Saturday, October 3, 2015
` အမှန်ဆိုတာ သတ်ပုံလွဲခြင်းတမျိုး ´
အမှန်တရားဆိုတာ ဘယ်ကိုင်းနဲ့ငြိငြိ
ဖတ် လို့မရအောင်ပျက်စီးသွားတယ်လို့တော့မရှိပါဘူး
ရွာပြင်မှာလည်းနေပူတာဘဲလေ
လိုသူ နဲ့ မလိုသူအတွေးကြားမှာ
ကိုယ်ရည်စူးမိတာတော့
တာဝတိံသာချည်းဘဲ ပေါ့ 
လူတိုင်းနားတွေမှာအပေါက်နှစ်ပေါက်နဲ့ဆိုတာမျိုး
ကောက်လိုက်တဲ့ခြေရာမှာ
တံဆိပ်အမျိုးမျိုးနဲ့ ထွာပြကြတယ်
လိုက်တိုင်းကြတယ်
ကွေ့ကောက်ခြင်းဆိုတာ လမ်းဘဲတဲ့
နားလည်း အရည်မလည် လူလည်းအရည်ပျော်
လမ်းကြုံလေး ဆိုရင်းနဲ့ တယောက်နဲ့တယောက်
အရှုပ်တွေလက်စားချေထည့်ထည့်ပေးကြတယ်
မမြင်ချင်တော့ဘူး မလိုချင်တော့ဘူး
မတောင့်တတော့ဘူး ဗရော်နီကာပြောတဲ့
''ရယူမှု့လွန်ကဲလွန်းရင် နေရောင်ခြည်တောင်မီးလောင်ကျွမ်းနိုင်တယ်''
ခြေထောက်ရဲ့ ခြေထောက်ကိုထူးခတ်
ဘယ်နဲ့ညာ နဲ့ပြိုင်ပြေးခိုင်း
ဘဝ ဘဝ ဘဝ များစွာသောဘဝတွေရဲ့
ဒါဏ်ရာတွေ ခေါက်သိမ်းဖို့
မီးပူတိုက်ခြင်းခံရ ပူပါတယ်ဆိုမှ ကိုယ့်ထွန်ကိုယ်ထင်းစိုက် ကိုယ်ပိုင်တွေလည်းတစ္ဆေခြောက်ခြင်းခံနေရ
ရှည်လျှားတဲ့ ဝတ်ရုံတထည်တောင်
အညှော်ရှောင်ရင်း ဝေးရာကိုပြေးထွက်သွား
တကယ်တော့တိတိပပပြောရမယ်ဆို
နေညိုချိန်နဲ့နေဝင်ချိန်ကြားထဲမှာ ကွာခြားမှု့လေးတခုရှိတယ် ''မင်းတို့လည်းရူးလို့ရတယ်''ဆိုတာမျိုးပေါ့။ ။
သော်နေဇင်
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment