Wednesday, October 7, 2015

* မြင်းစီးသူရဲ *

ဒီနေ့မနက် လေကို အန်ပြီးတဲ့နောက် ပျွတ်ပျွတ်ထနေတဲ့ ခွာခတ်မြည်းများအကြောင်း စဉ်းစားတော့ ကိုယ့်မှာ လုံးလုံးလျားလျားအင်အားတက်လာပေါ့ ။ ကိုယ်ဟာ ရာနှုန်းပြည့် မဖြူစင်နိုင်ပေမယ့် ဝတ်ရုံအနီရောင်ရဲရဲနဲ့ ပြန်တွေ့တော့ ပျော်ဝင်လွယ်ခြင်းကို ဂုဏ်ယူမိ ပွဲနဲ့ အောင်မြင်တန်းဝင်သွားသူတို့ အချင်းချင်းနဲ့ ရှန်ပိန်ရဲ့ လွတ်မြောက်ခြင်းနဲ့ တန်ဖိုးကြီး ဖော့ဆို့တစ်ခုကိုဖွင့်လှစ်ခြင်းနဲ့ ကိုင်စုပ်မြှောက်ချီဖို့ အသစ်တစ်ခုဆီနဲ့ အဆိပ်ကို တင်ဆောင်လာခဲ့ပါတယ် ခန္ဓာကိုယ် မာကြွပ်ကြွပ်ကို ဆင်မြန်းနိုင်တဲ့ ပရိဒေဝဟာ ပိုးလောက်တို့ကို သေစေ ရွက်နုတို့ကို စိမ်းလန်းစေ . . အကြားအမြင်လမ်းကြောင်းတစ်လျှောက် ဆူးလက်ဖားဖား အရိုးအခက်ဖားဖားများဟာ ကျေးဇူးရှင် ကိုယ့်အစာတစ်ဖြစ်လည်း စွန့်ပစ်စရာ ကိုယ်မစင်လည်း ဖြစ်ရဲ့ . .။ ကြည့်မှန်တစ်ချပ်လုံးလုံးနဲ့ ပိတ်မိနေတဲ့ အနားသတ်ဝိဥာဉ်ကိုကယ်ဖို့ပါ သူရှင် ကိုယ်ရှင်ကိုက်ဆွဲနည်းဖြင့် သံဝါသပြုခြင်းအပြီး သန္ဓေအသစ်မှာ နိုင်ငံတော်ဝင်စားပါစေသား ..။ ဆယ်လွန်နိုင် ( ၁/၁၀/၂၀၁၅)၈:၄၁ ည

No comments:

Post a Comment