Wednesday, October 7, 2015

´ တိုက်စားခံရခြင်း ကာလများ `

အချိန်တွေကုန်တယ်ဆိုတာ မြန်ပေမဲ့ ငါတို့ သယံဇာတပေါတဲ့ နိုင်ငံမှာမှ အာဏာရဲ့  အရုးအမူးတွေ နေရာလုကျခဲ့ရတယ်။ ကိုယ့်ကိုကိုယ်ထက် လူထုတွေရဲ့  လှပတဲ့မေတ္တာတရားဟာ ဖိနှိပ်မှုအောက်မှာ လှလှပပနဲ့ ကို ဂရုဏာဆန်ခဲ့။ အငြိုးများတဲ့ ရာသီခွင်ရဲ့  ယြတရာချေမှုတစ်ခုလို့ လဲ ဆိုလိုနိုင်တယ်။ အပျိုရည်မပျက်သေးတဲ့ ဖိနှိပ်မှုတရားအောက်က အာဏာတွေတည်မြဲနေတဲ့ ကန္တာရကြီးတစ်စု ပျောက်ပျက်သွားချင်ယုံ။ ဒါကို ပြည်သူမှားသလား ယူသူမှားသလား အစအဆုံး ရှင်းပြ။ တို့ လျှောက်တဲ့လမ်းဟာ ငါတို့ အသက်ရဲ့ ထက်ဝက် မင်းတို့ စုဆောင်းခဲ့တဲ့ ခဲယမ်းလက်နက်ထက်တော့ ပြန်ထက်ဝက်ကျရင်ကျလိမ့်မယ်။ ဒီအရာကြီး ဒီနှစ်ရှည်စီမံကိန်းကြီး နဲ့  ခုထိ အတိုက်အခံနဲ့ စလို့  ငါတို့ ဘဝဟာ တောတောင်ထဲကျင်လည်ခဲ့ရ... ငှက်တစ်သိုက်နားလဲ ချိုးကူခဲ့ရ... မျက်ရည်တွေတည်ခင်း အမှောင်အမဲကြားမှာ သွေးစက်တွေနဲ့ တိုက်ရင်း။ အဲ့လိုမျိုး အတိတ်ဆိုးမှာ ရင်နာခဲ့ရရင်း ဒီအရေး ဒီ့ထက်ဆိုးမယ်တွေးပီး အာဏာကိုအံတုခဲ့တာ ခုကြည့်လေ ငါ့လက်ဖမိုးနုနုတောင် မရှိတော့ဘူး။ ဒီလာဘ်စားကောင်တွေကို ကျိန်စာမတိုက် သူ့ သံသရာနဲ့ သူပါ မြေမျိုမဲ့ လူပါးဝတွေပဲ ခနထားလိုက်။ သံချေးတက်နေတဲ့ အမာရွတ်တွေပါ ဒီခေတ်အချိန်ကိုရေးရင် နိုင်ငံရဲ့ မြေပုံမှာမှ ငါတို့ မြင်ရခဲတဲ့ ရေနံ/ဓါတ်ငွေ့ /လျှပ်စစ်/သတ္တု/တွေနဲ့  လူတစ်စုအတွက် ပြည်ပမှာ ပြည့်လျှံနေတယ်။ မနက်ကထွန်းလိုက်တဲ့ နေအလင်းရောင်မှာတောင် ငါတို့ ဟာ မှိုတက်နေရသလို ဘဝ။ ငါတို့  သမိုင်းသံမှာ... ငါတို့  မျက်ရည်ကြီးပေါက်မှာ... ငါတို့  သွေးအလူးလူးမှာ... ငါတို့  ပြောင်းလဲခြင်း မှတ်တိုင်နားမှာ. သိပ်လှပနူးညံ့တဲ့ မနက်ဖြန်တိုင်း ပွင့်မဲ့အလှတရားတွေကို ဆက်ကြစို့  အနာဂါတ်ဆိုတာကြီး တရွရွ ညွန့် လူးလာလိမ့်မယ်။ K.Y.L

No comments:

Post a Comment