆက်ချစ်ဖို့
ချစ်သူနဲ့အတူ ထမင်းစားပြီး
သူလေချဉ်တက် အက်တက်တက်ကို
ဆောရီးရယ်လို့ သူမပြော
ခွင့်လွှတ်နိုင်လား နိုင်ရဲ့လား
ချစ်သူနဲ့အတူ အဲကွန်းအခန်း
အတူတူယှဉ် ရုပ်ရှင်ကိုကြည့်
သူ လေလည်သံ ထိုရနံကို
သည်းခံနိုင်ရဲ့ နိုင်ရဲ့လား
လက်မောင်းပေါ်အိပ် ချစ်ရတဲ့သူ
သူရဲ့နှုတ်ခမ်း ထောင့်တစ်နေရာ
သွားရည်တွေကျ လာတဲ့အခါ
အချစ်ရယ်လို့ဆက်တွေးနိုင်ရဲ့ နိုင်ရဲ့လား
ချစ်သူနဲ့အတူ အသုပ်စားပြီး
သူ့သွားကြားမှာ ကပ်တဲ့ငရုတ်ဖတ်
ကပ်နေတဲ့အခါ ကြင်နာနာနဲ့
ဖယ်ပေးနိုင်ရဲ့ နိုင်ရဲ့လား။
ချစ်သူ ဆံနွယ်နမ်းရှိုက်တဲ့အခါ
သူ့ ဦးခေါင်းထက် နေလောင်အနံတွေ
ရှူခါရှိုက်မိ ရနံ့သိတဲ့အခါ
ဆက်ချစ်နေသေး နိုင်ရဲ့လား။
ချစ်သူရေချိုး သည်ခါတမျိုးမှာ
ဆပ်ပြာတုံးပေါ်ရစ်ပတ်ကျန်ရစ်
ဆံပင်ချည်ကို မြင်ရတဲ့အခါ
ခွင့်လွှတ်သည်းခံ နိုင်ရဲ့လား ။
ချစ်သူ ကလို ပူဆာတဲ့ခါ
အခြေအနေ မကြည့်
အခက်ခဲကြုံ ဆုံနေတဲ့ခါ
နားလည်ခွင့်လွှတ် ပေးနိုင်ရဲ့လား ။
ချစ်သူ ခံတွင်းနံ့ သွားမတိုက်မိလို့
သွားပုပ်နံထ ရနံပုတ်အက်ကို
ရနေတဲ့အခါ မျက်လုံးစုံက
သူ့အပြုံးတွေလှ လှသေးရဲ့လား ။
ချစ်သူ ခန္ဗ္ဓာ ထွက်လာရနံ
သည်ချွေးအနံ ချိုင်းလက်ပတ်ကို
ရှူမိချိန်ခဏ သည်ကာလနောက်
သတိရနေသေး နိုင်သေးရဲ့လား ။
ချစ်သူသူနာ နေမကောင်းခါကို
ဆီးဝမ်းမသွားနိုင် ကူညီအခါဝယ်
သူ့ကိုဘယ်မပစ် မေတ္တာစစ်နဲ့
ချစ်နေနိုင်သေး ချစ်သေးရဲ့လား ။
ချစ်သူပြုမိ ဒုက္ခ အစုကို
တနေ့သိမိ အပြစ်ရှိတဲ့အခါ
ကြင်နာယုယ သမုဒယ ချစ်နဲ့
ချစ်သေးနိုင်ရဲ ချစ်သေးရဲ့လား ။
စောနှင်းဖြူ....29.12.2015 (11.11 am)
L
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment