Friday, July 1, 2016
ပန်မတွေ့တော့တဲ့ကြယ်ကလေး
ပြန်မတွေ့တော့တဲ့ကြယ်ကလေး
အဲ့ဒီညက
အိမ်အပြင်ထွက်မိတော့
သတိလက်လွတ်ကောင်းကင်ကိုမော့ကြည့်မိ
ငါ့နဲ့တူရှုရာမှာ တဖြတ်ဖြတ်လက်နေတဲ့ကြယ်ကလေး
ရင်ဘတ်ထဲ တိုးဝင်လာတယ် ။
အမှတ်ရလိုက်မိကြောင်း
ငါ့ကိုယ်ငါသိလိုက်တယ် ။
အဲ့ဒီအတွေးဟာ
ငါ့ဆိုင်ကယ်ပေါ်ကိုလိုက်လာတယ်
ငါထိုင်နေကျလဖက်ရည်ဆိုင်ထဲအထိ
ငါ့သူငယ်ချင်းတွေနဲ့စကားသံကြားမှာ
ရနံ့တွေ
ကြယ်ကလေးရဲ့ရနံ့တွေ
မော့သောက်နေမိတယ် ။
အပြန်ခရီးမှာ ငါဟာနှုတ်ဆိတ်လို့
ငါ့လက်ကဆွဲထားတဲ့လီဗာကြိုးဟာ
ကီလိုလေးဆယ်မကျော်ဘူး . . . .
ငါ့မျက်နှာကိုငါပြန်ကြည့်ချင်ပေမယ့်
နောက်ကြည့်မှန်ဟာ
ငါ့ကိုယ်ငါကြည့်လို့မရဘူး ။
အဲ့ဒီကြယ်ကလေး
တစ်ညလုံးငါ့ရင်ထဲလင်း
အညှီအဟောက်တရားတွေကင်းလို့ ။
ညတိုင်းမော့မော့ကြည့်နေမိတယ် ။
စစ်သွေးအိမ်
Tue Jun 28 / 2016
1: 48 Am
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment