Showing posts with label essay. Show all posts
Showing posts with label essay. Show all posts
Friday, April 14, 2017
ကဗျာဆရာ နွေလယ်နေဆီက မုဒိတာဥဒါန်း အရှင် ဇဝန ၏ ဟာဆန်ရေးဗား မှ ကောလိယချောင်းနံဘေး သို့
................................................................
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့ ရောက် မြန်မာရဟန်းစာဆိုတစ်ပါး၏ "ဇာတိအလွမ်း"ဟုဆိုနိုင်လောက်သောဆောင်းပါးတစ်ပုဒ် ။
"ဇာတိအလွမ်း"ဆိုငြား မည်ကာမတ္တကားမဟုတ် ။
အမှန်တရားကိုချစ်သော၊အဓမ္မကိုဆန့်ကျင်သော၊ မွေးရာပါတော်လှန်ဇောကြောင့်သူဖြတ်သန်းခဲ့ရသော ကာလဝိပတ္တိတကြောမှာ ပင်ပန်းကြီးစွာ စုန်ဆန်မျောခဲ့ရသူ....
အမုန်းသည်းသူ၊အငြိုးကြီးသူ၊ဝံပုလွေဝင်စားသူတစ်အုပ်ရဲ့ အလွန်အကျည်းတန်တဲ့အတေးအနှက်များကြောင့် ကွန်ကရစ်နံရံလေးဘက်ကြားမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဘဝကိုသော့ခတ်ခံရသူ....
နောက်ဆုံး....မိမိချက်မြှုပ်ခဲ့ရာမြေ၊ မိမိရှူရှိုက်ခဲ့ရာလေ၊ မိမိသောက်ချိုးခဲ့ရာရေ။
အားလုံးကိုကျောခိုင်းကာ ထိုင်း၊ဥရောပ၊အမေရိက....စသည်သို့ ။
....... ...... ...... ......
ပစ္စက္ခခြေချရာ ဟာဆန်မြစ်ကမ်းနဖူးမှာရပ်ရင်း ဇာတိရွာဇနပုဒ်နံဘေးမှ ကောလိယချောင်းကလေးကို လွမ်းမျှော်ကာ ရမ်းရော်ရှာခြင်း။
သို့သော်....
အနွမ်းနင့်နင့်တစ်မကြီးနှင့် အလွမ်းပင့်သက်ချပြရုံမဟုတ်။ ချောင်းကလေးကို
ဗဟိုပြုသောဝဲယာကမ်းနှစ်ဖက်ဆီမှ အကြမ်းအခက်တစ်ပုံတစ်ပင်ကို အခန်းဆက်အစုံအလင်ဖြင့် ပုံထင်အောင်ပြောပြနိုင်ဘိခြင်း။
ကောလိယဆိုတဲ့ ချောင်းကလေးရဲ့အမည်နာမရာဇဝင်၊ သွေးညှီနံ့တွေ စွဲထင်ပျော်ဝင်ခဲ့ဖူးတဲ့ ချောင်းရေအလျဉ်ရဲ့အတိတ်သမိုင်း၊ ကလေးဘဝ ပလိုင်းလွယ်ရင်း ရေချိုးဆင်းခဲ့ချောင်းစပ်ရေတိမ်၊မိုးဦးဝင်ချိန်တောင်ရေအကျ ထင်းလိုက်ဆယ်
ကြ အုတ်အုတ်သောသော၊ ချောင်းကြောတစ်လျောက် စုန်ဆန်ကူးသန်း လမ်းပန်းသယ်ယူလွယ်ကူဆင်ပြေ၊ မိုးမှာအောင်ရေ ဆောင်းခါစိုက်ရေ သည်မြေတလွှား အားထားစရာ၊ နွေသောင်ပြင်ရေအခန်းမှာ မမောတမ်းပ ကစားသူငါ....
ထိုမှ...တစ်ခါ ။
ချောင်းကမ်းနဖူးထက်မှ စစ်ဖိနပ်ခွါသံများ၊သေနတ်သံများ၊သွေးကွက်များ....။
ဆိုရှယ်လစ်တလင်းပြင်မှာ တာဝန်ကျေစပါးပုံကြီးဟည်းထနေချိန်
လယ်သမားရဲ့ ဆန်အိုးစောက်တိမ်တိမ်မှာပင့်ကူအိမ်စွဲခဲ့သည့်အဖြစ်များ....။
...... ...... ...... ........ ......
အိပ်မက်ဆိုးမှလန့်နိုးသူပမာ သက္ကရာဇ်ဆိုးများမှ လွန်မြောက်ခဲ့ပြီးနောက်...
သောင်ရင်းမြစ်ကိုလွှားကျော်၍ ထိုင်းမြေပေါ် ရပ်မိတော့လည်း သူ့အတွေးထဲမှာ သူ့ပြည်မြန်မာ....
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့နံဘေးက ဟာဆန်မြစ်ကမ်းနဖူးမှာ ရပ်မိပြန်တော့လည်း သူ့အာရုံမှာ သူ့ဇာတိရွာ....
"ချောင်းကိုအမှီပြုနေရသူတို့၏သမိုင်းနှင့်
ဒီချောင်းကလေး၏သမိုင်းက ခွဲမရခဲ့။ ဒီချောင်းကလေး၏အနိမ့်အမြင့်သည် သူ့ကို
မှီခိုနေရသူတို့၏ အနိမ့်အမြင့်ပင်ဖြစ်သည်"တဲ့။
ဪ...အမိမြေကိုယာယီခွါရင်းကမ္ဘာကြီးရဲ့တနေရာရာမှာ နှစ်ပေါင်း ၆၀
ကျော်အနာဟောင်းကြီးအတွက် အကောင်းဆုံးကုထုံးတစ်လက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့နိုင်စေသား ။။
....... ....... ....... ....... .......
လေးစားစွာဖြင့်
နွေလယ်နေ
၁၂,ဧပြီ' ၂၀၁၇
စာကြွင်း
............. ဒီစာကိုရေးရင်းကျနော့်စိတ်ထဲမှာ မှတ်မှတ်ရရစွဲထင်နေခဲ့တဲ့
(ကောလိယလှိုင်းယဉ်)ဆိုတဲ့ ကလောင်တစ်လက်ကို သတိရမိပါကြောင်း။
Thursday, April 6, 2017
အနုပညာ ရောစွက်လာလျှင်
ညဥ့်နက်မှာကိုလည်း တားလို့မရဘူး၊ လထွက်မှာကိုလည်း တားလို့မရဘူး။ ညဥ့် နက်နက်မှာ သာတဲ့လက ဒီလောကမှာ အလှဆုံးပါ။ ဒီစာသားလေး ကတော့ စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညဥ့် နက်နက်မှာ လထွက်ခြင်း” စာအုပ်ထဲက စာသားလေးပါ။ ဆရာကြီးကတော့ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးခဲ့ရေးခဲ့ ကိုယ်ကလည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နှစ်သက်နေမိတာ အမှန်ပါပဲ။
ဒုက္ခတွေကြားက ရှာဖွေတွေ့တဲ့ သုခ၊ သောကတွေကြားက ဖမ်းဆုပ်မိတဲ့ ပီတိ၊ နာကျင်မှုတွေကြားက ထွေးပွေ့မိတဲ့ သက်သာမှု၊ ဒါတွေဟာ ညဥ့်နက်နက်မှာ သာတဲ့ လတွေပါပဲ။ ဦးပဉ္ဇင်းတို့ တတွေလည်း ဒုက္ခတွေထဲက သုခကို ဆွဲထုတ်၊ သောကတွေထဲက ပီတိကို ရှာဖွေ၊ မွမ်းကျပ်မှုတွေထဲက လတ်ဆတ်တဲ့ လေညင်းကို ရှုရှိုက်မိတဲ့အခါ ဒုက္ခတွေ ရှိချင် သလောက် ရှိပါစေ ဒုက္ခကို ထီမထင်တဲ့ စိတ်၊ သောကတွေ ဘယ်လောက် ပြည့်သိပ်နေပါစေ သောကဖြေဆေး ရှာဖွေထားမိသူ တယောက်လို စိတ်အားအင် ရခဲ့တာတော့ အမှန်ပါပဲ။
ဦးပဉ္ဇင်း ဆောင်းပါးတပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ပြည့်နှက်နေတဲ့ နေရာဟာ နံရံလေးဘက် ကြားက အချိန်ကာလတွေပါပဲ။ ဒီကာလတွေ အတွင်းမှာ အောင်မြင်စွာ သင်ကြားနိုင်ခဲ့တဲ့ ပညာတွေထဲမှာ ပန်းချီဆရာကြီး ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းလည်း တခုပါမယ် ထင်ပါတယ်။ ဒီသင်တန်းရဲ့ အောင်မြင်မှုတွေထဲမှာ ပန်းချီပြပွဲလေးကို နှစ်ကြိမ်လောက် လုပ်ခွင့်ရခဲ့တာပါပဲ။
တံခါးတွေနဲ့၊ သော့အထပ်ထပ် နံရံတွေနဲ့ ကာဆီးထားတဲ့ ကွန်ကရစ်တောကို ဖြတ်ပြီး ရောက်လာတဲ့ ပန်းချီဆေး၊ စုတ်တံ တွေကလည်း အသုံးဝင်၊ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ စွန့်စားရဲတဲ့ ဝန်ထမ်းရဲ့ ကြိုးပမ်းမှု၊ စွန့်စားချင်လာအောင် ကြိုးပမ်း ချင်လာအောင် စည်းရုံးနိုင်တဲ့ စည်းရုံးရေး သမားကောင်း တယောက်ရဲ့ စွမ်းရည်တို့ကိုလည်း ဒီဆောင်းပါးမှာ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။
ဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းဟာ တုတ်တချောင်းနဲ့ မြေကြီးရှိရင် မြေပြင်မှာခြစ်လို့ သင်တန်းကို စမယ်လို့ ဆိုပါတယ်။ အထောက်အကူ ပစ္စည်း ဘာမှ ရှိရှိ မရှိရှိ လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ခက်ခဲမှုကို အာခံတဲ့စိတ်၊ ဘယ်လို ပစ္စည်းရှိမှ အလုပ်ဖြစ်ရမယ်ဆိုတဲ့ အားငယ်တဲ့ စိတ်တွေကို သူတို့ သင်တန်း မစခင်တည်းက အပြီးတိုင် စိတ်ထဲက နှင်ထုတ်ပြီးသား ဖြစ်နေတယ်။ ဦးပဉ္ဇင်းတွေ့တဲ့ အချိန်မှာတော့ မြေပြင်မှာ တုတ်နဲ့ခြစ်ရလောက်အောင် သူတို့သင်တန်းဟာ ပစ္စည်းမပြည့်မစုံ မဟုတ်ပါဘူး။
မယ်လမင်း ပန်းကန်ပြားပေါ်မှာ ခဲဆံနဲ့ ရေးခြစ်ရတဲ့ အဆင့်လောက် ပြည့်စုံလာတာ တွေ့ရပါတယ်။ တနေ့ တယောက် အလှည့်ကျ အကူအညီ တောင်းတာကတော့ သူတို့ရှေ့ မော်ဒယ်လ် ထိုင်ပေးရတာပါပဲ။
လောကကြီးကို ကဗျာဆရာက ကဗျာတွေလို့ မြင်မယ် ။ ပန်းချီဆရာက ပန်းချီလို့ မြင်မယ်။ ဒီလိုစကားကို စာတွေထဲဖတ်ရ တုန်းက ဖတ်ကောင်းအောင် ရေးတယ်လို့ ထင်မိခဲ့တာ။ ဆရာဦးခင်မြင့်အောင် သူ့သင်တန်းသားတွေနဲ့ စကားပြောနေတုန်း အနားကပ် နားထောင်မိတော့ သူမြင်သမျှတွေကို အရောင်တွေ ခွဲပြနေတာကို ကြားလိုက်ရတယ်။
သစ်တပင်ကိုပြပြီး “အားလုံး စိမ်းနေတာမဟုတ်ဘူး။ ကြည့်၊ အလင်းတွေ၊ အမှောင်တွေ၊ နောက် မတူတာတွေ တွေ့လိမ့်မယ်” ဆိုတာကို လက်ညှိုး ညွှန်ပြပြီး ရှင်းပြနေတာတွေ့ရတော့ သြော် … တကယ်ပါလား ။ ပန်းချီ ဆရာရဲ့ ပန်းချီဆွဲစရာ ကုန်ကြမ်းတွေ၊ သင်ကြား ပြသစရာ အထောက် အကူ ပစ္စည်းတွေဟာ သုံးမကုန်အောင် ရှိနေပါလားဆိုတာ သဘော ပေါက်ရတော့တယ်။ တကယ်တော့ သဘာဝ တရားထဲက အလှကို ထုတ်ယူတတ်သူဟာ အနုပညာ သမားတွေဆိုတာ သဘော ပေါက်မိတော့တယ်။
ကဗျာဆရာ တယောက်ရဲ့ ကဗျာထဲမှာ ဖတ်လိုက်မိတဲ့ စာသားလေးက စိတ်ထဲ စွဲနေတယ်။ ဝန်းတံခါးမှာ သံပန်းတံခါးကို မြင်ပြီးကဗျာဆရာက “အနုပညာ ရောစွက်လာလျှင် သံပင် ပန်း ဖြစ်နိုင်တကား” လို့ ဥဒါန်းကျူးရင့် ထားခဲ့တဲ့ စာသားလေးက အနုပညာ ဖန်တီးသူတွေကိုတွေ့တိုင်း ရေရွတ်မိတဲ့ စာသားလေးပါပဲ။ ဒီဆောင်းပါးလေး မရေးခင် စာပေဟောပြောပွဲတခုကို နားထောင်ထားတော့ ဟောပြောပွဲမှာ ဟောသွားတဲ့ စာရေးဆရာရဲ့ စကားလေးက ခေါင်းထဲဝင်လာပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒဂုန်တာရာကို ပြောတယ် –
“ကိုဌေးမြိုင်ရ အိမ်ထောင်ရေးမှာလဲ အနုပညာ လိုအပ်သဗျ”
အရာရာ အနုပညာဆိုတာ လိုအပ်ပါလား။ အနုပညာနဲ့ ထိလိုက်ရင် လှလာပါလား ပေါ့။ သံတောင် ပန်းဖြစ်သေးတာကိုး။ နိုင်ငံရေးသမားတွေရဲ့ နှလုံးသားထဲ အနုပညာ စိုက်ထူလိုက်မိရင် သူတို့ရဲ့နိုင်ငံရေးဟာ လှပလာကြတာတွေကို တွေ့လိုက် ရတယ်။ သူတို့ရဲ့ စကားတွေဟာ အနုပညာကြောင့် လူတွေရဲ့ နှလုံးသားထဲအထိ ထိုးဖောက်သွားကြတာကို တွေ့လိုက် ရတယ်။ အနုပညာသမားတွေရဲ့ နှလုံးသားဆိုတာ ကဗျာတွေအတွက် စကားလုံးတွေ၊ ပန်းချီကားချပ်တွေအတွက် ဆေးရောင်စုံတွေ၊ တေးသီချင်းတွေ အတွက် သံစဉ်တွေကို သိုမှီးရာ တိုက်ခန်းမဟုတ်လား။ အနုပညာ နဲ့ နိုင်ငံရေး ပေါင်းစပ် မိတော့ကော …။
သင်တန်းမှာ ပါဝင်နေသူတွေထဲမှာတော့ ဦးပဉ္ဇင်းတို့ရဲ့ ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါဝင်ခဲ့တယ်။ သူ့မှာ ထင်ရှား သိသာတာကတော့ အနုပညာတွေ သူ့ဆီ စုပြုံနေတာပါပဲ။ ကဗျာကောင်းတွေကို ကိုယ်တိုင်လည်း ရေးသလို ကဗျာဆရာတွေရဲ့ ကဗျာကောင်းတွေကိုလည်း ရင်ထဲအထိ သိမ်းထားသူ၊ တေးသီချင်းပေါင်း များစွာကို တကယ့် အဆိုတော် ကြီးတွေလို သီဆိုနိုင်သူ၊ သူဆွဲထားတဲ့ ပန်းချီ ကားတချပ် အကြောင်းကို မပြီးသေးသော ပန်ချီးကားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးခဲ့ဖူးပါသေးတယ်။
သူဆွဲပေးတဲ့ ပန်းချီကားချပ်ဟာ ရင်ထဲမှာ နှစ်ရှည်လများ တည်အောင် ပေးခဲ့တဲ့ အစွမ်းကို ပြောပြချင်လွန်းလို့ အဲဒီတုန်းက ဆောင်းပါး ရေးခဲ့တာပါ။ အနုပညာ ဖန်တီးသူတိုင်းဟာ ရယ်သံကို ကဗျာ ဖွဲ့သလို၊ ရှိုက်သံကိုလည်း တေးသီချင်း အဖြစ် ပြောင်းလွှဲ နိုင်ကြတယ်။ ဒဏ်ရာနဲ့ ဝေဒနာဟာ သူတို့အတွက်ကုန်ကြမ်းတွေပဲ မဟုတ်လား။ ကိုယ်တိုင် အနုပညာ ဖန်တီးသူဟာ အခြားတယောက် ဖန်တီးထားတဲ့ အနုပညာ တခုကိုလည်း ကျကျနန ခံစားတတ်တယ် ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။
သွေ့ခြောက်နေတဲ့ ထောင်ထဲက နေ့ရက်တွေကို စိုပြည် လန်းဆန်းအောင် ပြုလုပ်ကြတဲ့ အရာတွေထဲမှာ နိုင်ငံရေး ခံယူချက်ပါမယ်၊ ဘာသာရေး အလုပ်လည်း ပါမယ်၊ နောက်အဓိက နေရာက ပါနေမှာကတော့ အနုပညာပါပဲ (ကိုဌေးကြွယ် သင်္ကြန်ရက်ကို ရွေးပြီး ဦးပဉ္ဇင်းကို ပြောပြခဲ့ဖူးတဲ့ “ပိတောက်ပွင့်ဆဲ လသာဆဲ” ဆိုတဲ့ ဝတ္ထု အကြောင်းကိုလည်း ဆောင်းပါးတစောင် ရေးပါဦးမယ်)
သူတို့ ပန်းချီ သင်တန်းက တိုက်ခန်းထဲမှာတင် မဟုတ်ပါဘူး၊ တခါတလေ တိုက်အပြင်ထွက် ရေးဆွဲ တတ်ကြပါတယ်။ ပညာကို ရသလောက် အမိအရ ယူရုံမကပါဘူး။ အနုပညာ အခံရှိသူမှ ဒီအချိန်တွေကို အသုံးချတာပါ။ သဲကုန်းက ကိုသိန်းထွန်း အမေ ဆုံးတော့ သူတို့ အနုပညာနဲ့ နာရေးကူညီမှု တခုကို ပြုလုပ်ခဲ့တယ်။
ပန်းချီပြပွဲထဲက ရုပ်ပုံ ကားချပ်တွေထဲမှာ ရင်ကိုထိမှန်ခဲ့တဲ့ ကားချပ်တွေ ပါဝင်နေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကိုဌေးကြွယ် ဦးပဉ္ဇင်းကို လက်ဆောင်ပေးတဲ့ ကားတကားကတော့ လှိုင်းတွေ အင်မတန်ကြီးမားနေတဲ့ ပင်လယ်ပြင်နဲ့၊ လှိုင်းတွေကို သေချာကြည့်ရင် ဘီလူးတကောင် ပါးစပ် ဟထားသလိုမျိုး။ အစ်ဇင်တွေ ဘာတွေကို ကိုယ်က နားမလည်တော့ သေချာ မပြောတတ်ပေမယ့် ခံစားလို့ ရတယ်။ နောက်ပြီး ပြပွဲက ပုံတွေကကော …။
သံတိုင်ကြားကနေ အပြင်ဘက် ရေအိုးထဲက ရေကို လှမ်းခပ်နေတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘာသာ ဖော်ပြီး ခံစားလိုက်ရတာ။ ရေငတ်နေသူရဲ့ သံတိုင် အတွင်းက စိတ်ခံစားမှုတွေကို အမိအရ ဖော်ပြနိုင်တယ်လို့ ထင်တယ်။ သူဆာနေတာ ရေအပြင် တခြား ဘာတွေကို ထောင်ထဲကနေ တမ်းတနေသေးလဲ။ ဒီမေးခွန်းကိုပါ တဆက်တည်း မွေးထုတ်လိုက်တယ်လို့ ဆိုရမယ်။ သူလှမ်းခပ်လိုက်တဲ့ ရေအိုးထဲမှာကော ရေရှိရဲ့လား။ အရောင်တွေအရ ည ရှုခင်းဆိုတာ မှန်းလို့ရတယ်။ ဒီတော့ ညခင်းကြီးမှာ သူ ဆာနေတဲ့ရေကို ဘယ်သူကဖြည့်ပေးမှာလဲပေါ့။ ဘာပဲပြောပြော နာကျင်နေတဲ့ ဝေဒနာကို မြစ်ဖျားခံခဲ့တဲ့ ကားချပ်ဆိုတာ သိသာပါတယ်။ ဆာလောင်မှု ကုန်ကြမ်းကနေ အနုပညာ ကုန်ချော တခုကတော့ မွေးဖွားလာတာ အမှန်ပါပဲ။ အရုပ်ကဗျာကို ငရဲခန်းထဲက လူသားတွေ ဖန်တီးလိုက်မှုဟာ ဒုက္ခထဲက သုခကို ဆွဲထုတ်လိုက်တာပါပဲ။ မျက်ရည်ကြားက ပီတိ တခုကို ကောက်ရလိုက်တာပါ။
ဆရာ ဦးခင်မြင့်အောင် ကိုယ်တိုင်ရေးဆွဲထားတဲ့ နောက်ကားချပ် တခုကလည်း ရင်ထဲက မထွက်အောင် ရှိနေဆဲပါပဲ။
အသက်အရွယ် ရနေပြီးဖြစ်တဲ့ လူသားတဦးက ပခုံးပေါ်မှာ ကလေးငယ်လေးကို ထမ်းပိုးထားတယ်။ ကလေးငယ်က လူကြီး ပခုံးပေါ် မတ်တပ်ရပ်လို့ သူက အလကား ရပ်နေတာမဟုတ်ဘူး။ အလုပ်တခု လုပ်နေတယ်။ အဲဒီအလုပ်ကတော့ သူ့ လက်ထဲကနေ ငှက်တကောင်ကို လွှတ်ပေးလိုက်တာ ပါပဲ။ မျိုးဆက်သစ်တွေကို ပခုံးထမ်း တင်ပေးနေတဲ့ အနာခံစိတ်၊ ထိုစိတ်နဲ့ အတူ မွေခံထိုက်စေ ဆိုတာ ဖြစ်အောင် အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ပေးတဲ့ သမိုင်းတာဝန်၊ မပြီးပြတ်သေးတဲ့ အမျိုးသားရေး ကိစ္စ။ ဒါတွေဒါတွေဟာ ပန်းချီကားမှာ ပေါ်လွင်နေတယ်။ ကြည့်ရသူ လူတိုင်းကို ရင်ထဲ ထိမှန် စေတယ်ဆိုတာ အသေချာပါပဲ။ ကဗျာတပုဒ်က တာဝန်ယူချင် စိတ်တွေကို ပေးတယ်ဆိုရင် ပန်းချီ ကားတချပ်ဟာလည်း ခံစားသူတွေကို ရှေ့ခရီးရဲ့ အလုပ်တွေကို မီးမောင်း ထိုးပြနေတာပါပဲ။
နောက် ဦးခင်မြင့်အောင်ပဲ ရေးထားတဲ့ ပန်းချီကား တချပ်မှာ လူသားတယောက်ဟာ အင်မတန် လေးလံလှတဲ့ အရာတခုကို ထမ်းလို့ ကြိုးစားပြီး လှမ်းနေတဲ့ပုံ။ နောက် ဒီကားမှာ သိသာတာကတော့ နံရံ တွေကို အထင်းသား တွေ့လိုက်ရတာပါ။ လူ့ အခွင့်ရေးလို့ ပြောနေသူတွေ ဒီပန်းချီကားထဲက လိုမျိုး ခံစားမှုပေးတဲ့ အနုပညာ တခုခုနဲ့ အလုပ်လုပ် လိုက်ရင် သူတို့ အလုပ်တွေ ပိုပြီးလူတွေရဲ့ ရင်ထဲကို ရောက်မှာ သေချာတယ်။
သူတို့ပြပွဲထဲက အခုအချိန်ထိ မပျောက်မပျက် ရင်ထဲ ရှိနေသေးတဲ့ ပန်းချီကား တချပ်ကတော့ ခုတိုင် တချို့ အရပ်ဒေသမှာ ရှိသေးတဲ့ပုံပါ။ ဆီ ကြိတ်တဲ့ဆီဆုံကြီးကို နွားနဲ့ လှည့်နေတယ်။ ဆီ ကျတဲ့ နေရာမှာ ခံထားတဲ့ခွက်ကတော့ ဟန်းကောချိုင့်။ ဒီ ပန်းချီကား ကလည်း သူတို့သင်တန်းသားတွေထဲက တယောက်ရဲ့ လက်ရာပါ။ ရွှေဘိုက ကိုခင်မောင်ကြည် ရေးထားတာ။ အဆီအနှစ်တွေကို သူတို့စားသုံးနေပါလား၊ နွားက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ၊ ဟန်းကောချိုင့်ကကော ဘယ်သူတွေရဲ့ နိမိတ်ပုံလဲ။
ထောင်ထဲရောက်စ အခန်းတိုင်းက ဝိုင်းပြီး ကြိုဆိုတဲ့ အခါက တေးသီချင်းတွေ သီဆိုကြတာကို ပြန် အမှတ်ရမိတော့တယ်။ အမှုတွဲ တယောက်က ထောင်ကျတော့မယ် ဆိုရင် သီချင်းတွေ အများကြီးယူလာခဲ့ဖို့လည်း လိုမယ်ဆိုပြီး ရယ်သလို မောသလို တောင် ပြောဖြစ်လိုက်သေးတယ်။ အနုပညာဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အရာဆိုတာ လက်တွေ့ ဘဝကပေးတဲ့ အသိနဲ့ကို သိလာခဲ့တာပါ။
အနုပညာကို တဘက်က ကိုင်ပြီး လုပ်တဲ့နိုင်ငံရေးဟာ သေနတ်ကိုင်ပြီးလုပ်တဲ့ နိုင်ငံရေးထက် သမိုင်းမှာ နေရာလှလှ ရမှာကတော့ အသေချာပါပဲ။
ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သည်။
Saturday, April 1, 2017
" ဒိုက်ဦး ကောလိယမြို့ဟောင်း "
အပိုင်းလေးပိုင်းလုံးတစ်တွဲတည်းတင်ပေးလိုက်ပါတယ် ပြီးတော့မပြီးသေးပါဘူး
" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4
၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . . နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင် . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .
( ဆက်ပါဦးမည် ။ . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
ကောလိယသမိုင်း ( ဒုတိယပိုင်း )
၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍ မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .
( ဆက်ပါဦးမည် . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။
တတိယပိုင်း ( ကောလိယသမိုင်း )
အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။
( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။
( ဆက်ပါဦးမည် . . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4
၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . . နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင် . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .
( ဆက်ပါဦးမည် ။ . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
ကောလိယသမိုင်း ( ဒုတိယပိုင်း )
၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍ မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .
( ဆက်ပါဦးမည် . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။
တတိယပိုင်း ( ကောလိယသမိုင်း )
အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။
( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။
( ဆက်ပါဦးမည် . . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
Friday, March 24, 2017
( ဒိုက်ဦးသားတစ်ယောက်အကြောင်း ) ပို့ပို့ လို့ခေါ်တဲ့ ကို နေ ဝင်း
ပို့ပို့ အ ကြောင်းပြော ရ ရင် မေမေရယ် ကိုဝင်းခိုင်ရယ် က မပါမဖြစ်။
မေ မေ က ငယ်ငယ်လေး ကတည်းက စိတ်ထားနုညံ့သိမ်မွေ့သူ၊ ၁၆နှစ် သမီးကတည်းက ဝိပဿနာ အားထုတ်သူ၊ သားသမီးတွေကိုလည်း အမြဲ တရားထိုင်ခိုင်းသူ။
ပို့ပို့နဲ့ ကိုဝင်းခိုင်က သူငယ်ချင်းညီအစ်ကို။ ညီအစ်ကို ၆ယောက် ညီမ ၁ ယောက်ဟာ မိဘတွေရဲ့ ပုံစံအတိုင်း ရိုးဖြောင့်တယ်၊ အရှက်အကြောက်ကြီးတယ်၊ ညှာတာစာနာစိတ်တွေရှိတယ်၊ ချစ်ခြင်းမေတ္တာအားကြီးကြတယ်။
သူငယ်ချင်း ညီအစ်ကို နှစ်ယောက်က ပိုပြီးတွဲပါတယ်။ စာအတူဖတ်၊ တရားအတူထိုင်၊ အတူဆွေးနွေး မေ မေက ဘေးက ကူညီပေါ့။
မေ မေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ တရားထိုင်ရင်း၊စာတွေဖတ်ရင်း ငယ်ရွယ်တဲ့ ပို့ပို့နဲ့ ကိုဝင်းခိုင်တို့ နိဗ္ဗာန်ဆိုတဲ့ လွတ်မြောက်ခြင်းကို တစ်ဦးတစ်ယောက်တည်း မသွားချင်တော့ဘဲ လူအများကို ခေါ်သွားချင်တယ်။ လူအများရဲ့ကောင်းကျိုးကို အားသွန်ခွန်စိုက် လုပ်ပေးချင်လာကြတယ်။
နိဗ္ဗာန်တောင် တစ်ဦးတစ်ယောက်တည်းဆို မသွားချင်သေးဘဲ လူတွေကို ကူညီကယ်တင်လိုတဲ့ အ တွေးတွေဟာ တရားထိုင်ရင်း စာဖတ်ရင်း ပေါ်လာကြတယ်။ လူတွေကို ကယ်တင်နိုင်ဖို့ ပါရမီ ဆယ်ပါး ဖြည့်ရမယ် ဆိုတဲ့ အ တွေးတွေနဲ့ ကောင်းတာတွေချည့် ရှာလုပ်ကြတော့တယ်။
၁၉၆၂ ဗိုလ်နေဝင်း တက်လာပြီး ပါပါးတို့ မေ မေတို့ ကုမ္ပဏီ ပြည်သူပိုင်သိမ်းခံရတယ်။ ဒိုက်ဦးမြို့လည်က အိမ်ကြီးရဲ့ အောက်ထပ် လေးပုံသုံးပုံကို "ပ ပ က ဆိုင်" အဖြစ် ပြည်သူပိုင် သိမ်းခံရတယ်။ ကိုဝင်းခိုင် ၁၀တန်းအောင်တယ် ၊ ပဲခူးတိုင်း ပထမ။ ပို့ပို့ ၁၀ တန်းအောင်တယ်၊ ဆေးတက္ကသိုလ် အမှတ်မှီတယ်။
ပါပါးက ဂျပန်ခေတ် အပြီး လူငယ် ဘဝကတည်းက အလုပ်လုပ်ဖို့ လာတဲ့ တရုတ် အမျိုးသားပါ။ ဒီခေတ် ခရိုနီတွေနဲ့ လုံးဝမတူတဲ့ ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်တဲ့ တရုတ်ပါ။
One FRC တွေ ဆေးကျောင်း မတက်ရတော့ သူတို့ ခံစားရပါတယ်။
လူတွေကို ကယ်တင်ချင်တဲ့ ဆရာဝန်၊ ရွှေလင်းယုန်ရဲ့ "သူ"၊ ဒေါက်တာမြင့်မောင်လို ဆရာဝန် ဖြစ်ချင်ခဲ့ကြတာ။
ဥာဏ်ကောင်းတဲ့ လူတွေဆို တော့ ဒီခံစားချက်တွေက နေ စနစ် တစ်ခုရဲ့ အမှားတွေ မြင်လာကြတယ်။
ပို့ပို့နဲ့ ကိုဝင်းခိုင် ဒေသ ကောလိပ် အတူတက်တော့ ညီအစ်ကို နှစ်ယောက် ထမင်းဖိုးကို တစ်ယောက်စာပဲ မှာပြီး တစ်ယောက်စာကို စာအုပ်တွေဝယ်ဖတ်၊ ရုပ်ရှင်တွေ ကြည့်ကြတယ်။ ရုပ်ရှင်က ကားအားလုံးကြည့် နိုင်ဖို့ ရှေ့ဆုံး ငါးမူးတန်းက ကြည့်ကြတာ။ ဆေးလိပ်ခုံ ဖင်စီခံလုံးမယ့် စာအုပ်တွေထဲက စာအုပ်ကောင်းတွေကို ပိဿာချိန်နဲ့ ဝယ်ဖတ်ကြတာ။ စာအုပ်ကောင်းတွေ အများကြီး ပိဿာချိန်နဲ့ ဝယ်ဖတ်ခဲ့ကြတယ်။
ဒေသကောလိပ်ပြီးတော့ ကိုဝင်းခိုင်က စိုက်ပျိုးရေး တက္ကသိုလိ။
ပို့ပို့ က တစ်တန်းငယ်တော့နောက်နှစ်မှ တိမွေးကု တက္ကသိုလ် ရောက်ပါတယ်။
အဲဒီ့တုန်းက Vet က ရန်ကုန်၊ အင်းစိန်မှာပဲရှိသေးတယ်။ ပို့ပို့ အင်းစိန်မှာ စာပေကိစ္စတွေလုပ်ရင်း မိတ်ဆွေ၊ သူငယ်ချင်း၊ ရဲဘော်တွေနဲ့ တွေ့ဆုံရတယ်။ အလုပ်တွေ ပိုလုပ်ဖြစ်ကြတယ်။
ပို့ပို့ရဲ့ ပုံစံက အားလုံးကို တကယ်စွန့်လွှတ်တဲ့သူ။ လမ်းမှာတွေ့တဲ့သူ ဖိနပ်လိုရင် လမ်းမှာတင် ချွတ်ပေးခဲ့တာ၊ မုန့်ဟင်းခါးစားနေရင်း လာတောင်းတဲ့သူရှိရင် ကိုယ်တိုင်ရိုးရိုးစားပြီး တောင်းသူကို ရှယ်ပွဲ မှာပေးတဲ့သူ။ တခါတ လေ ရှပ်အကျီင်္ ချွတ်ပေးခဲ့ ပြီး စွပ်ကျယ်နဲ့ အိမ်ပြန်လာသူပါ။
သူ့ရဲ့ပုံစံက အင်မတန် ယဉ်ကျေး နူးညံ့ သိမ်မွေ့ပါတယ်။ ဒါပေမယ့် ခေါင်းသိပ်မာပါတယ်။ ယုံကြည်ချက် တစ်ခုကို အမြဲစွဲကိုင်သူပါ။
အင်းစိန်မှာ ပြဇာတ် ဒါရိုက်တာ ဦးရဲဝင်းနဲ့ တွေ့ခဲ့ ခင်ခဲ့ပါတယ်။ ဦးရဲဝင်းရဲ့ တစ်ဦးတည်းသောသမီး သန္တာခင်ကို စိတ်ဝင်စားခဲ့တယ်။
Vet က ရေဆင်းကို ပြောင်းတော့ ရေဆင်း က နေ B.Vs ဘွဲ့ရခဲ့တယ်။ သန္တာနဲ့ အိမ်ထောင်ကြပါတယ်။
၁၉၈၈၊ ၈ လပိုင်းမှာ သမီးဖြိုးဖြိုးအောင်ကို မွေးဖွားခဲ့ပါတယ်။
အ ရေးအခင်း အတွင်း မွေး တဲ့ သမီးနဲ့ ဇနီးကိုပြစ်ထားပြီး
ယုံကြည်ရာ လှုပ် ရှားခဲ့တယ်
အမျိုးသား နိုင်ငံ ရေးတပ်ပေါင်းစု(မနတ) မှာအထွေထွေ အတွင်းရေးမှူး အောက်မြန်မာနိုင်ငံ တာဝန်ယူခဲ့ပြီး မကြာခင်မှာ UG ဆိုပြီး ကိုဌေးသိန်း Dr.ဇော်မင်းတို့နဲ့အတူ အဖမ်းခံရပါတယ်
ထောင် ၂၆ နှစ် အချခံရပါတယ်
အင်းစိန် ထောင်
မြင်းခြံ ထောင်
မန္တလေး သီးသန့်။အိုးဘိုထောင် တွေ မှာ သံခြေချင်းခတ်နဲ့ နေခဲ့ရပါတယ်
ထောင်သက်၁၆ နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်
မွေးပြီးကတည်းက အဖေ နဲ့ခွဲ ထောင်ဝင်စာကို အမေ နဲ့အတူ ထောင်ပေါင်းများစွာ လိုက်ဝင်
ထောင်ဆိုတာကြောက်ချင်စရာ အားငယ်ချင်စရာ
ဖြိုးဖြိုး မကြောက်ခဲ့တာ သန္တာရဲ့ပြုစု ပျိုးထောင်မှုကြောင့်
အမှန်တရားအတွက် အဖေ့ ရဲ့သွေး နဲ့ အမေ့သတ္တိ
အဖွါးကူညီစောင့်ရှောက်မှုတွေဟာ ဖြိုးဖြိုးရဲ့အားတွေပါ
ဖြိုးဖြိုး အောင် ဆယ်တန်းအောင်တော့ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့GTC တက်ပါတယ် ။GTC တက်ရင်းသမဂ္ဂ လှုပ်ရှားမှုတွေရှိနေတော့ အမြဲအလိုက်ခံနေရတယ်
နာဂစ် ဖြစ်တော့ဧရာဝတီတိုင်းကို ကူညီဖို့ပို့ပို့သွားပါတယ်
အဲဒီမှာ အလောင်းတွေကိုဘယ်သူမှတာဝန်ယူ မသိမ်းဆည်းတော့ ပို့ပို့တို့အုပ်စု အလောင်းကောက်သင်္ဂြိုလ်ကြတယ်
ဖြိုးဖြိုးပါ ပါသွားတာပါ
ကိုယ်တိုင် အလောင်းကောက်ရတဲ့အတွေ့အကြုံ ခံစားချက်တွေ သူတို့သားအဖရခဲ့ကြတယ်။
အဲဒီ့ကနေ ရန်ကုန်အပြန်မှာ ကိုနေဝင်း၊ ဖြိုးဖြိုးအောင်တို့ အုပ်စု အဖမ်းခံရပါတယ်။
ကိုနေဝင်းက ဘားအံ နှစ်နှစ်၊ ဖြိုးဖြိုးအောင်က မော်လမြိုင် မှာ သုံးနှစ်ကျော် ထောင်ကျ ခဲ့ပါတယ်။ အသက်အငယ်ဆုံး အမျိုးသမီး နိုင်ငံရေး အကျဉ်းသူပါ။
ဧရိယာ တစ်ခုထဲမှာ သားအဖ ထောင်ကျလို့ တော်သေးတယ်။ မော်လမြိုင်နဲ့ မြစ်ကြီးနားဆိုရင်တော့ ကျမ သေပြီလို့ သန္တာပြောပါတယ်။
စနစ်တစ်ခု ကောင်း မ ကောင်း ကိုနေဝင်းနဲ့ ဖြိုးဖြိုးတို့ ကောင်းကောင်းသိကြပါတယ်။
မနီတာ
၁၅.၃.၁၅
Tuesday, February 21, 2017
အကျဉ်းစံအပြန်လမ်း
ရန်ကုန်ဘူတာကြီးက စထွက်ကတည်းက ဦးကြည်ကို ကျနော်မြင်တယ် ။ အသွင်သဏ္ဍန်ကသာ သားသား နားနားနဲ့ ရထားတွဲကြီးတလျောက် ရှေ့နောက်သွားနေတာမို့ ( သူ့လှုပ်ရှားမှုကိုနားမလည်သေးတာမို့ ) မခေါ်လိုက်သေးပဲ လိုက်ကြည့်နေမိတယ် ။ မခေါ်လိုက်နှုတ်မဆတ်ဖြစ်လိုက်မှာကိုလည်း စိုးနေမိသေးတယ် ။ ခုံနေရာမရတာကြောင့် ကျနော်အိမ်သာအပေါက်ဝနားကနေ မတ်တပ်ရပ်လိုက်လာရတော့ ကျနော်ပုံကြီး ကို ဦးကြည်ဘယ်လိုမှ မမြင်နိုင်စရာမရှိပါဘူး ။ ကျနော်တို့တွဲထိပ်ကို တစ်ခေါက်ကျော့လာကတည်းက တစ် ချက်လှမ်းအကဲခတ်ကြည့် ကြည့်လိုက်တာကိုလည်း ကျနော်သိလိုက်မိတယ် ။ ဒီတစ်ခေါက်ရောက်လာရင် တော့စပြီးနှုတ်ဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရထားတွဲဆက်နားကစောင့်နေလိုက်တယ် ။ သူကလည်းရိပ်မိလို့ထင်တယ် ။ ချက်ချင်းပဲရောက်လာတော့ ` ၀ိဇ္ဇာကြည် ´ လို့ခပ်တိုတိုပဲခေါ်လိုက်လျင်ပဲ ရှေ့သွားပေါ်အောင် ပြုံးပြုံးကြီးမော့ကြည့်ပြီး ကျနော်လက်ကို တင်းတင်းကြီးဆွဲတော့တာပါပဲ ။ `ကျနော်လက်က ၀ဲတွေကူးကုန်ပါဦးမယ် အရာရှိမင်းကြီးရယ် ´ လို့နောက်လိုက်ပြန်တော့ အရင်ဝသီအ တိုင်း တဟားဟား ။ ရထားကြီးကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကျနော်တို့နှစ်ယောက်မှာလည်း ပြောစရာ တွေကအစုံ ။ ဦးကြည်က ရှေ့နှစ်တွဲကျော်လောက် ကျနော်ကိုခေါ်သွားပြီး ခုံနေရာတစ်ခုရှာပေးတယ် ။ `ပဲခူး ဘူတာရောက်ရင်ခင်ဗျားဆက်မသွားပဲ ဆင်းရမယ်လို့အမိန့်ချတယ် ။ ဟိုမှာ ၀က်ကြီးတို့ သိန်းအောင်တို့ လည်းရှိတယ် ။ ခင်ဗျားကိုပြုစုကြလိမ့်မယ် တဲ့´ ဆိုပြီး ကျနော်ကိုထားခဲ့ကာ ရှေ့တွဲကိုကူး သွားပြန်ရော ။ တရိပ်ရိပ်လည်ပြီး ကျန်ရစ်ခဲ့တဲ့လယ်ကွင်းတွေ ကုက္ကိုပင်တွေ ထန်းပင်အုပ်လေးတွေ ၀န်းရံထား တဲ့ ရွာက လေးတွေကို ရထားပြူတင်းပေါက်နေ ငေးမောရင်းလိုက်ပါလာခဲ့ပေမယ့် ကျနော်အတွေးထဲမှာကတော့ ဦးကြည်တို့နဲ့အတူ တောင်ငူထောင်ထဲမှာ . . . . . . . .
1975 ပဲခူးရိုးမပြိုတော့ ကျနော်တို့လည်းအဖမ်းခံရပြီး မတရားအသင်းပုဒ်မနဲ့ထောင် 3 နှစ်ကျခဲ့ရတယ် ။ တောင်ငူထောင်ဝင်ရင် ဇာတ်ကြမ်းတွေခင်းရတော့မယ်ဆိုတာကိုကြိုသိထားတယ် ။ နောက်ဆုံးစီရင်ချက်ချ တဲ့ညောင်လေးပင်အချုပ်မှာလာနှုတ်ဆက်ကြတဲ့ မိသားစုတွေ မိတ်ဆွေတွေရဲ့ လက်ဆောင်တွေကို ကျနော် ယူမသွားချင်တော့ဘူး ။ အလကားဆုံးရှုံးကုန်တော့မှာလို့ လာနှုတ်ဆက်တဲ့ကဗျာဆရာအောင်ဇင်မင်းကို တိုးတိုးပြောမိတော့ နည်းနည်းမှမျက်နှာမကောင်းဘူး ။ `ယူသာသွားပါဗျာ ´ လို့အံကြိတ်ပြီးပြောရှာတယ် ။ တောင်ငူထောင်အ၀င်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ။ ပုံစံမထိုင်လို့ဆိုပြီး ၀ိုင်းသမ ။ ကျနော်တို့ကလည်း ပြန်ချ ။ ကြိုးတိုက်ထဲကို ဘယ်လိုရောက်သွားမှန်းမသိလောက်အောင် လောကကြီးနဲ့တစ်ညလောက်ဝေး ကွာသွားခဲ့ရတယ် ။ မြေကြီးမှာ ကျနော်ကိုဒရွတ်တိုက်ဆွဲသွားတာလို့ နောက်မှသိရတယ် ။
တစ်လလောက်ကြာမှ အပြင်ကရဲဘော်တွေနဲ့အဆက်အသွယ်ရတယ် ။ စာလာပို့ပေးတာက၀က်ကြီး ။ နာမည်နဲ့လိုက်အောင် မဲမဲ၀၀ ဗိုက်ပူပူကြီး ။ ကတုံးပြောင်ပြောင်နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ။ အခန်းစဉ် လိုက်မိုက်ကြည့် ကြည့်ပြီး ကြိမ်းဝါးလိုက်သေးတယ် ။ ပြီးမှအလစ်မှာ ကျနော်ကိုစာလေးပစ်ပေးသွားတာ ။ ထောင်တွင်းပါတီကော်မတီက ထောင်စည်းကမ်းကိုလိုက်နာပြီး ထောင်သားအများစုနဲ့ရောနှောနေခြင်းသာ သင့်လျော်ကြောင်း အကြံပေးထားတယ် ။ အတူနေ အတူစား ။ အတူလေ့လာ အတူတိုက်ပွဲဝင် ။ ( တူလေး လုံး ) ကျင့်သုံးဖို့ပေါ့ ။ အဲ့ဒီအချိန်တုန်းက ဦးသန့်ုတို့မှိုင်းရာပြည့်ကာလဆိုတော့ ထောင်ထဲမှာလည်း ကျောင်း သားတွေပြည့်နေတယ် ။ အများစုကတော့ ကျေးလက်ကကျောင်သားတွေ ။
ထောင်ပုံစံအတိုင်းနေပါတော့မယ်လို့ပြောလိုက်တော့ ကျနော်တို့ကိုတိုက်ကထုတ်ပြီး အိပ်ဆောင်တွေဆီခွဲ ပို့ပါတယ် ။ တစ်ခန်းမှာ လူငါးဆယ်ကျော်လောက်နဲ့ရောနှောနေရတာပါ ။ ကျနော်အလုပ်လုပ်ရတာက လက်သမားရုံမှာ ။ နောက်တော့ တက္ကသိုလ်တုန်းကသူငယ်ချင်းတစ်ယောက်က ထောင်မှူးလေးကိုပြောပေး တာနဲ့ ကြိမ်ရုံမှာစာရေးလုပ်ရပါတယ် ။ ထောင်အရာရှိတွေကတော့ ကျနော်တို့ကိုသတိထားပြီး ပြောဆို ဆက်ဆံပါတယ် ။ အရောမ၀င်ရဲကြဘူး ။ အောက်ခြေဘာယာတွေ ထောင်မင်းသားတွေကတော့ထုံးစံအ တိုင်းလူကြမ်းတွေ ။
ဗိုလ်နေ၀င်းကစပြီး ကျနော်တို့အထိအားလုံးဟာစနစ်ရဲ့သားကောင်တွေဖြစ်တယ်လို့ ကျနော်တို့ယုံကြည် တယ် ။ လူသားတိုင်းဟာ မွေးလာကတည်းက သဘာဝအလိုက်ရိုးသားကြသူတွေဖြစ်တယ် ။ တွေ့ကြုံဖြတ် သန်းလာရတဲ့ဘ၀တွေက စာရိတ္တတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ် ။ ဦးကြည်တို့ ၀က်ကြီးတို့လိုထောင် ကိုအိမ်လုပ်နေသူတွေကအစ ကျနော် သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံပါတယ် ။ တချို့လယ်သမားတွေဆို အိမ်က ထောင်ဝင်စာလာမတွေ့နိုင်ကြတော့ တအားချို့တဲ့ကြတာတွေ့ရတယ် ။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့အိမ်ကလာတဲ့ထောင်ဝင်စာပစ္စည်းတွေ ဆေးဝါးတွေကို အခန်းထဲကအကျဉ်းသားတွေ နဲ့ အမြဲပဲမျှဝေစားကြတယ် ။ နှစ်ဆယ်ဝန်းကျင်အသက်အရွယ်သူငယ်လေးတွေ ဘ၀ရဲ့အတက်ကြွဆုံးကာ လတွေတုန်းကပေါ့ဗျာ ။ သူခိုးဓါးပြတွေက သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံတာကို ကြည်နူးကြ တုန့်ပြန်ကြ တာတွေ့ရပါတယ် ။ အရေးအကြောင်းတွေကြုံလာရင် ထင်မှတ်ထားတာထက်ပိုပြီးသစ္စာရှိကြ နှလုံးသားကြီးကြတာကိုလည်းတွေ့ရပါတယ် ။
ထောင်ထဲမှာအဓိကပြဿနာက သတ်မှတ်ထားတဲ့ရိက္ခာကိုအပြည့်အ၀မရတာနဲ့ မတန်မဆညှင်းပန်းနှိပ် စက်ခံရတာပဲဖြစ်ပါတယ် ။ တစ်ပါတ်တစ်ခါအသားကျွေးတဲ့နေတွေဆို ထောင်မှူးကြီးအိမ်မှာ အသားတွေ အခြောက်လှမ်းထားတာကိုဗြောင်ကျကျပဲတွေ့နေရတယ် ။ အဲဒါတွေကို ကျနော်တို့နှစ်ကြိမ်တိုင်တိုင်ရှေ့ ဆောင်ပြီးဆန္ဒြ့ပခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ ပထမအကြိမ်ကတော့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကျောင်း သားတစ်ယောက်ကိစ္စ ။ ရိုက်နှက်တာက မောင်မောင်လွင်ဆိုတဲ့ထောင်မှူးကလေး ။ ကရာတေးသိုင်းသမား စတိုင်နဲ့ တကဲ့စောင့်ကြွားကြွားကောင်ပါ ။ ` ပြည်သူ့ကောင်စီ ခေါ်ပေး ´ ဆိုပြီးကျနော်တို့ကြွေးကြော်ကြ တယ် ။ အဲ့ဒီခေတ်က မဆလခေတ်ဆိုတော့ ပါတီကောင်စီတွေကြီးဆိုးနေတဲ့ခေတ်ကိုး ။ ကောင်စီတွေဝင် လာတော့ကျနော်တို့ကအရိုက်ခံရတဲ့အကျဉ်းသားကိုပြပြီးတိုင်တန်းကြပါတယ်။ ကောင်စီဝင်တစ်ယောက်က ကျနော်တို့အကျဉ်းသားရှေ့မှာတင် မောင်မောင်လွင်ပုခုံးပေါ်က အပွင့်ကိုဖြုတ်ပြလိုက်တယ် ။ အကျဉ်းသား တွေက လက်ခုပ်တီးကောင်းချီးပေးလို့ အောင်ပွဲလေးတစ်ခုရလိုက်တာပေါ့ ။ ကျောင်းသားတွေကတော့ မဆလတွေအမှတ်ယူသွားတာမခံချင်ဘူးဖြစ်နေကြတယ် ။ ကျိုးကြောင်းဆီလျော်ရမယ် ။ အကန့်အသတ် ရှိရမယ် ။ အကျိုးအမြတ်ရှိရမယ် ( ကသုံးလုံး ) တိုက်ပွဲနည်းနာကို မနည်းရှင်းပြရသေးတယ် ။ သူတို့က ထောင်ထဲကနေပြီး ` စစ်အစိုးရ အလိုမရှိ ´ အော်ချင်နေကြတာ ။ ကျနော်တို့က မဆလတွေကိုထောင်တွင်း အခြေအနေတွေကို လေးလေးစားစားတင်ပြနေတာကို သူတို့ကအူယားနေကြတယ် ။ တကယ်တော့ ကျနော်တို့ကွန်မြူနစ်ဆိုတာ အဲ့ဒီမဆလတွေကောင်းကောင်းသိတာပေါ့ ။ သူတို့ပြန်သွားပြီးနောက်တစ်နေ့ ကစပြီးကြိမ်ရုံမှာ ဒိုင်းတွေ တုတ်တွေကို ထောင်ပိုင်ကစပြီးလုပ်ခိုင်းတော့တယ် ။ နောက်တစ်ကြိမ်က ပုံစံ ထမင်းဟင်းအပြည့်အ၀ရရှိရေးတိုက်ပွဲ ။ထောင်ကကြွေးတဲ့ ပုံစံကိုပြပြီး တောင်းဆိုတာ ။ မဆလတွေလည်း ကျနော်တို့ရှေ့မှာ ထောင်မှူး ထောင်ပိုင်တွေကို ဆဲဆိုပြပြီးပြန်သွားတာပါပဲ ။ သိပ်မကြာခင် ထမင်းပုံစံက ယခင်အတိုင်း ဖြတ်စားလက်စားလုပ်လျက်ပါပဲ ။ ထောင်ဝန်ထမ်းတွေမှာကလည်း ဒါပဲသူတို့ရဲ့အဓိက၀င်ငွေ ဖြစ်နေတာကိုး ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ထက်ကို ဦးကြည်တို့ ၀က်ကြီးတို့လိုရာဇ၀တ်သား အကျဉ်းသားတွေကို ပိုပြီးတီးချင်နေကြတယ် ။ သူတို့ကလည်းတကယ်ပဲ လက်ဝဲကြချင်နေကြတာကိုးး ။
ဦးကြည်ဆိုအရင်က ၀ိဇ္ဇာကြည်ဆိုတဲ့ မျက်လှည့်ဆရာကြီးပါ ။ ကျနော်တို့မြို့မှာ ငယ်ငယ်ကတည်းက သိခဲ့ ဘူးတယ် ။ သူ့သားလေးကိုဒကောက်ဖာထဲထည့်ပြီး အပေါ်ကနေဟန်ပါပါနဲ့ လှံနဲ့ထိုးပြတာတွေကို အပြော ပိုင်ပိုင်နဲ့ဆေးရောင်းနေတာတွေကြည့်ခဲ့ရဘူးတယ် ။ ကျနော်ငယ်ငယ်ကမြို့နယ်ပွဲတွေမှာဘောလုံးကန်တာ ကိုလည်း တက်တက်ကြွကြွနဲ့လိုက်အားပေးလေ့ရှိပါတယ် ။ ကျနော်ကိုတော်တော်လေးခင်တယ် ။ ကျနော် ကျောင်းပိတ်လို့ တက္ကသိုလ်ကျောင်းကပြန်လာရင် လာလာလည်တယ် ။ အဖေ့အလစ်မှာလာရတာ ။ အဖေ ကသူ့ကို တစ်စက်မှကြည့်လို့မရအောင် အမြင်ကပ်တာ ။ ကျနော်တောင်ငူထောင်ထဲရောက်တော့ သူပဲအရင်လာပြီး အစစစအရာရာကူညီပေးခဲ့တာ ။ `ကွန်မြူနစ်ဆိုပြီး မင်းတို့ကောင်တွေတရားဟောတာ လည်းမတွေ့ဘူး ´ ဆိုပြီးစဝေဖန်တာသူပေါ့ ။ သူ့လိုအပြောပိုင်ပိုင်နဲ့ရွာတွေမှာလိုက်ပြီးမဟောပြောတတ်လို့ ဒီလိုရှုံးနိမ့်ရတာလို့ သူကထင်နေတယ် ။ နောက်တစ်ခါတောပြန်ခိုရင် သူ့ကိုပါခေါ်ဖို့ပြောတယ် ။ ` မလုပ်ပါနဲ့ ဦးကြည်ရယ် ဒီထက်ပိုဆိုးသွားနေပါဦးမယ် ´ပြောတော့ သူဒေါပွနေလေရဲ့ ။ လေဘာတီမမြရင်တို့ ခင်မောင်ရင်တို့ခေတ်က သီချင်းလေးတွေတောင်းဆိုရင်တော့ ကြည်ကြည်နူးနူးကြီးကို ဆိုပြတတ်သူပါ ။
ဝက်ကြီးဆိုရင်လည်း အချိန်ရတာနဲ့ နာကျည်းစရာသူ့ဘ၀တွေကိုရင်ဖွင့်နေတော့တာပါပဲ ။ ငယ်ငယ်က တည်းက မိဘမဲ့ အနှိပ်ခံဘ၀နဲ့ပြည်တွင်းစစ်ထဲပြေးလွှားခဲ့ရတာတွေ ။ ခိုးဆိုးလုယက်ခဲ့ရတာတွေ ။ နောက်လူလစ်တာနဲ့အမျှ မကြာခဏပြောတတ်တာကတော့ ထောင်အာဏာပိုင်တွေကိုသတ်ပြီး တောခိုဖို့ အကြောင်းတွေပဲဖြစ်ပါတယ် ။ ကျနော်တို့တွေဟာ ဒီလိုရင်ဖွင့်ကြရင်းနဲ့ပဲ ညီအစ်ကိုတွေလို တကယ်ချစ်ခင် လာကြသလိုခံစားရပါတယ် ။ ကိုစိန်လှိုင်ဆိုတဲ့ ကျွဲပွဲဖက်က နွားခိုးကြီးတစ်ယောက်ဆိုရင်လည်း တကယ်ကို အေးအေးငြိမ်းငြိမ်းနေတတ်သူပါ ။ ကျနော်တို့ကို ပြုံးပြုံးလေးကြည့်နေလေ့ရှိတာကို မြင်ယောင်မိတယ် ။ စကားလည်းသိပ်မပြောဘူး ။ တစ်ခါတော့ အလုပ်နားရက် ထောင်မှူးကြီးကအိပ်ဆောင်တွေကိုလိုက်ကြည့် တယ် ။ ကိုစိန်လှိုင်က တစ်ချက်မှလှည့်မကြည့်ပဲ ဗန်းမော်တင်အောင်စာအုပ်ကြီးကို သဲသဲမဲမဲဖတ်နေတုန်း ပေါ့ ။ ထောင်မှူးကြီးက သူ့ကို ` ဟော့ကောင်စိန်လှိုင် မင်းကနွားခိုးမဟုတ်ဘူးလား ´ လို့မေးတယ် ။ သူက `ကျုပ်မနေ့က နွားခိုး ဒီနေ့ကွန်မြူနစ် ´ ဆိုပြီးလှည့်မကြည့်ပဲဖြေလိုက်တယ် ။ ထောင်မှူးကြီးလည်း တဟားဟားရယ်ပြီးပြန်သွားတယ် ။ ` ကွန်မြူနစ်ကြီး လေ့လာပါ ဆက်လေ့လာပါ ´လို့ခပ်ရိရိတောင်ပြော သွားသေးတယ် ။ ဘယ်လောက်အူးယားသွားမလည်း စဉ်းစားသာကြည့်ပါတော့ ။
စနစ်တကျထောင်တွင်းတိုက်ပွဲတွေဆက်မ၀င်နိုင်ပဲ ကျနော်တို့တတွေ တိုက်ထဲရောက်ကုန်ကြတာက လူသတ်မှုဖြစ်လို့ပါ ။ ဖြစ်ပုံက ကျနော်တို့အခန်းထဲကိုထောက်လှမ်းသွေးခွဲဖို့ ထောင်အာဏာပိုင်တွေက လက်ကောက်အကျဉ်းသားတစ်ယောက်ထည့်လာပါတယ် ။ ဒီကောင်အကြောင်းကိုအားလုံးသိထားတော့ သတ်ချင်နေကြတယ် ။ ကျနော်ကသူ့ကို နှလုံးသားနဲ့ဆက်ဆံပြီး အစွဲချွတ်ဖို့စဉ်းစားတယ် ။ အကုန်လုံးက ပြောမရ စည်းရုံးမရလောက်အောင် ပြင်းထန်နေကြလေရဲ့ ။ ထောင်တွင်းပါတီကော်မတီကလည်း မဖြစ် အောင်တားဖို့ ကျနော်ကိုပြောတယ် ။ အပြောရအခက်ဆုံးက ကျောင်းသားတွေပါပဲဗျာ ။ ကျောင်းသားတွေ နဲ့ငြင်းခုန်ရင်း စိတ်တိုလာတော့ ကျနော်ကစပြီး အဲ့ဒီလက်ကောက်ကောင် ဦးကြည်အိပ်ယာမှာအိပ်နေ တာကိုသွားပြီး မျက်နှာကိုဆောင့်ကန်လိုက်တာက စတာပါပဲ ။ တစ်ဆောင်လုံးက၀ိုင်းရိုက်ကြ ဓားနဲ့ထိုးကြ နဲ့ဆူညံသွားတာပါပဲ ။ ထောင်အာဏာပိုင်တွေလာတော့ အဲ့ဒီကောင်က သွေးအိုင်ထဲလဲနေပြီ ။ ကျနော် လည်းအခန်းတံခါးတွေမပိတ်ခင် တခြားအခန်းမှာရောက်နေပြီ ။ ခါတိုင်းနားရက်တွေဆိုရင်လည်း အဲ့ဒီအခန်း မှာသွားပြီး မစ္စတာချန်တင်ဆိုတဲ့ တရုတ်ကြီးဆီမှာ အင်္ဂလိပ်သတင်းစာသွားဖတ်နေကြလေ ။ ဆေးရုံမှာဆေး စစ်ချက်ယူတော့ အဲ့ဒီလက်ကောက်ကောင်က ကျနော်ကိုပဲမှတ်မိတယ်လို့ပြောတယ် ။ မသေတော့ ချောက် ကျသွားတာပေါ့ဗျာ ။ ကျနော်ကိုလာခေါ်ထုတ်တော့ အဲ့ဒီတစ်ခန်းလုံးကထုတ်မပေးဘူးလို့ ငြင်းဆန်နေကြ တယ် ။ ကျနော်ဟာအခင်းဖြစ်တဲ့အချိန်မှာ ဒီအခန်းထဲမှာရှိနေတယ်ဆိုပြီး တညီတညွတ်ထဲပြောကြတယ် ။ နောက်ဆုံးတော့ ညှင်းပန်းနှိပ်စက်မှာမဟုတ်ပါဘူးဆိုတဲ့ကတိနဲ့ ကျနော်ကိုယ်တိုင်ကပဲ ထောင်အာဏာပိုင်နဲ့ ညှိပြီး တိုက်ထဲလိုက်သွားခဲ့တော့တယ် ။
နောက်တော့ ဦးကြည်အိပ်ယာပေါ်မှာဖြစ်တာမို့ ဦးကြည်ကိုအမျိုးမျိုးညှင်းပန်းနှိပ်စက်ကြပေမယ့် သူလုံးဝ မသိလိုက်ဘူးဆိုပြီး တင်းခံခဲ့ကြောင်းကြားရပါတယ် ။တကယ်တော့ ကျနော်စလုပ်တာ သူကောင်းကောင်း တွေ့လိုက်တာပဲလေ ။ ဘယ်လိုပဲမက်လုံးတွေပေးပေး ဦးကြည်ဟာ မျက်မြင်သက်သေအဖြစ်မခံပဲ တင်းခံခဲ့ ကြောင်းသိခဲ့ရတယ် ။ တစ်ရက်ထောင်ပိုင်ကြီးတိုက်ထဲလှည့်ရင်းပေါ့ ။ နောက်အမှုနဲ့ရုံးထွက်ဖို့ပြင်ထားဆိုပြီး ချိန်းခြောက်ပါတယ် ။ ကျနော်ကလည်း ကျနော်မှာတရားရုံးရောက်ရင် ခင်ဗျားတို့အကြောင်းဖွင့်ချစရာတွေ ပြောလို့ရတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ ကုလားကြီးမျက်လုံးကိုပြူးသွားတာပဲ ။ အဲဒါတွေကြောင့်လား မသိဘူး ။ နောက်အမှုလည်းမတိုးတော့ဘူး ။ ဟိုလက်ကောက်ကောင်ကိုလည်းထောင်ပြောင်းပေးလိုက် တယ် ။
ကျနော်ဘယ်လောက်တောင် အတိတ်ကြောင်းတွေတွေးနေမိလည်းမသိ ။ သတိထားမိတော့ ရထားက ပဲခူးဘူတာဝင်တော့မယ် ။ ဦးကြည်လည်းရောက်မလာပါလားလို့ သတိထားမိတယ် ။ အော်ကျေးဇူးတင် စကားလေးတောင်မပြောလိုက်ရပါလားလို့စိတ်ထဲမကောင်း ။ လူရင်းတွေတွေ့ရင် နောက်ပြောင်လိုက် ဒေါက်ဖြုတ်လိုက်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း အပြစ်တင်မိတယ် ။ ဘူတာထဲကို ပြူတင်းဝကခေါင်းထွက် ပြီး ရှေ့နောက်ဝဲယာ ကြည့်နေတုန်းမှာပဲ ဦးကြည်အသံကနောက်ကပေါ်လာတယ် ။ ` ကဲ ဆင်းဆင်းတဲ့ ´။ ဘူတာအထွက်ကလဖက်ရည်ဆိုင်လေးမှာထိုင်မိတယ်ဆိုရင်ပဲ ကိုယ်ကဦးစွာကျေးဇူးတင်စကားပြောလိုက် တယ် ။ ` ဦးကြည်ရယ် ခင်ဗျားသာဖေါ်လိုက်လို့ကတော့ ထောင် 5 နှစ်လောက်ထပ်ကျဦးမှာ ´ လို့ဆိုတော့ ဦးကြည်ကပြုံးပြုံးကြီးကြည့်ရင်းနဲ့ပြန်ပြောတယ် ။ ` ကိုအောင် ကျနော်ဘ၀မှာအဲသလိုနှိပ်စက်ခံရတာရိုးနေ ပါပြီဗျာ ´ ` နောက်ပြီးကျနော်တို့ကို လူကိုလူလိုဆက်ဆံတာခင်ဗျားတို့ပါပဲဗျာ ´ တဲ့ ။ သားသားနားနားဖြစ် နေလို့ခုဘယလုပ်စားသလည်းလို့မေးမိပြန်တော့ ` ခိုးတယ်လေ ´ တဲ့ ။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဒီလိုပဲဖြတ်သန်းနေရတာပဲဆိုပြီး ကျနော်တို့လေသံတွေနဲ့ပြန်တရားဟောနေသေးတယ် ။ အဲဒီတုန်းမှာပဲ ညီလေးလို့ခေါ်သံနဲ့အတူ ပုခုံးလာဖက်တာတာနဲ့လှည့်ကြည့်လိုက်တော့ ၀က်ကြီး ။ ဂျင်းဘောင်းဘီနဲ့ မျက်မှန်နဲ့ ။ သိန်းအောင်ကတော့ ကျနော်အတွက်ဂျာကင်အကျီ င်္လက်ဆောင်ပေးဖို့ဆိုပြီး သူတဲကိုပြန်ပြေး နေတယ်လို့ပြောတယ် ။ ဘူတာနားကထမင်းဆိုင်တစ်ခုမှာ သူတို့ကျနော်ကိုထမင်းကျွေးကြတယ် ။ ကိုသိန်း အောင်ရောက်လာတော့ သူ့ဂျကင်ကြီးကိုအတင်းဝတ်ခိုင်းနေတယ် ။ ` ခင်ဗျားခိုးထားတာဆိုရင် အမှုပတ် နေပါဦးမယ်ဗျာ´ဆိုတော့ မဟုတ်ကြောင်း နိုင်ငံခြားသားတစ်ယောက်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရှင်းပြတယ် ။ ကိုဝက်ကြီးက သူ့နေကာမျက်မှန်ကို အတင်းပေးတယ် ။ ` ကိုယ့်ညီ တကယ်ကသူပုန်မလုပ် ပဲ မင်းသားလုပ်ရမှာဆိုပြီး ထပ်ပင့်နေလို့ ` အစ်ကိုရယ်ကျနော်မှာ ပြန်ပေးစရာဆိုလို့ လောလောဆယ် ၀ဲတွေပဲရှိပါတယ် ´ လို့ဝသီအတိုင်းပြန်ပြောမိတော့ အားလုံးရယ်မောကြရင်း စကားတွေအလုအယက်ပြော နေကြတယ် ။ သူ့တို့အဓိကသိချင်တာက ဘယ်တော့တောထဲပြန်သွားမလည်းဆိုတာပါပဲ ။
ကျနော်လည်း ` လောလောဆယ်ဘယ်တောခိုရမှန်းမသိသေးပဲ ကောင်မလေးတစ်ယောက်ရဲ့အချစ်တော ထဲမှာမိနေကြောင်း ´ အမှန်အတိုင်းပဲပြောလိုက်မိတယ် ။ အလုပ်အကိုင်ကလည်းမရှိ အာဝဇ္ဇန်းကလည်း မရွှင်တော့ ဦးကြည်ကြီးကိုပဲ ဆရာတင်ရမည့်အကြောင်း ရယ်စရာပြောရင်းနဲ့ နှုတ်ဆက် ခဲ့ရတယ် ။ တောင်ငူလော်ကယ်ရထားကြီးထွက်တော့ လက်ပြရင်း ကျနော်ရင်ထဲမှာတော့ မလွတ်မြောက်သေးတဲ့ဘ၀ တွေ အတွက် ခရီးသွားနေသလိုလိုထင်မိခဲ့လေရဲ့ .။
ကိုအောင် ( ဒိုက်ဦး )
Sunday, November 20, 2016
ဒိုက်ဦးနဲ့ပက်သက်နေတဲ့DYA
မထင်မရှား အပိုင်းအစများ
လူဗိုလ်
(၁) DYA ကိုမွေးဖွားခြင်း။
ရှစ်လေးလုံး ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအပြီး၊ မြန်မာနိုင်ငံဒေသအသီးသီးရှိ ဒီမိုကရေစီလိုလားသူများ သည်၊ ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ အရယူနိုင်မည်ဟူသော ယုံကြည်ချက်ကို ဆုပ်ကိုင်မိခဲ့ကြပေ သည်။ ထို့ကြောင့်ပင် ဖြစ်နိုင်သည့်လမ်းကြောင်းများရှာကာ တိုင်းရင်းသားတော်လှန်ရေးနယ်မြေအသီးသီးသို့ ပြေးဝင်ခို လှုံခဲ့ကြသည်။ ထိုအထဲတွင် မိမိတို့ရှမ်းပြည်နယ်၊ ပအိုဝ့်နယ်မြေရောက်၊ ကျောင်းသားလူငယ်တစုလည်းအပါအ၀င်။ မိမိတို့အား ပအိုဝ့်ပြည်သူများမှ ဂရုဏာတရားများကိုရှေးရှုလျှက် ကျောက်တလုံးဆိုသောရွာမှ အစပြုကာ သပြေပန်း များဖြင့်ပင် နွေးထွေးစွာကြိုဆိုခဲ့ကြပေသည်။ အလားတူ နယ်မြေခံပအိုဝ့်အမျိုးသားအဖွဲ့ (PNO) မှလည်း သီးခြား လွတ်လပ်သောအဖွဲ့အစည်းတခုအဖြစ် ရပ်တည်ခွင့်ပြုကာ အစစ ကူညီပံ့ပိုးမှုများပေးခဲ့ကြသည်။ မိမိတို့လူငယ်များထဲမှ ပိုမိုတတ်သိနားလည်ကြသူများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍ Democratic Youth Army (ဒီမိုကရက်တစ်လူငယ်များ တပ်မတော်) ကို ဖွဲ့စည်းခဲ့ကြ၏်။ ဤတပ်မတော်ကို ပအိုဝ့်နယ်မြေပန်တွန်ရွာအနီး၊ အောင်ဟမ်းရိုင်း (ရဲရင့်အောင်မြေ) စခန်းတွင် ပအိုဝ့်တပ်မတော်မှ တလခွဲခန့်ကာလ စစ်သင်တန်းများပို့ချပေးခဲ့ပြီး၊ နောင်ခိုင်းရွာတွင် သင်တန်းဆင်းပွဲကို စည်စည်ကားကားပင် ကျင်းပပေးခဲ့ပါသည်။ သင်တန်းဆင်းပွဲအပြီး ရွေးချယ်တာဝန်ပေးမှုများအရ တပ်ဖွဲ့စည်းပုံတွင် တပ်ရင်းမှူးအဖြစ် ဗိုလ်မှူးခွန်ဥက္ကာ (ယခု PPLO, BLC )နှင့် ဒုရင်းမှူးအဖြစ် ဦးအောင်ထူး(ယခု BLC)၊ တပ်ခွဲမှူးများ အဖြစ် ဗိုလ်ခွန်မြတ်နှင့် ဗိုလ်ဝင်းတီတို့မှ တာဝန်ယူခဲ့ကြသည်။ မိမိတို့ဖွဲ့စည်းစ DYA သည် နယ်မြေခံ PNA (ပအိုဝ့်ပြည်သူ့တပ်မတော်)နှင့် ပူးတွဲလှုပ်ရှားမှုပြုခဲ့သော်လည်း စစ်အစိုးရကို တိုက်ပွဲမဆင်နိုင်ခဲ့ကြပါ။ နယ်မြေဒေသမကျွမ်းကျင်မူ၊ စစ်အတတ်ပညာအားနည်းမှုနှင့် လက်နက်မပြည့် စုံမှုများကြောင့် PNO တာဝန်ရှိသူများမှ တိုက်ပွဲကိုရှောင်ရှားစေခဲ့၏။ သို့သော် မိမိတို့တပ်ဖွဲ့ဝင်အများစုမှ စစ်လက်နက် တောင်းဆိုမူများ၊ တိုက်ပွဲတောင်းဆိုမှုများကို မကြာခဏပြုလုပ်ခဲ့ကြပါသည်။ တချို့သောတပ်ဖွဲ့ဝင်များမှာ စစ်အစိုးရ တပ်များကို ပြန်လည်တိုက်ခိုက်ခွင့်မရခြင်းနှင့် ရာသီဥတုနှင့်တောတောင်များတွင် ကြမ်းတမ်းစွာဖြတ်သန်းရခြင်း ဒဏ်များကို ဆက်လက်မခံစားနိုင်ကြတော့ပေ။ နောက်ဆုံးမိမိတို့အား မျက်ရည်စက်လက်နှင့်ပင် နှုတ်ဆက်ကာ သက်ဆိုင်ရာမိဖများရင်ခွင်သို့ ပြန်လည်ခိုဝင်သွားကြသည်ကိုလည်း ရင်နင့်စွာအကြိမ်ကြိမ် တွေ့မြင်ခဲ့ရဖူး၏။ ပအိုဝ့် နယ်မြေသို့ရောက်ရှိလာကြ သူ (၃၀၀) ကျော်အနက် တ၀က်ခန့်ပြန်သွားခဲ့ကြပါသည်။ ပြန်သွားသူအများစုမှာ ကျောင်း သားငယ်များနှင့် မိန်းခလေး များဖြစ်ကြ၍၊ အချို့ကိုမူ ပြန်ဖို့အတွက် ဖိအားပေးရသည့်အနေအထားများပင်ရှိခဲ့ပါသည်။ ၎င်းတို့ကိုယ်တိုင်ကမူ ပြန်လိုစိတ်မရှိကြပါ။ ငယ်ရွယ်သူများအနေဖြင့် ပညာဆက်လက်လေ့လာစေလိုသော တာဝန်ရှိ သူများ၏ သဘောထားများ ကြောင့်သာ။
(၂) ပအိုဝ့်ပြည်သူများနှင့် တသားတည်း။
ပအိုဝ့်နယ်မြေတွင် လှုပ်ရှားနေစဉ်အတွင်း မိမိတို့ DYA မှ ထူးထူးခြားခြားပါဝင်လှုပ်ရှားခွင့်ရသော ဖြစ်ရပ်တခု ရှိခဲ့ပါသည်။ ပအိုဝ့်အဖြူဟုခေါ်ဆိုသော(PNO)နှင့် ပအိုဝ့်အနီဟုခေါ်ဆိုသော ရလလဖ (ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) တို့ ၂ - ဖွဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရခြင်းပင်။ ထိုဆွေးနွေးပွဲ များတွင် ရလလဖအဖွဲ့၏ မဟာမိတ်များဖြစ်သော ကလလတ(ကယားပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး)အဖွဲ့ နှင့် ကယမ်းပြည်သစ်ပါတီစသော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရင်းနှီးခွင့်ကိုရရှိခဲ့ပါသည်။ ရလလဖနယ်မြေရောက် ကျောင်းသားများစုဖွဲ့တားသော ကြယ်နီ၊ DPA ၊ DNA စသော လူငယ်အဖွဲ့အစည်းများနှင့်လည်း အမြင်ဖလှယ်ခွင့်များ ရရှိခဲ့၏။ ၂ ဖွဲ့ တဖွဲ့ပေါင်းစည်းရေးဖြစ်စဉ်မှာ တစုံတရာတိုးတက်မှုရှိခဲ့သော်လည်း နိဂုံးမချုပ်နိုင်ခဲ့ပါ။ အထူးသဖြင့် မိမိတို့လှုပ်ရှားမှုတွင် အအောင်မြင်ဆုံးလုပ်ဆောင်ခဲ့နိုင်သည့် လုပ်ရပ်ဟုဆိုလျှင် လူထုစည်းရုံး ရေးလုပ်ငန်းများဖြစ်ပြီး၊ ပအိုဝ့်ပြည်သူများ၏ချစ်ခင်မှုကိုလည်း အရယူနိုင်ခဲ့သည်ဟုပြောနိုင်သည်။ မိမိတို့ DYA တပ် တွင် စည်းရုံးရေးအဖွဲ့ငယ်တခုကို ရဲဘော်များလေ့လာရေးလုပ်နိုင်စေရန် သက်ဆိုင်ရာရဲဘော်များနှင့်စုဖွဲ့၍ ကျောပိုး အိတ်စာကြည့်တိုက်အဖွဲ့နှင့် သတင်းဖြန့်ချီရေးအဖွဲ့များကို ဖွဲ့စည်းထားခဲ့၏။ စာကြည့်တိုက်အဖွဲ့မှာ ရွာများရောက်လျှင် ဘုန်းကြီးကျောင်းနှင့် ကျောင်းဆရာအိမ်များသို့သွား၍ စာအုပ်ငှားခြင်း၊ ရဲဘော်များကိုပေးဖတ်ခြင်း၊ စာအုပ်များကို ထိမ်း သိမ်းခြင်းနှင့် ပြန်လည်အပ်နှံခြင်းလုပ်ငန်းများကို တာဝန်ယူခဲ့ကြသည်။ ထိုနည်းတူ သတင်းဖြန့်ချီရေးအဖွဲ့မှလည်း ရေဒီ ယို (BBC, VOA, AIR) မှ သတင်းများကိုမှတ်သား၍ မိတ္တူပွားကာ တပ်စိတ်အသီးသီးသို့ ဖြန့်ချီခြင်းများပြုနိုင်ခဲ့ကြ သည်။ စာရွက်အခက်အခဲဖြစ်သည့်ကာလများ၌ ခမောက်လုပ်သည့်ဝါးဖတ်များတွင်ရေး၍ ဖြန့်ချီရသောအခါများလည်း ရှိခဲ့ဖူး၏။စည်းရုံးရေးသဘောအရ ရဲဘော်တိုင်းထမ်းဆောင်နိုင်ခဲ့ကြသည့်အလုပ်များမှာ ရွာများကိုရောက်လျှင် သက် ဆိုင်ရာ စစ်ရေးလုပ်ငန်းများအပြင်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့အဖွဲ့လိုက်သွား၍ ထင်းခွဲ၊ ရေခပ်နှင့် လို အပ်သည့် အလုပ်များကိုပါ ၀ိုင်းဝန်းလုပ်ကိုင်ကြခြင်းပင်။ ထို့အပြင် ရဲဘော်တဦးချင်းစီ၏ တည်းခိုသည့် အိမ်များတွင် လည်း၊ ထင်းခွဲ၊ ရေခပ်၊ စပါးထောင်းနှင့် ပန်းကန်ဆေးခြင်းအလုပ်များကို မညဉ်းမညူ စိတ်ပါလက်ပါ ကူညီလုပ်ကိုင်ခဲ့ ကြ၏။ ခရီးပြန်ထွက်ကြပြီဆိုသည်နှင့် မိမိတည်းခိုသည့်အိမ်မှ အိမ်ရှင်များ (ပအိုဝ့်မိဖ) များကို လက်အုပ်ချီကန်တော့ ခဲ့ကြသည့်အလေ့မှာလည်း ပအိုဝ့်ပြည်သူများ၏ အသည်းစွဲစရာ။ အချို့ပအိုဝ့်မိခင်များ (မိုးဖြားများ) ဆိုလျှင် အိမ်က ထွက်ခွာသွားကြသော မိမိတို့တပ်ဖွဲ့ဝင်များကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်များပင်ကျခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရ ဖူး၏။
(၃)“ ကျောင်းသားတပ်မတော်အဖြစ် အသွင်ပြောင်းဖြစ်တည်လာခြင်း။
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ရှစ်လေးလုံးကာလနောက်ပိုင်းရောက်ရှိလာသည့် ဒီမိုကရေစီရေးလိုလားသူများစုဖွဲ့ထားသော All Burma Students’ Democratic Front ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) နှင့် ပူးပေါင်းနိုင်ရန်အတွက် ထိုင်းနယ်စပ်သို့ထွက်ခဲ့ကြပါသည်။ မိမိတို့ခေါင်း ဆောင်တချို့ ABSDF ဗဟိုနှင့် ညှိနှိုင်းဆွေးနွေးနေစဉ် ကရင်နီနယ်မြေ KNPP (ကရင်နီပြည်တိုးတက်ရေးပါတီ)၊ WNO (၀,အမျိုးသားအဖွဲ့)တို့နှင့် ပူးပေါင်းကာ ဝှေလမ်း၊ တာတမောစသော သံလွင်မြစ်တလျှောက်ရှိ စစ်အစိုးရ တပ်စခန်းများ ကို တိုက်ခိုက်ချေမှုန်းခွင့်ရခဲ့၏။ မိမိတို့ခေါင်းဆောင်များ ABSDF ဗဟိုမှပြန်လာသောအခါ မိမိတို့ (DYA မှ ABSDF, တပ်ရင်း (၆၀၁) ဖြစ်သွားသော)တပ်၏ ရှေ့လုပ်ငန်းစဉ်များကို စုပေါင်းရေးဆွဲကာ၊ ကရင်နီနယ်မြေတွင် ကိုစိုးအောင် ဦးစီးသော ရဲဘော်တချို့၊ ABSDF ဗဟိုတွင် မသက်သက်လွင်အပါအ၀င် ရဲဘော်တချို့ထားခဲ့၍ ကျန်ရဲဘော်များ အားလုံး ပအိုဝ့်နယ်မြေသို့ ပြန်၍လှုပ်ရှားခဲ့ကြပါသည်။ အသစ်ပြန်လည်ဖွဲ့စည်းမှုတွင် တပ်ရင်းမှူးဗိုလ်ခွန်မြတ်၊ ဒုရင်းမှူး ကိုဖိုးသိန်း၊ တပ်ခွဲမှူးကိုတိုက်မောင်းနှင့် ဒုခွဲမှူးမှာ ကိုမင်းအောင်မြင့်တို့ဖြစ်သည်။ ၁၉၉၀ တွင် ဒုတိယအကြိမ် ပအိုဝ့်နယ်မြေသို့ ပြန်လည်ရောက်ရှိသောအခါ PNO အပါအ၀င် ပအိုဝ့်ပြည်သူတ ရပ်လုံးမှ ၀မ်းပမ်းတသာကြိုဆိုကြပြန်ပါသည်။ မိမိတို့တပ်ရင်း (၆၀၁) သည် ယခင် DYA နည်းတူ စည်းရုံးရေးလုပ်ငန်း စဉ်များကို ထမ်းဆောင်နိုင်ခဲ့သည့်အပြင်၊ ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများ၊ တိုက်ပွဲဖေါ်ဆောင်သည့် လုပ်ငန်းစဉ် များအပြင်၊ မဟာမိတ်များနှင့်ပူးတွဲစစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း ဖေါ်ဆောင်နိုင်ခဲ့ပါသည်။ ပြည်တွင်းမှ တပ် ဖွဲ့ဝင်အင်အားသစ်များကိုလည်း စုစည်းတိုးချဲ့နိုင်ခဲ့ပါသည်။
(၄) မုန်တိုင်းတခုနှင့် တွေ့ဆုံခြင်း။
၁၉၉၁ ကာလသည် အပစ်အခပ်ရပ်စဲရေးခေတ်စားကာစ ကာလဖြစ်သည့်အလျှောက် မိမိတို့တပ်ရင်း (၆၀၁) အပေါ်လည်း ရိုက်ခတ်မှုများရှိခဲ့၏။ မိမိတို့လှုပ်ရှားရာ နယ်မြေခံ(PNO)သည် စစ်အစိုးရနှင့် လျှို့ဝှက်အပစ်အခပ်ရပ်စဲဖို့ ပြင်ဆင်နေကြောင်းကို ပအိုဝ့်ပြည်သူမှပင်တဆင့် သတင်းရခဲ့သည်။ PNO မှလည်း မိမိတို့အားလက်နက်ပြန်အပ်ရန် အချိုသတ်၍ ဖိအားပေးခဲ့သည်။ ၎င်းတို့၏ အပစ်အခပ်ရပ်ဆဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ဖို့ကိုမူ တရားဝင်မဆွေးနွေးခဲ့ ချေ။ မိမိတို့တပ်ရင်း၏ အနေအထားအရလည်း တပ်ရင်းမှူး၊ ဒုရင်းမှူးတို့သည်သာ ပအိုဝ့်လူမျိုးများဖြစ်နေပြီး၊ ကျန်အ များစုမှာ အခြားတိုင်းရင်းသားများဖြစ်နေခြင်းကြောင့် မဆွေးနွေးလို့ခြင်းဟု ယူဆနိုင်ပါသည်။ ထိုကာလတွင်ပင် မိမိတို့ခေါင်းဆောင်ထဲမှ တပ်ခွဲမှူးကိုတိုက်မောင်းမှာ ခြေထောက်တွင်ဒဏ်ရာရထားခြင်း နှင့် ပြည်တွင်းမှ ကိုလွမ်းဏီဦးဆောင်သော ရဲဘော်သစ် (၁၇)ဦးခန့်ရောက်ရှိလာကြခြင်းများရှိခဲ့၏။ ထိုရဲဘော်သစ် ထဲတွင် အမျိုးသမီး(၄)ဦး ပါဝင်နေခြင်းများကြောင့် အခြေအနေကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ဖို့ လိုအပ်နေ၏။ တပ်တွင်း ၌ တရားဝင်ဆွေးနွေးခြင်းပုံစံကို မကျင့်သုံးနိုင်တော့ပဲ၊ လျှို့ဝှက်ဆွေးနွေးတိုင်ပင်ခြင်း အဆင့်ကိုပြောင်းကာ၊ ယုံကြည်ရ သူများနှင့်သာ သီးခြားဆွေးနွေးကြရတော့သည်။ မိမိတို့အနေနှင့် လုံခြုံမှုရှိရှိ ပအိုဝ့်နယ်မြေမှ ထွက်ခွာခွင့်ရရေးမှာ လတ်တလောလိုအပ်ချက်ဖြစ်လာခဲ့သည်။ သို့အတွက် လက်နက်ကို ကရင်နီနယ်မြေအစပ်ရောက်မှ ပြန်အပ်ဖို့တောင်းဆိုဆွေးနွေးခဲ့သော်လည်း လုံခြုံရေးကို PNOမှ တာဝန်ယူပါကြောင်းပြောဆိုကာငြင်းပယ်ခဲ့သည်။ နောက်ဆုံးအဆင့်တွင် လက်ရှိအခြေအနေကို မိမိတို့ ABSDF ဗဟိုသို့ကြေးနန်းဖြင့်အကြောင်းကြားခွင့်နှင့် အကြောင်းပြန်ချိန်အထိ လက်နက်သိမ်းခြင်းကိစ္စကို စောင့်ပေးရန်တို့ကို တောင်းဆိုရာ သဘောတူညီမှု ရခဲ့သည်။ မိမိတို့လည်း ရသမျှအခွင့်အရေးကို အသုံးချကာ၊ နယ်စပ်ရှိမိမိတို့တပ်ရင်း၊ ABSDF ဗဟိုနှင့် NDF (National Democratic Front) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုများသို့ မိမိတို့အား လက်နက် သိမ်းတော့မည်ဖြစ်ကြောင်းကို သတင်းပေးပို့နိုင်ခဲ့သည်။ ထို့အပြင် မိမိတို့နှင့်အနီးဆုံး မဟာမိတ်အဖွဲ့ဖြစ်သည့် ရလလဖ အဖွဲ့သို့လည်း မိမိတို့အခြေ အနေကိုအသိပေးကာ တောင်ကြီး၊ လွိုင်ကော်ကားလမ်းအရှေ့ဖက် မဲနယ်တောင်ခြေရှိ ရွာ(၃)ရွာတွင် တပတ်အတွင်း လာရောက်စောင့်ကြိုဆိုပေးရန် လျှို့ဝှက်သည့်နည်းဖြင့် ကြေးနန်းပို့နိုင်ခဲ့ပါသည်။ ထီထပ်ရွာတွင် မိမိတို့ချွေးနဲစာနှင့်ဝယ်ယူထားသော သေနတ် (၈) လက်မှလွဲ၍ ကျန်သေနတ်များအားလုံးကို PNO သို့ ပြန်အပ်လိုက်ရ၏။ ရဲဘော်အများစုမှာ မျက်ရည်များပင်ကျရသည့်အထိ ကျေကွဲဝမ်းနည်းခဲ့ကြရသည်။ ထိုအခြေအနေကာလတွင်ပင် မိမိတို့တပ် ရွာတရွာတွင်နားသည်နှင့် မိမိတို့ကို PNA တပ်(၃) တပ်မှ ဖိုခ နောက်ဆိုင်ဝိုင်းရံကာ ပိတ်ဆို့ထားသည်ကို သတိပြုမိကြ၏။ မိမိတို့တွင် လက်နက်အင်အားနည်းနေရသည့်အထဲ PNO ၏ ဆက်ဆံမှုနှင့် လှုပ်ရှားမှုများအပေါ်တွင် သံသယပွားစရာများကို တွေ့မြင်လာခဲ့ရသည်။ ကရင်နီတယ်စပ်သို့ လိုက်လံ ပို့ဆောင်ပေးမည်ယူသောဂတိကို အရေးမပါသလို၊ ဂရုမမူသလိုလက္ခဏာများကိုပြလာ၏။ မိမိတို့ကို စစ်အစိုးရထံ ထိုး အပ်၍ အညံ့ခံခိုင်းလိုက်မည်ကို စိုးရိမ်လာမိကြသည်။ ထို့ကြောင့်ပင် မိမိတို့လည်း နည်းပရိယာယ်အရ ရွာတရွာတွင် (၃) ရက်စီ ပုံမှန်နား၍၊ နောက်ဆုံး ဟမ်းဆူးရွာသို့အရောက်တွင် စနားသည့်ည၌ပင် ထွက်ပြေးရန်ဆုံးဖြတ်လိုက်ကြ သည်။ ရဲဘော်များကို ညနေစောင်းတွေ့ဆုံချိန်၌ လျှို့ဝှက်သတင်းပေး၍ ည - ၉ နာရီတွင် ရွာပြင်တနေရာ၌ ကိုယ့် အစီအစဉ်နှင့်ကိုယ်ထွက်၍ အသင့်စောင့်ကြရန်၊ ရိက္ခာကိုတတ်နိုင်သမျှ စုဆောင်းထားရန်နှင့် သတင်းလုံခြုံမှုရှိစေရန် တို့ကို တပ်လှန့်ထားလိုက်၏။ ကံကောင်းထောက်မစွာ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် မိမိတို့တပ်မှ ပအိုဝ့်လူမျိုးရဲဘော်အများစုမှာ ခရီးထွက်နေ ကြ၍ မိမိတို့နှင့်အတူမရှိကြပါ။ ထိုည ၉ -နာရီတွင် ရွာအရှေ့ဖက်စုရပ်တွင် အချိန်မီစုစည်းနိုင်ခဲ့ကြသည်။ နယ်မြေကျွမ်း ကျင်သူ ရဲဘော်များမှဦးဆောင်ကာ ရွာများကိုရှောင်၍ ရလလဖ အဖွဲ့နှင့်ချိန်းဆိုထားရာ ရွာ(၃)ရွာဖက်ဆီသို့ ဦးတည်ချီ တက်ခဲ့ကြ၏။ မိမိတို့၏တာဝန်ရှိသူခေါင်းဆောင်တချို့မှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ခရီးလမ်းကို ဖြတ်သန်းနေကြသော်လည်း အသစ်ရောက်ရှိကာစရဲဘော်များမှာ ခရီးစဉ်တလျှောက် ပျော်ပျော်ပါးပါးပင်။ လမ်းတွင် သတိဝီရိယဖြင့် အစီအစဉ်တကျဖြတ်သန်းခဲ့မူများကြောင့် ညတွင်းချင်းကားလမ်းမကြီးကို ဖြတ်ကျော်နိုင်ကာ၊ နောက် နေ့မနက် ၉-နာရီခွဲခန့်တွင် မိမိတို့မျှော်မှန်းရာ ကောင်တရမ်းရွာသို့ရောက်ရှိ၏။ ရလလဖအဖွဲ့မှ လာကြိုသော လုံခြုံရေး ရဲဘော်များနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းတို့အဖွဲ့၏ လုံခြုံရေးတာဝန်ယူမှုဖြင့် ခေတ္တနားနေစဉ်၊ ကျန်ခဲ့သည့် မိမိတို့တပ်ရင်းမှူးမှ စက်ဖြင့်စတင် ဆက်သွယ်လာလေသည်။ မိမိတို့ထွက်ခွာသွားသည်ကို သိကြောင်း၊ တွေ့ဆုံဆွေးနွေးလိုကြောင်းနှင့် မိမိတို့တည်ရှိရာကိုမေးပါသည်။ မိမိ တို့မှလည်း လက်ရှိတည်ရှိရာနှင့် မိုင် ၅၀ ခန့်ဝေးသော ကောင်ပန်းတန်ရွာတွင် တည်ရှိကြောင်းနှင့် အရပ်ဝတ်အရပ် စားဖြင့်၊ လက်နက်မပါပဲလာလျှင် တွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ကာ လက်ရှိတည်နေရာမှ အမြန်ဆုံးရွှေ့ ပြောင်းခဲ့ကြ၏။ နောက်မှသတင်းရသည်မှာ မိမိတို့အကြောင်းပြန်ချက်အရ၊ မိမိတို့တပ်ရင်းမှူး ဗိုလ်ခွန်မြတ် အပါအ၀င် PNA စစ်ကြောင်းသည် ကောင်ပန်းတန်ရွာသို့ နောက်နေ့တွင် အင်အားနှင့်သွားရောက် ၀ိုင်းပတ်ပိတ်ဆို့ကြောင်း သတင်းရခဲ့သည်။ တပ်ရင်းမှူးဗိုလ်ခွန်မြတ်နှင့်အတူ ပအိုဝ့်အမျိုးသားရဲဘော် (၁၁)ဦး ပအိုဝ့်မြေတွင်ကျန်ရစ်ခဲ့ကြသည်။
(၅) တော်လှန်သူတို့၏ ကျေးဇူးတရားများ။
ရလလဖတပ်ဖွဲ့၏ လုံခြုံရေးအကူအညီဖြင့် ခရီးဆက်ရင်း ၎င်းတို့၏ခေါင်းဆောင်များမှ တွေ့ဆုံလိုကြောင်း သတင်းရပါသည်။ ရဲဘော်များကို လုံခြုံသည့်တနေရာတွင်ချန်ထားကာ၊ မိမိတို့ခေါင်းဆောင်တချို့ ရလလဖ ဥက္ကဌ ဦးစောတာကလယ် အပါအ၀င်ခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေးခဲ့ကြသည်။ ရလလဖဥက္ကဌမှ ABSDF ဗဟိုသို့ မပြန်ပဲ ၎င်းတို့နှင့်ပူးပေါင်းလှုပ်ရှားစေလိုကြောင်း၊ ထိုသို့သဘောတူပါက လက်နက်(၅၀) ချက်ချင်းပေးမည်ဖြစ်ကြောင်း ကတိပေး၏။ သို့သော် မိမိတို့မှာ ရေရှည်အကျိုးကိုဦးစားပေ၍ နောက်မှပြန်လည်လှုပ်ရှားလိုကြောင်း၊ လောလောဆယ် မိမိတို့ဗဟိုနှင့် သွားရောက်ညှိနှိုင်းလိုသေးကြောင်း၊ ရဲဘော်သစ်များကိုလည်း သင်တန်းများပေးရန်ရှိသေးကြောင်းများ ရှင်းပြရာ သဘောတူညီမှုများရှိခဲ့သည်။ မိမိတို့လိုလားသော မြင်းတကောင်၊ ရိက္ခာနှင့်အခြားလိုအပ်သော ပစ္စည်းအချို့ ကို ရလလဖမှကူညီကာ ကရင်နီနယ်စပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ဤသည်များမှာ ရလလဖအဖွဲ့၏ မိမိတို့ တပ်ရင်းအပေါ် တင်ရှိခဲ့သော ကျေးဇူးတရားများပင်။ လုံခြုံရေးအခြေအနေစိုးရိမ်မှုများကြောင့် မိမိတို့ခရီးစဉ်ကို လျှို့ဝှက်လမ်းကြောင်းများမှသွားခြင်း၊ ရွာများကို ရှောင်၍သွားခြင်းနှင့် ခရီးပြင်းနှင်နိုင်ခဲ့ခြင်းများကြောင့် ကရင်နီနယ်စပ်သို့ချောမောစွာ ရောက်ရှိခဲ့သည်။ ကရင်နီခေါင်း ဆောင်များသို့ ကြိုတင်သတင်းပေးပို့ထားမှုများကြောင့်လည်း လာကြိုနေသောကရင်နီတပ်များနှင့် အဆင်သင့် တွေ့ဆုံ ခွင့်ကိုရခဲ့၏။ မိမိတို့အား ရလလဖထံမှ လုံခြုံရေးလွှဲပြောင်းယူပြီး ကရင်နီတပ်နှင့်အတူခရီးဆက်ခဲ့ရာ သံလွင်မြစ်ဖြတ်ကူး မည့်နေရာသို့ ဧပြီလလယ် (သင်္ကြန်အကြိုနေ့ညနေ) တွင် ရောက်ရှိခဲ့ပေသည်။ ကမ်းတဖက်တွင်လည်း အသင့်လာကြို နေသော အခြားကရင်နီတပ်ဖွဲ့တဖွဲ့မှာလည်း အသင့်။ သံလွင်မြစ်ကို ကူးရန်သာရှိတော့သည်။ သံလွင်ကမ်းပါးသို့ရောက်ပြီး ထမင်းချက်စားချိန်တွင် စက်လှေသံကိုကြားရပါသည်။ သံလွင်မြစ်ကူးရန် ကရင် နီတပ်မှ ခွန်ဆာထံစက်လှေအကူအညီ တောင်းထားပေးကြောင်းသိရသည်။ ပြဿနာက ခုမှစ၏။ စက်သံကြားပြီး ပြန်ပျောက်သွားသည်။ နောက်ထပ်အသံမကြားရတော့၊ ထိုညသံလွင်မြစ်ဘေးတွင်ပင် ပင်ပန်းသမျှအတိုးချအိပ်လိုက် ကြရသည်။ နောက်နေ့ နေ့လည်လောက်အထိလည်း ဘာမှမထူး၊ သတင်းရသည်ကား ABSDF ကျောင်းသားများပါ လာ၍ စက်လှေမကူညီနိုင်တော့ကြောင်း သိရသည်။ ပြဿနာက မိမိတို့သာမက လိုက်ပို့သောကရင်နီတပ်တွင်ပါ ရိက္ခာမကျန်တော့။ တဖက်ကမ်းမှလာကြိုနေကြသော ကရင်နီတပ်တွင်တော့ရိက္ခာရှိသည်။ ထို့ကြောင့် လိုက်ပို့ပေး သော ကရင်နီတပ်သည် မိမိတို့အားရှိသမျှရိက္ခာပေးပြီး ပြန်သွားကြသည်။ ကြာလျှင် အားလုံးရိက္ခာပြတ်မှာစိုး၍။ အခြေအနေကိုရိပ်မိသော တပ်ခွဲမှူးကိုတိုက်မောင်းသည် တပ်စုမှူး (၂) ဦးအပါအ၀င် ခေါင်းဆောင်အချို့နှင့် ဆွေးနွေးကာ တဖက်ကမ်းသို့ကူး၍ ဆန်ရရှိရေးကို ကြိုးစားဖို့ပြင်ကြသည်။ တပ်စု ၂-စုခွဲ၍ ဖေါင်များတည်ဆောက်ကြ သည်။ ၀ါးရှာသူရှာ၊ နှီးထိုးသူထိုးနှင့် ဖေါင်ပုံစံ (၂) ခုထွက်လာသည်။ အပြိုင်အဆိုင်သဘောမျိုးဖြစ်ခြင်းနှင့် တဖက်ကမ်း သို့ရောက်ရှိရန်စိတ်စောနေသဖြင့် ရဲဘော်အားလုံးမှာ တက်တက်ကြွကြွ။ ကိုတိုက်မောင်းတို့ ရုံးအဖွဲ့မှလည်း ဖေါင်သေး သေး တခုကို ပုံဖေါ်ခဲ့ကြသည်။
(၆) သံလွင်ကမ်းပါးမှ သင်္ကြန်ရက်စွဲများ။
သံလွင်ကမ်းကိုရောက်သည့်ညက ရွာခဲ့သောသင်္ကြန်မိုးအရှိန်ကြောင့် သံလွင်မြစ်ပြင်တွင် ရေများပြည့်လျှံနေ ပြီး၊ သစ်တုံးများနှင့် အမှိုက်များမျောပါလာသည်။ ထူးထူးခြားခြား တောကောင်သေများပင် မျောပါလာသည်ကို တွေ့ရ၏။ သို့သော် ဆယ်ယူ၍မရ။ အင်းသားကိုလူခဲ တဖက်ကမ်းသို့စမ်းကူးသွားရင်း မြစ်တ၀က်ကျော်အရောက်မှာ ရေစီးထဲ မျောပါသွားသဖြင့် လိုက်ဆယ်ကြရသေးသည်။ ၀ါးချောင်းများအလွယ်တကူရှိနေသဖြင့် တယောက်နှင့်တ ယောက်ကို ၀ါးချောင်းများဖြင့် ဆက်ကာဆယ်လိုက်ကြရသည်။ ကိုလူခဲ၏ “မရတော့ဘူးလူ”ဆိုသည်စိတ်ပျက်လက် ပျက်ညည်း တွားသံမှာ တပ်ရင်းတခုလုံးအတွက် နောင်တွင်ပြောစရာ အမှတ်တရစကားတခု။ ခဏအကြာ တပ်စုမှူးကိုခင်ဇော် ဦးဆောင်သောအဖွဲ့၏ဖေါင်ကြီး သလွင်မြစ်ကိုစတင်ကူးခတ်ပါတော့သည်။ ရဲဘော်များထဲမှ အားကောင်းမောင်းသန်များကို ရွေးထုတ်ကာ (၁၁)ဦး လိုက်ပါသွားသည်။ ကျန်ရဲဘော်များ၏ အားပေး သံမှာလည်း ကြောက်ခမန်းလိလိပင်။ သို့သော် သံလွင်မြစ်ရေစီးသန်နေချိန်ဖြစ်၍ တ၀က်မကျော်မီပင် ပြန်လှည့်ခဲ့ရ၏။ ဖေါင်ကြီးပျက်စီး၍ ဖေါင်ပေါ်ပါသွားသူများမှာလည်း ခြေကုန်လက်ပန်းကျကာ ပက်လက်လန်ကုန်ကြသည်။ ရဲဘော် တဦးတယောက်မျှ အန္တရာယ်မဖြစ်ကြသည်ကိုပင် ၀မ်းသာနေရသေး၏။ ကိုခင်ဇော်တို့ဖေါင် ပျက်ဆီးသွားပုံကို သင်ခန်းစာယူ၍ ကိုအောင်ခမ်းတို့အဖွဲ့ဖေါင်ကြီးကို အသေးစိတ်ပြင်ဆင် ကြသည်။ ဖေါင်ပေါ်တွင် အကာအရံများတပ်ဆင်ထားခြင်းနှင့် ဖေါင်နောက်ပိုင်းတွင် တိုက်ငုတ်တခုကိုလုပ်၍ ရေယက် ကြီးကိုပင် တပ်ဆင်ထားသေးသည်။ ကြည့်ရသည်မှာ သင်္ဘောငယ်ငယ်တစီးနဲ့ပင် တူနေတော၏။ နာရီဝက်ခန့်အကြာ ကိုအောင်ခမ်းတို့ဖေါင်ကြီးစထွက်သည်။ ဖေါင်ပေါ်တွင် (၁၀) ယောက်ကျော်ပါသွားသည်။ လှော်အားကောင်းကြသဖြင့် မြစ်တ၀က်ကိုကျော်သွားသော်လည်း ကမ်းကပ်ခါနီးတွင် ရေစီးကြောင်းနှင့်ပြန်မိ၍ ကမ်းမကပ်နိုင်တော့ပဲ မျောပါခဲ့ရပြန် ပါသည်။ ထိုအချိန်တွင် ကိုတင်ဝင်းယောက်သာ ရေထဲသို့ခုန်ဆင်းကာ တဖက်ကမ်းသို့ ကူးသွားနိုင်ခဲ့ပေသည်။ ကျန် ဖေါင်ပေါ်ရှိ ရဲဘော်များမှာလည်း ဘေးမသီရန်မခ။ နောက်ဆုံးဖေါင်ဖြစ်သော ကိုတိုက်မောင်းတို့အဖွဲ့၏ ဖေါင်ငယ်ကလေးမှာလည်းပြီးစီးသွားပေသည်။ ထိုအဖွဲ့ တွင် ကိုတိုက်မောင်း၊ ကိုလူဗိုလ်၊ ကိုမင်းဝေဟင်တို့အပြင် ကရင်နီတပ်ဖွဲ့မှ ကျန်ခဲ့သော ရဲဘော်တဦးလည်းပါဝင်လေ သည်။ ထိုရဲဘော်မှာ သူ့သေနတ်ကိုဖေါင်တွင်အကျအနချည်ကာ ကူးခပ်ရန်ပြင်ဆင်နေသည်။ ဖေါင်ကို ရေဆန်အထက် သို့ အရင်ဆွဲတင်သွားသည်။ မြစ်၏အပေါ်ပိုင်းရောက်မှ ခပ်စောင်းစောင်း မျောကူးရန်ပြင်ဆင်ခဲ့ကြသည်။ စတင်ကူးခပ်သည်ဆိုသည်နှင့် ကျန်ရဲဘော်များမှ စိတ်ဝင်တစားအော်ဟစ်အားပေးကြသည်။ ကူညီနိုင်ရန်အ တွက်ကိုလည်းပြင်ဆင်ထားကြသည်။ ကိုတိုက်မောင်းတို့ဖေါင်သည်လည်း မြစ်လယ်ကိုကျော်ပြီးသည်နှင့် ရေစီးကို မကျော်နိုင်ပဲမျောပါလေသည်။ ပြဿနာကား ဖေါင်ပေါ်တွင်ပါသူများက နောက်ပြန်ကူးရန်မစဉ်းစားပဲ တဖက်ကမ်း သို့သာရောက်ရန် စိတ်ထက်သန်နေကြခြင်းကြောင့် ဖေါင်မှာ ရေစီးနှင့်မျောပါသွားလေသည်။ လှော်တက်များမှာလည်း ၀ါးများဖြင့်လုပ်ထားသောကြောင့် ကြာလေရေနူးလေဖြစ်ကာ ပျော့လာ၏။ လှော်သလောက် မထိရောက်တော့ချေ။ ရေစီးနှင့်မျောပါသွားသောဖေါင်အား ကမ်းပေါ်မှရဲဘော်များက ကမ်းပြန်ကပ်ရန်အော်ဟစ်သတိပေးရင်း မြစ်ကမ်းတ လျှောက် အုပ်လိုက်ပြေးလိုက်သွားကြသည်။ ကမ်းပေါ်ကကြည့်နေရာ မိုင်ဝက်ခန့်လောက်အထိပါသွားလေသည်။ မြစ် အောက်ဖက် ၂ - မိုင်ခန့်တွင် စစ်အစိုးရတပ်စခန်းတခု ရှိနေ၍လည်း အလွန်စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင်အချို့က သေနတ်များကိုဆွဲ၍ လုံခြုံရေးအတွက်ပြေးလိုက်သွားကြသည်။ လူအုပ်များသည်ကတကြောင်း၊ ၀ါးများကို အဆင်သင့်ပြင်ဆင်ထားသည်ကတကြောင်းနှင့် ရှေ့က ကိုလူခဲကို ကယ်ခဲ့သည့်အတွေ့အကြုံများကြောင့် ရဲဘော်တယောက်က ၀ါးတလုံးကိုင်ပြီးရေထဲဆင်း၊ နောက်တယောက်က ၀ါးထိုး ပေး၊ နောက်တယောက်နဲ့ဆက်၊ ဤသို့ဖြင့်ကိုတိုက်မောင်းတို့အဖွဲ့ကို ပြန်ကယ်ခဲ့ကြရသည်။ ရဲဘော်အားလုံးမှာ ဖတ် ဖတ်မောကုန်ကြပြီ၊ မလှုပ်နိုင်ကြတော့။
(၇) … နောက်တလှမ်းဆုတ်ခြင်း။
ကိုတိုက်မောင်းမှာ မမောနိုင်၊ မနားနိုင်ရှာ။ သူကတပ်ခွဲမှူးနှင့်လောလောဆယ် တာဝန်အရှိဆုံးဖြစ်နေသည် ကိုး။ တပ်ခေါင်းဆောင်များကိုခေါ်ကာ တခုခုဆက်လုပ်နိုင်ရန်အတွက် ဆွေးနွေးကြပြန်သည်။ ထွက်လာသည့် ဆုံးဖြတ် ချက်က တပ်ကိုနောက်ကြောင်းပြန်ဆုတ်၍ အခြားလမ်းကြောင်းတခုကိုရှာရန်။ တပ်စိတ်မှူး ကိုစံလှဦးဆောင်သည့် သန်သန်မာမာရှိနေဆဲ ရဲဘော်(၇) ဦးကို ရှေ့ပြေးအဖွဲ့အဖြစ်ရိက္ခာရှာထားနိုင်ရန် ကြိုလွှတ်လိုက်သည်။ ကိုစံလှက ရှမ်း လူမျိုး။ ဤနားတ၀ိုက်က ရွာတွေက ရှမ်းရွာများသည်။ စကားပေါက်လျှင် လုပ်ငန်းပိုအဆင်ပြေနိုင်သည်။ ထိုရှေ့ပြေး အဖွဲ့မှာ သွက်သွက်လက်လက် တက်တက်ကြွကြွပင် ထွက်သွားကြသည်။ မနက်ကတည်းက ထမင်းစားမထားရသော် လည်း ရဲဘော်အားလုံးပုံမပျက်ကြ။ ခါတိုင်းကဲ့သို့ပင် လန်းလန်းဆန်းဆန်း။ ကျန်အဖွဲ့များမှာ မောပန်း၊ အားကုန်နေကြသူများ၊ ဆာလောင်ညည်းတွားနေကြသူများနှင့် နာမကျန်းဖြစ်နေ ကြသူများသာ။ အမျိုးသမီးကလည်း(၄)ဦး။ ကိုစံလှတို့အဖွဲ့ထွက်သွားပြီး (၂)နာရီလောက်ကြာမှ စစ်ကြောင်းစထွက်ဖြစ် သည်။ ညနေ (၃)နာရီကျော်ကျော်ရှိပြီ။ စစ်ကြောင်းကတော့ လိပ် (ဖြေးဖြေး) စစ်ကြောင်း၊ ဤအချိန်တွင် ရန်သူစစ် ကြောင်းနှင့်တိုးမိမည်ကိုသာ စိုးရိမ်မိကြသည်။ လက်နက်ကလည်းနည်း၊ ထမင်းငတ်ထား၍ လူများကလည်းအားနည်း နေကြလျှင် …။ သို့သော် ဤနယ်တ၀ိုက်မှာ ရန်သူလှုပ်ရှားမှုမရှိဟု မဟာမိတ်များထံမှ စက်သတင်းများအရသိထားရ၍ စိတ်တခြမ်းအေးနေရသည်။ ပြန်ဆုတ်လာရာလမ်းတလျှောက်လုံး တွေ့သမျှ စားလို့ရသည့်အသီးအရွက် မှန်သမျှကိုစားကြသည်။ ရှမ်းကယား နယ်စပ်သံလွင်ကမ်းပါးတ၀ိုက်က အပင်များမှာ စိမ်းစိမ်းစိုစိုမရှိ။ နွေရာသီဖြစ်သည်ကတကြောင်း၊ နဂိုက ကျောက်ဆောင်၊ ကျောက်တောင်ဖြစ်နေခြင်းနှင့် အပူပိုင်းဒေသဆန်နေခြင်းများကြောင့် ဆူးပင်အပါအ၀င်အညာဒေသ ပေါက် သစ်ပင်များကိုသာတွေ့ရ၏။ ဥရှစ်ပင်၊ လေ၀င်ခါးသီးပင်နှင့် လက်ခုပ်သီးဆန်ဆန်အပင်များမှာ မိမိတို့အတွက် အာဟာရကို ဖြည့်ဆီးပေးခဲ့ကြသည်။ ဥရှစ်သီးအဆီးလောင်သူလောင်၊ လေ၀င်ခါးသီးများစားမိ၍ အန်သူအန် ဖြစ်ကြ သော်လည်း၊ လက်ခုပ်သီးလိုလို အတွင်းမှဖြူဖြူအမှုန့်များပါသော တခါမှမမြင်ဖူး၊ မစားဖူးသည့်အသီးများမှာ နို့မှုန့်နှင့် တူ၍ အရသာလည်းရှိပေသည်။ သို့သော်သိပ်များများမတွေ့ခဲ့ရ။ အချို့အဖွဲ့များမှာ ငှက်ပျောအူ၊ သဖန်းသီး၊ ယုန်စာ ရွက်၊ စသည့်တွေ့ရာအသီးရွက်များကို စားကြရသူများလည်းရှိ၏။
နိဂုံးမဟုတ်သည့် နိဂုံး။
မိမိတို့စစ်ကြောင်းသည် ပလဲလဲ၊ နမ်းမွန်းစခန်းမှ သံလွင်မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ကြကာ ထိုင်း၊ ကရင်နီနယ်စပ် က အောင်ဟမ်းရိုင်းစခန်းသို့ KNPP ၏ အကူအညီဖြင့် ချောချောမောမောပင် ရောက်ရှိခဲ့ကြပါသည်။ ကရင်နီနယ်မြေမှ ကရင်နယ်မြေ(မာနယ်ပလောဒေသ)သို့၎င်း၊ ၁၉၉၅ ခုနှစ် မာနယ်ပလောကျပြီး ကရင်နီနယ် မြေသို့၎င်း၊ ရလလဖနယ်မြေသို့၎င်း ပြန်လည်လှုပ်ရှားကြရင်းဖြင့် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင် ခွင့်ရခဲ့ကြသည်။ တပ်ရင်း (၆၀၁) အနေနှင့်ပင် “ဒေါင်းစစ်သည်စာစောင်” ကို အမှတ်စဉ် (၅) အထိထုတ်နိုင်ခဲ့ပြီး။ “ကျားဆိုးနှင့် တုဖက်ပြိုင်မယ်” သီချင်းခွေကိုလည်း ထုတ်ဝေနိုင်ခဲ့သေးသည်။ သို့သော် ကရင်နီနယ်မြေသို့ ဒုတိယ အကြိမ်ပြန်လည်အခြေချချိန် ၁၉၉၆ -ခုနှစ်တွင် တပ်ရင်း (၃၀၃)၊ တပ်ရင်း (၂၁၀)၊ တပ်ရင်း (၈၀၁) တို့နှင့် ပူးပေါင်းကာ တပ်ရင်း(၄) အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြသဖြင့်၊ ထိုအချိန်မှစတင်ကာ မိမိတို့တပ်ရင်း (၆၀၁) ဆိုသည်မှာ နိဂုံးချုပ်ခဲ့ ရတော့၏။ ၁၉၉၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် တပ်ရင်းမှူးကိုတိုက်မောင်းကျဆုံးပြီးနောက်ပိုင်း မိမိတို့ရဲဘော်များသည် ၀ါးအစည်းပြေသကဲ့သို့ဖြစ်ကာ အချို့အလင်းပြန်ဝင်ခြင်း၊ အချို့တတိယနိုင်ငံများသို့ထွက်ခွာကြခြင်းများဖြင့် တစစ လျော့ပါးခဲ့လေသည်။ လက်ရှိကာလတွင် ABSDF ၌ မိမိတို့တပ်ရင်း (၆၀၁) မှ ရဲဘော်များ လက်ချိုးရေတွက်၍ ရရုံသာ ကျန်တော့၏။ သို့သော် ကျန်ရဲဘော်ဟောင်းများမှာ ပြည်တွင်းပြည်ပ၊ နိုင်ငံအသီးသီး၊ နယ်စပ်အဖွဲ့အစည်းအသီးသီးနှင့် ဒုက္ခသည်စခန်းအသီးသီးတို့တွင် ပြန့်နှံ့ရှင်သန်နေကြဆဲ။ အနာဂတ်အိပ်မက်များ ရှိနေကြဆဲ။ လှမ်းလျှောက်နေကြဆဲ။ စစ်အစိုးရမှလွဲ၍ Institutional Life ( အဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှု) အားနည်းနေကြဆဲ မြန်မာနိုင်ငံဖွား အဖွဲ့အစည်းများထဲတွင် မိမိတို့ DYA တဖြစ်လဲ တပ်ရင်း (၆၀၁) သည်လည်း တခုအပါအ၀င်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့်ပင် ဖြစ်ပျက်ဆိုသည့် ဖြစ်စဉ်တခုကို ဆယ်စုနှစ် (၂) ခုမျှလောက်သာ ဆွဲဆန့်နိုင်ခဲ့ကြသည်ဟု ကောက်ချက် ချနိုင်မည်ထင်၏။ ရည်ရွယ်ချက်၊ စိတ်စေတနာမည်မျှပင် သန့်ရှင်းမွန်မြတ်ပါသော်လည်း ဥာဏ်ပညာနှင့် ရင့်ကျက်မှုများ နည်းပါခဲ့သောကြောင့် သဘာဝဖြစ်ပျက်တရားကြီးကို အလွယ်တကူ အရှုံးပေးခဲ့ကြရပေသည်။ မည်သို့ပင် ဖြစ်ပျက်ခဲ့စေကာမူ မိမိတို့တပ်ရင်း (၆၀၁) ၏ ဖြတ်သန်းမှုများမှာကား အနည်းဆုံးအားဖြင့် တစုံ တရာနှင့် တစုံတယောက်တို့ အတွက် တစုံတခု … ။ ။
လူဗိုလ် (၂၀-၁၂-၂၀၀၈)
Sunday, February 14, 2016
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း
February 14, 2016
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
တောင်ငူ ထောင်ကို ထောင်ပြောင်းတော့ ကားပေါ်မှာ မျက်နှာသိ ဆိုလို့ နှစ်ယောက်သာပါသည်။ သာယာဝတီမှ အင်းစိန်ကို ပြောင်းလာသည့်ရက်က ၁၉၉၉ခုဇူလိုင် ၂၂ရက် ။ အခု တောင်ငူကို ပြောင်းရတော့ သက္ကရာဇ် ၂၀၀၀ပြည့် ဇန်နဝါရီ ၂၂ ။ ၆လ တိတိ အင်းစိန် အကျဉ်းထောင်မှာနေလိုက်ရသည်။ ခြောက်လအတွင်း မကြာခဏ ဆုံဖြစ်သူက ဦးခင်မောင်ငြိမ်းဖြစ်သည်။ သူကရှေ့နေ။ သူနှင့်ကိုယ် အင်းစိန်လို တကယ့်အကျဉ်းအကျပ်ထဲ ဆုံကြသည့်နေရာက ဆေးခန်းမှာ။ ဆရာဝန်ဆေးမှူးတွေ ဆီ ကိုယ့်အလှည့်မရောက်ခင် မိတ်ဆက်ရင်း ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။
ကားပေါ်ပါလာသူ ၁၉ ယောက်ထဲ သိရှိ ရင်းနှီးသူ နောက်တယောက်ကတော့ ကိုစိုးလွင်ဖြစ်သည်။ သူကပုဇွန်တောင်သား ။ သူ့ကိုကတော့ ထောင်ပြောင်းမည့် ည ၂ နာရှိထိုး မိန်းဂျေလ်မှာ လူစုတုန်း ပြန်ဆုံကြခြင်းဖြစ်သည်။ ထောင်ထဲ စရောက်ခဲ့သည့် ၁၉၉၃ခုနှစ် အင်းစိန် သီးသန့်ထောင် စရောက် ထဲက ကိုယ့်အရင်ရောက်နှင့်နေသော ကိုစိုးလွင်မှာ လူသစ် မိမိတို့ကို ထောင်ထဲနေနည်း၊ စားနည်းကအစ လက်ဆင့် ကမ်းခဲ့သော ကျေးဇူးရှိသူဖြစ်သည်။ ထောင်ပြောင်းမည့်ညမှာမှ မထင်မှတ်ပဲ သူ့ကို ပြန်တွေ့ခြင်းဖြစ်သည်။ ကိုယ်က သူ အပြင်လောကမှာ အဆင်ပြေနေလောက်ပြီ အေးဆေးနေပြီဟု ထင်ထားခဲ့သည်။ ထင်တာမှားသည်။ သူနောက်တမှု ဖြင့် ပြန်ရောက်နေတာကို ကိုယ်က မသိရှိခဲ့။ ထောင်ဆိုတာက မရောက်ဖူးသူတွေက ကြောက်စရာအဖြစ် လန့်ကြသော်လည်း ထောင်ထဲနေခဲ့ဘူးသူအဖို့ ဘာမှ မထူးဆန်းသော နေရာတခု ဖြစ်နေသည်။ ကိုယ်က ထောင်ပြန်ကျရန် တမင်ပြုလုပ်ခြင်း မဟုတ်သော်လည်း အတူနေခဲ့သူတွေ၏အလုပ်ကို တခုခုကူညီရင်း ပြန်အမှူတွဲပြီး ဒုတိယအကြိမ် တချို့လည်း တတိယအကြိမ် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။
အခုကိုစိုးလွင်က ဒုတိယအကြိမ်။ ပြန်ဆုံတော့ သူက ကိုယ့်ကို လူနှင့် နာမည် မတွဲ စပ်မိ။ ကိုယ့်ကို လက်ညှိုးထိုးပြီး “သူ့ကို ကျနော် တရင်းတနှီးကို သိတယ်ဗျာ” ဟု စကားစရင်း သူနှင့်ကိုယ်၏ ထောင်တွင်း ကြုံဆုံခဲ့ရပုံကို စိတ်ထွင်မက နှုတ်ပါဖွင့်ဟပြီး အတိတ်ကို ခြေရာကောက်သည်။ ကိုယ်ကတော့ တွေ့တွေ့ခြင်း သူကိုမှတ်မိနေသည်။ “ဟာ … ဟေ့ကောင် စိုးလွင် ဘာအမှုလဲ”ဟု နာမည်ကိုပါတွဲ ခေါ်တော့ သူ မမှတ်မိသူမှာ ထောင်ထဲမှာ အတူနေခဲ့သူအဖြစ် သေချာကြောင်းကိုတော့ သူ ကောက်ချက်ချပြီး ဖြစ်မည်။ ဒီလိုပဲ စကားပြောရင်း သူအကုန် ပြန်မှတ်မိသွားသည်။ ၉၃က အတူတူနေခဲ့သူများ၏နာမည်ကို ရေရွတ်ရင်း ဒုတိယအကြိမ် ပြန်ရောက်တော့ ပြန်တွေ့ဆုံသူတို့ကို ပြောပြနေသည်။ ကိုယ်နှင့်ခင်မင်ရင်းနှီးပြီးသား ဦးခင်မောင်ငြိမ်းမှာ သူ၏နောက်မှု အမှုတွဲ ဖြစ်ကြောင်းသိရပြန်တော့ သူတို့အမှုအကြောင်းပါ ကို သိလိုက်ရပြန်သည်။
တောင်ငူထောင်ကို ပြောင်းတော့ ကားနှစ်စီး။ တစီးမှာ ၅ညများသာဖြစ်ပြီး တစီးမှာ ထောင်နှစ်ရှည်က အခြားအမှူများ ဖြစ်ကြ သည်။ ကားပေါ်ရောက်မှ ကိုစိုးလွင်တို့ ဦးခင်မောင်ငြိမ်းတို့ နှင့်အတူတူ အမှုတွဲ အဘနှ စ်ယောက်ပါပါလာသည်။ အဘနှစ်ယောက်လုံး လူနှစ်ယောက်ကို နာမည်က တခုတည်း။ အဘနှစ်ယောက်လုံးအမည်မှာ ဦးတင်အေးဖြစ်သည်။ ဗကသ သမိုင်းကို ပြန်လည်ပြောပြမှုဖြင့် ထောင်အချခံသူများဖြစ်သည်။ ခါးကိုင်းကိုင်း အဘဦးတင်အေးမှာ တကသ ဥက္ကဌ ဖြစ်ခဲ့ဘူးသူဖြစ်ပြီး နောက်ဦးတင်အေးတယောက်မှာ တကသ အတွင်းရေးမှူးဟောင်းဖြစ်သည်။ သူတို့ က အမှုတွဲ၊ လေးယောက် တထောင်တည်း အတူတူ ။
နောက်လူများမှာ ကိုဇော်ရဲဝင်း ကိုကျော်ဝေစိုးနှင့် ကိုညီထွေးခေါ် စန်းဇော်ထွေး ကျော်အေးနိုင် တို့ ဖြစ်သည်။ သူတို့က တစု။ နောက် ၉လေးလုံး အမှုတွဲများ။ ပဲခူးသားလူငယ်လေးများအများစု ဖြစ်သည်။
ကိုယ့် အမှူတွဲအလိုက် စကားတွတ်ထိုးကြရင်း ကိုယ်ကလည်း ကိုယ်နှင့် သိပြီးသား ကိုစိုးလွင် ၊ ဦးခင်မောင်ငြိမ်းတို့နှင့် စကားတွေ ပြောလာကြသည်။ ထူးခြားသည်က အခြားအမှု နှင့် ထောင်ကျများကိုတင်ဆောင်လာသော ကားတွင် ဘယ်လို တပ်ဆင်ထားသည် မသိရသော်လည်း မိမိတို့ကားတွင်တော့ သီချင်းကို အကျယ်ကြီး ဖွင့်ပေးထားသည်။ သီချင်းကို ဖွင့်ပေးထားသော်လည်း ကားအိတ်ဇော မီးခိုးတွေက အလျှံပယ် ကားထဲ ဝင်နေသည်။ အဘဦးတင်အေး နှစ်ယောက်လုံးမှာ ဦးခင်မောင်ငြိမ်းလို ရှေ့နေများပင် ဖြစ်ကြသည် ။ အရွယ်ကြီးရင့်ပြီး ခါးပင်ကိုင်းနေပြီဖြစ်သော အဘဦးတင်အေးမှာ အများသူငါလိုမထိုင်နှိုင် ကားဘီးအပို ထပ်တင်ထားသည့်နေရာတွင် ဦးခင်မောင်ငြိမ်းနှင့်အတူ ထိုင်ကြရသည်။ ကားအိတ်ဇောမှထွက်သော မီးခိုးက သူတို့နှစ်ယောက် တည့်တည့် မှ ကားထဲကိုဝင်နေသည်။
ဦးခင်မောင်ငြိမ်း မှာ ရောဂါစုံသည်။ သူ့ဆီမှာ အဓီကက ဆီးချိုရောဂါဖြစ်သည်။ ခရီးလမ်း အပင်ပမ်းနှင့်ရောဂါ နှစ်ခုလုံးကို ခံစားရင်း လိုက်ပါလာခြင်းဖြစ်သည်။ ကားပေါ်တွင်ပါလာသော ကျောင်းသားလူငယ်လေးများမှာ ကား မှဖွင့်ထားသော တေးသီချင်းကို လိုက်ပါသီဆိုရင်း ခရီးလမ်းတလျှောက် ထောင်ပြောင်းတာနှင့်မတူအပျော်ခရီးတခုကိုထွက်လာကြသလို ဖြစ်နေတော့သည်။ ဒီတော့လည်း သူ၏ရောဂါတွေကို မေ့လျှော့သွားဟန်ရှိသည်။ ပဲခူးရောက်တော့ ပဲခူးမှ လူငယ်လေးများက ပဲခူးမှ ထင်ရှားသောသူတို့၏ စားသောက်ဆိုင်နာမည်ကို တပ်ပြီး “အဲ့ဒီစားသောက်ဆိုင်ကို သွားပြောပေးပါ။ မင်းမင်းစိုး တောင်ငူကို ထောင်ပြောင်းသွားပြီ” လို့. ဝိုင်းအော်ကြသည်။
ဒီလိုနှင့်ကားက ဒိုက်ဦးကိုရောက်လာသည်။ ကောလိယချောင်းတံတား ပြင်နေချိန်မို့ ကားကဖြေးဖြေးလေးမောင်းလာသည်။ ဘေးမှ ရပ်ကြည့်နေသော ဆိုက်ကားဆရာများကို “စိန်ပန်းကျောင်းကို သွားပြောပေးပါ။ ဦးဇဝန တောင်ငူထောင်ကို ပြောင်း သွားပြီ” လို့..ကိုယ်က စအော်တော့ ကျန် တကားလုံးမှလည်း သံပြိုင်ဝိုင်းအော်ပေးကြပြန်သည်။
ဖြူးရောက်တော့လည်း ဒီလိုတခါ အော်ကြပြန်သည်။ ဖြူးသားကိုမြင့်ဦးမှာ လဝက မှာ ဝန်ထမ်းလုပ်ဖူးသူ ဖြစ်သောကြောင့် ဖြူးမှ လူတော်တော်များများကိုသိနေသည်။
တောင်ငူထောင်ရောက်တော့ ကားပေါ်ပါလာသူများမှာ မီးသွေး အိတ်ထမ်းပြီး ပြန်လာကြသူများလို မဲတူးနေကြသည်။ အထူးသဖြင့် ကားအိတ်ဇော မီးခိုးငွေ့တဲ့တဲ့ နေသောဦးတင်အေးနှင့် ဦးခင်မောင်ငြိမ်းမှာ အဆိုးဆုံးဖြစ်သည်။ ခရီးစဉ် တလျှောက်ရော နောက်နေထိုင်ခဲ့စဉ် ထူးခြားသော ဖြစ်ရပ်များကြောင့်လည်း အားလုံးထဲမှာ ဦးခင်မောင်ငြိမ်းက ပို အမှတ်ရ စရာ လူဖြစ်ခဲ့သည်။ ရောက်စက ဦးခင်မောင်ငြိမ်းဟုသာ အားလုံးကခေါ်ကြသော်လည်း အနေကြာလာသောအခါ ခင်မင် စရာ အမှတ်ရစရာတွေ လေးစားစရာတွေကြောင့် လူငယ်အများကကောရွယ်တူများကပါ သူ့ကို ဦးငြိမ်း။ အသက်ကြီးသူများက လည်း ကိုငြိမ်းဟုခေါ်လာကြသည်။
(မိမိတို့ ကားပေါ်မှ အော်ဟစ်အကူညီတောင်းမှူကြောင့် နောက်နေ့ အိမ်တွေမှ ချက်ခြင်း လိုက်လာနှိုင်ကြသည်။ ကြားသိသူများကလည်း ပြောခိုင်းသောနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြောပေးကြသည်။ မိမိအတွက် အော်ပြောခဲ့သော စိန်ပန်းကျောင်းသို့ ဆိုက်ကားဆရာများတန်းစီ ချီတက်ပြီး ဘုန်းကြီးကျောင်းကို သွားပြောပေး သည်ဟု ဆိုသည်။ )
တောင်ငူထောင်က ၂၀၀၀ခုနှစ် မိမိတို့ရောက်ချိန်တွင် တနိုင်ငံလုံးရှိထောင်များထဲတွင် အလွတ်လပ်ဆုံးထောင်ဟု ပြောရမည်။ ထောင်ပိုင်ကြီးသည် နိုင်ငံရေးအမှုများကို အသက်သာဆုံးသော နေထိုင်ခွင့်ကိုပေးထားသလို အဆောင်ရှိ ကျန်ထောင်ကျများ ကိုလည်း နှိပ်ကွပ်ခြင်းမရှိ။ လူစိတ်ရှိသော ထောင်ပိုင်ကြီးဟုပင် ဆိုရမည်။
ထောင်မှာ နေရာချပေးတော့ ကိုယ်နှင့်အဆင်ပြေသူ များသာ စိတ်ကြိုက် ကိုယ့်ဘာသာ တွဲပြီးနေကြရန် ထောင်က ပြော သည်။ ဒီလို အခွင့်အရေးမျိုး မြန်မာပြည် ဘယ်လိုထောင်မှာမှ ရမည်မဟုတ်။
ထောင်မှ သဘောကောင်းသလိုမျိုး ထောင်ဆရာဝန်ကလည်း ကောင်းသည်ဟုပင်ဆိုရမည်။ နောက်နေ့မနက်တွင် ထောင် ဆရာဝန်မှ စားပွဲ တလုံးဖြင့် မိမိတို့ထားရာ လေးတိုက် ရှေ့မှာ လာရောက်ပြီး တယောက်ချင်းကို ရောဂါတွေကို လာစစ် ပေးသည်။ ဒီမှာ အမှတ်ရစရာ အကောင်းဆုံးလူတယောက် ကို ပြောပါဆိုလျှင် ဦးခင်မောင်ငြိမ်းကို ပြောရပေမည်။ သူ့ဆီမှာက ရောဂါစုံသည်။ ဆရာဝန်မှညွှန်းထားသောဆေးမှန်သမျှအစုံ သူ့ထံတွင်ပါလာသည်။ ထိုဆေးများ အားလုံးကို ပလစတစ် အခင်းပေါ်တွင် ဖြန့်ခင်းပြီး ဆရာဝန်ကို တခုစီပြသည်။ ဆရာဝန်လည်း ခေါင်းတော်တော်စားသွားဟန်ရှိသည်။ သတင်းစာ ရှင်းလင်းပွဲတခုအလား သူက သူ့ဆေးနှင့်သူ့ရောဂါတွေအကြောင်းကို ရှေ့နေပီပီ စီကာပတ်ကုံးပြောနေသည်။
အိုင်စီအာစီ ထောင်ထဲဝင်ပြီးနောက်ပိုင်း ထောင်တိုင်းတွင် စာဖတ်ခွင့်ကို တရားဝင်ရသွားပြီဖြစ်သည်။ စာအုပ် အများဆုံးသွင်းသူ မှာ ဦးခင်မောင်ငြိမ်းပင်ဖြစ်သည်။ သူက စာအစုံဖတ်သလို တရားထိုင်နည်းများကိုလည်း အစုံသိနေသည်။ မဟာသရဏ ဂုံတော်ကြီး ဘုရားရှိခိုးကို နေ့စဉ် ဝတ်မပျက် ရှိခိုးသည်။ ဘာသာရေးအကြောင်းတွေကိုလည်း ကျကျနန သိချင် သည်။ သူမရှင်းလင်းသည်များကို မကြာခဏ လာမေးတတ်သည်။
သူ၏ကျန်းမာရေးက လေ့ကျင့်ခန်းများများလုပ်ရမည်ဖြစ်သည်။ ဆီးချိုကျဖို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအဖြစ် ထောင်ပတ်လမ်းတလျှောက် မနက်တိုင်း သူ ပြေးသည်။ တောင်ငူထောင်သည် အထူးလွတ်လပ်နေသောအချိန်ဖြစ်သည်။ တိုက်မှ ၅ညများသာမက အဆောင်မှ အမှုစုံတို့သည်လည်း ထောင်ပတ်လမ်းကို လှည့်ပတ် လမ်းလျှောက်ကြသည်ကို ထောင်က ဘာမှလာပြီး မတားမြစ်။ ဦးခင်မောင်ငြိမ်း လေ့ကျင့်ခန်းလုပ်ဟန်က လူတိုင်း အာရုံစိုက်စရာဟန်ဖြစ်သည်။ ပြေးသည်ဆိုသော်လည်း သွက်သွက် ပြေးခြင်းမဟုတ်။ ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်းဟန်ဖြစ်နေသည်။ အဆောင်မှ လူများပါ လမ်းလျှောက်ချိန် မို့ အားလုံးကို သူ့ပြေးဟန်ကို ငေးကြည့်ကြသည်။ ဒီတွင် အဆောင်မှ လူနောက်တယောက်က ဦးခင်မောင်ငြိမ်ဟန်အတိုင်း သူ့နောက်က လိုက်ပြေးသည်။ သူတို့နှစ်ယောက်ဟန်က အားလုံး ရယ်စရာအသွင်ဖြစ်နေသည်။ ပထမတော့ ထိုလူနောက် တယောက်ထဲသာ နောက်ကလိုက်ပြေးနေသော်လည်း တခဏအကြာမှာ လေးငါးဆယ်ယောက် ဖြစ်လာသည်။ အားလုံး စလိုးမိုးရှင်းဖြင့် တအုပ်ကြီး ထောင်ပတ်လမ်းမှာ။ ပြေးနေသူလူအားလုံးကိုမြင်သူများက မပြုံးပဲ နေနိုင် သူ ရှိမည် မထင်။
ဦးခင်မောင်ငြိမ်းကို အထူးအမှတ်ရစေသော အမူအရာတခုကိုပြောပါဆိုလျှင် ဒေါသတကြီး အော်တတ်သော အမူအရာ ဖြစ်သည်။ သူ၏အမူအကျင့်ကို သူ မသိမဟုတ် သိပြီးဖြစ်သည်။ တခါခါ သူ၏ အမူအရာကို ရယ်စရာအဖြစ် ပြောပြ တတ်သည်။ ရှေ့နေဆိုတော့ မျက်လုံပြူးပြီး အသံကျယ်ကျယ် နဲ့ ပြန်အော်ရတယ် .ဒါမှ တဖက်က အသံကြားရုံနှင့် နောက်ဆုတ်သွားတတ်လို့ ဒီအကျင့်ကိုမဖျောက်ပဲ တမင် ထိမ်းထားတာဟု ရယ်စရာလုပ်ပြောတတ်သည်။
ရှေ့နေပီပီ စကားတတ်သောနောက်ကိစ္စတခုကိုလည်း သူ့အတွက်အမှတ်ရနေသေးသည်။ ထိုကိစ္စကတခြားမဟုတ်။ သူ စိတ်တိုလွယ်တတ်သော အဖြစ်ကို ဝေဖန်တုန်းက သူပြန်ပြောသောစကားဖြစ်သည်။ “ဦးငြိမ်း လောက် တရားအားထုတ်တာ တရားရွတ်တာ ဒီတိုက်မှာ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့်ဘယ်လောက်ပဲ တရားအားထုတ်ထုတ် ဦးငြိမ်းက စိတ်တိုတတ်ဆုံးပဲ” လို့ ဝေဖန်သောအခါ “ဒီလောက်တရားအားထုတ်လို့ ဒီလောက်ပဲစိတ်တိုတာ ။ တရားသာအား မထုတ်ရင် ဒီထက်ပိုဆိုးမှာဗျ ၊ ဒီထက်ပိုဆိုးမှာ ၊ သိရဲ့လား” ဟု ပြောရင်း “ဒါ … တရားအားထုတ်တဲ့အတွက် တရားကို ကျေးဇူးတင်ရမယ်” လို့ ပြန်ပြောတတ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် စာစုံအောင်ဖတ်ထားသော ဦးငြိမ်းဆီမှ မှတ်သားစရာစကားများလည်း ကြားရတတ်သည်။ ခေတ်စနစ်ဆိုး အတွင်း မတရားထောင်ကျ ခံရသူများကြောင့် “ဒီနိုင်ငံမှာ ဥပဒေဆိုတာ မရှိပါဘူးဗျာ”ဟု ပြောလာသူတိုင်းကို “ဥပဒေမရှိတာ မဟုတ်ဘူးဗျ၊ ဥပဒေအတိုင်း မလုပ်တာ”ဟု သူပြန်ပြောတတ်တာကို အမှတ်ရနေသေးသည်။
သူထောင်ဝင်စာလာပြီးတိုင်း တိုက်ထဲမှ လူတော်တော်များများကိုသူ့အခန်းခေါ်ပြီး ကော်ဖီတိုက်တတ်သည်။ အစပထမက သူကိုယ်တိုင်ဖျော်တိုက်သည်။ သူကဆီချိုသမားဖြစ်တော့ သကြားကို ပါလေဟန်နဲနဲသာထည့်သည်။ တိုက်မှ လူငယ်များက “ဦးငြိမ်း ကော်ဖီကလည်း အကန်းမျက်ရည်ကြနေတာပဲ” ဟု မကြားတကြားပြောတာ သူသိသွားဟန်ရှိသည်။ နောက်ဆို ကော်ဖီ တိုက်တိုင်း နို့မှူန့်ဗူးသကြားဗူးချထားပေးပြီး “စိတ်ကြိုက်ထည့်သောက်နော်” ဟု သူကပြောသောအခါ အားလုံးက ကိုယ်စီပြုံးမိ ကြသည်။
ထောင်ဆိုတာကလည်း အမြဲတမ်း ငြိမ်းချမ်းနေသည်မဟုတ်။ အာဏာပါဝါပြသောထောင်ပိုင်များလက်ထက်တွင် စိတ်ဆင်းရဲ စရာများပြည့်နှက်နေတတ်သည်။ စရောက်ခါစထောင်ပိုင် ကောင်းသော်လည်းနောက်ထောင်ပိုင်များလက်ထက်တွင် အခြေနေ အဆိုးကို ရင်ဆိုင်ခဲ့ကြရသည်။ တယောက်နှင့်တယောက်တွေ့ခွင့်မရတော့ ။ တိုက်တွေကွဲကုန်သည်။ တယောက်တနေရာ။ ဒီလိုအခြေနေမျိုးမှာပင် ဦးငြိမ်းစာဖတ်မပျက် ။ အသိပညာကို လိုလိုလားလား ရှာဖွေမြဲ ရှာဖွေသည်။ တခါက စိတ်ချရသော ဝန်ထမ်းနှင့် စာတိုလေးတစောင် ဦးငြိမ်းဆီက ရောက်လာသည်။ “ဦးဇင်း အဓိကရုဏ်းလေးပါး ကို သမထ(၇)ပါး နှင့် ငြိမ်းအေး ရမယ်လို့ တပည့်တော် ဖတ်နေတဲ့အထဲ ပါတာ နားမလည်လို့ ရှင်းပြပေးပါ” ဆိုသောစာတိုလေးဖြစ်သည်။
ရဟန်းတော်တွေအတွက် ပညတ်ထားသောဝိနည်းတွေအကြောင်း သူဖတ်မိပုံရသည်။ သူကို တခုချင်းစီကို အသေးစိတ် ရှင်းပြ လိုက်ပြသည့်စာတစောင် ရေးပို့လိုက်သည်။ သူအတော်ကျေနပ်ကြောင်း ကျေူးဇူးတင်ကြောင်း ပြန်လာသည်။
ဦးငြိမ်း တို့က ကိုယ့်ထက် အရင်ထောင်က လွတ်သွားကြသည်။ မိမိအပြင်လောကရောက်တော့ တွေ့ချင်သူများကို တဦးချင်း နာမည်တပ်ပြီး အသိမိတ်ဆွေတွေကို လိုက်ပို့ခိုင်းသည်။ သို့သော်လည်း ကိုယ်တွေ့ချင်သော ဦးငြိမ်းတယောက် လောက ကြီးတွင် မရှိတော့။ မျိုးစုံသောသူ့ရောဂါများက လောကဓံငရဲသားတယောက်ကို အမြန်ဆုံး ခေါ်ယူဖို့ အခွင့်အရေးရသွားသည်။
အရာရာကို သိချင်စိတ် ပြင်းပြစွာ ဗဟုသုတဆာလောင်သော ဦးငြိမ်း ယနေ့လိုခေတ်တွင် ကိုယ်လိုချင်သည့် အကြောင်း အရာကို စာရိုက်ထည့်လိုက်ရုံနှင့် ပေါ်လာသော အင်တာနက်ခေတ်ကြီးကိုသူကျကျနန မြင်ခွင့်ရမသွားခဲ့။ တမလွန် မှာ ဆန်းပြားသော အွန်လိုင်းပေါ်က သိချင်တာတွေကို ဆက်လက်ရှာဖွေနေမည်လားတော့မသိ။ စိတ်တိုတတ်သော်လည်း စိတ်ကောင်းရှိသော တရားနှင့်မပြတ်သော ဦးငြိမ်းတယောက် ကောင်းရာဘုံဘဝရောက်နေမှာကတော့သေချာပါသည်။
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
Saturday, October 3, 2015
`စပ်မိစပ်ရာ ဦးတည်ရာ´
ကဲ . . . ပိတ်သတ်ကြီးရေ အဲ့ ဟုတ်သေးပါဘူး ။ တခါလာလည်းချောင်ပိတ် ရိုက်သတ် နောက်တစ်ခါ လည်းချောင်ပိတ်ရိုတ်သတ်ဆိုတော့ ပရိတ်သတ်ဆိုတဲ့စကားလုံးတောင် မှားကုန်မပေါ့ ။ တကယ်ခေါ်လိုက်တာ က အာလုပ်စကားပါ ပရိတ်သတ်ကြီးရေလို့သာအမှန်ဖြစ်ပါကြောင်း ။ ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးစရာမလို အောင် တလက်စတည်းရှင်းလိုက်ပါရစေလို့ ။ တော်တော်ကြာ အကျင့်တွေပါနေတဲ့လက်အစုံတွေကြောင့် တို့ ပြည်သူတွေများ အဲ့အကျင့်တွေစွဲနေမလားလို့ရယ် စိုးစိတ်ခိုးထိတ်လေးနဲ့မို့ ခွင့်လွှတ်ပါဗျာ ။ လေရှည် ပေရှည် မိဘပြည်သူများခင်ဗျားလို့ ကျနော်လည်း လေသံလိုက်လို့ ခေါ်ကြည့်လိုက်ချင်ပါတယ် ။ စလုံးရေးစထားပြီဆို တော့ကာ အဖြစ်အပျက်တို့က မကြာခင်လာတော့မယ်ဆိုတဲ့သဘောဆိုတာ မိဘပြည်သူများသိကြပြီးသားပဲ ဖြစ်နေပါလိမ့်မယ် ။ ကျနော်အနေနဲ့ မိဘပြည်သူများကို တင်ပြလိုတာကတော့ အနောက်တောင်မုန်သုန်လေက တစ်နှစ်တစ်ကြိမ် တိုက်ခတ်တယ်ဆိုတဲ့နေရာမှာ လိုအပ်တဲ့အနေအထားကိုရဖို့ ကျနော်တို့ရဲ့တွင်းထွက်သယံ ဇာတလို့ ပြောလို့ရတဲ့ ဂါထာ မန္တန် အင်းတွေစီရင်ပြီး နေရာတကျ အချိန်တကျ ရွတ်ဖတ်စီရင်ပေးမှသာလျှင် မိ ဘပြည်သူများအတွက် အဆင်ပြေသောဘ၀တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ် ။ အဲ့ဂလို ရွတ်ဖတ်နေချိန်မှာ ကျနော်တို့ရဲ့ အိမ်နီးခြင်းမိတ်ဆွေတွေကနေ ပါတ်ဝန်းကျင်မှာရှိနေတဲ့အမှိုက်တွေကို ဘူဒိုဇာစက်ကြီးတွေသုံး လို့ရှင်းလင်းပေးမှာပါ ။ ထိုအတွက်ကြောင့် ခုလိုအင်မတန်ချစ်ကြည်စရာ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရထားတဲ့ ကျနော်တို့အတွက် ဗုဒ္ဓဘာသာမြန်မာဆိုပြီး ကမ္ဘာအလယ်မှာ ၀င့်ကြွားထည်ဝါနိုင်တော့မှာဖြစ်ပါတယ် ။ ကျနော်တို့ရဲ့ မျိုးဆက်တွေအတွက် လက်လှုပ်ခြေလှုပ် ထောင်ထဲချုပ် မူဝါဒအရ အဆင့်ဆင့်စီမံကိန်းကို လည်း နိုင်ငံခြားမှတတ်သိပညာရှင်များကိုခေါ်ယူငှားရမ်းပြီး အကောင်ထည်ဖေါ်ဆောင်ရွက်နေတာဆိုရင်ဖြင့် ခုဆို အတော်လေးခရီးပျောက်ခဲ့ပါပြီ ဒီအတွက် အိမ်တော်ရာစီမံကိန်းကြီးကို စွန့်လွှတ်လိုက်ရပြီဖြစ် သလို အနာဂါတ်သူရဲကောင်းလေးများမွေးထုတ်မယ့် အပေါက်ကိုလည်း သေချာရှင်းလင်းဆောင်ထားပြီးဖြစ်ပါ တယ် ။
ဟဲဟဲ တကယ်မထင်ကြပါနဲ့ ။ ဦးတည်ရာလျောက်ပြောနေတာပါ ။ ဘာပဲဖြစ်ဖြစ်ဒီလိုဦးတည်ရာ လျောက်ပြောရင်း ဘာလိုလိုနဲ့ သမ္မတသက်တမ်းငါးနှစ်ပြည့်လို့ နောက်ထပ်ရွေးကောက်ပွဲတောင် ရောက်လာ တော့မှာပါလား ။ ဒါကြောင့်ထင်တယ် ကျနော်တို့ဆီမှာ လုပ်ငန်းခွင့်သုံးဦးထုပ်တွေကို ဆိုင်ကယ်စီးဦးထုပ်လို့ အထင်မှားပြီး လူတွေဆောင်းသွားတာကိုး ။ အိုကွယ့် . . . ယဉ်အန္တရယ်ကင်းရှင်းရေးဆိုပြီး ဆိုင်ကယ်စီးဦးထုပ် မဆောင်းရင် ဒဏ်ငွေ ငါးထောင်ဆောင်ခိုင်းတဲ့အထဲ လုပ်ငန်းခွင်သုံးဦးထုပ်ဆောင်းလျှင်ရ၏ ဆိုတာ ဘယ်နား ကကပ်ပြီးဖြည့်စွပ်လိုက်လည်းမသိလိုက်တာတကယ် ။ မသိဆို တစ်ယေက်ငါးထောင်ဒဏ်ငွေတွေလည်း ( ဒီကြားထဲ ဒဏ်ငွေပွဲစားရတဲ့ ငွေတွေလည်း ) ကျနော်ကြားဘူးတာက ရှေ့နေပေးငွေ ကြက်သောက်ရေလို့ပဲ ကြားဘူးတာ ။ ခုဒဏ်ငွေဆောင်ငွေ ကြက်သောက်ရေလို့ပြောရမလိုလို ။ ခက်တာက အန္တရာယ် ကင်းမကင်း တော့မသိဘူး ။ သေလိုက်ကြတာကတော့ အတုန်းအရုံး ။ တစ်နေ့ထက် တစ်နေ့ တစ်နေရာမဟုတ်တစ်နေရာ ဖြစ်နေကြတာ ဖြစ်ရိုးဖြစ်စဉ်မှုခင်းတစ်ခုပါလို့ အပိုင်းထဲက အဿုဘပွဲစားကြီးလို ခပ်တည်တည်ဝင်ပြော ကြည့်တာလို့မှတ် ။ ဘာတဲ့ပြည်သူတွေအဆင်ပြောချောမွေ့စေရေးဆိုလားကြားမိတယ် ။ အဆင်ပြေမပြေတော့ မသိဘူး ။ တစ်နိုင်ငံလုံးဆက်သွယ်ရေးကွန်ယက်တွေမှာ ဖုန်းလေးဝယ်သုံးမိရင်း ဖုန်းကဒ်ပျက်သွားမိပါတယ် ။ အကန်းကတော့ခံလား ကန်တော့ခံလား ကန်ပြီးတော့ တော့ခံလား လဖက်ရည်ဖိုးဆိုလား ကြားထဲကဖက်ကို ဖြုတ်ထားတဲ့အရည်ဖိုးဆိုလား ကိုယ်ရွှေတိုင်းရုံးကြီးကို ငါးခေါက်လောက် စီးတော်ရောက်လိုက်ရတယ် ။ အိုမီတိုဖူ လို့သာပြောလိုက်ရင်( ရက်ပိုင်းအတွင်းသေဒဏ်တောင်လွတ်တယ်ဆိုတာမသိခဲ့လို့ ) ( ကျေးဇူးရှင် အစစ်ကြီးတွေမှန်းတော့သိပေမယ့် ) ဒီလောက်စူပါဝါ M150 ဖြစ်နေမှန်းမသိခဲ့လို့ ) ချက်ခြင်းရချင်ရမှာ ။ အာ့ဂလိုအသိပညာကနုံ့ အတတ်ပညာကညံ့ဖြင်းခဲ့လေတော့ လွှဲ တဲ့ အခါလည်းလွဲပေမပေါ့လို့ ဆရာနီကိုရဲ ရဲ့အမွေကိုဆက်ခံလိုက်ရင်း အမလေး မကြည်ပြာရဲ့လို့တောင် ဆိုလိုက်ချင်ပါရဲ့ ။ ဟလိုကြားလား ဟလိုကြားလားဆိုတဲ့ ဖုန်းစကိုင်လိုက်တဲ့အသံဟာဆိုရင်ဖြင့် ကမ္ဘာကျော်ရပ် ဂီတအဆိုရှင် 50 CENT ကဆိုလိုက်တာ ကမ္ဘာဂီတ ဂရမ်မီ ဆုပေးပွဲကြီးမှာ နံပါတ်တစ်ချိတ်လို့ ဆုအကြီးကြီးရ သွားတယ်ဆိုပဲ ။ ဒါပေမယ့် ဒါကို ဒီကလူတွေမသိလိုက်ကြဘူး ။ အကြောင်းက ဟဲလိုကြားလား ဟဲလိုကြား လားဆိုတာကို ထိုပုဂ္ဂိုလ်က အိမ်ထဲကနေ မြန်မာနိုင်ငံကိုဖုန်းဆက်လှမ်းပြောလိုက်ရင်း အသက်ရှုရပ် ပြီး ဆွံ့အ နားမကြားဖြစ်သွားလို့ပါတဲ့ကွယ် ။ အဟစ် အဟစ်နဲ့ အစကိုပြန်ရစ်ကြည့်ရမယ်ဆိုရင် ဒီမိုကရေစီရရှိရေး တို့အ ရေးလို့တောင်းဆိုခဲ့တာကဖြင့် အင်းကြားထဲက အချိန်ကာလတွေမှာစည်ကမ်းပြည့်ဝအောင်တည်ဆောက် ။ မလိုအပ်တာတွေ ဖယ် ။ လိုအပ်တာတွေကယ်ရင်း အခုတော့တကယ့်ဒီမိုကရေစီလမ်းစဉ်နဲ့အညီ ရွေးကောက် ပွဲ ကြီးကျင်းပရန် ဘာများလိုတော့လို့တုန်း ။ လျောက်ခဲ့ရတဲ့လမ်းတွေမှာဖြင့် လမ်းတွေကောင်းကောင်းလျောက်လို့ ရအောင် တောမှန်သမျှရှင်း ။ တောင်မှန်သမျှဖြို ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေခဲ့ပြီ ။ ဒီလိုလမ်းပန်း ဆက်သွယ်ရေးတွေကောင်းမှ တစ်နေရာနဲ့တစ်နေရာ ကူးလူးဆက်ဆံနိုင်မှာဖြစ်ပြီး ထိတွေ့မှုများလာတဲ့အခါ ကျတော့ ပြည်မနဲ့တောင်တန်း ရင်းနှီးချစ်ကြည်မှုတွေများလာမပေါ့ ။ ဟုတ်ပေဘူးလား ။ ကဲအမျိုးတို့ရေ တိုင်းရင်းသားတွေနဲ့ချစ်ကြည်ရင်းနှီးရအောင် ခင်ဗျားတို့ခရီးသွားနိုင်ဖို့ ခင်ဗျားတို့အိမ်တွေကို ကျုပ်တို့ထိန်းသိမ်း ပေးထားမယ် ။ ခင်ဗျားတို့မြေယာတွေကို ကျုပ်တို့ထိန်းသိမ်းပေးထားမယ် ဟလား ။ စေတနာပါ ။ စေတနာပါ ။ လောကပါလတရားနဲ့အညီ ကိုယ့်အမျိုးအခြင်းခြင်း ကူညီဖေးမရမယ့်တာဝန်ရှိတယ် မဟုတ်လား ။ အဲ့တော့ ခင်ဗျားတို့ခရီးသွားပါ ။ ချစ်ခင်ရင်းနှီးမှုကို ကျုပ်တို့တတွေရယူနိုင်မှ ကျုပ်တို့နိုင်ငံရဲ့အနာဂါတ်ဟာ ငြိမ်းချမ်းမှာ မဟုတ်လား ။
ဒါကျုပ်တို့ရဲ့စေတနာပါ ။ ခင်ဗျားတို့အတွက် စွန့်လွှတ်စွန့်စားပြီး ကျုပ်တို့ပေးခဲ့တဲ့ စေတနာပါ ။ တစ်ခုတော့ရှိ တယ် ။ စေတနာဆိုတာကို လက်မခံချင်နေပါ ။ မစော်ကားပါနဲ့ ။ ကျုပ်တို့ဟာပြည်သူလူထုရဲ့အတွက် ကျုပ်တို့ ဟာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဟူသမျှကို စွန့်လွှတ်ပြီး အသစ်တည်ဆောက်ထားတာပါ ။ ပြည်သူ လူထုဆိုတာ ကျုပ်တို့ကိုခိုင်းဖို့ဆိုရင် ကျုပ်တို့ခိုင်းတာကိုအရင်ဆုံးလုပ်သင့်ပါတယ် ။ ခုဆိုရန်ကုန်မန်း အမြန် လမ်းမကြီးဟာဆိုရင်ဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခုလို့သမိုင်းရေးထိုးရမှာဖြစ်ပါတယ် ။ အဲ့ပါတ်ဝန်းကျင်မှာရှိ နေတဲ့ရွာတွေကိုပါကြည့်လိုက် ။ အရင်ကဆို သစ်နဲ့ဆောက်ထားတဲ့အိမ်လေးတွေကနေ ဟောခုဆို တိုက်တာ နေအိမ်တွေဆောက်လုပ်လာတဲံ့အထိ အမြင်တွေပွင့်လင်းသွားခဲ့ပြီ ။ ခုဆို ကျုပ်တို့တတွေ ဂုဏ်ယူလို့ရနေပြီ ။ ကမ္ဘာ့အဆင်းရဲဆုံး ၂၃ နိုင်ငံထဲမှာ အချမ်းသာဆုံးဖြစ်နေခဲ့တာဒါတွေကြောင့်မဟုတ်လား ။ ဘာပဲဖြစ်ဖြစ်နေ တတ်ရင်တော့ကျေနပ်စရာတွေချည်းပဲ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက် စစ်တပ်ကအာဏာလွဲပြောင်း ယူခဲ့တာကလည်း တာဝန်ယူမယ့်လူတွေ တာဝန်ယူနိုင်တဲ့အစိုးရမရှိတော့လို့ တာဝန်ဝင်ယူပေးခဲ့ရတာပါတဲ့ ။ အဲ့ ဒါကြောင့်ပြောတာပေါ့ ။ နေတတ်ရင်ကျေနပ်စရာပါဆိုတာ ။ အဲ့ဒီလိုနေတတ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ နော် ။ ခုတလော ဖဲကြိုးတွေ ပလူပျံအောင်တက်လာနေတာကလည်း မနေတတ်လို့ဖြစ်တာဆိုပဲ ။ ဟိုက တရား ၀င်ဝန်ကြီးဌာနက လှမ်းတောင်းလို့ပေးရတာကိုများ ဖဲကြိုးတွေထိုးနေရသေးတယ်လို့ ။ ခက်တော့တာပဲကွယ် ။ပြည်သူတွေဆိုတာက ပညာတွေတတ်အောင်သင်ပေးထားတာမဟုတ်တော့ ပြည်သူတွေထဲကလူတွေခန့်လို့မ ရနိုင်တာကို မသိကြဘူးနဲ့တူပါတယ် ။ ဒါရေး ဒါကျက် ဒါဖြေ ။ ဒါတို့ပြေ ဒါတို့မြေ ဆိုပြီးပြန်ကြ ။ အဲ့မှားလို့ ပြန်လို့ မရသေးဘူး ။ အတန်းပိုင်ဆရာမဆီ ကျူရှင်သွားတက်ရဦးမယ် ။ ပြီးမှပြန်ရမှာ ။ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့ ဆရာမ အိမ်ကိုပြေးကြပါစို့ ။ ဟိဟိ ။ လာမတက်ချေဘူးလား ။ ရတယ်လေ ။ အတန်းထဲမှာ ရှိစုမဲ့စု အာဏာ လေးပြလိုက်မပေါ့ ။ ပြီးတော့ပြောသေးတယ် အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့ဆိုလား ။ ကြားမိလိုက်သလိုလိုပဲ ။ ဒင်းတို့မကောင်းလို့ ငါတို့ဒီဘ၀ ရောက်နေတာလို့လည်း ကြားမိသလိုလိုပဲ ။ ဧကန္တ အိမ်က ခင်ပွန်းသည်ကြီးကို စောင်းပြောတာပဲဖြစ်မယ်ထင်တယ် ။ ခက်ချေပြီ ။ တို့နိုင်ငံ ဥသျှောင်ကြီးတွေကို ဒီလိုလှောင်နေစရာလား ။ တစ်သက်တစ်ကျွန်းကျတာ ရှစ်ရက်နဲ့ပြန်လွတ်တာဘာဖြစ်လည်း ။ ဥပဒေအရလုပ် တာလေ ။ လက်ပံတောင်းတောင် သေနတ်နဲ့ပစ်တာဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ လယ်တီသိမ်ဖျက် တာဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ သံဃာတွေ မီးလောင်ဗုံးနဲ့ပစ်တာဘာဖြစ်လည်း ဥပဒေအရ လုပ် တာလေ ။ ငါးလောင်ပြိုင်လူသတ်မှုလား ဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ကျောင်းသားတွေထောင်ထဲ ထည့်တာလား ဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ ကိုပါကြီးသတ်ခံရတာလား ဘာဖြစ်လည်း ဥပဒေအရ လုပ်တာလေ ။ ဘာပဲဖြစ်ဖြစ် အစိုးရကလုပ်တယ်ဆိုမှတ်ထား ဥပဒေအရလုပ်တာလို့ ။ ဘာလို့လည်းဆိုတော့ အဲ့သူတို့ပြောပြောနေတဲ့ ဥပဒေဆိုတာကြီးက ပြည်သူနဲ့မဆိုင် ပြည်သူနဲ့မပက်သက် ပြည်သူကိုလိုအပ်ရင် လို အပ်သလို ထောင်ထဲထည့်လို့ရအောင်လုပ်ထားတဲ့ သူတို့ပိုင်ပစ္စည်းဖြစ်နေလို့ပေါ့ ။ ထို့ကြောင့် ပြည်သူကြီးတို့ရေ မကျေနပ်လည်းကျေနပ်လိုက် ။ ကျေနပ်လည်း ကျေနပ်လိုက်လို့မပြောပေါင် ။ အားလုံးက ကိုယ့်ဒေါသနဲ့ကိုယ်ပဲ ။ ကိုယ်ဖြစ်ကိုယ်ခံ ။ ကိုယ်မှန် ကိုယ်ထု ။ ဟေ့ချဟ ဆိုပြီး လက်သီးလက်မောင်းတန်းမယ်မကြံနဲ့ ရှေ့သို့လှမ်း ချီ မြန်မာပြည် နောက်ကိုပြန်ကြည့်ဘာမှမရှိ ဆိုတဲ့ ကြော်ငြာကို ကလေးတွေဖြည့်ဆိုနေကြသလိုပဲ ပြောလိုက်ပါရ စေလို့ ။
ရွာလည်ကျောင်းကဖေသံချောင်း
Sunday, September 27, 2015
ကောလိယ ဒိုက်ဦးသမိုင်းအကျဉ်း
ဒိုက်ဟူသောစကားမှာမွန်စကား”ဍာ်”ကိုမြန်မာအသံထွက်ဖြင့်ခေါ်ရာမှ
”ဒိုက်”ဟုဖြစ်လာခြင်းဖြစ်သည်။
ရေဟုအဓိပ္ပါယ်ရသည်။”ဦး”မှာမွန်စကား”ဟဦး”ကိုမြန်မာအသံဖြင့်ခေါ်ရာမှ
”ဦး”ဖြစ်လာခြင်းဖြစ်သည်။
လျှံခြင်း၊ကြီးခြင်းဟုအဓိပ္ပါယ်ရသည်။
ထိုကြောင့်ဒိုက်ဦး်၏အဓိပ္ပါယ်မှာရေလျှံခြင်းရေကြီးခြင်းတနည်းအားဖြင့်
ရေဖုံးလွှမ်းရာအရပ်ဟုဆိုရပေမည်။
နောက်တမျိုးပြောကြသည်မှာ ၁၈၇၈ခုနှစ်တွင်ရန်ကုန်မှပြွန်တန်ဆာအထိ
မီးရထားလမ်းဖေါက်လုပ်ရာတွင်ယ္ခုဒိုက်ဦးတည်နေရာ၌အိုးအိမ်များမရှိပဲနှင့်
နှစ်ထပ်ဘူတာရုံဆောက်လုပ်ခဲ့သည်။
ထိုကြောင့်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သောဖအောင်ဝဲ၊
ဖောင်တော်သီ၊ကမာဖရုံ၊ကတုတ်၊ရှမ်းစု၊ဆာပါခြုံ၊ရွှေအင်ဒုံ၊
ဆင်စခန်း၊ဖအောင်းစုရွာများမှခရီးသွားလိုသည့်အခါဆိုက်ဆိုက် မြိုက်မြိုက်ဦးတိုက်လာရ၍
ဆိုက်ဦး၊တိုက်ဦးမှ ဒိုက်ဦးဖြစ်လာသည်ဟုဆိုသည်။
အထောက်အထားအဖြစ်ပထမဦး ဆုံးမြို့ပိုင်ဦးအောင်ကျော်၏သမီးအုတ်ဂူတွင်တိုက်ဦးဟုရေးထိုးထားသည်ကိုတွေ့ရသည်။
တရုတ်တန်းလမ်းယ္ခုအောင်ချမ်းသာလမ်းမှစတင်၍လူနေအိမ်များစတင်ပေါ်ပေါက်လာသည်။
ဒိုက်ဦးရွာကိုဒရယ်မီးရွာသူကြီးဦးလယ်ရောက်ကပူးတွဲ၍စတင်အုပ်ချုပ်သည်။
၁၉၀၈ခုနှစ်တွင်မြို့အဆင့်သို့တိုးမြှင့်သည်။
ဆိုကြသည်မှာရှေးဘုရင်များလက်ထပ်လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ခန့်က
”သစ်ထိန်ညင်”ဟုအမည်တွင်ခဲ့ပြီးအမတ်ကြီးဟန်အပိုင်စားရသောရွာဂါ မဖြစ်သည်။
တည်နေရာ၊အကျယ်ဝန်း
မြောက်လတ္တီတွဒ် ( ၈၇ံ၊၅၀ ) ၊အရှေ့လောင်ဂျီကျု့ ( ၉၇ံ၊၄၈ )တွင်တည်ရှိ
ကားလမ်းမိုင်တိုင်အမှတ် ( ၇၀ ၊ ၀ )မှ( ၈၈ ၊ ၀ )ထိ
ရထားလမ်းမိုင်တိုင်အမှတ် ( ၆၆ ၊ ၀ ) မှ ( ၈၄ ၊ ၁၄ ) အထိနှင့်အလျား(၂၆)မိုင် ၊
အနံ (၁၉)မိုင်။ဧရိယာစတုရန်းမိုင် ( ၄၇၉.၀၃ )နှင့်( ၃၁၈၀.၉၇ )ဧကရှိသည်။
အရှေ့ဘက်တွင်စစ်တောင်းမြစ်၊အနောက်ဘက်တွင်ပဲခူးရိုးမကြိုးဝိုင်းသစ်တော
တောင်ဘက်တွင်ပဲခူးမြို့၊မြောက်ဘက်တွင်ပြွန်တန်ဆာမြို့တို့တည်ရှိသည်။
မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်၊ကျေးရွာအုပ်စု(၄၄)၊ကျေးရွာငယ်ပေါင်း(၁၇၈)ရွာတို့ပါဝင်သည်။
၁။ပုဂံကွဲ ၂။အုတ်သျှစ်ကုန်း ၃။စစ်ဗိုလ်ကြီး ၄။တောင်သလဲမြောင် ၅။မှော်အင်း ၆။ဗျက်ကြီး
၇။ဆာပါခြုံ ၈။ဒိုးတန်း ၉။ဆင်ဇလုပ် ၁၀။မရမ်းချောင်း ၁၁။ပျဉ်ပုံလေး ၁၂။တကောင်း
၁၃။ရွှေအင်ဒုံ ၁၄။ကလိ ၁၅။ဒရယ်မီး ၁၆။ကမာဖရုံ ၁၇။ဖအောင်းစု ၁၈။ကျွန်းကုန်း
၁၉။သပြေတန်း ၂၀။သရက်တော ၂၁။သဲတော ၂၂။အိမ်ခြေလေးဆယ် ၂၃။ဖအောင်ဝဲ
၂၄။ပနွတ် ၂၅။သုံးခွ ၂၆။မဂ်လွန်း ၂၇။ပုကိုင် ၂၈။ဖောင်တော်သီ ၂၉။ပေါက်တပင်
၃၀။ပျဉ်းမလွင် ၃၁။ရှမ်းစု ၃၂။ပသွယ် ၃၃။အင်းသဇင် ၃၄။ပွဲတမော့ ၃၅။ကံကလေး
၃၆။ဂုံညင်းတန်း ၃၇။ဘောနီ ၃၈။ဗျိုင်းသွယ် ၃၉။မအူတန်း ၄၀။တမံကြီး
၄၁။ကတုတ်ဘုရားကြီး ၄၂။ကျိုက်စကောအရှေ့
၄၃။ကျိုက်စကောအနောက် ၄၄။အေးသုခတို့ဖြစ်သည်။
ရှေးခေတ်ကျောင်းများ
ဒုတိယကမ္ဘာစစ်မတိုင်မှီနှစ်ပေါင်း(၂၀)လောက်က
ဦးရွှေမြိုင်ကျောင်း(ယ္ခုဆောက်လုပ်ရေးဝန်းမှ ( ၉၁၉ )အိမ်အထိ ( aided school )
အင်္ဂလိပ်လက်ထက်တွင်KEM ကျောင်း(king's of Edward Middle School )
ယ္ခုအ.ထ.က ဒိုက်ဦးအနီးဟုယူဆ
ကန်ဦးအ.ထ.က(ဒုတိယကမ္ဘာစစ်အပြီး)လက်ရှိကန်ဦးဘုန်းကြီးကျောင်း
ဂျပန်ကျောင်း(ဒရယ်မီးဘုန်းကြီးကျောင်းဝင်း)
ဆရာချစ်လက်ရေးတိုသင်တန်းကျောင်း
ယ္ခုကျောင်းများ
အထက်တန်းကျောင်း
(ဒိုက်ဦး၊ဖောင်တော်သီ၊ကျိုက်စကော)
အ.ထ.က ခွဲ
(ကတုတ်ဘုရားကြီး၊ဖအောင်ဝဲ၊သုံးခွ၊လက်ပံသုံးခွ၊ဒိုက်ဦးအလယ်တန်းကျောင်း)
အလယ်တန်းကျောင်း(ဗျက်ကြီး၊တောင်သလဲမြောင်၊အိမ်ခြေလေးဆယ်၊အေးသုခ)
ဘကကျောင်း
(ကန်တော်မင်္ဂလာ၊လက်ပံသုံးခွ၊ကွင်းမြှောင်၊အုတ်သျှစ်ကုန်း၊
လက်ခုပ်ကွင်း၊ကတုတ်ဘုရားကြီး၊အလံပြ၊ပုဂံကွဲ၊အိုးဖိုစု၊ကျိုက်စကော၊ကုန်းဝိုင်းကြီး၊ပနွတ်)
စာတိုက်များ ( ဒိုက်ဦး၊ဖောင်တော်သီ၊ကတုတ်ဘုရာကြီး)
စာကြည့်တိုက်များ
(မြို့ဦးစာကြည့်တိုက်၊မြို့ပါတ်လမ်းအမှတ်(၂)ရပ်ကွက်။
ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက်၊မြို့ဝင်လမ်း(၅)ရပ်ကွက်။
ဒို့ခေတ်စာကြည့်တိုက်၊အောင်ချမ်းသာလမ်း(၂)ရပ်ကွက်။)
ဒိုက်ဦးမြို့နယ်၏သမိုင်းဝင်လှုပ်ရှားမှုများ
တောင်သူလယ်သမားတော်လှန်ရေးတွင်ဆရာစံနှင့်အတူမင်းလမ်း(၁)ရပ်ကွက်
(ယ္ခုဒေါ်ကျင်ဋ္ဌေး)ဦးမြသောင်းအိမ်တွင်ဂဠုန်တပ်ဖွဲ့များဖွဲ့စည်းခဲ့သည်။
လက်ပံသုံးခွရွာသားဆရာချစ်ဦးဆောင်၍မြက်နီကွင်းတိုက်ပွဲ၊ရွှေညောင်ပင်တိုက်ပွဲ၊
ဘူးတစ်ရာတိုက်ပွဲများဆင်နွဲခဲံ့သည်။ဆရာချစ်နှင့်သူပုန်တပ်သား(၁၀)တို့
အဖမ်းခံရပြီးညှင်းပန်းနှိပ်စက်ကာခေါင်းဖြတ်အသတ်ခံခဲ့ရသည်။
၁၉၁၈၊၁၉၁၉တွင်ဆရာတော်ဦးဥတ္တမနှင့်ဖအောင်ဝဲကျေးရွာ
မန္တလေးကျောင်းတိုက်ဆရာတော်ဦးညေးယျ၊
ဦးကောဝိဒတို့သည်ကန်ဦးကျောင်းဓမ္မာရုံတွင်နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောပြောခဲ့သည်။
၁၉၃၈၊၁၉၃၉တွင်ဒို့ဗမာအစည်းအရုံးမှသခင်ကိုယ်တော်မှိုင်း၊သခင်တင်၊
သခင်ထွန်းလှတို့ကန်ဥိးဓမ္မာရုံတွင်(မဦးတန်ဆောင်းဟုယူဆ)
နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောပြောခဲ့သည်။
၁၃၀၀ပြည့်ရေနံမြေသပိတ်တွင်KEMကျောင်းသားများ၊
ကျောင်းသားသမဂ္ဂဦးထွန်းအောင်၊ဦးပါ၊ဦးညွန့်၊ဦးကျောက်တို့သည်
ကန်ဦးကျောင်းတိုက်မဦးဓမ္မာရုံတွင်စည်းဝေးတိုင်ပင်လျက်သပိတ်တိုက်ပွဲများပါဝင်ဆင်နွဲခဲ့သည်။
၁၉၄၇ခုနှစ်ဖေဖေါ်ဝါရီလတွင်ဗိုလ်ချုပ်အောင်ဆန်းသည်ဒိုက်ဦးတာဆုံတွင်တရာဟောခဲ့သည်။
ဖအောင်ဝဲရွာသားဦးတိုးသည်ဖက်ဆစ်တော်လှန်ရေးတာဝန်ခံဖြစ်ပြီး
ဗိုလ်မြဒင်၊ဗိုလ်ဘကျင်တို့နှင့်အတူလက်တွဲကာသေနတ်(၆)လက်တည်းနှင့်
အောင်စိုးမိုးကျေးရွာတောင်ဘက်
တံတားဖြူ(ခြောက်လောင်းတံတား)မှဖက်ဆစ်ဂျပန်တို့ကို
ဒိုက်ဦးသားများနှင့်ပူးပေါင်းကာတိုက်ပွဲဝင်ခဲ့သည်။
ဒိုက်ဦးမှစစ်တောင်းဘက်သို့ဖြတ်ထွက်လာသောဂျပန်တပ်မကိုလည်းလိုက်လံတိုက်ခိုက်ခဲ့သည်။
ပြည်တွင်းစစ်တိုက်ပွဲများတွင်ဒိုက်ဦးတာဆုံတိုက်ပွဲ၊ရှမ်းစုတိုက်ပွဲ၊
ကတုတ်လက်ခုပ်ကွင်းတိုက်ပွဲများကအထူးထင်ရှားသောတိုက်ပွဲများဖြစ်သည်။
ရှမ်းစုတိုက်ပွဲတွင်ရဲဘော်လှသောင်းအားအောင်ဆန်းသူရိယဘွဲ့၊
ထောက်လှမ်းရေးတပ်ကြပ်ခင်မြင့်အားသီဟသူရဘွဲ့ကိုလည်းကောင်း၊
ကတုတ်တိုက်ပွဲတွင်ဆေးမှုးကြီးမွန်ထော်သက်ညွန့်အား
သူရဘွဲ့ကိုလည်းကောင်းနိုင်ငံတော်မှချီးမြှင့်ခဲ့သည်။
၁၉၅၀၀န်းကျင်မှစ၍ဒိုက်ဦးသားများ၏စွမ်းဆောင်မှုများသည်မြန်မာသာမက
ကမ္ဘာပါကျော်စေခဲ့သူများရှိခဲ့သည်ကိုအလွယ်တကူလေ့လာနိုင်ပါသည်။
သမိုင်းစဉ်ဆက်ဘယ်တုန်းကမှမညံ့ခဲ့သောဒိုက်ဦး
ဘယ်သူမှမမှု၊ဘယ်သူမှမတုပခဲ့သောဒိုက်ဦးအားအစဉ်အမြဲတန်ဖိုးထားနိုင်စေရန်ရည်ရွယ်၍
သမိုင်းသိမှသမိုင်းသစ်မည်။
စစ်သွေးအိမ်(ဒိုက်ဦး)
Saturday, September 26, 2015
“ ကျနော်ပြောချင်တဲ့ဒိုက်ဦးမြို့က ဒို့ခေတ်စာကြည့်တိုက်လေးအကြောင်း ”
ဒီစာကြည့်တိုက်လေး သန္ဓေတည်လာဖို့ဆိုတာ ၂၀၀၇ ကစလုပ်ဖြစ်ပေမယ့် တကယ်တော့ အဲဒီထက်ဆယ်စုနှစ်လောက်စောပြီး ဆန္ဒတွေရှိနေခဲ့တာပါ။ ကျနော်တို့ကစာချစ်တဲ့သူတွေဆိုတော့ ကိုယ့်လိုပဲကောင်းတဲ့စာပေစာမွန်လေးတွေ ကိုပြန်လည်ပြီးမျှဝေလိုတဲ့စေတနာတွေကစပါတယ်။ အဲဒီခေတ်ကာလတွေတုန်းက တည်းကလည်းကျနော်တို့ဟာ ဒိုက်ဦးမြို့ရဲ့စာချစ်သူတွေအတွက်တတ်နိုင်သ လောက်အကောင်းဆုံးတင်ဆက်မျှဝေ ပေးနေခဲ့တာပါ.။ဒီအတွက်ဘာတွေမှမျှော်လင့်မှုမရှိခဲ့ပါဘူး။ သို့ပေမယ့်လို့ကောင်း သောတုန့်ပြန်မှုတော့လိုချင်ခဲ့ပါတယ်။သို့ပေမယ့်.....သို့ပေ မယ့်ပေါ့လေ ။ထားလိုက်ပါတော့။ ကျနော်ပြောချင်တာက ဒို့ခေတ်စာကြည့်တိုက် ။ ဒါလေးဖြစ်တည်လာဖို့အစပျိုးခဲ့တဲ့မီးတောက်လေးကိုနည်းနည်းပြောပြတာပါ။ ကျနော် တို့စာကြည့်တိုက်လေးလုပ်မယ်လို့ဆိုတော့ ကျနော်တို့မှာငွေကြေးအင် အားမရှိဘူး။ ဒါနဲ့ပဲကျနော်တို့မြေနေရာရနိုင်မယ့်နေရာကိုစဉ်းစားတော့ ဘုန်းကြီး ကျောင်းတွေထဲမှာဆိုရင် ရနိုင်တယ်လို့တွေးမိတယ်။ ဒါနဲ့ပဲကျနော်တို့ ကြိုး စားကြည့်တယ်ဗျ။ သို့ပေမယ့်လို့ အမှန်အတိုင်းပြောရရင်ဘယ်သူမှလက်မခံခဲ့ကြဘူး။ စာကြည့်တိုက်ဆိုတာကို ဘုန်းကြီးကျောင်းကဘာလို့လက်မခံတာလည်းဆိုတာကို သိချင်ခဲ့တာတော့အမှန်ပဲ။ ကျနော်တို့က ဘာမှမလှူမတန်းထားလို့လား။ ကျနော်တို့ မဟုတ်တာလုပ်နေတဲ့သူတွေကြောင့်မိုလို့လား။ ကျနော်တို့ဟာ မြို့ပေါ်ရဲ့ကြေးရည် တက်လူတန်းစားထဲမှာမပါတာကြောင့်မိုလို့လား။ စသည်ဖြင့်ပေါ့။ဖြစ်ချင်တော့ မြို့ရဲ့ အဖျားနားက ဘုန်းကြီးကျောင်းတစ်ကျောင်းက လက်ခံခဲံ့တယ်။ လက်ခံတယ်ဆိုတာ ကလည်း အဲဒီဘုန်းကြီးကျောင်းကိုတော်တော်များများလှူတန်းထားတဲ့ ဒကာတစ် ယောက်ရဲ့ သားကကျနော်တို့အုပ်စုထဲမှာပါနေတာကအဓိကကျပါတယ်။ အဲဒါနဲ့ အဲဒီဘုန်းကြီးကျောင်းလေးထဲမှာ အဆောက်ဦးဆောက်ဖို့ဘုန်းကြီးနဲ့တိုင်ပင် ဆွေးနွေးမိတဲ့အခါ ကျနော်တို့ရဲ့ကြွယ်ဝ ချမ်းသာမှုကိုသဘောပေါက်သွားတဲ့ဆရာတော်က သူရဲ့တစ်ပါးကျောင်းလေးကို စွန့်တော်မှုခဲ့ပါတယ်။ ခက်ချင်တော့ အဲဒီတစ်ပါးကျောင်းလေးက ကျောင်းအနောက် ဖက်မှာဆိုတော့ ကျောင်းရှေ့ဖက်ကိုရွေ့ဖို့ခက်ပြန်ရော။ ဘာလို့လည်းဆိုတော့ ကျနော်တို့မှာ ငွေအင်းအားကနည်းနေတာကြောင့် အပိုအကုန်မခံချင်တာပါ။ ဒါနဲ့ပဲ
ကျနော်အပါအ၀င်လူငယ်တွေနဲ့ အဲဒီကျောင်းလေးကိုမရွေ့ဖို့ ကြိုးစားကြသေး တယ်။ ကျောင်းဝန်းထဲမှာရှိတဲ့ဝါးပိုးဝါးပင်တွေခုတ်ပြီးဖ်ြစ်နိုင်မလားလို့ပေါ့။ သို့ပေ မယ့်လို့ကျောင်းကတုတ်တုတ်တောင်မလှုပ်ရှာပါဘူး။ဒါနဲ့ပဲကယ်မတတ်နိုင်တော့ဘူး။ ဖျက်ချပြီးအသစ်ပြန်ဆောက်ကြစို့လို့ မလုပ်ချင်လုပ်ချင်နဲု့ဆုံးဖြတ်လိုက်ရတယ်။ ဖျက် ဆိုတော့လည်းစောစောကပြောတဲ့လူငယ်တွေနဲ့ပဲဝိုင်းဖျက်ကြတာပါပဲ။ ကျနော်က တော့အလုပ်သမားကြီးကြပ်ရေးမှူးပေါ့။ ဖျက်တဲ့နေရာမှာ အပျက်အဆီး အလေအလွင့်နည်းအောင်ကြီးကြပ်ရတာပေါ့။ သူတို့လုပ်လို့မဖြစ်နိုင်ဘူးဆိုရင် ကိုယ် တိုင်ဝင်လုပ်တော့အလုပ်သမားဖြစ်။ ကျနော်မှာ လေးလက်မသံတောင်ဖ၀ါးအလယ် တည့်တည့် စူးမိပါသေးတယ်။ ထားပါဦး။ အဲပြီးတော့လက်သမားခေါ်ဆိုတော့ ကိုယ် ရောစိတ်ပါလုပ်ပေးနေတဲ့ညီတစ်ယောက်က သူခေါ်ပေးမယ်ဆိုပြီးပြောလို့ လက်ခံလိုက်ပါတယ်။ ပိုက်ဆံသာယူသွားပြီး ပြီးအောင်မလုပ်လို့ မရှိတဲ့ကြားထဲက ငွေတစ်သောင်းဆုံးသွားပါသေးတယ်။ အဲဒီလက်သမားကစေတနာ ပါပါနဲ့တိုင်လေးတော့ထောင်သွားပေးရှာပါတယ်။ အဲဒါနဲ့ကျနော်လည်းနောက်ထပ် လက်သမားထပ်ရှာရတော့တာပေါ့။ ဒီတစ်ခါက ကိုယ့် ရပ်ကွက်ထဲကလူတွေဆိုတော့ လုပ်ပေးကြပါတယ်။ ခက်တာက ပုတ်ပြတ်ပေး ပေမယ့်လို့ သူတို့ကနေ့စားနဲ့လုပ်ပေးကြတာပါပဲ။ သူတို့နှစ်ရက်လုပ်သွားတာ ဘေးထရံကာဖို့နဲ့ ပြူတင်းပေါက်ရယ် တံတားရယ်ပဲကျန် တော့တဲ့အချိန်မှာ ကျနော်သူတို့ကို ပိုက်ဆံလိုနေသေးတယ်ဆို တဲ့အကြောင်းပြချက်နဲ့ ရပ်လိုက်ပါတယ်။ တကယ်တော့ ပိုက်ဆံထပ်အကုန်မခံနိုင် တော့လို့ကျန်တဲ့ဟာတွေကိုကိုယ်ဘာသာလုပ်မယ်ဆိုပြီး ရပ်လိုက်တာပါ။ တကယ်လည်း ဘေးပါတ်ပါတ်လည်ထရံကာတာတွေ ပြူတင်းပေါက် ဖေါက်တာတွေ တံတားခင်းတာတွေကိုကျနော်ကိုယ်တိုင်ပဲလုပ်ခဲ့တာပါ။ဝိုင်းကူကြတဲ့သူတွေလည်း ပါတာပေါ့။ ကျနော်တစ်ယောက်ထဲတော့မဟုတ်ပါဘူး။လက်သမားလိုစရွေးတော့ မကျပေမယ့်လို့ အဆောက်ဦးလေးတစ်ခုလိုတော့ဖြစ်သွားခဲ့ပါတယ်။ နောက်ကျန်တာ စာအုပ်စင်ကိစ္စ။တော်သေးတာက သူငယ်ပရိဘောဂလုပ်တဲ့တစ်ယောက်က စင်လေး ရိုက်ပေးတယ်။သစ်ကတော့ ကျနော်တို့ အရိုင်းသစ်ကို အလုံးလိုက်ဝယ်ပြီး စက်မှာခွဲ တယ်။ ဒါလည်းကျနော်ကိုယ်တိုင်သွားဝယ် သွားခွဲလုပ်ခဲ့တာပါပဲ။ ကြွားတယ်လို့ထင် မိကြရင်လည်းခွင့်လွှတ်ကြဗျာ။ စာအုပ်တွေလိုက်စုတော့လည်းကိုယ့်လိုစာသမားတွေ အိမ်ပေါ်ထိတက်ပြီး အလှူခံတာထက် အနိုင်ကျင့်တာဆိုပိုပြီးမှန်ပါတယ်။ အဲလိုနဲ့ နောက်ဆုံးတစ်ခုဖြစ်တဲ့ စာကြည့်တိုက်နာမည်ပေးဖို့ပဲကျန်ပါတော့တယ်။ အဲဒါလည်း ကျနော်ပဲနာမည်သုံးခုရွေးခဲ့ပြီး ကျန်တဲ့သူတွေကိုဘယ်နာမည်ကြိုက်လည်းဆိုတာကိုထပ်ရွေးခိုင်းခဲ့တာပါ။ သူတို့က လည်းကျနော်ပဲရွေးပါလို့ဆိုလို့ရွေးရတာလည်းဖြစ်ပါတယ်။ ဒါပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ စာအုပ်ငှားကဒ်ပြားလုပ်ဖို့ကျန်နေတာကိုလည်း ကျနော်ပဲဆက်လုပ်ခဲ့ တာပါ။ အဲဒီကဒ်ပြားမှာရေးထားတဲ့လိုဂိုလေးကလည်းကျနော်ပဲရေးထားခဲ့တာပါ။ ( ဓါတ်ပုံမရှိ သေးလို့ရှိတဲ့အခါတင်ပေးပါ့မယ် ) ကျနော်ရေးတဲ့လိုဂိုက စာအုပ်ပုံကို စာအုပ်အလယ်ကနေ အပေါ်ကိုပျံတက်နေတဲ့သဏ္ဍန်နဲ့ အဲဒီအောက်မှာကြယ်တစ် လုံးပုံလေးပါ။ အဲဒီလိုစာအုပ်အလယ်ကပျံတက်နေတဲ့ဟာကအဓိကပါပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ ခွပ်ဒေါင်းရဲ့သဏ္ဍန်ကိုယူပြီးထည့်ထားခဲ့တာမိုလို့ပါ။ အတီအကျတော့ ထည့်လို့မဖြစ်ပါဘူး။ကျနော်တို့စာကြည့်တိုက်ဖွင့်တဲ့အချိန်က ရွှေဝါရောင်တော်လှန် ရေးကာလထဲမှာဖြစ်နေလို့ပါပဲ။ အောက်ကကြယ်တစ်လုံးဆိုတာကတော့ တမင်ထည့်ထားတာမဟုတ်ပါဘူး။ ပုခုံးပေါ်ကကြယ်တွေကို ထိုးဖေါက်ပျံသန်းမယ် ဆိုတဲ့သဘောနဲ့ပါ။ ( နောက်ပိုင်းအဲဒီလိုဂိုလေးကိုပြောင်းလည်းလိုက်တော့ ရင်ထဲမှာ တော်တော်ဝမ်းနည်းမိတယ် ) တကယ်ဆိုဒို့ခေတ်စာကြည့်တိုက်ဟာ ဒိုက်ဦး မြို့မှာ ပြည်သူတွေအထဲကအစောဆုံးဖွင့်တဲ့စာကြည့်တိုက်လို့ပြောလို့ရပါတယ်။ကျနော်တို့ဖွင့်တဲ့အချိန်မှာတုန်းက အပြောခံရပါသေးတယ်။ ဒီကောင်တွေက အစိုးရကိုဖား တဲ့အကောင်တွေဆိုပြီးတော့လေ။ တကယ်က တချို့ပြင်းတန်တဲ့သူတွေ ကလည်းတော်တော်လေးပြင်းပြင်းထန်ထန်တုန့်ပြန်မှုကို ကျနော်တို့ဖက်ကလည်းပြင်းပြင်းထန်ထန်ကိုတုန့်ပြန်ခဲ့ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်စကားမပြောတော့တဲ့အထိဖြစ်ခဲ့ကြပါတယ်။ တကယ်တော့ ကျနော်တို့ တတွေစိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အခွင့်ရေးရတဲ့အခိုက်မှာ ကျနော်တို့မြို့မှာ ပြောသွားတဲ့ ပညာရေးက အရေးကြီးတယ်ဆိုတဲ့စကားကစိတ်ထဲမှာ စွဲနေတာပါ။ အဲဒီစကားကြောင့်လည်း ကျနော်တို့ဒီစာကြည့်တိုက်လေးကိုဖင်မနိုင်ပဲ ပဲကျည်းဟင်းစားခဲ့ကြတယ်ဆိုလည်း မမှားပါဘူး။အဲဒီလိုနဲ့ ဒို့ခေတ်စာကြည့်တိုက်လေးကို ၂ . ၇ . ၂၀၀၇ နေ့ကစပြီးအသက်ဝင်လာခဲ့ပါ တယ်။ အဲဒီလိုအသက်ဝင်လာခါနီးမှာ စာအုပ်တွေချုပ်တဲ့လုပ်ငန်းကိုလည်း လူငယ် တွေဝိုင်းဝန်းပြီးလုပ်ဆောင်ခဲ့ကြပါ တယ်။သူတို့တတွေဝိုင်းလုပ်ချင်အောင် ဘုန်းကြီးကျောင်းဝန်းထဲမှာပဲ ဖဲရိုက်ခဲ့ကြ တာကိုတော့ ကျနော်တားပေမယ့်လည်း ခွင့်ပြုပေးခဲ့ရပါတယ်။ လူငယ်တွေဆိုတော့ လာပြီးဝိုင်းလုပ်ပေးချင်စိတ်ရှိအောင်ဆိုတဲ့ဆင်ခြေကို ကျနော်လက်မြှောက်ပေးခဲ့ရ တယ်ဆိုပါတော့။ ကျနော်တစ်ခွန်းပဲပြောနိုင်ခဲ့ပါတယ်။အဲဒါကကြည့်လုပ်ကြပါ အလွန် အကျွံမဖြစ်ပါစေနဲ့လို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာနည်းနည်းလောက်ဖြတ်ပြောချင်တာက လူငယ်တွေရဲ့အားပဲဖြစ်ပါတယ်။ ကျနော်တို့တစ်လနှစ်လဆိုတဲ့အချိန်လေးအတွင်းမှာ စုစည်းမိလိုက်ယုံလေးနဲ့ ကျနော် တို့မြို့နယ်ရဲ့သမိုင်းမှာ ပထမဦးဆုံးစာကြည့်တိုက်လေးကိုထူထောင်မိခဲ့တာပါပဲ။ အကယ်၍များ ကျနော်တို့လူငယ်တွေ အဲဒီလိုစုစုစည်းစည်းနေခဲ့မယ်ဆိုရင်ဖြင့် ကျနော်တို့မြို့လေးအတွက်ခွန်အားသစ်တွေအစဉ်အမြဲတိုးပွားနေမှာအသေအချာပါ ပဲ။တကယ်လည်းကိုယ်ရတဲံ့မုန့်ဖိုးလေးကနေ ဖဲ့ပြီးကိုယ်ရောစိတ်ပါဝိုင်းလုပ်ခဲ့ကြတဲ့ လူငယ်တွေကို ဒီနေရာကနေကျေးဇူးတင်ကြောင်းမှတ်မှတ်ယယပြောလိုပါတယ်။ တစ်ဦးချင်းစီမပြောနိုင်တာကိုတော့နားလည်ပေးစေချင်ပါတယ်။ သို့ပေမယ့်လို့အားလုံးထဲကနေ ထုတ်ပြီးကျေးဇူးတင်သင့်တဲ့သူတွေလည်းရှိပါတယ်။ အဲဒီသူတွေက ကျနော် သူငယ်ချင်းစာရင်းထဲမှာရှိကြတဲ့ ကိုသန့်ရှင်းထွဏ်း ကိုစည်သူ မအိနှင့်းထက် တို့ပဲဖြစ်ပါတယ်။ ကိုသန့်ရှင်းထွဏ်းဆိုရင်လည်း အိမ်ထောင် ကျသွားမှပဲ စာကြည့်တိုက်နဲ့ပက်သက်ပြီးဝိုင်းမလုပ်တော့ပေမယ့်လို့ အရေးပေါ်လာတဲ့အချိန်တွေမှာ လိုအပ်သလိုဝိုင်းကူနေတုန်းပါပဲ။ ကိုစည်သူကတော့ ကျနော်အတွက် ဒီစာကြည့်တိုက်လေးဆောက်လုပ်နေစဉ်ကာလမှာ တကယ်အားကိုး ရတဲ့သူပါ။ သူကလည်းခက်တာက စာကြည့်တိုက်လေးလုပ်လို့ မပြီးခင်မှာ မိန်းမခိုးပြေးသွားတယ်။ ( စည်သူရေ စိတ်မရှိနဲ့ ) နောက်မအိနှင်းထက် ဆိုတာကလည်း ကျနော်တို့ စာကြည့်တိုက်လုပ်မယ်လို့ဆိုပြီးအလှူခံတဲ့အချိန် ငွေ တစ်သောင်းတိတိလှူလိုက်တာက အဲဒီအချိန်တုန်းကအလှူခံလို့ရတဲ့အထဲမှာ သူအများဆုံးပါပဲ။ နောက်စာကြည့်တိုက်အတွက်အလှူငွေလိုရင်လိုသလိုထည့်ဝင် လှူဒါန်းပေးသလို စာအုပ်တွေလည်းလာလှူပေးနေတုန်းဖြစ်ပါတယ်။ ကျနော်တို့က သာသူတို့ရဲ့အဖွဲ့လေးကို ဘာမှမထောက်ပံ့ပေးနိုင်ခဲ့တာပါ။ သူကတော့ယနေ့ထိလို့ ပဲပြောရတော့မှာပါပဲ။ အော်နောက်တစ်ခုကျေးဇူးတင်ရမှာက ပဲခူးမြို့က ကော်စမိုပို လီတန် စာကြည့်တိုက်ကိုပါပဲ။ အဲဒီစာကြည့်တိုက်ကနေ ကျနော်တို့စာအုပ်တော်တော် များများကို အလှူခံရရှိခဲ့ပါတယ်။ နောက်စာအုပ်ရှိတဲ့ နေရာတွေကိုလည်းလိုက်ပို့ပေးခဲ့ပေမယ့် လည်းကျနော်တို့မ၀ယ်နိုင်ခဲ့ပါဘူး။ စာအုပ်တွေကတော့စာအုပ်အကောင်းတွေဖြစ်ပါ တယ်။ အရင်တုန်းကထုတ်ဝယ်ခဲ့တဲ့ ပထမအကြိမ်စာအုပ်တွေချည်းပါပဲ။ တကယ်လို များလက်ထဲမှာလုံလုံလောက်ငွေကြေးရှိခဲ့မယ်ဆို တော်တော်ကောင်းမှာ။ဒါပေမယ့် လည်း သက်ပြင်းချခဲ့တာနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။ ဒီလိုနဲ့စာကြည့်တိုက်လုပ်ငန်း လည်ပါတ်တော့မယ်ဆိုတော့ ကျနော်တို့ဒီစာကြည့်တိုက်ကိုဦးဆောင်လုပ်ခဲ့တဲ့သူအား လုံးက စာကြည့်တိုက်ပုံစံနဲ့ သွားမလားဆိုတာကိုတော်တော်လေးစဉ်းစားခဲ့ကြပါတယ်။ တကယ်လို့များစာကြည့် တိုက်ပုံစံနဲ့သွားခဲ့မယ်ဆိုရင် လူထုနဲ့နီးစပ်မှုမရှိဘူးလို့ကျနော်တို့သုံးသပ်မိကြတာနဲ့ အငှားဆိုင်ပုံစံနဲ့ စာကြည့်တိုက်ပုံစံကိုရောမွှေလိုက်တယ်။ စည်းကမ်းချက်တွေတင်း တင်းကျပ်ကျပ်ထားတာကိုလျော့ချပစ်လိုက်တယ်။ ကျနော်တို့အားလုံးက စာအုပ်တွေ ပျောက်သွားခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလည်းဆိုတဲ့အဖြေကတစ်ခုထဲ ထွက်ခဲ့ကြပါတယ်။ ဘာလည်းဆိုတော့ တကယ်လို့စာအုပ်ကိုယူသွားတဲ့သူဟာ အဲဒီ စာအုပ်ကို သူမဖတ်မိဘူးထားဦး တစ်ချိန်မှာတော့ဖတ်မိနိုင်ပါတယ်။ငါတို့လုပ်တာကလည်းလူတွေကိုစာဖတ်စေချင်တာ ဖြစ်တဲ့အတွက် ပျောက်ဆုံးသွားတဲ့စာအုပ်တွေအစား ပြန်ဖြည့်နိုင်အောင်ကြိုးစားကြ တာပေါ့လို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့စာကြည့်ုတိုက်လုပ်ငန်းလေးလည်ပါတ်ဖို့အတွက် ကျနော်တို့မှာလူတစ်ယောက်ငှားရပါတယ်။ အဲဒါကိုတော့ ရဲမိသားစုထဲကမိန်းကလေး တစ်ယောက်ရပါတယ်။ လစာက ( ၁၅၀၀၀ )နဲ့လို့ထင် ပါတယ်။ ကိုယ်ကိုယ်တိုင်ပေးနေတာဖြစ်ပေမယ့်လို့အတိအကျမရေးနိုင်တာကို ခွင့်လွှတ်။ ကျနော်တို့ကလည်း သူ့ကိုသိပ်များများသင်ပေးစရာမရှိပါဘူး။ သူ့ကိုလည်း ကျနော်တို့သဘောထားတွေ ဒီစာကြည့်တိုက်လေးရဲ့အဓိကရည်ရွယ် ချက်တွေလောက်တော့ပြောပြထားပါတယ်။ ဒီလိုလုပ်ငန်းလည်ပါတ်ဖို့အခက်အခဲမရှိ ပေမယ့်လို့ ကျနော်တို့ စာကြည့်တိုက်အမိုးက သွပ်အဟောင်းတွေဆိုတော့ မိုးကိုပဲစိတ်မချမိတာတစ်ခုပဲရှိပါ တယ်။ အော်မေ့တော့မလို့ ကျနော်တို့ကို လျှပ်စစ်မီးဆင်ပေးတဲ့အောင်ဇော်လင်းကို လည်းကျေးဇူးတင်ဖို့ကျန်နေခဲ့တော့မလို့။ မှတ်မိသလောက်ပေါ့ဗျာ.။ ကျန်တဲ့သူတွေ လည်းရှိကိုရှိမှာပါ ။သေချာတာကတော့ လူငယ်တွေအားလုံးဝိုင်းစုပြီးလုပ်ထားတယ် ဆိုတာပါပဲ။ ဦးဆောင်သူရယ် နောက်လိုက်ရယ်ဆိုတာထက်ကိုယ်လုပ်နိုင်တဲ့ဖက် ကအားလုံးဝိုင်းလုပ်ခဲ့ကြတယ်ဆိုတာကတော့ ဘယ်လိုမှဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ရေးရင်းနဲ့ပေါ်လာတာက ကျနော်တို့ကို အလှူငွေရအောင်လို့တွေ့သမျှသူငယ်ချင်းတွေကို လည်ပင်းညှစ်ပေးတဲ့ စုဖြူထွေးကိုချန်ထားလို့မဖြစ်သေးပါဘူး။ ကျနော်ဒီစာကြည့်တိုက်ကို စတင်လည်ပါတ်တဲ့အချိန်ကစပြီးတော့ တစ်နှစ်ကျော် နှနှစ်နီးပါး ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရပ်တည်နိုင်ဖို့အတွက်အဓိက အရေးပါတဲ့သူတွေကတော့ စောစောက မစုဖြူထွေးနဲ့ ကိုသန့်ရှင်းထွဏ်းပါပဲ။ကျနော် ကစာကြည့်တိုက်ပုံမှန်သွားပြီး ကြည့်ပေးတယ်ဆိုယုံလောက်ပါ။ သူတို့က လိုအပ်တဲ့ အလှူငွေကိုရှာပေးကြတာပါ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ကိုယ့်ထဲကလူတွေက ဆိုင်ကယ်ကိုယ်စီနဲ့ရှိနေတဲ့အချိန်မှာ ကျနော်ကစက်ဘီးတစ်စီးနဲ့ သွားသွားကြည့်ရတာတော့ သိပ်မမိုက်ဘူး။ အဲဒီအချိန်တုန်းက စာအုပ်တွေဆိုတာက လည်းကိုယ့်ဒိုက်ဦးထဲကပဲ လာလှူတာရော အလှူခံတာပါ။ တခြားတနယ်တကြေးက ထောက်ပံ့တာတော့ လုံးဝမရှိတာသေချာတယ်။ အော်ပြော ရဦးမယ် ။ ကျနော်တို့စာကြည့်တိုက်ဖွင့်မယ်ဆိုတော့ ဒိုက်ဦးပြန်ကြားရေးကို ကျနော်တို့အကြောင်းကြားတယ်။ သူတို့ကဘာပြောလည်းဆိုတော့ ဖွင့်ပွဲလေးလုပ် ချင်တယ်။နောက် ဒီအကြောင်းဆောင်းပါးလေးရေးချင်တယ်လို့ပြောတယ်။ ကျနော် တို့ကလည်း သွားပြောကတည်းက ရှင်းပါတယ်။ ဒီလိုလုပ်တယ်ဆိုတာ နာမည်လိုချင် လို့လည်းမဟုတ် သူတို့ဆီကလည်းထောက်ပံ့ကြေးလိုချင်လို့မဟုတ်ဆိုတာကိုတစ်ခါ တည်းပြောထားပါတယ်။ စောစောကသူဖြစ်ချင်တာကိုတော့ ကျနော်အတိအကျအဖြေမပေးပဲ ဝေ့လည်ကြောင်ပ်ါတ်လုပ်ခဲ့တယ်။ ဘာလို့လည်းဆို တော့သွားပြောတာကလည်းကျနော်ပဲဖြစ်နေလို့လေ။ နောက်ဆုံး ကျနော်ပြတ်ပြတ်သားသားပဲ သူတို့တောင်းဆိုတာမဖြစ်နိုင်ကြောင်းပြောလိုက်တယ်။ အဲဒီအချိန်တုန်းက နယ်တွေမှာ စာကြည့်တိုက်တွေလိုက်ဖွင့်တဲ့ရောဂါကလည်း မပျောက်သေးဘူးလေ။ ဒီတော့ ကျနော်တို့လုပ်ထားတာက သူတို့အတွက်နာမည် ကောင်းရနိုင်တာသေချာတာပေါ့။ အဲဒီလိုသက်ဆိုင်ရာအဖွဲ့အ စည်းတွေနဲ့လည်းရင်ဆိုင်ရသလို ကိုယ့်ဒီမိုကရေစီလို့အော်အော်နေတဲ့အဖွဲ့တွေနဲ့ လည်းရင်ဆိုင်ခဲ့ရတယ်။ ဘယ်သူတွေအကောင်းပြောခဲ့သလည်း ဘယ်သူတွေ ထောက်ပံ့ခဲ့သလည်း ကျနော်တို့ကောင်းတာလုပ်တာကို အရှင်းဆုံးပြော ရရင် ဘယ်သူမှမထောက်ခံခဲ့ကြပါဘူး။ သို့ပေမယ့်လည်းဒါတွေကို ကျနော်တို့ဂရုစိုက်နေလို့မဖြစ်ဘူး။ ကျနော်တို့လုပ်စရာရှိတာကိုတော့ နိုင်တဲ့ဝန်ကို ဆက်ထမ်းသွားရမှာပဲဖြစ်ပါတယ်။ ( ကျနော်ကို လူမှုရေးရောနားလည်ရဲ့လားလို့ပြော တဲံ့ သံဃာတစ်ပါးကိုလည်းဒီစာဖတ်စေချင်ပါတယ်။ ) ကျနော်လုပ်တာလေးနည်းနည်း နဲ့စကားကြီးစကားတွေပြောနေတယ်လို့မမြင်စေချင်ပါဘူး။ ဒီကိစ္စဟာအရေးကြီးပါတယ်။ ဘာလို့အရေးကြီးသလည်းဆိုတော့ ကျနော်တို့မြို့ရဲ့ လိုအပ်နေတဲ့အချက်တွေအများကြီးဆိုတာဒီကိစ္စမှာ လုံးဝပေါ်လွင်နေတာကြောင့်ပါ။ အဲဒါကို သိစေချင်တဲ့အတွက်ကျနော်ပြန်ရေးပြနေခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ကချော်ကချွတ်စာကြည့်တိုက်လေးပြီးတော့မှ ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက် မြို့ဦးစာ ကြည့်တိုက်နဲ့ အခုနောက်ဆုံး ဇဗ္မူရတနာစာကြည့်တိုက်ဆိုပြီးဖြစ်လာတာပါ။ စာကြည့်တိုက်တွေဖွင့်တာပဲမကောင်းဘူးလားလို့မေးစရာမလိုပါဘူး။ကောင်းပါတယ်။ မကောင်းတာက ညီညွတ်ခြင်းမရှိကြတာပါ။ စာကြည့်တိုက်တွေရှိပေးမယ့် ထိရောက်တဲ့ဆောင်ရွက်မှုမျိုးမရှိဘူး။ ကျောင်းမှာစာသင်တဲ့ဆရာဟာ စာကြည့်တိုက် နဲ့ဘာမှမဆိုင်ပါဘူး။ စာရေးတဲ့စာရေးဆရာလည်း ပက်သက်ရုံပဲရှိပါတယ်။ စာကြည့် တိုက်ဆိုတာက သီးသန့်ပညာရပ်တစ်ခုလိုရှိတဲ့အရာပါ။ ဒါကိုငါစာဖတ်နိုင်တယ်။ ငါ စာအုပ်တွေဝယ်နိုင်တယ်ဆိုပြီး လုပ်ရင်စာအုပ်ပေးဖတ်တဲ့အဆင့်ပဲရှိပါတယ်။ အဲဒါကို ကျနော်တို့တတွေကိုယ့်ကိုကိုယ်အထင်ကြီးပြီးလျေက်လုပ်နေကြတာပါ။ ကျနော်ကိုယ် တိုင်လည်းပါပါတယ်။ ကျနော်ပွင့်ပွင့်လင်းလင်းပြောပါမယ်။ ဒီစာကြည့် တိုက်ကိုအဓိကတည်ထောင်သူနှစ်ဦးက ကျနော်တို့မြို့ကလက်ရှိနိုင်ငံရေးစာရေးဆရာ ကဗျာဆရာနှစ်ဦးဖြစ်တဲ့ စစ်သွေးအိမ်နဲ့ ဧသစ်ပါ ။ ကျနော်တို့ရေးနေတာတွေကိုမတွေ့ဖူးဘူး ဖတ်ချင်ပါတယ်ဆိုရင်စာအုပ် လာယူပါ။ ကျနော်တို့သက်သေပြနိုင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့စာရေးတယ် ဆိုတာက နာမည်လိုချင်လို့မဟုတ်ဘူး။ စကားကြီးစကားကျယ်ပြောရမယ်ဆိုရင် ခေတ်ကပေးလာတဲ့တာဝန်ကို ဦးမညွတ်ပဲ ထမ်းရွက်နေတာပဲဖြစ်ပါတယ်။ ကျနော်တို့ကိုဘယ်သူမှတာဝန်လာပေးလို့မရပါ။ တာဝန်လာပေးလျှင်လည်း ခေတ်နဲ့နှိုင်းယှဉ်ကြည့်မှာဖြစ်ပါတယ်။ တာဝန်နဲ့ကူညီခြင်း မတူတာကိုတော့နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ကျနော်တို့က ကိုယ့်မြို့ကိုယ့်ရွာအတွက်တတ်နိုင်တဲ့ဖက်က ကူညီနေခြင်းဖြစ်ပါတယ်။ ကိုယ့်မြို့က ကိုယ့်ကိုပြန်မကူလည်းကျနော်တို့နဲ့မဆိုင်ပါဘူး။အရေးကြီးတာက ကိုယ်လုပ်သာဖြစ် ပါတယ်။ အပြစ်တင်လည်းစိတ်ဆိုးမှာမဟုတ်ကြောင်းအသိပေးလိုပါတယ်။ အရေးကြီးတာက ကိုယ့်မြို့ကိုယ်ဒေသဟာ ကိုယ့်အရပ်မှာဘာမှမဖြစ်ပေမယ့်လို့ ဒီထက်ပါတ်ဝန်းကျင်ကျယ်လာတဲ့အခါကြရင် အဲဒီပါတ်ဝန်းကျင်သေးသိမ်စရာဖြစ်တာ မျိုးကျနော်တို့လက်မခံနိုင်ဘူး။ဒါဟာကျနော်တို့ရဲ့မြို့ချစ်တဲ့စိတ်ပဲ။ ကိုယ့်မြို့ထဲက အခြားခြားသောဒေသတွေစီ လုံလောက်လို့ပေးလိုက်ရတာမျိုးကိုကြိုဆိုပေမယ့်လို့ မလုံလောက်ပဲ တစ်စုံတစ်ရာပေးလိုက်ရတာမျိုးကိုလည်းမကြိုက်ဘူး။ဖြစ်နိုင်ရင် တော့ ကိုယ့်အရပ် ကိုယ့်ဒေသအကြိုးကို အပေးအယူတည့်စွာဆက်လှမ်းချင်ပပါတယ်။
( ဆက်ရေးပါဦးမယ် ) ဒီစာထဲမှာကိုယ်ရေးကိုယ်တာတွေများသွားခဲံ့ရင်ခွင့်လွှတ်
ကဗျာနှင့် ဆေးကြောထားသောအတ္တမဲ့နှလုံးသား.
ဒိုက်ဦးသားများအတွက်.....အမှတ်တရပြန်လည်ဖေါ်ပြပါသည်။
UZa Wana wrote a new note:
စိတ်ဘဏ္ဍာတိုက်ထဲ သိမ်းထားသော အဖြစ်အပျက်တွေဆိုတာက တိုက်ဆိုင်မှု ခလုတ်တချက်ထိလိုက်ရုံနှင့် ဝေါကနဲထွက်ကျလာစမြဲ မဟုတ်လား။ဒီတော့ပြောမကုန်အောင်ရှိနေတော့သည်။ ကိုခင်ဇော်တစ်ယောက် အတိတ်ရဲ့ ခေါ်ရာကို စီးမျောရင်း ဖွင့်ဟလာသော စကားလုံးတိုင်းမှာ အလွမ်းဓာတ်ပါနေသည် ။ စိတ်ထဲသိမ်းထားသော သူ့တပ်ရင်းမှူး၏ အကြောင်းအရာတွေသည် သူ့အတွက် လတ်လတ်ဆတ်ဆတ် ကြီးရှိနေဆဲ။ အဖြစ်အပျက်တို့ကို နှုတ်မှ သွန်ချနေယုံ မဟုတ်တော့ မျက်ဝန်းကပါ စကားပြောနေမှန်းသိသာသည်။ ရင်ထဲက လာသောအသံက နားထောင်ရသူကို ပိုလေးနက်စေတော့သည်။ အဖြစ်အပျက်လေး တစ်ခုကို သူပြောပြနေစဉ် သူနှင့် သူ့တပ်ရင်းမှူး ဆက်ဆံရေးကို သာမက နှစ်ဦးးသား၏ ကျောင်းသားတပ်မတော် အပေါ် ထားသော တကယ့်စေတနာ ကိုတွေ့လိုက်ရသည်။
“တပည့်တော် မဲဟောင်ဆောင်မှာ ရဲဖမ်းတုန်းက အဖြစ်အပျက်လေးကိုပြောပြရဦးမယ်”
သူရဲ့အဖြစ်အပျက်နှင့် ဗိုလ်တိုက်မောင်းကိုတွဲ မှတ်မိနေသာ ကိုခင်ဇော် ၊ဒီအဖြစ်အပျက်လေးလိုမျိုး သူ့ထံမှာများစွာ ရှိမည်ဆိုတာ ယုံသည်။ ဒီတော့ သူ့စကားကိုသေချာ နားစိုက်ထားလိုက်သည်။
“ထိုင်းဆိုတာက သိတဲ့အတိုင်းပဲဦးဇင်းရာ ရဲနဲ့ လိုက်တမ်းပြေးတမ်း ကစားနေရတာ တပည့်တော်ကို ရဲကဖမ်းမိသွားတယ် ရွေးရင် ချက်ခြင်းလွတ်တဲ့ ကိစ္စပါ တပည့်တော် အဖမ်းခံရတယ်ကြားတော့ ကိုတိုက်မောင်းဆီက စာလေးတစောင်ရောက်လာတယ်”
ဦးဇင်းရဲ့အတွေးထဲမှာက လက်အောက်ငယ်သားတွေ အတွက်ဆို နက်နက်နဲနဲ အသိစိတ်ရှိနေသူတယောက်မို့ သူ့တပ်သားအတွက် ငွေထုပ် ပိုက်ပြီး အပြေးလိုက်လာမည်တွက်လိုက်မိသည်။
“စာထဲ ဘာပါတယ်ထင်လဲ မင်းကိုရွေးဖို့ငွေ ငါ့မှာအဆင့်သင့်ရှိပါတယ် မင်းကို ပေးလိုက်ရမည့်ငွေဟာ ဒီကရဲဘော်တွေတလစာပဲ ဒီတော့ကွာ အဲ့ဒီမှာပဲ ဆက်နေလိုက်ဦး ဘာအလုပ်မှလုပ်ရတာမှ မဟုတ်တာ အေးအေးဆေးဆေး အနားယူလိုက်ဦးပေါ့ တဲ့ဗျာ”
သူဒုက္ခနှင့် ကြုံတွေ့ရတာကိုပင် လွမ်းမောစရာဖြစ်နေသည်။ သူ့တပ်ရင်မှူး၏ လက်အောက်ငယ်သားတွေအတွက် ထားသောစိတ်
ဓာတ်ကို လွမ်းတ နေတာ သေချာသည်။ ဒီလို အဖြစ်ပျက်မျိုးက သူတော်လှန်ရေးမရောက်ခင် ဒိုက်ဦးမြို့မှာ ကျောင်းဆရာလုပ်သော ၁၉၈၆-၈၇ နှစ်များဆီကို ပြန်လည် အမှတ်ရမိတော့သည်။
အိမ်ခြေလေးဆယ်ရွာလေးက တွဲဘက်အလယ်တန်းကျောင်း စလုပ်သောနှစ်မှာပင် သူကျောင်းဆရာ ဝင်လုပ်သည်။ သူ၏ အနစ်နာ ခံမှု နောက် စာသင်တာမှာ စေတနာပါမှု ဝင်ရောက်လုပ်ကိုင်သော ကျောင်းဆရာအားလုံး၏ လေးစားယုံကြည်ခံရမှု စတာတွေအပြင် ကျောင်းကော်မတီ၏ အားကိုးအားထား ဖြစ်မှုတွေပါထပ်ဆင့်လိုက်တော့ ကျောင်းအုပ်နေရာကို အားလုံးသဘောတူ လိုလိုလားလား တင်မြှောက်မှုကိုခံခဲ့ရသည်။
နွမ်းပါးသောမိသားစု၏ အကြီးဆုံးသားဖြစ်လာရမှုကပင် သူ့ကို ဒီလို အမူအကျင့်တွေပေးလိုက်လေရော့သလားမသိ။ မိသားစုအတွင်း ညီ ညီမတို့ အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း အတူလုပ်ဖော်ကိုင်ဖက်တွေ အတွက် လိုအပ်လျှင် လိုအပ်သလို မားမားမတ်မတ် ရပ်တည်ပေးမှုဆိုတာ သူ့ ဘဝအတွက်မဆန်းတော့သော လုပ်နေကျ အလုပ်ဖြစ်နေတော့သည်။ သူကျောင်းဆရာဘဝမှာ အတူတူ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာများ၏ ဆန္ဒကိုသူသိနေရသည်။ ထိုကိစ္စက သူလည်းရင်ဆိုင်နေရသော ကိစ္စတစ်ခုဖြစ်သည်။ မလောက်ငှသော လစာအတွက် ဘယ်သူကမှမပြောရဲ ။ ဒါကိုသိသော ကျောင်းဆရာ ကိုမင်းအောင် (ကိုတိုက်မောင်း၏ တော်လှန်ရေးထဲ မရောက်မှီက နာမည်) သူ့ကို အားလုံးကယုံယုကြည်ကြည် အပ်နှင်းထားသော ခေါင်းဆောင်မှုကို သူတန်ဖိုးထားသည်။ အရေးကြုံလာလျှင် ရှောင်ထွက်ပြေးသောသူစားမျိုးမဟုတ် ။ တောင်းဆိုမှုကို သူစတင်လိုက်သည်။ ကျောင်းကော်မတီနှင့် အတိုက်အခံလုပ်ပြီး ပြောဆိုရသောကိစ္စမို့ မအောင်မမြင်ဖြစ်လာသောအခါ သူထိုကျောင်းက ထွက်ပေးလိုက်ရသည်။ အားလုံအတွက် အကျိုးရလာဒ်ကောင်း တစ်ခုရဖို့ သူအနာခံ အမုန်းခံလုပ်ပေးတတ်တာတွေ များစွာရှိသည်။
သူတွဲဘက် ကျောင်းဆရာကပြုတ်တော့ ပုထုဇဉ်ပီပီ တော်တော်ခံစား ရသည်။ ကျောင်းကိုရောက်လာတော့ စိတ်ပျက်လက်ပျက် ခြေကုန် လက်ပမ်းကျ နေသည့်ဟန် ကိုတွေ့ရသည်။ အများအတွက် အနာခံရသော သူ့အဖြစ်ကို သူပြန်တွေးမိတော့ စိတ်အနာက သက်သာသွားပုံရသည်။ ကျန်ဆရာများက ဒီကိစ္စ စကားမဟ။မတောင်းဆို။ ဒါကိုလဲ သူကပဲ စီစဉ်ထားခြင်းဖြစ်သည်။ တယောက်မှမပြောကြဖို့ ။ သူတယောက်ထဲ အမုန်းခံပြောမည်။ အောင်မြင်လာလျှင် အားလုံးခံစားကြ။ အဆင်မပြေ မအောင်မြင်လျှင် သူတယောက်တည်း ရင်ဆိုင်သွားမည်။ ဒီသတင်း စကားကို ကြားသိရသောလူတိုင်းက သူ့စိတ်ဓာတ်ကို အသိအမှတ်ပြု ကြရသည်။ ဘဝမှာ အများအတွက် အနာခံရခြင်းကိုဂုဏ်ယူ စရာအဖြစ် တန်ဖိုးထားတည်ဆောက်ထားသူတယောက်။ အများအကျိုးရှိဖို့ဆိုလျှင် တစ်ဦးတစ်ယောက်ထဲက အနာခံလိုက်ရခြင်းကို သူကလုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်ဟု စွဲစွဲမြဲမြဲ လက်ခံထားသူ။ ဒီစိတ်ဓာတ်က သူ့စိတ်ဓာတ်ထဲသံမှိုနှင့်ဆွဲသလို ခိုင်ပြီးသား။ ဒီတော့ ကိုခင်ဇော်ပြောပြသည့် စကားမျိုး ကြားသိလာရခြင်းကို ဦးဇင်းကတော့ အထူးအဆန်းဟုမထင်မိ။
“မင်းတယောက် အနာခံရတာ တပ်သားအားလုံးတလစာပါကွာ” တဲ့။
သူနှင့်အတူနေ အရင်းနှီးဆုံးသူကို ကယ်ဖို့ ထက် တပ်တခုလုံးအရေးကို ရွေးချယ်လိုက်သည်ကို ကိုခင်ဇော်ကလည်း ကျေကျေနပ်နပ် လက်ခံသည်။ သူကိုယ်တိုင်အဖမ်းခံရလျှင် တောင်မှ ငါ့လာမရွေးနဲ့ ၊ငါ့ရွေးမည့်ငွေကို တပ်သားအားလုံးတလစာအဖြစ်သုံကြလို့ ပြောလာမည်ကို ကိုခင်ဇော်က သိနေသည်။ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အချုပ်ခန်းထဲရှိ ကိုခင်ဇော်ကို ဗိုလ်တိုက်မောင်းလာတွေ့သည်။ လက်ထဲမှာ ရေသန့် တပုလင်းပါလာသည်။
“ရေတပုလင်းတော့ပါသေးသားပဲ”
ကိုခင်ဇော်၏ ရယ်ရယ်မောမော ဆီးကြိုပြောပြသောစကားကို
“ဒါတောင် လမ်းမှာသောက်ဖို့ တယောက်ကထည့်ပေးလိုက်တာ မသောက်ပဲ ယူလာခဲ့တာ”
တကျပ်တပြားကအစ သူကိုယ်ကျိုးအတွက် မစဉ်းစားသူဖြစ်သည်။အကျိုးမဲ့ အလဟဿ ငွေကို အကုန်မခံ။ လက်အောက်ငယ်သားများနှင့် အတူတူ အစားအသောက် အနေအထိုင်က သူပိုပြီး ယူတာမရှိ ဟုဆိုသည်။ ခေါင်းဆောင်မို့ အခွင့်အရေးပိုယူတာကို သူအင်မတန်စက်ဆုပ်သည်။ ကိုခင်ဇော် ပြောစကားထဲပါသော စကားတခွန်းက အခွင့်ထူးကိုပိုယူသူကို သူ မလိုလား ဆန့်ကျင်ကြောင်းထင်ရှားစေသည်။
“တခါကပေါ့ ဦးဇင်းရယ် နဲနဲ ရာထူးကြီးတဲ့ သူတွေပါပဲ ထမင်းစားပြီးသားပုဂံကို တပ်သားတယောက်က ဆေးပေးနေတာတွေ့တော့ အော် ခင်ဗျားတို့ က အခွင့်ထူးခံတာလားလို့ ဝေဘန်တာ သူလဲ လက်အောက်ငယ်သားကို ဒီလိုအသေးအဖွဲ့လေးကအစ မလုပ်ခိုင်းဘူးသူများတွေ လုပ်နေတာဆိုလဲ ပြတ်ပြတ်သား ပြောတာ သူ့က ဒီလိုပြောတတ်ဆိုတတ်တော့ တပ်ထဲမှာလဲ အငယ်ဆုံးတပ်သားလေးကအစ သူ့ကိုချစ်ကြတယ်”
သူ့တပ်ရင်းမှူးအကြောင်းကို မမောနှိုင် မပမ်းနှိုင်ပြောပြရင်း ဦးဇင်းနှင့် မထင်မှတ်ပဲလာရောက်ဆုံတွေ့ရတာကို သူဝမ်းသာနေသည်။ ဦးဇင်းကလည်း တော်လှန်ရေးနယ်မြေထဲ သူ နေပုံထိုင်ကအစ သူလှုပ်ရှားမှုတွေကို တွေ့သူတိုင်း မေးနေကြ ။ ဗိုလ်တိုက်မောင်းနှင့် တကယ်အတူတူ နေခဲ့ရသော ရဲဘော်ကို ကိုခင်ဇော် အပြင် အခြားတယောက်ကိုလည်း တွေ့ဘူးခဲ့သေးသည်။ အခုကိုခင်ဇော်က ပထမဦးဆုံးမေးမြန်းခွင့်ရသူတော့ မဟုတ် ။တခါတုန်းက ထောင်ထဲမှာ သူတပ်သား တစ်ယောက် နှင့်အတူတူနေခဲ့ရသေးသည်။ ထောင်ထဲ တွေ့ခဲ့ရသော သူ့ရဲဘော်တုန်းကလည်း ဗိုလ်တိုက်မောင်းက ကျန်ခဲ့သော ဇာတိမှ မိတ်ဆွေများနှင့် သူပါဝင် ဆင်နွှဲခဲ့ရသော ပွဲလမ်းသဘင်တွေအကြောင်းကို မကြာခဏ ပြောပြပုံ ၊သူမိတ်ဆွေ ဘုန်းကြီးတပါးရှိပုံတွေကို ပြောပြသည်ဟု ဆိုသည်။ ထောင်ထဲ မှာ စကားစပ်မိတိုင်း သူ့တပ်ရင်မှူးပုံရိပ်တွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောပြခဲ့ဘူးသည်။ ၁၂လရာသီ သီချင်းထဲကလို ကိုယ့်ဇာတိမြေဆိုတာက ပွဲတွေက လတိုင်းအပြည့်။ ဒီတော့ ယုံကြည်ချက်အတွက် ဇာတိမြေကိုခွဲခွါခဲ့ရသော်လည်း နှလုံးသားရှိသော သူတိုင်းရဲ့ ဖြစ်မြဲသော အိမ်လွမ်းစိတ်တို့က သူ့ကို ကဗျာတွေ စာတွေ ရဖို့ကုန်ကြမ်း ဖြစ်ခဲ့ရပြန်သည်။ခုဆောင်းပါးရေးနေရင်း ငုရင်ပြင်က သူ့ကဗျာတွေကို ဖတ်မလို့ကြည့်လိုက်တော့ သူကိုယ်တိုင်အဆုံးမသတ်နှိုင်ခဲ့တဲ့ကဗျာမှာ
၁။ လောကပါလတရား
(…. တခါတလေ)
မစို့မို့လေး လိမ္မာနေတဲ့ညမှာ
ကဗျာဆရာ
အမေ့ကို ကန်တော့ လိုက်ချင်တာ လက်ကုန်ပဲ။
ဒီလို အစချီထားတာကိုတွေ့လိုက်ရတော့ သူ့နှလုံးသားကိုပါလှမ်းမြင်လိုက်ရပြန်သည်။ အတ္တကို နဲနှိုင်သမျှ နဲအောင် တည်ဆောက်ရင်း သူ့တပ်သားတွေအတွက် နောက် သူ့ယုံကြည်ချက်အတွက် အာသာငမ်းငမ်းတမ်းတတဲ့ ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် ကဗျာရယ် စွန့်လွှတ်မှုရယ်ကိုသူ အဖော်ပြု ရှင်သန်ခဲ့သည်။ ။
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
Subscribe to:
Posts (Atom)