Friday, September 25, 2015

အဝေးလွှင့်တောင်ပံတစ်စုံရဲ့ပြန်ကြားရခဲ့တဲ့ခြေသံ

အရာရာအားလုံးက အဲဒီလိုနေ့တစ်နေ့မှာတင်ပြီးဆုံးသွားခဲ့တယ် ။ မျက်စိရှေ့ကနံရံကိုအဓိပ္ပါယ်မဲ့စွာငေးကြည့် နေရင်း “ သြော် ” ဆိုတဲ့စကားတစ်လုံးသာ ဖိဖိညှစ်ညှစ်ထွက်လာခဲ့တယ် ။ နံရိုးမှာရေးထွင်းထားတဲ့ ဝေဒနာ တွေလည်း သက်ပြင်း ဖြည်းဖြည်းချရင်း အသက်ပါ ပါသွားလုမတတ် ။ အခုတော့ လုယူခံလိုက်ရတဲ့ချစ်ခြင်းက အဆိပ်သင့်ညတွေပြီးဆုံးသွားဖို့ အဝေးလွင့်တောင်ပံတစ်စုံရဲ့ခြေသံတွေ ငါတို့ရဲ့ရင်ခွင်ရှိရာကိုဦးတည်နေပြီလား ။ ဘ၀ထဲမှာမပုတ်မသိုးအောင် ဆားရည်စိမ်ထားခဲ့ရတဲ့မျှော်လင့်ခြင်းကို အနမ်းတစ်ခုနဲ့ ရှင်သန်နိုးထခွင့်ရတော့ မလားရယ်လို့ ရင်ခုန်နှုန်းကတထိတ်ထိတ် ။ ခွဲခွာသွားစဉ်တုန်းကမျက်နှာလေးတစ်ချက်လှည့်ကြည့်လိုက်ရုံအ ကြည့်တစ်ခုထဲမှာ အရာရာအားလုံးပြတ်တောက်သွားခဲ့ရတာကို ယနေ့ထိတုန်လှုပ်ကြောက်လန့်နေဆဲပင် ။ သူ၏ရက်စက်မှုကို မေးကြောတွေထောင်ထနေရင်း စီးကျလာတဲ့သွေးစက်တွေ အဖြူရောင်အင်္ကျံပေါ်မှာစွန်း ထင်းခဲ့တာတွေက ဘ၀ရဲ့သမိုင်းပြတိုက်တစ်ခုပေါ့ ။ပြန်ထုတ်ကြည့်မိလိုက်တိုင်း စိုဆွတ်ပူနွေးမှုတွေက ငွေရေး ကြေးရေးနောက်မှာ ကန္တာရတစ်ခုဖြစ်မှန်းမသိဖြစ်နေခဲ့တယ် ။ ပါတ်ဝန်းကျင်ရဲ့ အပြုံးတွေကိုမတော်တဆတွေ့ မိလိုက်တိုင်း တုန့်ပြန်မှုတွေမှာ နှုတ်ခမ်းထောင့်ကွေးက အတွန့်တစ်ချက်ကို အာဏာသိမ်းဖို့မဖြစ်နိုင်ခဲ့သေးဘူး ။ အမှတ်တရဆိုတာကို အမှတ်မရအောင်ကျင့်ကြံအားထုတ်ခဲ့ရတဲ့ကျင့်စဉ်ပေါင်းများစွာထဲမှာ အလေအလွင့်ဟာ ဓားမသွေးမိဖို့ပဲ သတိထားထားနေရတယ် ။ သီးသီးသန့်သန့်ချလိုက်ရတဲ့ ရေစက်ပေါင်းများစွာ ။ ကျင်တွယ်တစ် ခုရဲ့ ထောင့်ချိုးမှာ ငိုက်စိုက်နေခဲ့တဲ့ဦးခေါင်းရဲ့ ၃၅ံ ။ အကြောအားနည်းသူလို ထုံကျင်ကိုက်ခဲမှုပေါင်းများစွာထဲ လက်ကတီးကကျနေချင်တဲ့ချွေးစက်တွေ ။ ဟောလီးဝုဒ် အကယ်ဒမီဆုပေးပွဲကိုကြည့်ရင်း လက်ခုပ်သံကြားထဲ မှာပျေက်ဆုံးနေခဲ့တဲ့လက်ခုပ်သံတွေ ။ နေညိုညိုရစ်ခတ်သန်းတဲ့ မန္တလေးကျုံးရေပြင်ထဲမှာနစ်မြုပ်သွားခဲ့ရတဲ့ အကြည့်ညိုညိုတွေ ။ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်း အများကြီးစွာလွန်းခဲ့ရတဲ့ များစွာ ။ အခုတော့ကြားလိုက်ရတယ် ။ “ ပြန်လာမယ်တဲ့ ” ။ မစို့မပို့အဲဒီသတင်းလေးသယ်ဆောင်လာတဲ့လေညှင်းတ ချို့မှာ အပွင့်အဖူးတို့အားယူချင်နေပြီ ။ အိမ်မက်လား တကယ်လားမေးခွန်းထုတ်ခွင့်က အကျဉ်းကျနေချင်တယ် ။ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အသံလေးကြားထဲမှာ သံလွင်ခက်တွေလန်းဆန်းလို့ ။ နံက်တိုင်းပုတ်သိုး နေတဲ့နေရောင်ခြည်လည်း အခုတော့ရေတစ်ခွက်ကိုအားရပါးရမော့သောက်လိုက်ဖို့ပြင်နေပြီ ။ အရုဏ်ဦးလည်း အာရုံမှာ မောနင်းစင်တာဖွင့်ဖို့ကြိုးစားချင်နေပြီ ။တစ်ခါမှ အလိုမကျခဲ့တဲ့စတ်တွေလည်း ဒီတစ်ခါတော့ စမတ် ကျကျလူကြီးလူကောင်းဆန်တော့မယ်ဆိုလား ။ တချို့ကတော့ တိုက်ရေးခိုက်ရေးမှာ စနစ်တကျဗျူဟာကို ပြင်ဆင်ထားနိုင်ပါတယ် ။ ဗျည်းနဲ့သရ နေရာထားမှားခဲ့တဲ့ကိစ္စမှာ လ၀ဆွဲနသတ်လွန်နဲ့ လတစ်ချောင်း ငင်လုံးကြီးတင်လိုတို့ အမြင်ခြင်းစောင်းမြောင်းနေကြမှာ ။ ဇာတ်ကောင်နေရာမှာ အသုံးတော်မခံရတော့တဲ့ဝေ ဒနာဟာ ဗဟုဝါဒပြုပြီး ရယ်ရယ်မောမောအဿုဘလိုက်ပို့တတ်ကြတယ် ။ ကိုယ့်အသားနာရင်အော်ဖို့ ရိုးဘော့ တွေဟာ ပရိုဂရမ်တွေဖရိုဖရဲနဲ့ ။ အမှန်တော့ ကမ္ဘာအတွင်းပိုင်းမှာ ခန့်မှန်းထားသလောက် အောက်ဆီ ဂျင်ရှိမ နေ ကြောင်းထပ်မံတွေ့ရှိမှုလောက် အရေးကြီးတဲ့ကိစ္စမဟုတ်ကြောင်း မာယာဟာဇိမ်ပမာဏကစတယ် ။ လူ့ ပါးစပ်ပေါက်ဆိုတာ တပ်ဆင်ခြင်းအနုပညာ ။ ကန့်သတ်နယ်မြေ တာဝန်မှအပမ၀င်ရ ။ ၀င်ရောက်လာပါက လေးခွနဲ့ပစ်မယ်ဆိုတာ အနုပညာမှာမရှိ ။ ထို့ကြောင့် ထိုကြောင့် ………….. ။ သိမ်းဆည်းထားခဲ့သောတောင်ပံများက မည်သို့ပြန်နိုင်မလည်းဆိုတာ စိတ်ဝင်စားစရာ ။ နှလုံးသားတိုင်းကတော့ အထီးကျန်ဆန်ခြင်းများကို အမှိုက်သိမ်းရန်ဘယ်တော့မှမကြိုးစားလိုတော့ပါ ။ တအိအိနှင့်ကျလာမည့်ကားလိပ် ကို ပါဖွန်မင့်ဆန်ဖို့သာ မေတ္တာပို့နေကျတယ် ။ လွဲမှားရောက်ရှိလာမှုများ ။ လွဲမှားထိုင်နေကျသူများ ။ ဟထိုးတစ် ခုကိုလိုလိုချင်ချင် တောင်းဆိုနေကြမလား ။ တကယ်တော့ဒါတွေဟာ ဘယ်နေ့လည်း ။ ပြောပါ ။ ပြောကြပါ ။ တစ်နှစ်အတွင်းဆိုတဲ့ စကားသံတွေ လေထဲမှာထောင်းလမောင်းထအောင် ပြောပါ ။ ပြောပါ ။ ပြောကြပါ ။ ပြိုင် ပွဲတစ်ခုမှာဆုချိတ်နိုင်ခဲ့ပြီး ဆုပေးခါနီးကျမှ ဆုမပေးတော့ပါခင်ဗျားလို့ ပြောပါ ။ ထပ်ပြောပါ ။ ထပ်ခါထပ်ခါပြော ပါ ။ မျက်နှာသစ်လိုက်တိုင်း ကျွတ်ကျနေတဲ့ အရှက်တရားတွေအောက်မှာ ပြောပါ ။ ပြောပါ ။ ပြောကြပါ ။ တကယ်တော့သူပြန်လာမယ်ဆိုတာ သူလုပ်ချင်တာတွေအားရအောင်လုပ်ပြီးသွားတာလည်းဖြစ်နိုင်သလို သူ လုပ်ချင်တာတွေမလုပ်ရသေးတာလည်းဖြစ်နိုင်ပါတယ် ။ လမ်းခွဲချိန်မှာ လူသားဆန်မှုတွေကို တင်းတင်းရင်းရင်း ၀တ်ဆင်ခဲ့မယ်ဆိုရင် အချိန်ဟာအစားပြန်မရကြောင်း ကောာင်းကောင်းသဘောပေါက်သွားနိုင်တယ် ။ ခုတော့ ဖိနပ်လေးတွေပိုင်ရှင်မဲ့ပြီ ။ မဲ့ခဲ့ပြီးပြီ ။ မဲ့နေဆဲကို ဘယ်တေးတွေသီဆိုရပါလိမ့် ။ ဖွင့်ထားခဲ့တဲ့တံခါးပေါက်က ၀င်လာတော့မယ့်လေပြေတွေ လေထဲမှာဝဲပျံနေတဲ့ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်နိုင်ဖို့ အဆုတ်ကာကွယ် ဆေးရပါ့မလား ။ မျှော်လင့်နေတယ် ။ သူပြန်လာနေတဲ့ရက်ကို မျှော်လင့်နေတယ် ။ သူ့အတွက်ဖွင့်ထားမယ့် တံခါးပေါက်မှာ ကြိုးတစ်ချောင်းက ငြိမ်သက်စွာ ။ တတောက်တောက်မည်နေတဲ့နာရီသံကလွဲလို့ ပြားဝပ်နေတဲ့ မျက်ဝန်းတွေက ငြိမ်သက်စွာ ။ ငြိမ်သက်လိုက်တိုင်း အလိုလို အလေးပြုပြီးသားဖြစ်နေတဲ့ ဦးခေါင်းတွေက ငြိမ် သက်စွာ ။ ရာသီဥတုရဲ့ရနံ့ထဲ မင်းပြန်လာမယ့်နေ့ ။ တောက်ပတဲ့မျက်ဝန်းတွေ လင်းလက်လို့ ။ စစ်သွေးအိမ် ၃၀၁၁၁၁ - ၂၁၁၂၀၁၅

3 comments:

  1. ကြိုက်တယ်ဆိုတာထက်ကိုပိုပါတယ်

    ReplyDelete
  2. ကြိုက်တယ်ဆိုတာထက်ကိုပိုပါတယ်

    ReplyDelete
  3. ဟုတ်ကဲ့ပါ ။ တစ်ခါဆိုရပါပြီ

    ReplyDelete