Friday, September 25, 2015

လွိုင်ဇာ ငြိမ်းချမ်းရေးခရီးစဉ်မှ အမှတ်တရ အပိုင်းအစ

ငါမဖတ်ရသေးတဲ့ကဗျာတစ်ပုဒ် ငါမဆွဲရသေးတဲ့ပန်းချီကား မျကိဝန်းထဲကခုန်ထွက်လာတဲ့တိမ်ညိုတွေတလိပ်လိပ်နဲ့ကောင်းကင်တစ်ခု မင်းဆီပို့လိုက်ရဲ့ ငါကတော့အယောင်ဆောင်မိုးနဲ့ပဲ ရေချိုးနေမိတယ် အနွေးထည်အထပ်ထပ်နဲ့ အနာဂါတ်လေး မိုးကုတ်စက်ဝိုင်းကြီးမှာကြယ်တွေစုံရဲ့လား ငါးစာတွေလည်း ငါးထက်ကြီးခဲ့ မှတ်တိုင်တွေလည်းလမ်းထက်ရှည်ခဲ့ ငါ့ဆီငါလိပ်မူထားတဲ့ကြယ်မရှိတဲ့ကောင်းကင်ကြီးနဲ့ ငါပြန်ခဲ့တဲ့လမ်းမှာ အလွမ်းတွေခုံးခုံးထ ငါမှန်းထားတဲ့ပန်းတွေပွင့်နေပါရောလား။ ကျွန်တော်နဲ့အမှန်အတိုင်းပြောရရင် ဒီကဗျာလေးကိုရေးတဲ့သူနဲ့မသိတာအမှန်ပါ။ ကျွန်တော်ဆီ ဖုန်းနဲ့ပို့လာတာပါ။ ကျွန်တော်ဖတ်ကြည့်တယ်။ အဲဒီကဗျာကိုရေးတဲ့သူရဲ့နောက်ခံသမိုင်းကိုသိ သလိုလိုရှိခဲ့တော့ သူပြောချင်တာလေးတွေရင်ဘတ်ထဲရောက်လာတယ်။ ကဗျာလေးကရေး ထားတာရှင်းပါတယ်။ သို့ပေမယ့်လို့ ဒီကဗျာရေးတဲ့သူဟာ ဘာဖြစ်လို့ ဒီလိုရေးလိုက်တာလည်း ဆိုတာကတော့ သူလျောက်လမ်းခဲ့တဲ့သမိုင်းက အရှည်ကြီးလို့ပြောရမယ်။ လူကငယ်သေးပေ မယ့်လို့ တော်ယုံလူတွေမလုပ်နိုင်ခဲ့တဲ့အလုပ်ကို အောင်မြင်စွာ ကိုယ်ကျိုးမဖက်ပဲလုပ်ခဲ့တာပါ။ ကျွန်တော်တတ်နိုင်သလောက်ပြောပြကြည့်ပါမယ်။ လိုအပ်ချက်များရှိခဲ့ရင်လည်း ဖြည့်ပြီးနား လည်ပေးကြဖိုံမေတ္တာရပ်ခံပါတယ်။ ကဗျာရဲ့အစမှာငါမဖတ်ရသေးတဲ့ကဗျာတစ်ပုဒ် ငါမဆွဲရသေးတဲ့ ပန်းချီကားတဲ့။ဟုတ်ပါတယ်။ ကျွန်တော်တို့ခင်ဗျားတို့ဆွဲနေကြတဲ့အတ္တဆန္ဒတွေ။လူတစ်ဦးချင်းကိုယ်စီရဲ့ကိုယ်သန်ရာသန်ရာ လျောက်လှမ်းနေကြတဲ့လမ်းတွေပေါ်မှာနေ့တိုင်းလိုလိုအဆုံးသတ်နိုင်ကောင်းရဲ့လို့ အားကြိုး မာန်တက် ရေးဆွဲနေကြ တာမဟုတ်လား။ ကဗျာရေးတဲ့သူက သူလျောက်နေတဲ့ခရီးရဲ့အစကို သူကောင်းကောင်းသိသလိုသူ့ရဲ့ဆန္ဒကိုသူဖြစ်ချင်တဲ့လမ်းကိုလမ်းမျှော်ကြည့်ရင်းစလိုက်တာလို့မြင်တယ်။ မျက်ဝန်းထဲကခုန်ထွက်လာတဲ့တိမ်ညိုတွေတလိပ်လိပ်နဲ့ကောင်းကင်တစ်ခုမင်းဆီပို့လိုက်ရဲ့တဲ့။စောစောကသူ့ဆီကဖြစ်ထွန်းမှုတွေကသူ့ကိုကောင်းကောင်းရိုက်ခတ်နေပြီ။သူ့မျက်ဝန်းထဲကနေခုန်ထွက်လာတာ တကယ်တော့တိမ်ညိုတွေမဟုတ်။ အုံ့မှိုင်းနေတဲ့အနာဂါတ်တွေ။ တစ်စ က္ကန့်တိုင်းလိုလိုရင်နာနေရတဲ့ စတေးခံဘ၀တွေ။ အာဏာချင်းပြိုင်နေကြတဲ့ကြားထဲမှာ မြေဇာ ပင်ဖြစ်နေရတဲ့ဘ၀တွေ။အပြစ်မဲ့တဲ့ ကလေးငယ်တွေ။လူငယ်တွေ။လူကြီးတွေ။သက်ကြီးရွယ် အိုတွေ။အိုးပစ်အိမ်ပစ် လွတ်ရာပြေးရှောင်နေရတဲ့ ညှိုးငယ်နေတဲ့မျက်နှာတွေ။ ကိုယ်တိုင်မကြုံ ရတော့ ကိုယ်ချင်းမစာနာတတ်တဲ့သူမဟုတ်။ တို့တိုင်း တို့မြေ တမြေထဲနေ တရေထဲသောက် ဘယ်သူဖြစ်ဖြစ် မတရားခံစားမှုတွေ ငါတို့နိုင်ငံထဲမှာ ဘယ်နေရာမှာရှိရှိ သူတို့ခံစားရတာတွေ က ငါတို့ခံစားရတာတွေဆိုတဲ့ကိုယ်ချင်းစာတရားကိုလက်ကိုင်ထားလိုက်သူ။သို့ပေမယ့် အရာ ရာအားလုံးကိုငါကယ်မှ ရမယ်လို့သဘောထားသူမဟုတ်ပါ။ရေနစ်သူဝါးထိုးကူမယ့်သူလည်းမ ဟုတ်။ လိုအပ်နေချိန်မှာ ကောက်ရိုးလေးတစ်မျှင်တတ်နိုင်လျှင် အဲဒီကောက်ရိုးလေးကို ကိုယ့် အတွက်မကြည့်ပဲပေးလိုက်မည့်သူ။အဲဒီလိုနဲ့ သူဟာကောင်းကင်တစ်ခုကို ပို့လိုက်တယ်။ တ ကယ်ကို တော်ရုံလူမပေးနိုင်တဲ့ဟာကို တကယ်ခံစားနေရတဲ့သူတွေဆီကိုယ်တိုင်ကိုယ်ကြပို့ ပေးလိုက်တာပါ။ ဒါပေမယ့်သူ့ဆီမှာ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေအတွက် ဘာပစ္စည်းမှ မယ်မယ်ရရမပါပါဘူး။ဒါပေမယ့် သူ့ရင်ဘတ်ထဲမှာရှိနေတဲ့ ကိုယ်ချင်းစာတရားနဲ့ ငြိမ်းချမ်းရေး ကြီးကတော့ ပြည့်ဝလွန်းရုံမက ပိုတောင်ပိုလျှံနေပါသေးတယ်။ ဒါကြောင့်လည်းမိုင်ပေါင်းတစ် ထောင်နီးနီးရှိတဲ့ ခရီးရှည်ကြီးကို လမ်းလျောက်ခဲ့တာပေါ့။ဒီနေရာမှာခဏတာကြုံရတာလေး ထည့်ပြောချင်ပါတယ်။ သူတို့တတွေလို ရာထောင်ချီခရီးကို မပြောနဲ့ သုံးလေးမိုင်လောက်လေး လမ်းလျောက်ရတာတောင်မှ မလွယ်ပါဘူး။သူတို့ခြေထောက်တွေဆို ပေါက်လိုပေါက် ရောင် လိုရောင်နေတာတောင်မှ စိတ်ဓါတ်မကျတဲ့အပြင် နောက်တစ်လလောက်ဆို အလေ့အကျင့် ရသွားမှာလို့တောင်ရယ်ရယ်မောမောနဲ့ပြောနေသေးရဲ့။သီချင်းလေးဆိုလိုက် တစ်မြို့နယ်ပြီး တစ်မြို့နယ်ကလာကြိုကြတဲ့သူတွေနဲ့စကားပြောလိုက်။ ဘယ်လိုမှလျောက်လို့မရတော့မှ ပါ လာတဲ့ကားပေါ်တက်ပြီးခေတ္တနားလိုက်။နည်းနည်းသက်သာတာနဲ့ဆင်းပြီးလမ်းလျောက်လိုက်။ တစ်ယောက်နဲ့တစ်ယောက် မခံချိမခံသာဖြစ်အောင်စလိုက်နဲ့။သေချာတာက တစ်လမ်းလုံး ကိုယ့်ကြောင်းအနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်အောင်အထူးဂရုစိုက်ခဲ့တာပါပဲ။ သေသေချာ ချာ စည်းစနစ်တကျ ပြန်ကြားရေး ဘဏ္ဌာရေး အစရှိတဲ့အဖွဲ့လေးတွေနဲ့ ကိုယ်စီတာဝန်ယူ ထားကြပြီး အပြင်သွားတာကအစ ကြီးငယ်မဟူ တာဝန်ရှိတဲ့ပုဂ္ဂိုလ်စကားကိုနားထောင်ရတာ။ ကဲဘယ်သူအတွက်လည်း။ ဘာတွေရလို့လုပ်နေတာလည်း။ သေချာတယ်ကိုယ့်အတွက်မ ဟုတ်တာ။ သေချာတယ် တရားစွဲခံရမှာ။ ဒီခေတ်ကြီးမှာ ကိုယ့်မှာရှိမှ။တကယ်ဖြစ်လာရင် ကိုယ့်ကိုဘယ်သူမှ လာကယ်တာမဟုတ်ဘူး။ငွေရှာခြင်းနဲ့သာတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေသူ တွေ။ အဲဒီအယူအဆတွေကြောင့် ကျုပ်တို့နိုင်ငံကြီးနိမ့်ကြရတဲ့အကြောင်းတစ်ရပ်ထဲမှာပါတာ မဟုတ်လား။ အရာရာကိုယ်ကျိုးကြည့်ဝါဒထွန်းကားနေခဲ့လွန်းတော့ အယောင်ဆောင်မိုးနဲ့ရေ ချိုးနေမိတယ်တဲ့။ဟုတ်တယ်လေ မတရားမှုတွေထွန်းကားနေတဲ့အချိန်မှာ တရားမှုဆိုတာရှုံးနိမ့် သူပဲ။ ဒီအချိန်မှာ မှန်တဲ့အတိုင်းသွားပြောမိရင် ကိုယ်ပဲအလှောင်ခံရမှာ။ အများမိုးခါးရေ သောက်တဲ့အချိန်မှာ ငါလည်းလူပဲသူများတွေတောင်သောက်နေတာ ငါဘာလို့မသောက်ရဲရ မှာလည်းဆိုတဲ့ဦးဏှောက်မရှိတဲ့အတွေးတွေကြားထဲမှာ ကိုယ်ရဲ့အမှန်တရားလေးကို ကြောင် လက်သည်းဖွတ်ထားခဲ့ရတယ်။သို့သော်လည်း တကယ်တမ်းမိုးရေထဲမှာရေချိုးရသလို သူ့မှာ အေးချမ်းမှုတို့မရှိခဲ့ဘူးလေ။ဒီအခြေအနေမှာ စိုးရိမ်မှုတွေဖြစ်လာတယ်။အနွေးထည်အထပ် ထပ်ဝတ်တာဘယ်နေရာမှာရှိလည်းတောင်ပြောစရာမလိုပါဘူး။ကျွန်တော်တို့ရဲ့တောင်ပေါ် တိုင်းရင်းသားသွေးချင်းတွေ။အင်မတန်အေးမြတဲ့ရာသီဥတုနဲ့နေထိုင်ကြတဲ့တိုင်းရင်းသား တွေ ရဲ့အနာဂါတ်တွေကို ကျွန်တော်တို့ငယ်ငယ်ကလသာတဲ့တိုင်းညတိုင်းဆော့ကစားခဲ့ရတာတွေ ကိုသာမက လူကြီးသူမတွေရဲ့ပုံပြောပြတဲ့အကြောင်းတွေကိုကြားဘူးမြင်ဘူးပြီးသတိရလာ တယ်။သြော် … သူတို့တတွေလည်း အဲဒီလိုအေးအေးလူလူရှိရဲ့လား။သူတို့ရဲ့ကောင်းကင်ယံ မှာ ကြယ်တွေစုံရဲ့လား။တစ်နည်းအားဖြင့်ယမ်းခိုးငွေ့တွေချုံလွှမ်းနေတာဖြစ်တဲ့အတွက်သူတို့ တတွေရဲ့ ရပ်တည်မှုဟာ လုံချုံစိတ်ချရရဲ့လား။ကဗျာရေးတဲ့သူကိုယ်တိုင်ကသူတို့ဆီလှမ်းနေ ပေမယ့်လို့ သူ့ရင်ထဲမှာ ကြားနေရတဲ့သတင်းတွေနဲ့စိုးရိမ်နေတာကိုအထင်းသားမြင်နေရတယ် သူဟာဒီလမ်းမပေါ်မှာလျောက်နေရင်း ဘာမဟုတ်တဲ့ဟာတွေကသူတို့ကို လာပြီးနှောင့်ယှက် တာကိုရင်ဆိုင်နေရတယ်။ တနည်းအားဖြင့် အထက်အမိန့်အရ ဆိုပြီး အမိန့်ကြီးတကိုင်ကိုင်နဲ့ လာနေတဲ့သူတွေကိုဖြေရှင်းနေရတယ်။ သူတို့တတွေလုပ်နေတာဘာအတွက်လည်း။ ငြိမ်းချမ်း ဖို့။ မငြိမ်းချမ်းဒေသကပြည်သူ ပြည်သားတွေအတွက်တစ်ဖက်တစ်လမ်းက အားပေးဖို့။ အစိုးရ ကိုယ်တိုင်ကဖေါ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက ကူညီအားပေး တဲ့အနေနဲ့ ကိုယ်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားလာကျောင်းပေးတဲ့ကိစ္စ။ အဲဒါကို အိမ်မှာခိုင်း ထားတဲ့ စာရင်းငှားတွေက အာဏာပါဝါလာပြနေတာကို ဖြတ်သန်းလာတိုင်းကြုံနေရတယ်။ ဘယ်လောက်စိတ်ပျက်စရာကောင်းလေမလည်း။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဦး။ ဒါဟာဖြစ် သင့်တဲ့အရာလား။ ဘယ်လောက်ပဲဥပဒေတွေရှိရှိ ဘယ်သူအတွက်လုပ်ပေးနေတာလည်းမ ကြည့်ပဲနဲ့ တရားဥပဒေလို့ပြောပြီး မတရားပုဒ်မတွေတပ်နေတာ။နိုင်ငံတော်ရဲ့ တည်ဆောက် ရေးလုပ်ငန်းတွေကိုနှောင့်ယှက်နေတာလား။ နိုင်ငံတော်ပိုင်ငွေတွေကိုအလွဲသုံးစားလုပ်နေတာ လား။ ဆူပူအုံကြွမှုတွေဖြစ်အောင် သွေးထိုးလှုပ်ဆော်ဖန်တီးနေတာလား။ အဲဒီမှတ်တိုင်တွေ ဟာ လမ်းမထက်ရှည်လျားနေမှတော့ ဘယ်ခရီးကိုရောက်မလည်း။ တစ်နည်းအားဖြင့် သမိုင်း မသန့်တဲ့သူတွေလက်ထဲမှာ ဘာတွေပဲရှိရှိညစ်ထေးစွန်းထင်နေမှာ အသေအချာပဲ။ ဒါဆိုရင် ကျုပ်တို့နိုင်ငံရဲ့ပြောင်းလဲရေး လမ်းမဟာပျောက်ဆုံးနေမှာပဲ။ နောက်ဆုံးသူပြန်လာခဲ့ရတယ်။ ပြန်လာခဲ့ရတဲ့အချိန်ဟာ သူ့အတွက်ဝမ်းနည်းဝမ်းသာခြင်း တွေရောယှက်နေခဲ့တယ်။ ညီနောင်သွေးခြင်းတို့ရဲ့ တစ်ဦးနဲ့တစ်ဦးခဏတာတွေ့ဆုံမှုမှာ ချည် နှောင်မိတဲ့ ကြိုးကတင်းတင်းရစ်ပတ်ခဲ့လေပြီ။ နိုင်ငံအတွက် ငြိမ်းချမ်းရေးခရီးရှည်ကြီးကို အားမလိုအားမရဖြစ်ခဲ့ပေမယ့်လည်း သွေးကစကားပြောခဲ့ရတာကို သူကျေနပ်ဝမ်းမြောက်ခဲ့ တယ်။သို့ပေမယ့်လည်း……………………………………………………………………………………… သူမှန်းထားတဲ့ပန်းဆိုတာတခြားဘာများဖြစ်နိုင်ဦးမှာလည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ စစ်သွေးအိမ် ၄ . ၅ .၂၀၁၃

“ ဒီဇင်္ဘာ…..၂၉ည …….ခဏနှင့်ကျွန်တော် ”

ဒီဇင်္ဘာလ၏အေးမြသောနှင်းစက်တို့သည် တုန်ရီချိနဲ့နေပါသော်လည်း တတ်စွမ်းသမျှလေးနှင့် နာမည်ပျက်စာရင်းမ၀င်သေးပေ။ခပ်ယဲ့ယဲ့ကျန်နေသေးသည့် အေးမြခြင်း၏အရိပ်အောက်တွင် နှစ်တိုင်းလိုလို ရောက်ခဲ့ဖြစ်သည့်နေရာလေးတစ်ခုကလွမ်းမောဖွယ်ရာများဖြင့် လွမ်းမောရင်း လွမ်းမောလို့မဆုံး။ မျိုးဆက်ဟောင်းဆိုသူတွေရော မျိုးဆက်သစ်ဟူ၍ ကွဲပြားခြားနားမှုသည် ခံစားနေမှုတို့အပေါ်တွင် ကွဲပြားခြားနားမှုမရှိတော့ပေ။ထိုအရာအားလုံးတို့သည် အ.ထ.ကဒိုက် ဦးလို့ခေါ်တွင်သည့်ကျောင်းပရ၀ုဏ်အတွင်းရှိ ကျောင်းရှေ့မျက်ခင်းပေါ်တွင် ဆင်နွဲနေသည့် အာစရိယ ပူဇော်ပွဲအကြို ညစာစားပွဲတွင် ရှင်သန်နေခြင်းပင်တည်း။ လပြည့်ညကိုကျော်လွန်သွားပြီဖြစ်သော်လည်း လမင်းကြီးသည်ကားဝိုင်းဝိုင်းစက်စက်သာနေ တုန်းပင်။အပြစ်ကင်းစင်သော ကလေးငယ်ကိုထွေးပိုက်ထားသလို ညဉ့်ဦးယံကို ထွေးပွေ့ထား ပေသည်။ဒီဇင်္ဘာ၏အေးမြခြင်း ၊ လရောင်၏နွေးထွေးခြင်းတို့အောက်တွင် ခံစားမှုမျိုးစုံတို့ဖြင့် အလှဆင်နေသည့်နှယ်။ဘူးဖေးသဘောမျိုးခင်းကျင်းထားမှုအပေါ်တွင် မိမိစားလိုရာများကို တချို့ကယူငင်စားသောက်နေကြသည်။အချို့က ခင်ရာမင်ရာအစုကလေးများနှင့်စကားလက် ဆုံကြနေသည်။တချို့က ကင်မရာတဖျပ်ဖျပ်လဲ့နေသည်။အချို့က ကာရာအိုကေသီချင်းဆိုနေ ကြသည်။အချို့က တချို့ကနှင့် အသီးသီးဆင်နွဲနေသော ညစာစားပွဲကလေးတွင် ကျောင်း သားများ၏ နှုတ်ဆက်မှုကို ငယ်မူပြန်အပြုံးများဖြင့်ပြည့်နှက်နေသော ဆရာများ၏မျက်နှာများ က နွေးထွေးအေးမြဆုံးဟု ထင်မိသည်။အော်…ပျော်နေကြသည်။တပည့်များနည်းတူအလွန် ဆရာများ။ ဤနေရာလေးသည်သာမာန်အားဖြင့်ကြည့်မည်ဆိုလျှင် ဘာရယ်မဟုတ်ဟုထင်မှတ်ကောင်းစ ရာရှိနိုင်ပေသည်။တကယ်တော့ ဒီလိုနေရာလေးကိုရောက်လာနိုင်ဖို့အတွက် ဆရာများမှာတစ် ဘ၀လုံးရင်းနှီးပေးဆပ်ခဲ့ကြရသည်။လစာထုတ်တိုင်းစာရွက်ကလေးကိုင်ပြီး ပြန်လာရသောနေ့ ရက်ပေါင်းများစွာကိုတွေးကြည့်ရုံနဲ့ပင် ကြက်သီးထမိသည်။တစ်လမှတစ်ခါရသောလစာငွေအ စားစာရွက်ကလေးတစ်ရွက်။ဖြတ်ကျော်ရမည့်တစ်လတာ။နောက်လှည့်တော့ကိုယ့်မိသားစု၏ စားဝတ်နေရေး…ရေး….ရေး….ရေး……။ကိုယ်တာဝန်ကျသည့် ရပ်မိရပ်ဖများ၏ကြည့်ရှုစောင် မမှုတို့နှင့် ဆွေမျိုးသားချင်းတို့၏အပေးအယူတို့ကြားတွင် ဗေဒါပျံကလေးများ အံကိုဘယ်လို များခဲခဲ့ကြရမည်ကို ပြောစရာစကားပင်မရှိတော့ပါချေ။သို့ပါသော် ၀မ်းရေးတစ်ထွာကို ငါ့ဝမ်းပူ စာမနေသာလို့စားရတယ်လို့ မရှိ။ကျပ်တည်းမှုတို့သည် မိမိ၏တပည့်များအပေါ်တွင်မည်သို့ သက်ရောက်မှုမှမရှိအောင်ပင် ဖြူစင်သောစေတနာတို့ကို ထိန်းသိမ်းခဲ့သည်မှာ ယနေ့ခေတ်နှင့် ယှဉ်ကြည့်လျှင်ထူးဆန်းသောလူသားများနှယ် မြင်နေကြသည်။ယနေ့လောကကြီး၏ နယ်ပယ် အသီးသီးတွင်ရှာဖွေကြည့်လျှင် ဤသို့သော်ပုဂ္ဂိုလ်များကိုတစ်ဦးကောင်းတစ်ယောက်ကောင်း တွေ့နိုင်သော်လည်း လောကတစ်ခုလုံးကိုကိုယ်စားပြုသောလူအစုအဝေးမျိုးကိုမြင်တွေ့ရန် လွယ်ကူတော့မည်မထင်။ထိုဥယျဉ်မှူးများ၏ ထွန်းလင်းပေးမှုများသည် တစ်မိသားစုအတွက် မဟုတ်။တစ်ရပ်ကွက်အတွက်မဟုတ်။တစ်မြို့နယ်အတွက်မဟုတ်။တစ်နိုင်ငံအတွက်မဟုတ်။ ဗဟုသဘောဆန်လျှက်နှင့် အနန္တအတွက်ဖြစ်ပေသည်။ ထိုအတိုင်းအတာမျှလောက်နှင့် ဤသို့သော်နေရာသို့ရောက်လာဦးမည်မထင်ပါနှင့်။ဆရာများ ခမျာနောက်ထပ်ဂိတ်တစ်ခုကိုလည်းကျော်ဖြတ်ရသေးပေသည်။ထိုဂိတ်သို့မရောက်မှီနှုတ်ဆက် သွားသောဆရာများသည်ကား ဤနေရာသို့မရောက်လာနိုင်တော့ပေ။တခြားမဟုတ် လုပ်သက် ပြည့်ပင်စင်နှင့်သက်ပြည့်ပင်စင်တို့ကိုကျော်ဖြတ်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်သက်လုံ ကောင်းသူများ၏ ပန်းတိုင်ဖြစ်သည်။ဤနေရာသို့ရောက်လာသောဆရာများ၏အလှသည်ကား ဆည်းဆာအလှသည်လား ဆည်းဈာအလှသည်လားတော့မသိ။သေချာသည်က အရောင် သွေးစုံလင်စွာတောက်ပနေဆဲပင်ဖြစ်သည်။ထိုထက်ပိုပြီးအသက်ဝင်နေသည်က နွေးထွေးစွာ ဖြာဆင်းနေသည့် လရောင်နှင့်အပြိုင်ဘယ်သူနိုင်ပါ့မလည်းဟု အပြိုင်ခင်းကျင်းနေသည့်ဆရာ များ၏အပြုံးများသာဖြစ်ပေသည်။တပည့်တစ်ဦးကနှုတ်ဆက်လိုက်တိုင်း တဖျတ်ဖျတ်ဝင့်ကြွား နေသည့်ကြယ်ပွင့်များလို အပြုံး။တနယ်စီဝေးကွာနေကြ၍ ယ္ခုမှဆုံစည်းရသောသူငယ်ချင်း များနှင့်လည်း ရေတံခွန်စမ်းရေစီးသလို တသွင်သွင်ကြဆင်းနေသည်။ဇရာညို ဆရာအိုတို့၏ တစ်ဦးနှင့်တစ်ဦး တွယ်တာဖေးမမှုများမြင်နေရသည့် ကျွန်တော်တို့အဖို့မှာ ၀မ်းသာရမည် လား ။ ၀မ်းနည်းရမည်လား။ဤအဖြေကိုမေးခဲ့သူရှိခဲ့လျှင်လည်း ဖြေဆိုရန်အင်အားရှိလိမ့်မည် မဟုတ်ပေ။တရားပဲသိသိမသိသိ။တရားပဲ ရှိရှိမရှိရှိ အမှတ်ကိုသုညသာရယူလိုက်မည့်အဖြေ လွှာ တစ်ခုသာဖြစ်သည်။ထိုအဖြေလွှာကို မှင်စွန်းခြင်းဌါမတတ်နိုင်ပါချေ။တစ်ခါတစ်ရံမူလအ တိုင်းထားလိုက်သည်က ပိုကောင်းတတ်သည်လည်းရှိပေမည်မဟုတ်ပါလား။လောလောဆယ် ကာရာအိုကေဆိုနေသည့်ဆရာများရှိရာသို့ မျက်နှာမူလိုက်မိသည်။တစ်ယောက်နှင့်တစ် ယောက် နောက်ဟယ်ပြောင်ရယ်နှင့် သီချင်းသီဆိုနေကြပါသော်လည်း အဆိုကမညံ့။သံစဉ်ယူ ၍ အာစရိယပူဇော်ပွဲအကြောင်း စာသားထည့်သွင်းထားသည်လည်းပါလိုက်သေး၏။အခုလို ကာရာအိုကေအစား အငြိမ့်များထည့်ပေးလိုက်လျှင်ကျွန်တော်တို့ဆရာတွေဘယ်လိုများအ စွမ်းပြလိုက်လေမည်နည်း။ ထိုဆရာများ၏တပည့်များဖြစ်သည့် ကျွန်တောတို့မှာသာ လေချွန် သံတောင်ဖြောင့်အောင်မချွန်နိုင်ခြင်းက ကျွန်တော်တို့၏ညံ့ဖျင်းမှုသာဖြစ်ကြောင်းသက်သေပြ နေသည့်မှာ ဆားပုလင်းနှင်းမောင်လက်ထဲ ကျဆင်းခဲ့ရသည့် တရားခံများနှယ်။လူပျိုသန်လှ လူအိုပေါင်ကျိုး လို့သာဆိုလိုက်ချင်ပါသည်။ ကျွန်တော်ဆရာများသီချင်းဆိုနေသည်ကိုအမှတ်တမဲ့ငေးကြည့်နေမိသည်။ ကြည့်ရင်းကြည့် ရင်းဖြင့် ရှေးရိုးဆန်ဆန်မြေ၀ိုင်းကာရာအိုကေ ၀ိုင်းကလေးသည် တစ်စုံတစ်ရာတို့ဖြင့်လွှမ်း ချုံ နေသလိုလိုခံစားလာရသည်။ဆရာတစ်ယောက်၏ “ ခေါင်းလောင်းသံတညံညံပေး x x x x x ရွာကျောင်းကို x x x ပြေးမြင်မိရင် x x xသတိရနေတယ်သူငယ်ချင်းရေ ”ကိုအမြဲလိုလိုဆိုနေ ကျသီချင်းတစ်ပုဒ် ကြားနေကြသီချင်းတစ်ပုဒ်ဖြစ်နေသောလည်း “ ကျွန်တော်တို့ငယ်ငယ်တုန်း အတူတူတက်ခဲ့ကြသူငယ်ချင်းများ ”လို့အစချီကာ သံစဉ်များတွင်ထည့်သွင်းပြောနေသည့် ဆရာ၏အသံမှာဥသြငှက်ကလေးများဝင်စားနေသည့်ဟန်ဖြင့်တုန်ရီမောဟိုက် ရိုက်ခတ်နေသံ ကြားတွင် ကျွန်တော်ယနေ့ခေတ် ယနေ့အခါမှနေ၍ ဆရာများ၏ငယ်စဉ်ဘ၀ကို မှန်းမျှော် ကြည့်သည့်အခါ အရိုင်းတောများပြည့်လွှမ်းနေမှုတွင် ဖြူစင်သောပန်းကလေးများကဖွေး လျက်။အရာရာသည် ပကတိအနှစ်အသားတို့ ရွှန်းလဲ့မှုအောက်တွင် ပြန်ဝဲ လွင့်စင်ကျလာနေ သည့် မျိုးစေ့လေးများကိုတွေ့လိုက်ရသည့်အခါ ပြီးဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့၏တစ်ခုနှင့် တစ်ခုဆက်နွယ်နေသည့် ပြောင်းလဲမှုဖြစ်စဉ်ကို ပြက်ပြက်ထင်ထင်မြင်ကြည့်မိလိုက်ရင်း ၀မ်း သာမှု ၊ ၀မ်းနည်းမှု များဒွေးရောယှက်တင်လူးလာလှုပ်ခတ်နေမိသည်။ု တစ်ဦးပြီးတစ်ဦး သီဆိုသံတို့သည် ကျွန်တော်အနားတွင်လူပုဂ္ဂိုလ်တို့ပျောက်သွားစေသည်။ ဆရာတို့၏ခံစားမှုထဲတွင် ကျွန်တော်ခန္ဓာကိုယ်ကြီးလွင့်မျောနေသည်။အိမ်မက်ထဲတွင် သီချင်း နားထောင်နေသည့်ပမာ။ကျွန်တော်အနားတွင်ထိုင်နေသောသူငယ်ချင်းများက ဘယ်လိုနေ သည်မသိ။ကျွန်တော်က ခေတ္တခဏ မေ့နေသည်။မည်မျှစူးစူးနစ်နစ်ဝင်နေခဲ့သလည်းဆိုရလျှင် ဆရာတစ်ဦးက ချိုပြုံးသီဆိုထားသည့် တက္ကသိုလ်ကျောင်းကငွေလမင်း သီချင်းကို မရ ရအောင်လိုက်ဆိုနေသည်ကိုတော်တော်လေးနှစ်ခြိုက်နေမိသည်။ ကီးကလည်းဘယ်လိုမှမမှီ။ အဆိုလည်းမနိုင်ပါ။သို့သော်လည်း ထိုဆရာခံစားမှုများကိုကား သာယာနာပျော်ဖွယ် သီချင်းသံ ကဖုံးဖိ၍ မရနိုင်အောင် ရုပ်ပျက်နေသော်လည်း ခွင့်လွှတ်သည်းခံခြင်းမလိုလျက် ကျွန်တော် နားထဲတွင် လှနေသည်။လူတိုင်းယစ်မူးဖွယ်ဂီတသံသည် ဒီတစ်ခါတော့ကျွန်တော့် ဆရာတို့၏ နှလုံးသားအလှကို ခြေပစ်လက်ပစ်အရှုံးပေးလိုက်ရချေပြီ။တဆက်တည်းမှာပင် ထာဝရအလှ သည်ကို ကျွန်တော်တိတိပပ မြင်လိုက်ရသည်။ ထို့နောက် ကျွန်တော်ပြန်ရန်ပြင်လိုက်ပါသည်။အေးချမ်းနေသော ဒီဇင်္ဘာနှင်းစက်တို့၏အောက် တွင် ဆိုင်ကယ်ကို အရှိန်ဟုန်ခပ်ပြင်းပြင်းမောင်းလိုက်မိသည်။အဘယ်ကြောင့်ဆိုသော် ဤခ ဏတာခံစားမှုလေးကို တစ်ယောက်ထဲစိတ်ရှိလက်ရှိခံစားချင်နေသေးသည့်အတွက်ကြောင့် ဖြစ်သည်။တစ်နည်းအားဖြင့် မြင်ရတွေရခဲလှသည့် ထာဝရအလှကို ဆုံးရှုံးသွားမှာ ကြောက် ရွံ့ ခဲ့ခြင်းဟုလည်းဆိုနိုင်ပါပေသည်။ စစ်သွေးအိမ် ၁၀.၁.၂၀၁၃ ၁၀း၃၉ Am

“အလေအလွင့်ညထဲ….ဟိုဟိုဒီဒီ”

ညဉ့်နက်တော့ညဉ့်ငှက်။တစ်ညလုံးနီးပါးရော်နယ်ဒိုနှင့်မက်ဆီတို့ခြေထောက်ထဲပါသွားတယ်။ငယ်ငယ်ကသီချင်းတွေအော်ဟစ်သီဆိုခဲ့တဲ့လမ်းမကအိပ်လို့ကောင်းနေဆဲ။သူ့ရင်ဘတ်မှာဂွာဒီယိုလာကိုမော်ရင်ညိုအရှုံးပေးခဲ့ရသလိုပေါက်ပြဲလို့။ရေစိုခံအနာကပ်ပလာစတာတွေလဲးဟန်ပုံမရပါဘူး။တစ်ချက်တစ်ချက်သူ့အပေါ်တက်နင်းမိတိုင်းဆက်ခနဲတုန့်ပြန်မှုဟာအိပ်ချင်စိတ်တို့ကိုလန့်နှိုးစေတာပေါ့။တကယ်တော့ကျုပ်တို့အားလုံးဟာရာသီတွေပဲ။ဒီစကားဟာအရင်ကဆိုရင်ပြောလို့ရမယ်မထင်ဘူး။အခုတော့ရာသီတွေလဲးသေဆုံးတတ်လာပြီမို့ထပ်တူကြတယ်မဟုတ်လား။ဒါဟာသွားလာနေခြင်းရဲ့တံခါးပေါက်ထဲယိုစီးကျလာတဲ့သတင်းအသစ်။လူတွေပါးစပ်ဖျားမှာနေရာမရွေးအော်ဟစ်သီဆိုနေတဲ့သီချင်း။အနာဂါတ်ကိုလှမ်းမျှော်လွမ်းရင်းရေကန်ထဲငါးတွေပြုတ်ကျသွားလေမလား။လတ်တလောကားရိုက်ရပ်နားထားတယ်။အကြောင်းကလက်လုပ်လက်စားတွေလက်ထဲမှာစုဆောင်းငွေနည်းနေသေးလို့။ကိုယ့်အခန်းထဲမှာလွင့်ပျံနေတဲ့ပူစီဘောင်းတွေလေထဲတလှုပ်လှုပ်။သတိမထိရ။မကိုင်ရ။“ဟေ့…တော်ဝင်ပြတိုက်ထဲတကယ်သွားရမှာငါတို့ကွ”ဆိုပြီးဖွင့်ထားတဲ့လမ်းကိုလမ်းဖွင့်ထားတယ်။နောင်ရေးလားနောင်ရိုးတိုက်ပွဲမှာကျသွားပြီ။ယနေ့ထိအမျှဝေတာမရရှာဖူးနဲ့တူပါတယ်။ထင်တယ်။သမုဒ္ဒရာဝမ်းတစ်ထွာလို့ပြောခဲ့ကြလို့ပဲဖြစ်မယ်။တကယ်တိုင်းကြည့်ရင်တချို့ကကျော်နေသလို၊တချို့လိုနေတယ်။အဲဒီစကားမမှန်ဘူး။စားလို့ကောင်းအောင်ပြောနေတာ။ ဒီလိုပြောလို့နာစရာလို့မထင်ရအောင်ထုံသွားပြီ။အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းဆိုတာနှုတ်ခမ်းနီဆိုးရုံပဲလား။ကြိုးဝိုင်းသစ်တောပဲကြားဘူးတယ်။ကြိုးချညသစ်တောဆိုတာမကြားဘူးတာနဲ့ဗဟုသုတပြည့်စုံတော်မူသောပညာရှိကိုရှာနေတုန်းဇီးကွက်တစ်ကောင်ရောက်လာတယ်။ဒါနဲ့မေးမယ်ဆိုပြီးဟန်ပြင်နေရုံရှိသေးတယ်“ရှုးတိုးတိုးငါ့ဟာငါတောင်လူတွေနဲ့မတွေ့ရဲလို့ညဘက်ကြမှအစာရှာထွက်ရတာဘယ်လိုလုပ်ပညာရှိဖြစ်မှာလဲး”တဲ့။ထပ်ပြီးရငဖွင့်သွားသေးတာက“သူများအသက်ကိုအစာအနေနဲ့ရှာစားရတဲ့ငါကလဘ်ကောင်ဖြစ်နေတာအံ့သြတယ်”။ငါ့ထက်ဆိုးတာကအသံကြောင့်ဒုက္ခရောက်နေတဲ့လင်ကောင်ပိုးပဲ”။တကယ်ဆိုသူဟာငါ့နေရာမှာရှိပြီးငါကသူ့နေရာမှာရှိရမှာ”ဆိုပြီးပျံသွားတယ်။လှမ်းကြည့်မိတော့တမျှော်တခေါ်အမှောင်ထုထဲပျော်ပျော်ရွှင်ရွှင်တိုးဝင်သွားတယ်။ခက်ချေပြီ။ကလေးတွေကိုပညာရှိသုခမိန်ကြီးလို့အားရပါးရပြောပြခဲ့တာတွေအခုအလကားကောင်ကြီးလို့ပြင်ဆင်မ၀ံ့ရေးခြာမ၀ံ့မရဲ။မှားတာမှန်တာတွေမျက်စိမှိတ်။အလျော်အစားကြီးတဲ့ဖဲဝိုင်းဝင်မရိုက်ရဲပေါင်။ဟုတ်ကဲ့လို့ခေါင်းအမြဲငြိတ်တဲ့ပေါက်သင်ညိုလဲးအဖေါ်ဘ၀ပြောင်းရှာပြီ။လစ်ဗျားမှာသူပုန်အစိုးရအောင်ပွဲခံနေပြီဆိုလား။အာဆတ်ကတော့အာမခံချက်တောင်းနေတယ်။ကင်းဝန်မင်းဦးကောင်းတစ်ယောက်ရှေးဟောင်းနောက်ဖြစ်ဆွေးနွေးပွဲကျင်းပမယ်ဆိုလား။ကျင်းပမယ့်နေ့ကနွေရာသီအလယ်တည့်တည့်မှာတစ်ယောက်နှင့်တစ်ယောက်ယပ်ခပ်ပေးရင်းဒူးတိုက်၊ခေါင်းစိုက်၊အိပ်နှိုက်ပြောကြမှာဆိုပဲ။လေးဖြူကသူ့ဂီတဖျော်ဖြေပွဲမှာတစ်ပာင်းဝက်ကအမျိုးတွေပါလို့ဝန်ခံတယ်။ အဲဒီညဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့တွေ့တယ်။ဇာတ်လမ်းကဖတ်ထားတာကြာပြီ။အဖေနေမကောင်းတာနဲ့အခုမှစဖြစ်တာ။အသက်ကလေးကတစ်နေ့ပြီးတစ်နေ့ဝါးမြိုလာရတာကြာပြီဆိုတော့ရော်လာပြီလေ။ဒီတော့တမျိုးပြောင်းဖို့ကြိုးစားနေတာလည်းပါတာပေါ့။လေသံချိုချိုလေးနဲ့တောင်းပန်ရရင်တော့“ကျွန်တော်အသစ်ပေးချင်လို့တကယ်ကြိုးစားအလုပ်လုပ်ရင်းကြာသွားတာခွင့်လွှတ်စေချင်ပါတယ်ပေါ့”။ပြီးတော့မှRဇာနည်လိုမင်္ဂလာပါလို့အော်။အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်တယ်ကနောက်ဆက်တွဲပရိတ်သတ်ဆိုတာကိုယ့်ဘာသာလက်ခုပ်တီးတဲ့ကိစ္စမလိုတော့မှန်းသိလိုက်ရတယ်။ခိုင်းတဲ့အခါမှာနောက်ကလိုက်လုပ်ပေးတာပရိတ်သတ်လို့ခက်ဆစ်အဖွင့်မှာပြင်ရမယ်။ဒါမှအားလုံးညီညွတ်သွားမှာဘယ်သူပါသေးသလည်းလို့ကြည့်မိတော့ငွေကိုအတိုးနဲ့ချေးပြီးနာမည်တစ်လုံးရထားတဲ့သူကိုတွေ့မိတယ်။ခင်ဗျားပွဲတွေဘာတွေမကြည့်ဘူးလားမေးကြည့်တော့“ကျုပ်အတွက်အားလပ်ချိန်ဆိုတာရယ်၊ကိုယ့်အတွက်မအားလပ်တဲ့အချိန်ရယ်ဒီနှစ်ခုထဲနဲ့တောင်မလာက်ငှဘူး”တဲ့။ဖြစ်နိုင်ရင်ပဉ္စမကမ္ဘာကတောင်လှမ်းယူလိုက်ချင်သေးတယ်”ဆိုပြီးထွက်သွားလေရဲ့။ရွှီခနဲ။အနားပတ်ဝန်းကျင်ကမြွေတွန်သံထင်ပြီးလန့်သွားကြတယ်။ထင်တာတွေဖြစ်တတ်လွန်းလို့လေ။သို့ပေမယ့်အားလုံးကမေတ္တာပို့သတ်သတ်ချည်းပါပဲ။ဒီအချိန်လေးမှာပဲ“အပျော်ဆိုတာရယ်…ငွေကုန်ခံနိုင်ရင်အကောင်းဆုံးပဲ”ဆိုတဲ့ပွဲကြိုက်ခင်သီချင်းဘယ်သူဖွင့်လိုက်လဲမသိဘူး။မျက်စိထဲမှာတော့ကားလိပ်ကြီးတင်လိုက်ချလိုက်နဲ့လကခုပ်သံတွေတဖျောင်းဖျောင်းတီးနေတာကိုမြင်ယောင်မိတယ်။သြော်ပွဲတဲ့။ ယာနီ(yani)ရဲ့ဂီတဖျော်ဖြေပွဲကရင်ကိုလှုပ်ခတ်မြူးကြစေတယ်။အဆိုမပါအတီးသက်သက်လူးလိမ့်ပြေးလွှားခုန်ပေါက်နေတဲ့သံစဉ်ကြားမှာထခုန်ရတော့မလိုလို။စန္ဒယားပေါ်မှာပြေးလွှားနေတဲ့သူ့ရဲ့လက်တွေကတောက်ဆုံးသစ်ရွက်အတွက်ဘ၀ကိုစတေးပြီးစီးဆင်းရမယ့်စမ်းချောင်းလေးလို။ဘင်လာဒင်ကကျော်ဟိန်းပြောခဲ့သလိုဆယ်နှစ်ဆယ်နှစ်။အင်းလေသံတွေနောက်မှာပုန်းကွယ်နေတဲ့အရာတွေဟာတကယ့်အဖြစ်အပျက်အကြီးကြီးတွေ။ယာနီကခန်းမထဲမှာရှိတဲ့ပရိတ်သတ်အားလုံးကိုတပြိုင်နက်ထဲလက်ခုပ်တီးစေတာပေါ့။မြင်ရတွေ့ရတာနဲ့တင်ကျေနပ်စရာ။ဒါဟာမကောင်းဘူးလား။မျက်လုံးမပါပဲသတ္တိ ကြောငသူများအတွက်တော့မသိဘူးပေါ့။ကျန်တဲ့သူတွေကတော့ကောင်းတယ်လို့ဖြေမှာပဲ။ မဟာလူသားတွေရဲ့စွမ်းဆောင်ချက်ကကမ္ဘာကိုသဘာဝအတိုင်းလှနေဖို့ဆိုရင်ဘယ်သူပဲဖြစ်ဖြစ်အလိုလိုလက်ခံပြီးသားပဲ။အခုတေ့နည်းပညာတွေရဲ့အောက်မှာမျက်နှာငယ်နေရတဲ့ကမ္ဘာကြီး။ကမ္ဘာ ကြီးရဲ့အပေါ်မှာမျက်နှာငယ်နေရတဲ့လူ။တပ်မက်မှုအောက်မှာငိုကြွေးနေရတဲ့ကမ္ဘာကြီး။ကမာကြီးရဲ့အပေါ်မှာငိုကြွေးနေရတဲံလူ။ချုပ်ကိုင်မှုတွေအောက်မှာမွန်းကျပ်နေရတဲ့ကမ္ဘာကြီး။ကမ္ဘာကြီးရဲ့အပေါ်မှာမွန်းကျပ်နေရတဲ့လူ။ စစ်သွေးအိမ် (ညီညွတ်ရေးပိတောက်ပွင့်သစ်မဂ္ဂဇင်း)

ဈေးကွက်

အကြည့်တွေက ဘာသာတရားဆန်တယ် မြားတစ်စင်းမှာ အဆိပ်သုတ်လိုက်တဲ့ လက်စနဲ့ ပျားရည်ကောင်းကြောင်း ကြေငြာတယ် ။ မနေ့တစ်နေ့ကလို ပြောလို့မပြီးသေးခင် တစ်နေ့ပြီးတစ်နေ့ ဆံပင်တွေဆေးဆိုးနေ ရတာ အားဆေးဘယ်လောက်ကုန်သွား လည်းက အဓိကကျတယ် ။ ပစ်ချလိုက်တဲ့အခါ အလုအယက်ပြေးတက်လို့ ပစ်တင်လိုက်တဲ့အခါ အပြေးအလွှားပြေးဆင်းလို့ နားရွက်အဖျားတွေ တဆက်ဆက်တုန် အောင် အားစိုက်ထားတဲ့ သတင်းစာ လက်တစ်ဖက်နဲ့ လက်တစ်ဖက်ဟာ လက်ဆွဲနှုတ်ဆက်ရင်း သူတပြန် ကိုယ်တပြန်ရှည်ထွက်လာတယ် ။ ဘယ်အရာကိုကြည့်ကြည့် တဖြေးဖြေးမြင့်တက်လာပြီး တောင်တွေဟာ ဆင်မလိုက်မှာ နံကြား ထဲထိုးသွင်းခံလိုက်ရတဲ့ တစ်ချက်ထဲသော ဝိုက်လက်သီး အလစ်မှာပြေးစောင့်လိုက်တဲ့ ငါးရံ့ ခေါင်းတိုက်ကွက် ပြီးတော့ ငါ့နောက်လိုက်ခဲ့ လို့ ကမ္ဘာ္ဘကျော် စကားကို ရင်ဝမှာချိတ်ပြထားတယ် ။ သွေးကြီးနေသမျှဟာ ရိုရိုသေသေဆွဲထုတ်သွား ချွေးစက်တွေမချောက်သေးသလို အာမခံသော့အမျိုးအစားများရဲ့ တာဝန်ယူတတ်မှုကို ကလေးကစားသလို ကစားပြနိုင်တဲ့သူ မြွေဟာအမျိုးအစားမဲ့ အဆိပ်ကိုမျိုးစပ်သ လိုစပ်ခဲ့တာ နီးစပ်ရာဖေါက်ပြန်မှုထဲ အနေနီးမှုဟာ အလိုတူအလိုပါဖြစ်အောင် လိုလိုချင်ချင်ပါသွားကြတာချည်းပါပဲ ။ စစ်သွေးအိမ်

အဝေးလွှင့်တောင်ပံတစ်စုံရဲ့ပြန်ကြားရခဲ့တဲ့ခြေသံ

အရာရာအားလုံးက အဲဒီလိုနေ့တစ်နေ့မှာတင်ပြီးဆုံးသွားခဲ့တယ် ။ မျက်စိရှေ့ကနံရံကိုအဓိပ္ပါယ်မဲ့စွာငေးကြည့် နေရင်း “ သြော် ” ဆိုတဲ့စကားတစ်လုံးသာ ဖိဖိညှစ်ညှစ်ထွက်လာခဲ့တယ် ။ နံရိုးမှာရေးထွင်းထားတဲ့ ဝေဒနာ တွေလည်း သက်ပြင်း ဖြည်းဖြည်းချရင်း အသက်ပါ ပါသွားလုမတတ် ။ အခုတော့ လုယူခံလိုက်ရတဲ့ချစ်ခြင်းက အဆိပ်သင့်ညတွေပြီးဆုံးသွားဖို့ အဝေးလွင့်တောင်ပံတစ်စုံရဲ့ခြေသံတွေ ငါတို့ရဲ့ရင်ခွင်ရှိရာကိုဦးတည်နေပြီလား ။ ဘ၀ထဲမှာမပုတ်မသိုးအောင် ဆားရည်စိမ်ထားခဲ့ရတဲ့မျှော်လင့်ခြင်းကို အနမ်းတစ်ခုနဲ့ ရှင်သန်နိုးထခွင့်ရတော့ မလားရယ်လို့ ရင်ခုန်နှုန်းကတထိတ်ထိတ် ။ ခွဲခွာသွားစဉ်တုန်းကမျက်နှာလေးတစ်ချက်လှည့်ကြည့်လိုက်ရုံအ ကြည့်တစ်ခုထဲမှာ အရာရာအားလုံးပြတ်တောက်သွားခဲ့ရတာကို ယနေ့ထိတုန်လှုပ်ကြောက်လန့်နေဆဲပင် ။ သူ၏ရက်စက်မှုကို မေးကြောတွေထောင်ထနေရင်း စီးကျလာတဲ့သွေးစက်တွေ အဖြူရောင်အင်္ကျံပေါ်မှာစွန်း ထင်းခဲ့တာတွေက ဘ၀ရဲ့သမိုင်းပြတိုက်တစ်ခုပေါ့ ။ပြန်ထုတ်ကြည့်မိလိုက်တိုင်း စိုဆွတ်ပူနွေးမှုတွေက ငွေရေး ကြေးရေးနောက်မှာ ကန္တာရတစ်ခုဖြစ်မှန်းမသိဖြစ်နေခဲ့တယ် ။ ပါတ်ဝန်းကျင်ရဲ့ အပြုံးတွေကိုမတော်တဆတွေ့ မိလိုက်တိုင်း တုန့်ပြန်မှုတွေမှာ နှုတ်ခမ်းထောင့်ကွေးက အတွန့်တစ်ချက်ကို အာဏာသိမ်းဖို့မဖြစ်နိုင်ခဲ့သေးဘူး ။ အမှတ်တရဆိုတာကို အမှတ်မရအောင်ကျင့်ကြံအားထုတ်ခဲ့ရတဲ့ကျင့်စဉ်ပေါင်းများစွာထဲမှာ အလေအလွင့်ဟာ ဓားမသွေးမိဖို့ပဲ သတိထားထားနေရတယ် ။ သီးသီးသန့်သန့်ချလိုက်ရတဲ့ ရေစက်ပေါင်းများစွာ ။ ကျင်တွယ်တစ် ခုရဲ့ ထောင့်ချိုးမှာ ငိုက်စိုက်နေခဲ့တဲ့ဦးခေါင်းရဲ့ ၃၅ံ ။ အကြောအားနည်းသူလို ထုံကျင်ကိုက်ခဲမှုပေါင်းများစွာထဲ လက်ကတီးကကျနေချင်တဲ့ချွေးစက်တွေ ။ ဟောလီးဝုဒ် အကယ်ဒမီဆုပေးပွဲကိုကြည့်ရင်း လက်ခုပ်သံကြားထဲ မှာပျေက်ဆုံးနေခဲ့တဲ့လက်ခုပ်သံတွေ ။ နေညိုညိုရစ်ခတ်သန်းတဲ့ မန္တလေးကျုံးရေပြင်ထဲမှာနစ်မြုပ်သွားခဲ့ရတဲ့ အကြည့်ညိုညိုတွေ ။ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်း အများကြီးစွာလွန်းခဲ့ရတဲ့ များစွာ ။ အခုတော့ကြားလိုက်ရတယ် ။ “ ပြန်လာမယ်တဲ့ ” ။ မစို့မပို့အဲဒီသတင်းလေးသယ်ဆောင်လာတဲ့လေညှင်းတ ချို့မှာ အပွင့်အဖူးတို့အားယူချင်နေပြီ ။ အိမ်မက်လား တကယ်လားမေးခွန်းထုတ်ခွင့်က အကျဉ်းကျနေချင်တယ် ။ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အသံလေးကြားထဲမှာ သံလွင်ခက်တွေလန်းဆန်းလို့ ။ နံက်တိုင်းပုတ်သိုး နေတဲ့နေရောင်ခြည်လည်း အခုတော့ရေတစ်ခွက်ကိုအားရပါးရမော့သောက်လိုက်ဖို့ပြင်နေပြီ ။ အရုဏ်ဦးလည်း အာရုံမှာ မောနင်းစင်တာဖွင့်ဖို့ကြိုးစားချင်နေပြီ ။တစ်ခါမှ အလိုမကျခဲ့တဲ့စတ်တွေလည်း ဒီတစ်ခါတော့ စမတ် ကျကျလူကြီးလူကောင်းဆန်တော့မယ်ဆိုလား ။ တချို့ကတော့ တိုက်ရေးခိုက်ရေးမှာ စနစ်တကျဗျူဟာကို ပြင်ဆင်ထားနိုင်ပါတယ် ။ ဗျည်းနဲ့သရ နေရာထားမှားခဲ့တဲ့ကိစ္စမှာ လ၀ဆွဲနသတ်လွန်နဲ့ လတစ်ချောင်း ငင်လုံးကြီးတင်လိုတို့ အမြင်ခြင်းစောင်းမြောင်းနေကြမှာ ။ ဇာတ်ကောင်နေရာမှာ အသုံးတော်မခံရတော့တဲ့ဝေ ဒနာဟာ ဗဟုဝါဒပြုပြီး ရယ်ရယ်မောမောအဿုဘလိုက်ပို့တတ်ကြတယ် ။ ကိုယ့်အသားနာရင်အော်ဖို့ ရိုးဘော့ တွေဟာ ပရိုဂရမ်တွေဖရိုဖရဲနဲ့ ။ အမှန်တော့ ကမ္ဘာအတွင်းပိုင်းမှာ ခန့်မှန်းထားသလောက် အောက်ဆီ ဂျင်ရှိမ နေ ကြောင်းထပ်မံတွေ့ရှိမှုလောက် အရေးကြီးတဲ့ကိစ္စမဟုတ်ကြောင်း မာယာဟာဇိမ်ပမာဏကစတယ် ။ လူ့ ပါးစပ်ပေါက်ဆိုတာ တပ်ဆင်ခြင်းအနုပညာ ။ ကန့်သတ်နယ်မြေ တာဝန်မှအပမ၀င်ရ ။ ၀င်ရောက်လာပါက လေးခွနဲ့ပစ်မယ်ဆိုတာ အနုပညာမှာမရှိ ။ ထို့ကြောင့် ထိုကြောင့် ………….. ။ သိမ်းဆည်းထားခဲ့သောတောင်ပံများက မည်သို့ပြန်နိုင်မလည်းဆိုတာ စိတ်ဝင်စားစရာ ။ နှလုံးသားတိုင်းကတော့ အထီးကျန်ဆန်ခြင်းများကို အမှိုက်သိမ်းရန်ဘယ်တော့မှမကြိုးစားလိုတော့ပါ ။ တအိအိနှင့်ကျလာမည့်ကားလိပ် ကို ပါဖွန်မင့်ဆန်ဖို့သာ မေတ္တာပို့နေကျတယ် ။ လွဲမှားရောက်ရှိလာမှုများ ။ လွဲမှားထိုင်နေကျသူများ ။ ဟထိုးတစ် ခုကိုလိုလိုချင်ချင် တောင်းဆိုနေကြမလား ။ တကယ်တော့ဒါတွေဟာ ဘယ်နေ့လည်း ။ ပြောပါ ။ ပြောကြပါ ။ တစ်နှစ်အတွင်းဆိုတဲ့ စကားသံတွေ လေထဲမှာထောင်းလမောင်းထအောင် ပြောပါ ။ ပြောပါ ။ ပြောကြပါ ။ ပြိုင် ပွဲတစ်ခုမှာဆုချိတ်နိုင်ခဲ့ပြီး ဆုပေးခါနီးကျမှ ဆုမပေးတော့ပါခင်ဗျားလို့ ပြောပါ ။ ထပ်ပြောပါ ။ ထပ်ခါထပ်ခါပြော ပါ ။ မျက်နှာသစ်လိုက်တိုင်း ကျွတ်ကျနေတဲ့ အရှက်တရားတွေအောက်မှာ ပြောပါ ။ ပြောပါ ။ ပြောကြပါ ။ တကယ်တော့သူပြန်လာမယ်ဆိုတာ သူလုပ်ချင်တာတွေအားရအောင်လုပ်ပြီးသွားတာလည်းဖြစ်နိုင်သလို သူ လုပ်ချင်တာတွေမလုပ်ရသေးတာလည်းဖြစ်နိုင်ပါတယ် ။ လမ်းခွဲချိန်မှာ လူသားဆန်မှုတွေကို တင်းတင်းရင်းရင်း ၀တ်ဆင်ခဲ့မယ်ဆိုရင် အချိန်ဟာအစားပြန်မရကြောင်း ကောာင်းကောင်းသဘောပေါက်သွားနိုင်တယ် ။ ခုတော့ ဖိနပ်လေးတွေပိုင်ရှင်မဲ့ပြီ ။ မဲ့ခဲ့ပြီးပြီ ။ မဲ့နေဆဲကို ဘယ်တေးတွေသီဆိုရပါလိမ့် ။ ဖွင့်ထားခဲ့တဲ့တံခါးပေါက်က ၀င်လာတော့မယ့်လေပြေတွေ လေထဲမှာဝဲပျံနေတဲ့ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်နိုင်ဖို့ အဆုတ်ကာကွယ် ဆေးရပါ့မလား ။ မျှော်လင့်နေတယ် ။ သူပြန်လာနေတဲ့ရက်ကို မျှော်လင့်နေတယ် ။ သူ့အတွက်ဖွင့်ထားမယ့် တံခါးပေါက်မှာ ကြိုးတစ်ချောင်းက ငြိမ်သက်စွာ ။ တတောက်တောက်မည်နေတဲ့နာရီသံကလွဲလို့ ပြားဝပ်နေတဲ့ မျက်ဝန်းတွေက ငြိမ်သက်စွာ ။ ငြိမ်သက်လိုက်တိုင်း အလိုလို အလေးပြုပြီးသားဖြစ်နေတဲ့ ဦးခေါင်းတွေက ငြိမ် သက်စွာ ။ ရာသီဥတုရဲ့ရနံ့ထဲ မင်းပြန်လာမယ့်နေ့ ။ တောက်ပတဲ့မျက်ဝန်းတွေ လင်းလက်လို့ ။ စစ်သွေးအိမ် ၃၀၁၁၁၁ - ၂၁၁၂၀၁၅

Thursday, September 24, 2015

` အရိပ် ´

မနက်ခင်းနေအပူရှိန်မြင့်တက်လာသည်နှင့်အမျှ ဘိုင်းဒါးပွဲရုံတန်းတွင်လည်း အရောင်းအ၀ယ်များက အရှိန်မြင့် လာနေသည် ။ ရုံတိုင်းတွင် လာရောက်ဝယ်ယူကြသောဖေါက်သည်များနှင့်ဈေးစကားပြောသံ ဈေးဆစ်နေကြသံ များဖြင့်ဆူညံနေသည် ။ ကုန်စိမ်းပစ္စည်းများကို သူ့ထက်ငါသာသော အရည်သွေးကောင်းမွန်သည်များရရန် အလုအယက် လှုပ်ရှားနေကြလေသည် ။ ပွဲရုံပိုင်ရှင်များကလည်း အရောင်းထွက်ရေး ၊ လယ်သမားဈေးကောင်း ရရေး ၊ ကိုယ့်အတွက်ပွဲရုံခ ရရေးတို့အတွက် အာပေါက်အောင်ပြောဆိုရသည် ။ ကုန်စိမ်းဆိုသည်က များသော အားဖြင့် ခရမ်းချဉ် ၊ ခရမ်းခေါင်းသီး ၊ ဂေါ်ဖီ ၊ ငရုတ် ၊ ပြောင်းတို့ ပင်ဖြစ်သည် ။ ခရမ်းချဉ်သီးတွင် ထိုင်ဝမ်းသီးလို့ ခေါ်သော အလုံးကြီးကြီး အ၀ိုင်းပုံ နှင့် သေးသွယ်သွယ်ရှိသောခေါင်းစိမ်းသီးဟူ၍ နှစ်မျိုးကိုအများဆုံးရောင်းချ ကြသည် ။ ခရမ်းခေါင်းသီးတွင်လည်း လက်ညှိုးသာသာအရွယ်ကို ပြုတ်သီး ။ ထိုထက်ကြီးသောအသီးကို လတ် သီး ။ အကြီးဆုံးအသီးကို ညိုသီးလို့ခေါ်ကြသည် ။ ကိုင်းသမားတွေက မိမိတို့သီးနှံများကို မိမိနှင့်သက်ဆိုင်သော ပွဲရုံများကိုလာပို့ကြရသည် ။ ထိုသက်ဆိုင်သောပွဲရုံများမှ ကြိုတင်ငွေများထုတ်ယူထားသောကြောင့် မပို့မဖြစ်ပို့ ကြရသည်ကများသည် ။ တကယ်လို့ ပွဲရုံနှစ်ရုံ သုံးရုံခွယူထားသူများဖြစ်လျှင်တော့ ပြဿနာရှင်းကြရမှာ ကျိန်း သေပေသည် ။ ပွဲရုံများမှ ထိုလယ်သမားကိုင်းသမားများကိုကြိုတင်ထုတ်ယူသောငွေအတွက် အတိုးပေးရသလို ကိုယ့်ရဲ့ကုန်စိမ်းသီးနှံရောင်းချပေးရမှုအတွက်လည်း ပွဲခပေးရပေသေးသည် ။ လယ်သမားကိုင်းသမားအတွက် လည်း လုပ်နိုင်လို့လုပ်သလို ။ ပွဲရုံကလည်း လုပ်နိုင်လို့လုပ်တာဖြစ်သည် ။ ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားကိုင်း သမားအတွက်က ရာသီဥတုဖေါက်ပြန်မှုကြောင့်သာ မိမိပစ္စည်းပျက်စီးတာသာရှိသည် ။ ဆုံးရှုံးမှုမရှိ ။ ပွဲရုံက နောက်တစ်နှစ်ထပ်ယူ လိုက်ရုံသာဖြစ်သည် ။ ပွဲရုံသမားကတော့ဆုံးရှုံးမှုရှိသည် ။ တချို့လည်လွန်းတဲ့သူများက ပွဲရုံနှစ်ရုံ သုံးရုံလောက်ကို ကြိုငွေလှည့်ပတ်ယူ ။ ပြီးတော့ပစ္စည်းမချ ။မကျေနပ်လို့တရားစွဲတော့လည်း စွဲဆိုသူ များနှင့်ဆိုလျှင် ကိုယ်ပေးလိုက်သောငွေကြေးများပြန်ရဖို့ခက်သည် ။ တောင်းရဖန်များလာတော့ စိတ်ပျက်ပြီး လက်လျော့လိုက်ရတာလည်းရှိသည် ။သို့ပါသော်လည်း နှစ်စဉ်နှစ်တိုင်း ဒီဇင်္ဘာလလောက်မှစတင်ပြီး ပွဲရုံများ စတင်လည်ပါတ်မြဲပင်ဖြစ်သည် ။ မိုးလေဖြိုင်ဖြိုင်ကျမှ ပွဲရုံသိမ်းကြသည် ။ ထိုကဲ့သို့ပွဲရုံစတင်သည့်နေ့ရက်တိုင်းတွင်လည်း မနက်ခင်းဆိုဆူညံပွက်လောရိုက်နေတတ်သကဲ့သို့ မွန်းလွဲလာ သည်နှင့်အမျှ တဖြည်းဖြည်းဆူညံမှုတို့လျော့ကြလာသည်ကလည်း ပုံမှန်ရာသီစက်ဝန်းကဲ့သို့ပင်ရှိနေတတ်ပါ သည် ။နေ့ခင်းထမင်းစားပြီးသည်နှင့် ကုန်သည်တို့ကလည်း သင့်တော်ရာနေရာမှာ နားနေသူကနားရင်း အနီးနားကသူများနှင့်စကားလက်ဆုံကြလျှင်ကြ မကြလျှင်လည်း လဲလှောင်းသူလှောင်းနဲ့ အပြန်ခရီးအတွက် အားမွေးနေကြလေ့ရှိသည် ။ ပွဲရုံတန်းမှာရှိသူတို့၏ လောဘတို့တဖြည်းဖြည်းလျော့ကြနေသော်လည်း နွေနေ့ခင်း ရဲ့အပူရှိန်ကိုမလွန်ဆန်နိုင်ကြလို့ထင့် တော်ရုံကိစ္စလောက်ဖြင့် ဘယ်သူမှအပြင်မထွက်ကြတော့ပေ ။ တခါတရံ စိတ်ကူးပေါက်လို့ ထဖွင့်တတ်သော စားသောက်ဆိုင်ဖက်မှ သီချင်းကိုကိုသာ ထွက်ပေါက်တစ်ခုလိုသဘော ထား ပင်လယ်ကမ်းခြေမှာ အပန်းဖြေရသည့်နှယ် ။ သို့ပါသော်လည်း မြန်မာ့ရိုးရာလှည်းတို့ဖြင့် ကုန်ပစ္စည်းတို့ သယ်ဆောင်ရောင်းချနေကြသော်လည်း ထိုသီချင်းဖွင့်သူပိုင်ရှင်တွေက မြန်မာ့ရိုးရာအနုပညာသည်တွေကို မေ့ ပျောက်ထားဟန်တူသည် ။ နွေနေပူပူမှာ ရက်ပ် ( rap ) စာသားများနှင့်အပန်းဖြေရသူအဖို့မှာတော့ အတော် လေးကိုယ်ခံအားကောင်းသူများဖြစ်ဖို့လမ်းစဖွင့်ပေးနေသည်လို့ဆိုရမည် ။ သို့ပေမယ့်လည်း ညခင်းနားခိုရာနေ ရာလေးဖြစ်သည့် ကာရာအိုကေဆိုင်ဖက်တွင် ခေါင်းလောင်းထိုးသံကြားရလေ့ရှိသည် ။ ထိုသီချင်းမျိုးကလည်း တော်ရုံဆိုတတ်သူပင်လျှင် ရွာဓလေ့ ရွာစရိုက်ရွာအသံ ရွာပါတ်ဝန်းကျင်မှာကြားရသည်က အင်မတန်လိုက်ဖက် သည်မဟုတ်ပါလား ။ ထိုပွဲရုံတန်းတွင် ညခင်းအဆိုသမားရှိသကဲ့သို့ တခါတရံတွင်လည်း နေခင်းဖက် အကသမားလည်းရှိတတ်သည် ။ သီချင်းသံကြားလျှင် ကြားရသောသီချင်းသံနှင့် သူစိတ်ထင်သောအကများဖြင့်တင်ဆက်လေ့ရှိသည် ။ ထိုသူ သည်ကား သူဟုဆိုသည်ထက် သူမဟူဆိုလျှင်ပိုမှန်ပေသည် ။ အရပ်ကမတိုမရှည် ။ ကိုယ်လုံးကပိန်ပိန်ပါးပါး ။ ၀တ်ထားပုံက အပေါ်ကရှင်မီးအင်္ကျီဝေ့စကုတ် ။ အောက်က စကပ်နဲ့ခုန်ဖိနပ် ။နာမည်ကအပျံစာ မဂျမ်းဆိုပဲ ။ အမြဲတမ်းမြင်တွေ့ရသည်တော့မဟုတ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရောက်လာသည့်အချိန်နှင့် သီချင်းဖွင့်သံတို့ တိုက်ဆိုင်ခဲ့မည်ဆိုလျှင် ကိန်းဂဏန်းတချို့ဖြင့် မွန်းကြပ်လှသော နေရောင်ခြည်အခိုးငွေ့တို့ဖြင့် ပူလောင်လှ သောနေရာတွင် စိတ်ထွက်ပေါက်တစ်ခုအဖြစ် ဖျော်ဖြေပေးနေသလို ဖြစ်တာက အမှန်ပင်ဖြစ်သည် ။သူမ၏ အက ကိုလူတိုင်းလိုလိုအားပေးနေလေ့ရှိသည် ။ မြန်မာသီချင်းဆိုလျှင် ခေါင်းခါးခြေလက် မှန်မမှန်ဆိုတာထက် ထိုးချင်ရာထိုး ကွေးချင်ရာကွေးနေသည်က များသည် ။ ခေတ်ပေါ်သီချင်းဆိုလျှင်လည်း ဖင်လှုပ် ခေါင်းခါ တို့ဖြင့် သူမစိတ်ထဲရှိသမျှတို့ကို တေးသရုပ်ဖေါ်ထွက်နေသည့်အလား အပီအပြင်ကိုကြဲလေ့ရှိသည် ။ ဆုတက်ချမည့် သူလည်းမရှိလည်းက ။ လက်ခုပ်သံအကျယ်ကြီးကြားချင်တယ်လည်းမအော် ။ အကဲဖြတ်ဒိုင်လူကြီးမင်းများက လည်း မည့်သည့်အမှတ်မှမပေး ။ ပူလောင်မှုကြားမှာ သီချင်းသံသာ သူမဘ၀တစ်ခုလိုဖြစ်နေသည် ။ တခါတရံ သူမကနေသည်ကို ဂန္ထ၀င်သီချင်းမျိုးဖွင့်လိုက်ပါက မျက်စောင်းလှမ်းထိုးကာ ပါးစပ်တပြစ်ပြစ်နှင့်ပြောရင်းထွက် သွားလေသည် ။တစိခုတော့ရှိသည် ။ ညနေစောင်းပွဲရုံတန်းသိမ်းချိန်ဆိုလျှင် သူမနှင့်မျက်မှန်းတန်းမိသောပွဲရုံ များတွင် မုန့်ဖိုးတောင်းလေ့ရှိသည် ။ မျက်မှန်းတန်းမိတယ်ဆိုသည်က မနက်ခင်း အရောင်းအ၀ယ်လုပ်သည့်အ ခါတွင် ခရမ်းချဉ်သီးများကိုတောင်းဖြင့်သာချိန်တွယ်ရောင်းချကြသည်ဖြစ်၍ အလေအလွင့်ရှိသလို ပိုးပေါက်ပါ တာတို့ ပါးဖြူဖြစ်နေတာတို့ ပျော့နေတာမျိုးတို့ဆိုလျှင် ဖယ်ထုတ်ကြသည်ဖြစ်လို့ ထိုခရမ်းချဉ်အမှိုက်များကို ၀ိုင်း သိမ်းပေးလေ့ရှိသောပွဲရုံတို့ကိုဆိုပါသည် ။ ခက်သည်က တောင်းလျှင်လည်းနည်းနည်းများများပေးမှကြိုက်သည် ။နောက်မှယူဆိုလျှင် “ ညတုန်းကတော့ ခဏဆိုပြီး မိုးလင်းသွားပြီးတော့မှ အခုမုန့်ဖိုးလေးတောင်းမှမပေးချင်ဘူး လား ” စသည်ဖြင့် ပေါက်ကရစကားလုံးတွေ တန်းစီထွက်လာတတ်သည် ။ ထို့ကြောင့် နောက်ချင်စချင်သူများ မှအပ မိဂျမ်းမုန့်ဖိုးတောင်းလျှင်ပေးလိုက်ကြသည်က များပါသည် ။ သေချာတာကတော့ ထိုပွဲရုံတန်းလေးတွင် သူမတစ်ယောက်ရှိသည့်အချိန်များက တော်တော်လေးအဆင်ပြေ သည် ။ အလုပ်အားသည့်အချိန် သီချင်းမဖွင့်သည့်အချိန်ဆိုလျှင် သူမကို စကြ နောက်ကြဖြင့် အချိန်ဖြုန်းရလို့ ပင်ဖြစ်သည် ။ ဒီပြင်ဆိုလျှင် အင်မတန်ပျင်းရိဖွယ်ကောင်းသောအချိန်များကိုကျော်ဖြတ်ရသည်မှာ အိပ်ချင်နေသူ တစ်ယောက် မျက်လုံးကို အတင်းဆွဲဖွင့်ထားရသလို ဟိုမရောက်ဒီမရောက် ။ တခါမျက်နှာစိမ်းကုန်သည်တစ် ယောက်က သူမအကြောင်းမသိ စိတ်ကလည်းတိုနေသည်ထင်ပါရဲ့ “ တောက် ….. ဒီအရူးမတော့ ” ဆိုပြီးကျိန်း မောင်းမိတာကို ပြန်ပြောလိုက်တာများ “ ဟဲ့ …. အကောင် ဒီလောကထဲမှာ ငါတစ်ယောက်ထဲရူးတာမဟုတ်ဘူး ဟဲ့ … နင်တို့လည်းရူး မယားတရူး ဥစ္စာရူး ရူးနေကြတာချည်းပဲ ။ ဘုရားဟောတဲ့စကားနားမထောင်ဘူးဖူးလား ။ ငါ့ကရူးတယ်ဆိုပေမယ့်လို့ သူများဆီကညာမစားဘူး ။ ခိုးမစားဘူး ။” စသည်ဖြင့်ကရားရေလွှတ်ပြောပြီး အောက် ပိုင်းစကားတွေပါ ပါလာတဲ့အပြင် ဟိုချွတ်ဒီဖေါ်တွေဖြစ်ကုန်ပြီး စောစောကဟောက်မိတဲ့သူလည်း ကိုယ် ပျောက်ဝိဇ္ဖာဘ၀ရောက်သွားတော့သည် ။ ကျန်တဲ့သူတွေက အားလုံးပြုံးစိစိနဲ့ ဈေးကြီးမိခဲ့တဲ့ ကုန်သည် ပီသနေလေသည် ။ ထိုပွဲရုံတန်းတွင် အများသူငှာ သူမအပေါ်စိတ်ဝင်စားမှုရှိသလို ကျွန်တော်လည်းစိတ်ဝင်တစားရှိမိသည် ။ သူများ တွေကတော့မသိ ။ ကျွန်တော်ကတော့ အရူးဟုဆိုသူများကို အရင်ကတည်းက စိတ်ဝင်တစားရှိမိသည် ။ ထိုသူ တွေက ရူးနေတာပဲ ဘာမှမသိပါဘူးလို့အထင်သေးလို့မရပါ ။ တစ်ခါကြုံလို့ လူတစ်ယောက်ပြောပြတဲ့ အကြောင်း ဆိုလျှင် တော်တော်လေးသဘျောကမိသည် ။ အရင်စိတ်ရောဂါကုဆေးရုံနားမှာဘောလုံးကွင်းတစ် ကွင်းရှိသတဲ့ ။ အဲဒီလူတွေက ဒီဘောလုံးကွင်းမှာ ညနေတိုင်းဘောလုံးကန်လေ့ရှိတယ် ။ သူတို့ဘောလုံးကန်နေ တာကို ဆေးရုံအပေါ်ထပ်က လူနာတွေကမြင်ရတယ် ။ ဒီလိုနဲ့ဘောလုံးကစားနေရင်းတစ်နေကြတော့ သူခြေထဲ ကဘောလုံးကို တခြားကစားဖော်တစ်ယောက်ပေးရမယ့်အစားမပေးပဲ ကွင်းလယ်မှာတင်တစ်ယောက်ကို ခေါက် လိုက် လိမ်လိုက် နောက်တစ်ယောက်ကို ဖိန့်နဲ့ကျော်လိုက်လုပ်နေတဲ့အချိန်မှာ ကွင်းပြင်ကနေ ဟေ့ကောင်ပေး လိုက်တော့ ပေးလိုက်တော့လို့ အော်ပြောနေတဲ့အသံကိုကြားရသတဲ့ ။ ဒါပေလည်း သူက ဘယ်သူမှမပေးပဲ ဆက်ကစားနေတာ သုံးယောက်လောက်လည်းကြရောဘောလုံးကပါသွားပါလေရော ။ အဲဒီတော့မှ သူ့ကိုဘယ် သူအော်ပြောနေတာလည်းလို့ လိုက်ကြည့်လိုက်တဲ့အချိန်မှာ ဆေးရုံအပေါ်ထပ်က စိတ်ဝေဒနာသည်က ဘာထပ်ပြောတယ်မှတ်လည်း “ ကောင်းတယ် ငါဒီလောက်အော်ပြောနေတာ စောက်ဂရုမှမစိုက်တာ ခုတော့ သူများနောက်ပါသွားပြီပေါ့လို့ ”ပြောပြီးပြတင်းပေါက်ကနေလှည့်သွားတယ်ဆိုပဲ ။ ဒီအဖြစ်အပျက်လေးက ဘာမှတော့မဟုတ်ပေမယ့်လို့ သေသေချာချာစဉ်းစားကြည့်လျှင် ထိုဝေဒနာသည်တွေမှာလည်း အချိန်ပြည့် ဖြစ် နေတာမျိုးမဟုတ်ဘူးဆိုတာကိုညွှန်ပြနေသည် ။ကျွန်တော်စိတ်ဝင်စားတာက ရူးခြင်းဆိုတဲ့ဘာသာရပ်အစား သူတို့တတွေမှာဖြစ်နေတတ်သည့် စိတ်အခြေအနေကိုပင်ဖြစ်သည် ။ အခုလည်းထိုကဲ့သို့အဖြစ်အပျက်တစ်ခုကို မိဂျမ်းဖန်တီးလိုက်ပါသေးသည် ။ သူမရှိနေတဲ့နေ့တစ်နေ့ရဲ့ နေ့ခင်း မှာဖြစ်သည်။ ကုန်စိမ်းရောင်းလာသော ထိုမိသားစုက နောက်ကျပြီးနေ့ခင်းဖက်မှ ရောက်လာချိန်ဖြစ်သည်။ သို့ သော်လည်း ထိုနေ့ကသီချင်းဖွင့်ထား၍ သူမကနေသောပွဲရုံတွင်လာရောက်ရောင်းချသည်တော့မဟုတ် ။ ဘေးကပွဲရုံတွင်ဖြစ်သည်။ခရမ်းချဉ်သီးများလာရောင်းသည်ဖြစ်၍ နွားလှည်းဖြင့်လာကြသည် ။လှည်းပေါ်တွင် အ မျိုးသမီးတစ်ယောက် ကလေးတစ်ယောက်ရယ်ပါလာသည် ။ ပွဲရုံရှေ့ရောက်သည့်အခါ လှည်းရပ်လိုက်ချိန်၌ ကလေးနှင့် အမျိုးသမီကဆင်းလိုက်သည် ။ ပြီးတော့ ကလေးကကောင်းကောင်းလမ်းလျောက်တတ်သည့်အ ရွယ်ဖြစ်သည်မို့ လမ်းပေါ်ချပေးလိုက်သည်နှင့် ဦးတည့်ရာလျောက်သွားသည် ။ လှည်းပေါ်က ဖခင်ဖြစ်ဟန်တူ သူကလည်းအေးအေးဆေးဆေး ။ အောက်ရောက်နေတဲ့မိခင်ဖြစ်သူကလည်း ကလေးလမ်းလျောက်သွားတာ တွေ့နေပေမယ့်လို့အေးအေးဆေးဆေး ။ ထိုနေရာမှ မိဂျမ်းကနေသည့်နေရာရောက်လာသည် ။ ခဏရပ်ကြည့် သည် ။ ပြီးတော့ဆက်လျောက်သွားသည် ။ ကလေးသူနားလာရပ်ကြည့်တာမိဂျမ်းသိသည် ။ ဆက်လျောက် သွားတာကိုလည်းသိသည် ။ ထို့နောက်မိဂျမ်းကတာရပ်လိုက်သည် ။ ဟိုကြည့် ဒီကြည့် ကြည့်သည် ။ ထို့နောက် ကလေးနောက်ကိုလိုက်သွားသည် ။ ကလေးအနားရောက်သွားသည့်အခါ သူမကုတ်အင်္ကျီကိုချွတ်လိုက်သည် ။ ထိုနောက်တွင်မူ ကလေးသွားရာနောက်သို့ တကောက်ကောက်လိုက်ပြီး ထီးမိုးပေးနေသလို သူမအင်္ကျီဖြင့် လိုက်မိုးနေတော့သည် ။ ထိုမြင်ကွင်းကိုမြင်သည့် ကလေးအမေက ကလေးကိုလာချီပြီး ပွဲရုံထဲသို့ခေါ်သွားသည် ။ မိဂျမ်းတစ်ယောက်ခါးထောက်ပြီး သူတို့ကိုရပ်ကြည့်နေလေတော့သည် ။ စသအ ၃ . ၄ . ၂၀၀၃ တချိန်တုန်းကအဟောင်းတွေပါ ခုမှစာအုပ်ပြန်တွေ့လို့ ။။။။။။ ( အိမ်ပြင် မှတ်စုစာအုပ်များပျောက်ဆုံး )

တန်းမြင့်ရဲ့ အနုသဘင်

တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဉ်မေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ အပိုင်း ( ၁ ) “ တန်ဆောင်တိုင်ပွဲ အားခဲပါလို့ တို့တတွေ နှစ်ကျိပ်ရှစ်ဆူဒေသနာပွဲမှာ နွဲပျော်ဆို့လေ တောင်းဆုငယ်ချွေ ပေါင်းစုကာ သဟာဆွေတို့ မာပါစေ ဆုမွန်ကောင်ကို ( ကွယ် ) တောင်းကြဖို့အမြဲ ” ဆိုသည့် ကျောင်းသား မောင်သီဟ သီဆိုခဲ့သော ခွန်းတောက်သဖြန်ကို ပြန်လည်ကြားယောင်မိသည့်နည်းတူ “မြို့မေတ္တာခံယူမဲ့သားပါ ဗျာ ဗျို့ဟစ်ကာ ဟန်မူနွဲ့မကြွားခဲ့ပါဘူးသယမ္ဘူဘုရားမှာတဲ့ ( ပုည )ရေ ဗုဒ္ဓ၀စနာ ” အားကျမခံပြန်ဆိုလိုက် သော ကျောင်းသားမောင်ဒါနတို့ရဲ့ အသံလေးများမှာ အသည်းဘ၀င်မှာ စွဲထင်ကျန်ခဲ့ပါသည် ။ အနုပညာသည် လူသားတို့အား ဆွဲဆောင်ရာတွင် အစွမ်းထက်သည့် လက်နက်တစ်မျိုးပင် ။ ကျွန်မသိသရွေ့ အ ထ က ကျောင်းမှ အနုပညာအသင်းသည် ကျောင်းသင်ဘာသာရပ်အဖြစ် ဖွဲ့ဖြိုးရေးဘာသာရပ်တွင် အပါအ၀င် ။ ၀ါသနာပါသောလုပ်ငန်းဖြစ်၍လည်း စိတ်ပါလက်ပါ တကယ့် သဘင်သည်ကြီးများကဲ့သို့ ဖျော်ဖြေ ခဲ့ သည်များကို ပြန်လည်မြင်ယောင်မိပါသည် ။ အနုပညာအစ အမိကျောင်းတော်ကြီးက ဆိုလျှင်လည်းမမှားပါ ။ “နွဲပျော်ကာညီညီညာညာ နှစ်ကျိပ်ရှစ်ဆူဒေသနာပွဲမှာ အထက်တန်းကျောင်းကတီထွင်လို့သာ မောင်မယ်များက ပျော်ရွင်စွာ စေတနာအကျိုးနဲ့ သည်ပိုးဆောင်ရွက်မှာ ” ဟူသောတေးသီချင်းဖြင့် တန်ဆောင်တိုင်ပွဲ ယှဉ်ပြိုင်နွဲခဲ့ သည့် တပင်တိုင်မင်းသားအဖြစ် မောင်ကံညွန့် ( ယခု ဗဟန်း အ ထ က ၂ ) ကဟန်တို့မှာ စွဲမက်စရာပင် ။ ၁၉၅၃ ခုနှစ် မြို့ရွှေဦး ဘေးဘယာဝေးကွာစေရန် နှစ်စဉ် ဗုဒ္ဓမြတ်ဘုရားနှစ်ဆယ့်ရှစ်ဆူ ဒေသစာရီ လှည့်လည်ပွဲကို ကျင်းပခဲ့ပါသည် ။ အမိကျောင်းတော်ကြီးရဲ့တိုးတက်မှု ဘက်စုံပညာဖွဲ့ဖြိုးမှု ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်း၍ တန်ဆောင်တိုင်ပွဲမှာ ဘုရားကျောင်းတော်တစ်ခုယူ၍ကျောင်းသူ ကျောင်းသားများဆင်နွဲခဲ့ပါသည် ။ ကျေးရွာ ရပ်ကွက်ပေါင်းစုံတို့မှလည်း တန်ဆောင်တိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါသည်။ ထိုခေတ်ကတန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲမှာ လျှပ်စစ်မီးမရှိသဖြင့် မြေ ၀ိုင်းမကျတကျ လက်ဆွဲမီးကို ခေါင်းကရွက်၍ ကသူများကို ၀ါးများဖြင့် ကာပေးထားကြရပါသည် ။ သူ့ခေတ် သူ့ အခါ ဆီလျော်ပါပေသည် ။ တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ အပိုင်း ( ၂ ) ဆီမီးမြိုင်မြိုင်တန်ဆောင်တိုင်ပွဲတွင် အ ထ က မှ ကျောင်းအုပ်ဆရာကြီး ဦးတင့် ( အငြိမ်းစား ) ဆရာဦးသိန်း မောင် ဆရာဦးစိန်နှင့် ဆရာဦးကြည်မောင် ( စိန်ရုံ ပိုင်ရှင် ) ဆရာမဒေါ်ခင်ကြည်တို့က ဦးဆောင်၍ ကျောင်း သား မောင်ကျော် ( ဆရာဦးကျော် ) မောင်ဝင်း ( ကွယ်လွန် ) မောင်မောင်ကြီး ( စည်ပင်သာယာ ) မောင်ချစ် မောင် ( ယခု ဗုလိမှူး ) မောင်လှကြည် ( ပါးချိုင့် အငြိမ်းစား ) မောင်ကျော်အေး ( မောင်ဝင်းမောင် နိုင်ငံခြား ရောက် ) မောင်စိန်မောင် မောင်စိန်ဝင်း ( ဆပ်ပြာစက် ) မောင်ချစ်တင် ( ဆရာ ) ကျော်မြင့် ( စာတိုက်မှူး ) စ သည်တို့က ဒေါက်တာရမ်းကုများသရော်သောယိမ်းမှာ ပါဝင်ကပြကြပါသည် ။ ဒေါက်တာပေါက်တူး ( မေင်ချစ် မောင် )က “ ဆရာဝန်လောကမှာ နှစ်ယောက်မရှိတည အမှန်ပါလေ ဆေးကျမ်းတွေလည်း စိစိညက်ညက်ကြေ အစွမ်းအဟုတ်ရှိသလေ ၀မ်းချုပ်သည့်လူနာတွေ ကောက်ညှင်းဓါတ်စာ ကျွေးခဲ့သလေ ။ အအေးမိသူတွေတော့ ရေခဲရေချိုးစေ လေထိုးယင် ဖင်လှန်ပြီးတော့ မီသတ်ပိုက်နဲ့ ၀မ်းချုလိုက်မယ်လေ” ဟူ၍ဟန်အမူအယာနှင့် သရုပ်ဆောင်ပုံကို ပရိသတ်မှာ ၀ါးလုံးကွဲမတတ် ဟားခဲ့ကြရသည် ။ လူနာခမျာမှာ ဆင်းရဲလွန်းလို့ ခြေကြွခမ ပေးနိုင်ပုံကို သရုပ်ဆောင်သူမောင်လှကြည်က “ ဆင်းရဲလွန်းလို့ ဆရာခေါ်စရာမှာ ငွေလဲမရှိပါဗျာ လူနာက လည်း မသက်သာ ဆရာကလည်းခေါ်ဖို့ရာ တွေ့ရင်တော့ ခြေကိုဖက်ကာ ဇွတ်အတင်းပဲခေါ်ရမှာ ” စတဲ့သီချင်း လေးကလည်း ဆင်းရဲသားအသွင် သရုပ်ဆောင်ပုံမှာ တကယ်ပင်ရင်နင့်စရာ ခံစားခဲ့ရပါသည် ။ ဒေါက်တာရမ်း ကုကြောင့် သေဆုံးခဲ့ရသော်လည်း ဒေါက်တာအစစ်ကြောင့် သေမင်းရဲ့ခံတွင်းမှ လွတ်ကင်းကာ ကယ်တင်နိုင်ခဲ့ ပုံကို သရုပ်ဆောင်သူ မောင်ကျော်မြင့် ( စာတိုက်မှူး )က “ ဆရာဝန်အတတ်ကို မြတ်နိုးနှစ်သက်သူမို့ဗျာ ဆေး ကျောင်းတက်လို့ဒီဂရီယူလာ ကိုယ်အင်္ဂါအစိတ်အပိုင်းကို မအိပ်မနေသင်လာခဲ့တာ ကျောင်းကဆင်းတော့ ( ပရပ်တီကယ် )၂ မှာ မမြင်ပုံစရာပါ တကယ်ပင်မှန်ပေတာ ကြုံအတွေ့စုံလင်စွာ သုံးဆယ့်နှစ်ကောဠာ ကောင်း ကောင်းအဟုတ်တကယ် နားလည်ပါရဲ့ ကျွန်တော်တို့ဆေးပညာ ” သီချင်းကိုသီဆိုကာဟန်အမူအယာမှာလည်း ပရိတ်သတ်အတွက် စွဲမက်စရာပင် ။ ထို့နောက်တကယ်တတ်ကျွမ်း တားလည်သူဆရာဝန်အစစ်တွေရှိကြောင်း ဒေါက်တာယိမ်း ထွက်ပါသည် ။ သရုပ်ဖေါ်ပြဇာတ်အနေဖြင့် ဆရာဝန်အစစ်နှင့် အတု နှိုင်းယှဉ်ကာ ယိမ်းကခြင်း ဖြစ်၍ ပရိတ်သတ်အားသင်ခန်းစာပေးခဲ့ပါသည် ။ အပိုင်း ( ၃ ) ( ဒီအပိုင်း ၃ ၌ ကျနော်တို့သင်ခဲ့ရသော ဆရာ ဆရာမများသည် အနုသဘင်လောကတွင် တစ်စိတ်တစ်နေ ရာ မှပါဝင်အသုံးတော်ခံခဲ့ကြောင်း သိရသဖြင့် ပို၍လေးစားကြည်ညိုမိပါသည် ။ စာရိုက်သူ ) တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ ယမနေတစ်ခန်းရပ်ပြဇာတ်ကိုလည်း ကပြခဲ့ပါသည် ။ ဒိုက်ဦးမြို့တွင် ပထနဆုံးပြည်ထောင်စုနေ့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည့်ပွဲသဘင်တွင် “( ပြည်ထောင်စုဌာနီ ) ၂ နိုင်ငံတော် အမျိုးသားအပေါင်းတို့ ချစ်ကြည် ရေးကို သရုပ်ဖေါ်မည် ”စသ်ာဖြင့် ကျောင်းသားများပါဝင်ခဲ့ကြပါသည် ။ မတင်ဦး ( ဆရာမဒေါ်တင်ဦး ) မတီလေး မတင်အုန်း ညွေန့်ညွန့် စသူတို့ရဲ့ သူယောင်မယ်ယိမ်း မြမြသန်း မယဉ်မေ မကျင်စိန် မကျင်လွမ် မကျင်မြစိန် တို့ရဲ့ ပန်းခွေယိမ်းတို့ကလည်း မရိုးနိုင်ပေ ။ အမျိုးသားနေ့တို့မမေ့ အမျိုးသားနေ့အောင်ပွဲမှာလည်း အမိမြန်မာပြည် အဖြစ်ကျောင်းသူမသန်းမြင့်ကသရုပ်ဆောင်၍ ကျောင်းသားမောင်လှကြည် ( ယခု ဆရာဦးလှ ကြည် ) မောင်ဝင်း ( ကွယ်လွန် ) တို့ကစည်တော်အကဖြင့် လှည့်လည်ခဲ့ပါသည် ။ဆရာဦးညွန့်ကြည် ( နိုင်ငံ ရေးတက္ကသိုလ် ) ဆရာဦးလှမြင့် ( ညောင်လေးပင်မြို့နယ် ပညာရေးမှူး ) တို့၏ ဘဘကြီးယိမ်းနှင့် ကုလားက တို့မှာလှပစိုပြေနေပါသည် ။ ဒိုက်ဦးမြို့နယ်တွင် ၁၉၆၆ ခု ဇန္န၀ါရီလ ၂ ရက် ၃ ရက် ကျောင်းသားပွဲတော်ကို “ ရိုးသားသောတပည့် ” တခန်းရပ်ပြဇာတ် သုဝဏ္ဏသာမ ပဒေသာကပွဲတို့ဖြင့် ဝေေ၀ဆာဆာကျင်းပနိုင်ခဲ့သည် မှာလည်း တန်းမြင့်ရဲ့အနုသဘင်၏ ကျေးဇူးပင် ။ ၁၉၅၃ - ၅၄ ခုနှစ် ပညာတံခွန်နေ့တွင်လည်းကောင်း ကျောင်း သားကျောင်းသူများက အကမျိုးစုံတို့ဖြင့် ကပြခဲ့ပါသည် ။ ပြည်တော်သာခေတ် ပြဇာတ်ပြိုင်ပွဲတွင် အ ထ က မှ ပြဇာတ်သည် ပထမဒိုင်းဆုကိုပင်ဆွတ်ခူးခဲ့ပါသည် ။ ၁၉၅၉ ခုနှစ် သူငါယှဉ်နွဲ တန်ဆောင်တိုင်ပွဲတွင် မောင်စံမြင့် ( အငြိမ်းစား )၏ တပင်တိုင် မင်းသားကြီးအကမှာ သူမတူအောင်ဆွဲဆောင်သဖြင့် မြင်ရသူတိုင်းစိတ်ရွှင်မြူးခဲ့ရ ပါသည် ။ မခင်အေး မစန်းစန်း မဌေးရီ မတင်တင်ဝင်းတို့၏ ပဒေသာယိမ်း တခန်းရပ်ပြဇာတ် စသည်တို့ဖြင့် ဝေ ဝေဆာဆာ ဆင်နွဲခဲ့ခြင်းသည် အနုသဘင်၏ အစွမ်းသတ္တိတို့ပင် ။ဤကဲ့သို့ အမိကျောင်းတော်ကြီးမှ ကျောင်းဆ ရာကြီး ဦးအောင်ကြိုင်နှင့် ဆရာဆရာမတို့၏ ဦးဆောင်ညွှန်ကြား ပြသမှုကြောင့် တန်းမြင့်ရဲ့အနုသဘင်သည် ကြယ်တစ်ပွင့်ပမာ ငွါးငွါးစွင့်စွင့် မိုးသို့လွင့်ခဲ့သည်ဟုဆိုချင်ပါသည် ။ရွှေဦးတခွင် လှပ၍ပင်နေသေး၏ ။ နေလည်း မသာ မိုးလည်းမရွာပဲ အေးမြသာယာနေသည့်ကောလိယချောင်းရေကလေးကလည်း တရိပ်ရိပ်တက်၍ သဘာဝအလှကို ပို၍ပင်ပနံရစေခဲ့သည့်အချိန်ကား ၂၅ နှစ်မြောက် မတ်လတော်လှန်ရေးငွေရတုသဘင်ပင် ။ အပိုင်း ( ၄ ) တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ တော်လှန်ရေးနေ့ ငွေရတုသဘင်တွင် ပြည်သူ့ဆက်ဆံရေးတပ်မှ ရဲဘော်များက ကိုယ်တိုင်သငိကြားပြသ ပေးခဲ့ပါသည် ။ ပြဇာတ် ကဇတ်စသော အကပဒေသာများတွင် ကျောင်းသူကလေးများ၏ သရုပ်ဖေါ်ကဟန် ကျောင်းသူ မဌေးရီ ( ဆရာမဒေါ်ဌေးရီ ) တို့ဒိုးပတ်အကတို့မှာလည်း ယနေ့တိုင် မမေ့နိုင်အောင်ပင် ။ မြိုင်မြိုင် ဆိုင်ဆိုင် ပရိသတ်ကိုတင်ဆက်ကပြနေသည်ကို မြင်ရသူအဖို့ ကျောင်းသူ ကျောင်းသားများမှဟုတ်ပါလေစ ၊ တ ကယ့်ဇာတ်သဘင်သည်များ ကနေရော့သလားထင်မိပါသည် ။စာဆိုတော်နေ့တွင် ဆရာဦးသိန်း ဆရာမဒေါ်ခင် ကြည်တို့က စုပေါင်းကာ စာဆိုတော်နေ့အဖွင့်သီချင်း “ စာဆိုသခင်များစံမြန်းပါတဲ့ နန်းဖန်ဆောင် သော်တာလ ရောင် ယွန်းပြောင်နေသည့်အလား တင်စားပါလို့စိတ်မှာပျော် ထင်ရှားပါတဲ့မြန်မာ့စာဆိုတော် ” စသည်တို့ကို ကျောင်းသူများကသီဆို၍ စာဆိုနေ့ကိုကျင်းပခဲ့ပါသည် ။ အောင်မင်္ဂလာရုံတွင် ( ချစ်ကာရာအိုကေအနီး ကျောင်းကြီးလမ်း ) ဆို က ရေးတီး ပြိုင်ပွဲကိုပါဝင်ဆင်နွဲခဲ့သဖြင့် တန်းမြင့်ရဲ့အနုသဘင်သည် ပီပီပြင်ပြင်ပေါ် ထွန်းခဲ့ပါသည် ။ အောင်ပွဲတရာဖြင့် ဖျော်ဖြေရေးအတွက် ဆာပါခြုံသို့ထွက်ခဲ့ပါသည် ။ တောင်သူလယ်သမားနေ့ ကပြရန်ဗိုလ်မှူးမျိုးညွန့် ဖိတ်ကြားချက်ဖြင့် ဖူးပွင့်ဝေဆာအကပဒေသာဖြင့် ခမ်းခမ်းနာနားနားဖျော်ဖြေခဲ့ပါသည် ။ ကျောင်းသူမမူမူမြင့်နှင့် ကျောင်းသားမောင်သီလှ မောင်စိုးမြင့်တို့၏ အိမ်ရှေ့စံတစ်ခန်းရပ်ပြဇာတ်ကိုလူကြိုက် များခဲ့ပါသည် ။ မုမုမြင့်၏ တပင်တိုင်ကဟန်မှာ တကယ့်သဘင်သည်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်နိုင်ခဲ့ပေ သည် ။ ကျောင်း၏ အနုပညာအသင်းလှုပ်ရှားမှုအနေဖြင့် အကနည်းပြဆရာဦးမြတ်ကျော် ( သ/မ ကွယ်လွန် ) နှင့်ဦးထွန်းရင်တို့က ၁၉၇၀ - ၇၁ ခုနှစ်တွင် အဆို အက သင်တန်းဖွင့်ကာ ဆရာ ဆရာမများကိုပါ သင်ကြား ပေးခဲ့ပါသည် ။ ထို့အတူ တောင်ပေါ် ၁၄ ရွာသို့ဗျူဟာမှူးဖိတ်ကြားချက်ဖြင့်သွားရောက်ဖျော်ဖြေခဲ့သည် ။ကျောင်းသူ မသိန်းသိန်းထွန်း မသန်းလှတို့၏နှစ်ပါးသွားအက ကျောင်းသူမမြင့်မြင့်သိန်း နှင့် ကျောင်းသားတို့ ၏ အိုဘယ့်တဏှာ မိမာယာ တေးသရုပ်ဖေါ်တို့မှာလည်း ရင်ဝယ်ပီတိ ဂွမ်းဆီထိခဲ့ပါသည် ။ ညောင်လေးပင် ဆန္ဒခံ ယူပွဲမှာလည်း သမ ဥက္ကဠ ဦးအောင်ဒင်၏ဖိတ်ကြားချက်ဖြင့် သွားရောက်ဖျော်ဖြေခဲ့ပါသည် ။ ကျောင်းသူ ကျောင်းသားတို့၏ ပဒေသာကပွဲမှာ နှစ်ခြိုက်စရာပင် ။ နှစ်စဉ်ကျင်းပမြဲ တန်ဆောင်ပွဲတွင်တနှစ်တမျိုး မရိုးရ အောင် ယနေ့တိုင်မမေ့နိုင်အောင်စွဲထင်ကျန်ရစ်ခဲ့သည့် ကျောင်းမဟာရဲ့တံခါးမှူး ဒတ္တတေးသရုပ်ဖေါ်မှ တံခါး မှူးလေး မောင်အောင်ဇင် ( ဒတ္တ )နှင့် ဇနီးချော ထွန်းထွန်းတို့၏ “ မောင်ရယ် မောင်ရယ် ဒီနားကပ်ကသေး တယ် ကြီးကြီးဝယ်ပေးကွယ် ” ဆိုသောသီချင်းလေးမှာ ကလေးများပါးစပ်ဖြားတွင်ရေပန်းစားခဲ့ပါသည် ။ အပိုင်း( ၅ ) တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ အမျိုးသမီးတို့၏ဘ၀ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူမှာ ကျောင်းသားထွန်းထွန်းပင်။ တံငါသည်မောင်အုန်းကြိုင် ကလည်းသနားသဖွယ်အသွင် ။ လာဘ်ပေးလာဘ်.ယူတို့ရန်သူ။ တံခါးမှူးဒတ္တတွင် သရုပ်ဆောင်သူများမှာ မောင်သန်းလွင် (စက်မှုတက္ကသိုလ် ) ရှင်ဘုရင် မောင်အောင်ဇင် ( ဒတ္တ ) မောင်အုန်းကြိုင် ( တံငါသည် ) ထွန်း ထွန်း ( ဒတ္တ ဇနီး ) အဖြစ်လည်းကောင်း တံငါသည်ဇနီးအဖြစ်လည်းကောင်း မောင်စိုးဝင်းနှင့်ကျောင်းသားများ က စစ်သည်တပ်သား မှူးမတ်များအဖြစ်ပါဝင်ကြပါသည် ။ ကျောင်းသူမဇင်မော်လွင်နှင့် မခင်မြင့်နွယ်တို့၏ ရွှေဘိုမြိုင်ထနှင့် ကျောင်းသူကလေးများ၏ အကပဒေသာတို့မှာ ပရိတ်သတ်၏နှုတ်ဖျားတွင်ရေပန်းစားကာ ကျွန် မတို့ အ ထ က ကျောင်း၏ ကျောင်းဆောင်နောက်သို့ လိုက်ကြည့်ကြသည့် ပရိတ်သတ်မှာကြက်ပျံမကျစည် ကားလှပါသည် ။ တန်းမြင့်ရဲ့အနုသဘင်သည် ရေနှင့်ကြာပမာ တင့်တယ်ပါသည် ။ အမိကျောင်းတော်ကြီး၏ရင် နှစ်သည်းခြာ သားသမီးရတနာကလေးများကလည်း မိခင်မျက်နှာ ရွှန်းမြမြရှိစေရန် တာဝန်ကျေကြပါပေ့ ။အောင် ကြည် သိန်း ၏တန်းမြင့်အနုသဘင်ကပြရန်အချိန်ရောက်ခဲ့ပြန်ပါပြီ ။ ဆရာ ဦးလှအောင် ဆရာဦးသိန်း ဆရာမဒေါ်ခင်ကြည် တို့ကို မှတ်မိစိမ့်သောငှာ အောင်ကြည်သိန်းဇာတ်သဘင်ဟု ကင်ပွန်းတပ်ခဲ့ခြင်းပင် ။ ၁၉၇၅ ခု ဧပြီလ ၂ ရက် ၃ ရက် ညတွင် အ ထ က ငွေရတုအကြို၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အောင် မင်္ဂလာရုံမှာ ကျင်းပပါသည် ။ ထိုကပွဲတွင် ဆရာဦးသိန်း ဦးလှအောင် ဆရာမ ဒေါ်ခင်ကြည် ဆရာမဒေါ်အေး အေးလွင် ဆရာမဒေါ်မြမြ ဒေါ်တင်တင်သိန်း ( ကွယ်လွန် ) ဆရာမဒေါ်ကြည် ဒေါ်ယဉ်မေ ဒေါ်ဝင်းကြည် ဒေါ်သန်းညွန့် တို့က ဦးဆောင်၍ ကျောင်းသူ မမြင့်မြင့်သိန်း မနွဲ့နွဲ့ကြည်တို့က အကများကူညီကာ ကျောင်းသူ ကလေးများကို သင်ကြားပေးခဲ့ပါသည် ။ နှစ် ၂၀ ပြည့်ငွေရတုအကြိုတွင် မမော်မော်လွင် မခင်မြတ်နွယ်တို့၏ရွှေ ဘိုမြိုင်ထ ပစ်တိုင်းထောင်အကတို့သည်လည်းကောင်း မစန်းစန်းအောင် မလွင်လွင်အေး မာလာဦး ဇင်မော် လွင် အေးသန္တာညွန့် မလဲ့လဲ့ထွန်း တို့၏ သူငယ်တော်အက စုပေါင်းခြင်းသည်ခွန်အား သရုပ်ဖေါ်လှေယိမ်း သီး ပွင့်ဝေဆာမြေပဒေသာယိမ်း မင်းသားလတ်ယိမ်း ဆီမီးခွက်အကနှင့် ယိုးဒယားတပင်တိုင်တို့မှာ မရိုးနိုင်သကဲ့ သို့ တံခါးမှူးဒတ္တနှင့် ပေါက်ပင်ဘာကြောင်းကိုင်းရတယ် တေးသရုပ်ဖေါ်တို့မှာ မြင်ရသူဘ၀င်ခိုက်အောင် ဆွဲဆောငိနိုင်ခဲ့ပါသည်။ အပိုင်း ( ၆ ) တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။ ယူသင့်ယူထိုက်သောအမွေ အသက်ခန္ဓာတည်သရွေ့ထိန်းသိမ်းထိုက်သောအမွေကို ချစိမိခင်၏ ရင်နှစ်သည်း ချာသားသမီးရတနာများက ဆက်လက်ထိန်းသိမ်းရပေမည် ။ အောင်ရတနာခမ်းမဆောင်ကား ကျက်သရေရှိပါ ဘိ။ ဆရာကြီးဦးအောင်ကြိုင်၏ အုပ်ချုပ်မှုအောက်တွင် ကစ္စာရှိရှိ တာဝန်သိသိဖြင့်ကျေပွန်ခဲ့ကြပါသည် ။ ၁၉၇၉ ခုနှစ်ဖေဖော်ဝါရီလ ၃ . ၄ ရက် ဒိုက်ဦးမြို့အစိုးရအထက်တန်းကျောင်းတွင် စိုက်ပျိုးနှီးနှောဖလှယ်ပွဲကြီးကို ကျင်း ပပါသည် ။ထိုပွဲသို့ ဒုဝန်ကြီး ဦးမောင်မောင်အေး ညွန်ကြားရေးမှူးချုပ် ဦးသန်းဦး တိုင်းစစ်ဆေးရေးဦးကျော်ဝင်း ဦးစောဝင်း ( ကြိုသက်အတွင်းရေးမှူး )နှင့်အဖွဲ့ ဖိတ်ကြားထားသော အ ထ က ၊ အ လ ကမှ ဆရာ ဆရာမ တစ်ရာကျော်တို့ရောက်ရှိလာကြပါသည် ။စိုက်ပျိုးရေး မွေးမြူရေး အိမ်တွင်းမှုပြခန်းတို့ဖြင့် တခမ်းတနားကျင်းပ ခဲ့ကြပါသည် ။ထိုညီလာခံတွင် သူမပါလျှင်မပြီးတဲ့ တန်းမြင့်ရဲ့အနုသဘင်တွင် စတုတ္ထတန်းမ ကျောင်းသူလေး ၏ဒေ၀စ္ဆရာ ကဟန် အေးအေးမြင့်နှင့် စန်းစန်းအေးတို့၏ နှစ်ပါးသွားအကတို့မှာ အနုပညာအခြေခံရှိသူမို့ထင့် ရှု မြင်ရသူအဖို့ ရင်သပ်ရှုမော အံ့သြခဲ့ရပါသည် ။ ကျောင်းသူကလေးများ၏ ရိုးရာဓလေ့ ရခိုင်ယိမ်း လှေပွဲယိမ်းအ ပြင်ပန်းအားဖြင့် မည်မျှပင် အရုပ်ဆိုး အကျည်းတန်စေကာမူ နှလုံးလှဖို့အရေးကြီးကြောင်း သရုပ်ဖေါ်သည့် နှလုံးလှအလှဆင်မယ် တနိုင်စိုက်ပျိုးခြင်းအားဖြင့် ၀င်ငွေတိုးလာပုံကိုသရုပ်ဖေါ်သည့် ဖူးပွင့်ဝေဆာမြေပဒေသာ ဒေါ်အေးအေးလွင်တီထွင်သည့် ဒေါင်းတို့ပျော်ရာတောမြိုင်သာ စိတ်အစဉ်ပျော်စရာ သူငယ်တော်အက ကလည်း ဆွဲအားအပြည့် မင်းသားလတ်ကလည်း အင်အားဖြည့်ကာ ယိုးဒယားဆီမီးခွက်အကတို့ကလည်း မျက် စိတမှိတ် လျှပ်တပြက်အတွင်းမှာ အခန်းပြောင်းကသွားကြပုံတို့ကိုမြင်ရသောအခါ တန်းမြင့်ရဲ့အနုသဘင်ကိုမချီး ကျူးပဲမနေနိုင်အောင် ဖြစ်ခဲ့ရသည် ။စိုက်ပျိုးရေးသရုပ်ဖေါ်ပြဇာတ်တွင် ဖခင်ဖြစ်သူလယ်သမားကြီးဦးဘိုးလှက သူ၏သားကိုမပင်ပန်းစေလို ပညာသင်ခိုင်း၏ ။ သို့သော်လည်း သားဖြစ်သူမောင်အောင်က စာဖတ်လည်းမပျက် အိမ်အတွက်ဝိုင်းဝန်းကူညီ စိုက်ခင်းဝင်ခဲ့ပါသည် ။ ထိုအခါ ဖခင်ရင်မှာ ပြင်းထန်သောဝေဒနာတစ်ရပ်ကိုခံစားခဲ့ ရပါသည် ။သားအားယခုကဲ့သို့ တနိုင်မွေးမြူစိုက်ပျိုးရေးကို မလုပ်စေလို ဖခင်ကဲ့သို့ ပင်ပန်းမည်စိုးပါသည် ။သား ဖြစ်သူကခေတ်ဟောင်း စနစ်ဟောင်းကအယူအဆတွေမှားကြောင်း ယခုအခါတောင်သူလယ်သမားတို့အားဓား စကိပျံဟုခေါ်သော လယ်ထွန်စက်များအသုံးပြုပုံ မိုးမရွာသော်လည်း ဆည်မြောင်းရေသွင်သွင်စီးပြီမို့ နှစ်သီး လောက်စိုက်မယ်ရှင် ။ဗိုလ်ကိတ်နှင့် နံနံပင် နှမ်းလျင်နှင့် ကုလားပဲဆိုသကဲ့သို့ ၎င်းတို့ကိုစိုက်ပျိုးခြင်းအားဖြင့် ၀င် ငွေတိုးကာ ရတနာမိုးရွာခဲ့ပုံကိုပြောပြခဲ့ပါသည် ။တနေ့တွင် ဖခင်ကအလုပ်မလုပ်နိုင်သဖြင့်သားအားခွင့်တရက် ယူစေကာ လုပ်ငန်းတွင်ကူညီခိုင်းပါသည် ။သားကလည်း စာတွေလက်တွေ့ပေါင်းစပ်ကာ သိပ္ပံနည်းကျစိုက်ပျိုး စေရုံမက ဓာတ်မြေသြဇာထည့်သည့်ပုံတို့ကိုပါ စနစ်တကျပြုလုပ်ခဲ့သဖြင့် ဖခင်မှာသားလုပ်ဆောင်ချက်ကိုအား ရ၀မ်းသာမိရုံမက အထွက်တိုးကာဝင်ငွေဖြိုးခဲ့သဖြင့် သား၏လုပ်ဆောင်ချက်ကို လက်ခံယုံကြည်ခဲ့သည် ။တဖန် သားနှင့်အတူ သမီးမြမြ၀င်းကလည်း အချက်အပြုတ် အချုပ်ပညာတို့ကိုတတ်ကျွမ်းကာ မိခင်ကိုကူညီခဲ့သဖြင့် မိခင်ကလည်းအံ့သြ၀မ်းသာဖြစ်ရပုံတို့ကိုတင်ဆက်ပြသနိုင်ခဲ့ပါသည် ။ ( ဤ တွင်ပြီးပါပြီ )