Friday, September 25, 2015

လွိုင်ဇာ ငြိမ်းချမ်းရေးခရီးစဉ်မှ အမှတ်တရ အပိုင်းအစ

ငါမဖတ်ရသေးတဲ့ကဗျာတစ်ပုဒ် ငါမဆွဲရသေးတဲ့ပန်းချီကား မျကိဝန်းထဲကခုန်ထွက်လာတဲ့တိမ်ညိုတွေတလိပ်လိပ်နဲ့ကောင်းကင်တစ်ခု မင်းဆီပို့လိုက်ရဲ့ ငါကတော့အယောင်ဆောင်မိုးနဲ့ပဲ ရေချိုးနေမိတယ် အနွေးထည်အထပ်ထပ်နဲ့ အနာဂါတ်လေး မိုးကုတ်စက်ဝိုင်းကြီးမှာကြယ်တွေစုံရဲ့လား ငါးစာတွေလည်း ငါးထက်ကြီးခဲ့ မှတ်တိုင်တွေလည်းလမ်းထက်ရှည်ခဲ့ ငါ့ဆီငါလိပ်မူထားတဲ့ကြယ်မရှိတဲ့ကောင်းကင်ကြီးနဲ့ ငါပြန်ခဲ့တဲ့လမ်းမှာ အလွမ်းတွေခုံးခုံးထ ငါမှန်းထားတဲ့ပန်းတွေပွင့်နေပါရောလား။ ကျွန်တော်နဲ့အမှန်အတိုင်းပြောရရင် ဒီကဗျာလေးကိုရေးတဲ့သူနဲ့မသိတာအမှန်ပါ။ ကျွန်တော်ဆီ ဖုန်းနဲ့ပို့လာတာပါ။ ကျွန်တော်ဖတ်ကြည့်တယ်။ အဲဒီကဗျာကိုရေးတဲ့သူရဲ့နောက်ခံသမိုင်းကိုသိ သလိုလိုရှိခဲ့တော့ သူပြောချင်တာလေးတွေရင်ဘတ်ထဲရောက်လာတယ်။ ကဗျာလေးကရေး ထားတာရှင်းပါတယ်။ သို့ပေမယ့်လို့ ဒီကဗျာရေးတဲ့သူဟာ ဘာဖြစ်လို့ ဒီလိုရေးလိုက်တာလည်း ဆိုတာကတော့ သူလျောက်လမ်းခဲ့တဲ့သမိုင်းက အရှည်ကြီးလို့ပြောရမယ်။ လူကငယ်သေးပေ မယ့်လို့ တော်ယုံလူတွေမလုပ်နိုင်ခဲ့တဲ့အလုပ်ကို အောင်မြင်စွာ ကိုယ်ကျိုးမဖက်ပဲလုပ်ခဲ့တာပါ။ ကျွန်တော်တတ်နိုင်သလောက်ပြောပြကြည့်ပါမယ်။ လိုအပ်ချက်များရှိခဲ့ရင်လည်း ဖြည့်ပြီးနား လည်ပေးကြဖိုံမေတ္တာရပ်ခံပါတယ်။ ကဗျာရဲ့အစမှာငါမဖတ်ရသေးတဲ့ကဗျာတစ်ပုဒ် ငါမဆွဲရသေးတဲ့ ပန်းချီကားတဲ့။ဟုတ်ပါတယ်။ ကျွန်တော်တို့ခင်ဗျားတို့ဆွဲနေကြတဲ့အတ္တဆန္ဒတွေ။လူတစ်ဦးချင်းကိုယ်စီရဲ့ကိုယ်သန်ရာသန်ရာ လျောက်လှမ်းနေကြတဲ့လမ်းတွေပေါ်မှာနေ့တိုင်းလိုလိုအဆုံးသတ်နိုင်ကောင်းရဲ့လို့ အားကြိုး မာန်တက် ရေးဆွဲနေကြ တာမဟုတ်လား။ ကဗျာရေးတဲ့သူက သူလျောက်နေတဲ့ခရီးရဲ့အစကို သူကောင်းကောင်းသိသလိုသူ့ရဲ့ဆန္ဒကိုသူဖြစ်ချင်တဲ့လမ်းကိုလမ်းမျှော်ကြည့်ရင်းစလိုက်တာလို့မြင်တယ်။ မျက်ဝန်းထဲကခုန်ထွက်လာတဲ့တိမ်ညိုတွေတလိပ်လိပ်နဲ့ကောင်းကင်တစ်ခုမင်းဆီပို့လိုက်ရဲ့တဲ့။စောစောကသူ့ဆီကဖြစ်ထွန်းမှုတွေကသူ့ကိုကောင်းကောင်းရိုက်ခတ်နေပြီ။သူ့မျက်ဝန်းထဲကနေခုန်ထွက်လာတာ တကယ်တော့တိမ်ညိုတွေမဟုတ်။ အုံ့မှိုင်းနေတဲ့အနာဂါတ်တွေ။ တစ်စ က္ကန့်တိုင်းလိုလိုရင်နာနေရတဲ့ စတေးခံဘ၀တွေ။ အာဏာချင်းပြိုင်နေကြတဲ့ကြားထဲမှာ မြေဇာ ပင်ဖြစ်နေရတဲ့ဘ၀တွေ။အပြစ်မဲ့တဲ့ ကလေးငယ်တွေ။လူငယ်တွေ။လူကြီးတွေ။သက်ကြီးရွယ် အိုတွေ။အိုးပစ်အိမ်ပစ် လွတ်ရာပြေးရှောင်နေရတဲ့ ညှိုးငယ်နေတဲ့မျက်နှာတွေ။ ကိုယ်တိုင်မကြုံ ရတော့ ကိုယ်ချင်းမစာနာတတ်တဲ့သူမဟုတ်။ တို့တိုင်း တို့မြေ တမြေထဲနေ တရေထဲသောက် ဘယ်သူဖြစ်ဖြစ် မတရားခံစားမှုတွေ ငါတို့နိုင်ငံထဲမှာ ဘယ်နေရာမှာရှိရှိ သူတို့ခံစားရတာတွေ က ငါတို့ခံစားရတာတွေဆိုတဲ့ကိုယ်ချင်းစာတရားကိုလက်ကိုင်ထားလိုက်သူ။သို့ပေမယ့် အရာ ရာအားလုံးကိုငါကယ်မှ ရမယ်လို့သဘောထားသူမဟုတ်ပါ။ရေနစ်သူဝါးထိုးကူမယ့်သူလည်းမ ဟုတ်။ လိုအပ်နေချိန်မှာ ကောက်ရိုးလေးတစ်မျှင်တတ်နိုင်လျှင် အဲဒီကောက်ရိုးလေးကို ကိုယ့် အတွက်မကြည့်ပဲပေးလိုက်မည့်သူ။အဲဒီလိုနဲ့ သူဟာကောင်းကင်တစ်ခုကို ပို့လိုက်တယ်။ တ ကယ်ကို တော်ရုံလူမပေးနိုင်တဲ့ဟာကို တကယ်ခံစားနေရတဲ့သူတွေဆီကိုယ်တိုင်ကိုယ်ကြပို့ ပေးလိုက်တာပါ။ ဒါပေမယ့်သူ့ဆီမှာ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေအတွက် ဘာပစ္စည်းမှ မယ်မယ်ရရမပါပါဘူး။ဒါပေမယ့် သူ့ရင်ဘတ်ထဲမှာရှိနေတဲ့ ကိုယ်ချင်းစာတရားနဲ့ ငြိမ်းချမ်းရေး ကြီးကတော့ ပြည့်ဝလွန်းရုံမက ပိုတောင်ပိုလျှံနေပါသေးတယ်။ ဒါကြောင့်လည်းမိုင်ပေါင်းတစ် ထောင်နီးနီးရှိတဲ့ ခရီးရှည်ကြီးကို လမ်းလျောက်ခဲ့တာပေါ့။ဒီနေရာမှာခဏတာကြုံရတာလေး ထည့်ပြောချင်ပါတယ်။ သူတို့တတွေလို ရာထောင်ချီခရီးကို မပြောနဲ့ သုံးလေးမိုင်လောက်လေး လမ်းလျောက်ရတာတောင်မှ မလွယ်ပါဘူး။သူတို့ခြေထောက်တွေဆို ပေါက်လိုပေါက် ရောင် လိုရောင်နေတာတောင်မှ စိတ်ဓါတ်မကျတဲ့အပြင် နောက်တစ်လလောက်ဆို အလေ့အကျင့် ရသွားမှာလို့တောင်ရယ်ရယ်မောမောနဲ့ပြောနေသေးရဲ့။သီချင်းလေးဆိုလိုက် တစ်မြို့နယ်ပြီး တစ်မြို့နယ်ကလာကြိုကြတဲ့သူတွေနဲ့စကားပြောလိုက်။ ဘယ်လိုမှလျောက်လို့မရတော့မှ ပါ လာတဲ့ကားပေါ်တက်ပြီးခေတ္တနားလိုက်။နည်းနည်းသက်သာတာနဲ့ဆင်းပြီးလမ်းလျောက်လိုက်။ တစ်ယောက်နဲ့တစ်ယောက် မခံချိမခံသာဖြစ်အောင်စလိုက်နဲ့။သေချာတာက တစ်လမ်းလုံး ကိုယ့်ကြောင်းအနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်အောင်အထူးဂရုစိုက်ခဲ့တာပါပဲ။ သေသေချာ ချာ စည်းစနစ်တကျ ပြန်ကြားရေး ဘဏ္ဌာရေး အစရှိတဲ့အဖွဲ့လေးတွေနဲ့ ကိုယ်စီတာဝန်ယူ ထားကြပြီး အပြင်သွားတာကအစ ကြီးငယ်မဟူ တာဝန်ရှိတဲ့ပုဂ္ဂိုလ်စကားကိုနားထောင်ရတာ။ ကဲဘယ်သူအတွက်လည်း။ ဘာတွေရလို့လုပ်နေတာလည်း။ သေချာတယ်ကိုယ့်အတွက်မ ဟုတ်တာ။ သေချာတယ် တရားစွဲခံရမှာ။ ဒီခေတ်ကြီးမှာ ကိုယ့်မှာရှိမှ။တကယ်ဖြစ်လာရင် ကိုယ့်ကိုဘယ်သူမှ လာကယ်တာမဟုတ်ဘူး။ငွေရှာခြင်းနဲ့သာတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေသူ တွေ။ အဲဒီအယူအဆတွေကြောင့် ကျုပ်တို့နိုင်ငံကြီးနိမ့်ကြရတဲ့အကြောင်းတစ်ရပ်ထဲမှာပါတာ မဟုတ်လား။ အရာရာကိုယ်ကျိုးကြည့်ဝါဒထွန်းကားနေခဲ့လွန်းတော့ အယောင်ဆောင်မိုးနဲ့ရေ ချိုးနေမိတယ်တဲ့။ဟုတ်တယ်လေ မတရားမှုတွေထွန်းကားနေတဲ့အချိန်မှာ တရားမှုဆိုတာရှုံးနိမ့် သူပဲ။ ဒီအချိန်မှာ မှန်တဲ့အတိုင်းသွားပြောမိရင် ကိုယ်ပဲအလှောင်ခံရမှာ။ အများမိုးခါးရေ သောက်တဲ့အချိန်မှာ ငါလည်းလူပဲသူများတွေတောင်သောက်နေတာ ငါဘာလို့မသောက်ရဲရ မှာလည်းဆိုတဲ့ဦးဏှောက်မရှိတဲ့အတွေးတွေကြားထဲမှာ ကိုယ်ရဲ့အမှန်တရားလေးကို ကြောင် လက်သည်းဖွတ်ထားခဲ့ရတယ်။သို့သော်လည်း တကယ်တမ်းမိုးရေထဲမှာရေချိုးရသလို သူ့မှာ အေးချမ်းမှုတို့မရှိခဲ့ဘူးလေ။ဒီအခြေအနေမှာ စိုးရိမ်မှုတွေဖြစ်လာတယ်။အနွေးထည်အထပ် ထပ်ဝတ်တာဘယ်နေရာမှာရှိလည်းတောင်ပြောစရာမလိုပါဘူး။ကျွန်တော်တို့ရဲ့တောင်ပေါ် တိုင်းရင်းသားသွေးချင်းတွေ။အင်မတန်အေးမြတဲ့ရာသီဥတုနဲ့နေထိုင်ကြတဲ့တိုင်းရင်းသား တွေ ရဲ့အနာဂါတ်တွေကို ကျွန်တော်တို့ငယ်ငယ်ကလသာတဲ့တိုင်းညတိုင်းဆော့ကစားခဲ့ရတာတွေ ကိုသာမက လူကြီးသူမတွေရဲ့ပုံပြောပြတဲ့အကြောင်းတွေကိုကြားဘူးမြင်ဘူးပြီးသတိရလာ တယ်။သြော် … သူတို့တတွေလည်း အဲဒီလိုအေးအေးလူလူရှိရဲ့လား။သူတို့ရဲ့ကောင်းကင်ယံ မှာ ကြယ်တွေစုံရဲ့လား။တစ်နည်းအားဖြင့်ယမ်းခိုးငွေ့တွေချုံလွှမ်းနေတာဖြစ်တဲ့အတွက်သူတို့ တတွေရဲ့ ရပ်တည်မှုဟာ လုံချုံစိတ်ချရရဲ့လား။ကဗျာရေးတဲ့သူကိုယ်တိုင်ကသူတို့ဆီလှမ်းနေ ပေမယ့်လို့ သူ့ရင်ထဲမှာ ကြားနေရတဲ့သတင်းတွေနဲ့စိုးရိမ်နေတာကိုအထင်းသားမြင်နေရတယ် သူဟာဒီလမ်းမပေါ်မှာလျောက်နေရင်း ဘာမဟုတ်တဲ့ဟာတွေကသူတို့ကို လာပြီးနှောင့်ယှက် တာကိုရင်ဆိုင်နေရတယ်။ တနည်းအားဖြင့် အထက်အမိန့်အရ ဆိုပြီး အမိန့်ကြီးတကိုင်ကိုင်နဲ့ လာနေတဲ့သူတွေကိုဖြေရှင်းနေရတယ်။ သူတို့တတွေလုပ်နေတာဘာအတွက်လည်း။ ငြိမ်းချမ်း ဖို့။ မငြိမ်းချမ်းဒေသကပြည်သူ ပြည်သားတွေအတွက်တစ်ဖက်တစ်လမ်းက အားပေးဖို့။ အစိုးရ ကိုယ်တိုင်ကဖေါ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက ကူညီအားပေး တဲ့အနေနဲ့ ကိုယ်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားလာကျောင်းပေးတဲ့ကိစ္စ။ အဲဒါကို အိမ်မှာခိုင်း ထားတဲ့ စာရင်းငှားတွေက အာဏာပါဝါလာပြနေတာကို ဖြတ်သန်းလာတိုင်းကြုံနေရတယ်။ ဘယ်လောက်စိတ်ပျက်စရာကောင်းလေမလည်း။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဦး။ ဒါဟာဖြစ် သင့်တဲ့အရာလား။ ဘယ်လောက်ပဲဥပဒေတွေရှိရှိ ဘယ်သူအတွက်လုပ်ပေးနေတာလည်းမ ကြည့်ပဲနဲ့ တရားဥပဒေလို့ပြောပြီး မတရားပုဒ်မတွေတပ်နေတာ။နိုင်ငံတော်ရဲ့ တည်ဆောက် ရေးလုပ်ငန်းတွေကိုနှောင့်ယှက်နေတာလား။ နိုင်ငံတော်ပိုင်ငွေတွေကိုအလွဲသုံးစားလုပ်နေတာ လား။ ဆူပူအုံကြွမှုတွေဖြစ်အောင် သွေးထိုးလှုပ်ဆော်ဖန်တီးနေတာလား။ အဲဒီမှတ်တိုင်တွေ ဟာ လမ်းမထက်ရှည်လျားနေမှတော့ ဘယ်ခရီးကိုရောက်မလည်း။ တစ်နည်းအားဖြင့် သမိုင်း မသန့်တဲ့သူတွေလက်ထဲမှာ ဘာတွေပဲရှိရှိညစ်ထေးစွန်းထင်နေမှာ အသေအချာပဲ။ ဒါဆိုရင် ကျုပ်တို့နိုင်ငံရဲ့ပြောင်းလဲရေး လမ်းမဟာပျောက်ဆုံးနေမှာပဲ။ နောက်ဆုံးသူပြန်လာခဲ့ရတယ်။ ပြန်လာခဲ့ရတဲ့အချိန်ဟာ သူ့အတွက်ဝမ်းနည်းဝမ်းသာခြင်း တွေရောယှက်နေခဲ့တယ်။ ညီနောင်သွေးခြင်းတို့ရဲ့ တစ်ဦးနဲ့တစ်ဦးခဏတာတွေ့ဆုံမှုမှာ ချည် နှောင်မိတဲ့ ကြိုးကတင်းတင်းရစ်ပတ်ခဲ့လေပြီ။ နိုင်ငံအတွက် ငြိမ်းချမ်းရေးခရီးရှည်ကြီးကို အားမလိုအားမရဖြစ်ခဲ့ပေမယ့်လည်း သွေးကစကားပြောခဲ့ရတာကို သူကျေနပ်ဝမ်းမြောက်ခဲ့ တယ်။သို့ပေမယ့်လည်း……………………………………………………………………………………… သူမှန်းထားတဲ့ပန်းဆိုတာတခြားဘာများဖြစ်နိုင်ဦးမှာလည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ စစ်သွေးအိမ် ၄ . ၅ .၂၀၁၃

No comments:

Post a Comment