Wednesday, January 18, 2017
သမိုင်းပရမတ္ထ
………………………..
လမင်းဟာ
နေ့တံခါးဆွဲအဖွင့်မှာ
သူဖြန့်ခင်းတဲ့
အလင်းဂုဏ်ပုဒ်ကို
ကမ္ဘာကြီးထဲမှ ဆွဲနှုတ်လို့ သိမ်းသွားရတယ်။
နေမင်းဟာ
အမှောင်တွေကိုလှဲကျဉ်း
လောကကြီးကိုလင်းစေတယ်ဆိုလည်း
ဂေါ်ယာကျွန်းရဲ့ချောက်ထဲ လိမ့်အကျမှတော့
ညနက်နက်ကို အောင်ပွဲခံခွင့်ပေးရပြန်တယ်။
ခေတ်တံခါးချပ်
တထပ်ပြီးတထပ်သော့ပိတ်
စေတနာမမှန်သူများကတော့
သမိုင်း အမှိုက်ခြင်းထဲ
လဲသူလဲ
ကွဲသူကွဲ
ပျောက်သူပျောက်။
စေတနာ အဖြူစင်ဆုံးနဲ့
လူသားတာဝန်ကျေခဲ့သူများကတော့
လမင်းလို
လင်းတခါ မှိန်တလှည့်မဟုတ်။
နေမင်းလို
အရောင်လင်းလိုက် ၊ အမှောင်ခင်းလိုက်မဟုတ်။
သမိုင်း ရာဇာပလ္လင်အထက်
လင်းမြဲ လက်မြဲ ။
စိုးမိုးသူ(ဒိုက်ဦး)
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment