Thursday, September 24, 2015
တန်းမြင့်ရဲ့ အနုသဘင်
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဉ်မေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
အပိုင်း ( ၁ )
“ တန်ဆောင်တိုင်ပွဲ အားခဲပါလို့ တို့တတွေ နှစ်ကျိပ်ရှစ်ဆူဒေသနာပွဲမှာ နွဲပျော်ဆို့လေ တောင်းဆုငယ်ချွေ ပေါင်းစုကာ သဟာဆွေတို့ မာပါစေ ဆုမွန်ကောင်ကို ( ကွယ် ) တောင်းကြဖို့အမြဲ ” ဆိုသည့် ကျောင်းသား မောင်သီဟ သီဆိုခဲ့သော ခွန်းတောက်သဖြန်ကို ပြန်လည်ကြားယောင်မိသည့်နည်းတူ “မြို့မေတ္တာခံယူမဲ့သားပါ ဗျာ ဗျို့ဟစ်ကာ ဟန်မူနွဲ့မကြွားခဲ့ပါဘူးသယမ္ဘူဘုရားမှာတဲ့ ( ပုည )ရေ ဗုဒ္ဓ၀စနာ ” အားကျမခံပြန်ဆိုလိုက် သော ကျောင်းသားမောင်ဒါနတို့ရဲ့ အသံလေးများမှာ အသည်းဘ၀င်မှာ စွဲထင်ကျန်ခဲ့ပါသည် ။
အနုပညာသည် လူသားတို့အား ဆွဲဆောင်ရာတွင် အစွမ်းထက်သည့် လက်နက်တစ်မျိုးပင် ။ ကျွန်မသိသရွေ့ အ ထ က ကျောင်းမှ အနုပညာအသင်းသည် ကျောင်းသင်ဘာသာရပ်အဖြစ် ဖွဲ့ဖြိုးရေးဘာသာရပ်တွင် အပါအ၀င် ။ ၀ါသနာပါသောလုပ်ငန်းဖြစ်၍လည်း စိတ်ပါလက်ပါ တကယ့် သဘင်သည်ကြီးများကဲ့သို့ ဖျော်ဖြေ ခဲ့ သည်များကို ပြန်လည်မြင်ယောင်မိပါသည် ။ အနုပညာအစ အမိကျောင်းတော်ကြီးက ဆိုလျှင်လည်းမမှားပါ ။ “နွဲပျော်ကာညီညီညာညာ နှစ်ကျိပ်ရှစ်ဆူဒေသနာပွဲမှာ အထက်တန်းကျောင်းကတီထွင်လို့သာ မောင်မယ်များက ပျော်ရွင်စွာ စေတနာအကျိုးနဲ့ သည်ပိုးဆောင်ရွက်မှာ ” ဟူသောတေးသီချင်းဖြင့် တန်ဆောင်တိုင်ပွဲ ယှဉ်ပြိုင်နွဲခဲ့ သည့် တပင်တိုင်မင်းသားအဖြစ် မောင်ကံညွန့် ( ယခု ဗဟန်း အ ထ က ၂ ) ကဟန်တို့မှာ စွဲမက်စရာပင် ။ ၁၉၅၃ ခုနှစ် မြို့ရွှေဦး ဘေးဘယာဝေးကွာစေရန် နှစ်စဉ် ဗုဒ္ဓမြတ်ဘုရားနှစ်ဆယ့်ရှစ်ဆူ ဒေသစာရီ လှည့်လည်ပွဲကို ကျင်းပခဲ့ပါသည် ။ အမိကျောင်းတော်ကြီးရဲ့တိုးတက်မှု ဘက်စုံပညာဖွဲ့ဖြိုးမှု ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်း၍ တန်ဆောင်တိုင်ပွဲမှာ ဘုရားကျောင်းတော်တစ်ခုယူ၍ကျောင်းသူ ကျောင်းသားများဆင်နွဲခဲ့ပါသည် ။ ကျေးရွာ ရပ်ကွက်ပေါင်းစုံတို့မှလည်း တန်ဆောင်တိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါသည်။ ထိုခေတ်ကတန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲမှာ လျှပ်စစ်မီးမရှိသဖြင့် မြေ ၀ိုင်းမကျတကျ လက်ဆွဲမီးကို ခေါင်းကရွက်၍ ကသူများကို ၀ါးများဖြင့် ကာပေးထားကြရပါသည် ။ သူ့ခေတ် သူ့ အခါ ဆီလျော်ပါပေသည် ။
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
အပိုင်း ( ၂ )
ဆီမီးမြိုင်မြိုင်တန်ဆောင်တိုင်ပွဲတွင် အ ထ က မှ ကျောင်းအုပ်ဆရာကြီး ဦးတင့် ( အငြိမ်းစား ) ဆရာဦးသိန်း မောင် ဆရာဦးစိန်နှင့် ဆရာဦးကြည်မောင် ( စိန်ရုံ ပိုင်ရှင် ) ဆရာမဒေါ်ခင်ကြည်တို့က ဦးဆောင်၍ ကျောင်း သား မောင်ကျော် ( ဆရာဦးကျော် ) မောင်ဝင်း ( ကွယ်လွန် ) မောင်မောင်ကြီး ( စည်ပင်သာယာ ) မောင်ချစ် မောင် ( ယခု ဗုလိမှူး ) မောင်လှကြည် ( ပါးချိုင့် အငြိမ်းစား ) မောင်ကျော်အေး ( မောင်ဝင်းမောင် နိုင်ငံခြား ရောက် ) မောင်စိန်မောင် မောင်စိန်ဝင်း ( ဆပ်ပြာစက် ) မောင်ချစ်တင် ( ဆရာ ) ကျော်မြင့် ( စာတိုက်မှူး ) စ သည်တို့က ဒေါက်တာရမ်းကုများသရော်သောယိမ်းမှာ ပါဝင်ကပြကြပါသည် ။ ဒေါက်တာပေါက်တူး ( မေင်ချစ် မောင် )က “ ဆရာဝန်လောကမှာ နှစ်ယောက်မရှိတည အမှန်ပါလေ ဆေးကျမ်းတွေလည်း စိစိညက်ညက်ကြေ အစွမ်းအဟုတ်ရှိသလေ ၀မ်းချုပ်သည့်လူနာတွေ ကောက်ညှင်းဓါတ်စာ ကျွေးခဲ့သလေ ။ အအေးမိသူတွေတော့ ရေခဲရေချိုးစေ လေထိုးယင် ဖင်လှန်ပြီးတော့ မီသတ်ပိုက်နဲ့ ၀မ်းချုလိုက်မယ်လေ” ဟူ၍ဟန်အမူအယာနှင့် သရုပ်ဆောင်ပုံကို ပရိသတ်မှာ ၀ါးလုံးကွဲမတတ် ဟားခဲ့ကြရသည် ။ လူနာခမျာမှာ ဆင်းရဲလွန်းလို့ ခြေကြွခမ ပေးနိုင်ပုံကို သရုပ်ဆောင်သူမောင်လှကြည်က “ ဆင်းရဲလွန်းလို့ ဆရာခေါ်စရာမှာ ငွေလဲမရှိပါဗျာ လူနာက လည်း မသက်သာ ဆရာကလည်းခေါ်ဖို့ရာ တွေ့ရင်တော့ ခြေကိုဖက်ကာ ဇွတ်အတင်းပဲခေါ်ရမှာ ” စတဲ့သီချင်း လေးကလည်း ဆင်းရဲသားအသွင် သရုပ်ဆောင်ပုံမှာ တကယ်ပင်ရင်နင့်စရာ ခံစားခဲ့ရပါသည် ။ ဒေါက်တာရမ်း ကုကြောင့် သေဆုံးခဲ့ရသော်လည်း ဒေါက်တာအစစ်ကြောင့် သေမင်းရဲ့ခံတွင်းမှ လွတ်ကင်းကာ ကယ်တင်နိုင်ခဲ့ ပုံကို သရုပ်ဆောင်သူ မောင်ကျော်မြင့် ( စာတိုက်မှူး )က “ ဆရာဝန်အတတ်ကို မြတ်နိုးနှစ်သက်သူမို့ဗျာ ဆေး ကျောင်းတက်လို့ဒီဂရီယူလာ ကိုယ်အင်္ဂါအစိတ်အပိုင်းကို မအိပ်မနေသင်လာခဲ့တာ ကျောင်းကဆင်းတော့ ( ပရပ်တီကယ် )၂ မှာ မမြင်ပုံစရာပါ တကယ်ပင်မှန်ပေတာ ကြုံအတွေ့စုံလင်စွာ သုံးဆယ့်နှစ်ကောဠာ ကောင်း ကောင်းအဟုတ်တကယ် နားလည်ပါရဲ့ ကျွန်တော်တို့ဆေးပညာ ” သီချင်းကိုသီဆိုကာဟန်အမူအယာမှာလည်း ပရိတ်သတ်အတွက် စွဲမက်စရာပင် ။ ထို့နောက်တကယ်တတ်ကျွမ်း တားလည်သူဆရာဝန်အစစ်တွေရှိကြောင်း ဒေါက်တာယိမ်း ထွက်ပါသည် ။ သရုပ်ဖေါ်ပြဇာတ်အနေဖြင့် ဆရာဝန်အစစ်နှင့် အတု နှိုင်းယှဉ်ကာ ယိမ်းကခြင်း ဖြစ်၍ ပရိတ်သတ်အားသင်ခန်းစာပေးခဲ့ပါသည် ။
အပိုင်း ( ၃ )
( ဒီအပိုင်း ၃ ၌ ကျနော်တို့သင်ခဲ့ရသော ဆရာ ဆရာမများသည် အနုသဘင်လောကတွင် တစ်စိတ်တစ်နေ ရာ
မှပါဝင်အသုံးတော်ခံခဲ့ကြောင်း သိရသဖြင့် ပို၍လေးစားကြည်ညိုမိပါသည် ။ စာရိုက်သူ )
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
ယမနေတစ်ခန်းရပ်ပြဇာတ်ကိုလည်း ကပြခဲ့ပါသည် ။ ဒိုက်ဦးမြို့တွင် ပထနဆုံးပြည်ထောင်စုနေ့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည့်ပွဲသဘင်တွင် “( ပြည်ထောင်စုဌာနီ ) ၂ နိုင်ငံတော် အမျိုးသားအပေါင်းတို့ ချစ်ကြည် ရေးကို သရုပ်ဖေါ်မည် ”စသ်ာဖြင့် ကျောင်းသားများပါဝင်ခဲ့ကြပါသည် ။ မတင်ဦး ( ဆရာမဒေါ်တင်ဦး ) မတီလေး မတင်အုန်း ညွေန့်ညွန့် စသူတို့ရဲ့ သူယောင်မယ်ယိမ်း မြမြသန်း မယဉ်မေ မကျင်စိန် မကျင်လွမ် မကျင်မြစိန် တို့ရဲ့ ပန်းခွေယိမ်းတို့ကလည်း မရိုးနိုင်ပေ ။ အမျိုးသားနေ့တို့မမေ့ အမျိုးသားနေ့အောင်ပွဲမှာလည်း အမိမြန်မာပြည် အဖြစ်ကျောင်းသူမသန်းမြင့်ကသရုပ်ဆောင်၍ ကျောင်းသားမောင်လှကြည် ( ယခု ဆရာဦးလှ ကြည် ) မောင်ဝင်း ( ကွယ်လွန် ) တို့ကစည်တော်အကဖြင့် လှည့်လည်ခဲ့ပါသည် ။ဆရာဦးညွန့်ကြည် ( နိုင်ငံ ရေးတက္ကသိုလ် ) ဆရာဦးလှမြင့် ( ညောင်လေးပင်မြို့နယ် ပညာရေးမှူး ) တို့၏ ဘဘကြီးယိမ်းနှင့် ကုလားက တို့မှာလှပစိုပြေနေပါသည် ။ ဒိုက်ဦးမြို့နယ်တွင် ၁၉၆၆ ခု ဇန္န၀ါရီလ ၂ ရက် ၃ ရက် ကျောင်းသားပွဲတော်ကို “ ရိုးသားသောတပည့် ” တခန်းရပ်ပြဇာတ် သုဝဏ္ဏသာမ ပဒေသာကပွဲတို့ဖြင့် ဝေေ၀ဆာဆာကျင်းပနိုင်ခဲ့သည် မှာလည်း တန်းမြင့်ရဲ့အနုသဘင်၏ ကျေးဇူးပင် ။ ၁၉၅၃ - ၅၄ ခုနှစ် ပညာတံခွန်နေ့တွင်လည်းကောင်း ကျောင်း သားကျောင်းသူများက အကမျိုးစုံတို့ဖြင့် ကပြခဲ့ပါသည် ။ ပြည်တော်သာခေတ် ပြဇာတ်ပြိုင်ပွဲတွင် အ ထ က မှ ပြဇာတ်သည် ပထမဒိုင်းဆုကိုပင်ဆွတ်ခူးခဲ့ပါသည် ။ ၁၉၅၉ ခုနှစ် သူငါယှဉ်နွဲ တန်ဆောင်တိုင်ပွဲတွင် မောင်စံမြင့် ( အငြိမ်းစား )၏ တပင်တိုင် မင်းသားကြီးအကမှာ သူမတူအောင်ဆွဲဆောင်သဖြင့် မြင်ရသူတိုင်းစိတ်ရွှင်မြူးခဲ့ရ ပါသည် ။ မခင်အေး မစန်းစန်း မဌေးရီ မတင်တင်ဝင်းတို့၏ ပဒေသာယိမ်း တခန်းရပ်ပြဇာတ် စသည်တို့ဖြင့် ဝေ ဝေဆာဆာ ဆင်နွဲခဲ့ခြင်းသည် အနုသဘင်၏ အစွမ်းသတ္တိတို့ပင် ။ဤကဲ့သို့ အမိကျောင်းတော်ကြီးမှ ကျောင်းဆ ရာကြီး ဦးအောင်ကြိုင်နှင့် ဆရာဆရာမတို့၏ ဦးဆောင်ညွှန်ကြား ပြသမှုကြောင့် တန်းမြင့်ရဲ့အနုသဘင်သည် ကြယ်တစ်ပွင့်ပမာ ငွါးငွါးစွင့်စွင့် မိုးသို့လွင့်ခဲ့သည်ဟုဆိုချင်ပါသည် ။ရွှေဦးတခွင် လှပ၍ပင်နေသေး၏ ။ နေလည်း မသာ မိုးလည်းမရွာပဲ အေးမြသာယာနေသည့်ကောလိယချောင်းရေကလေးကလည်း တရိပ်ရိပ်တက်၍ သဘာဝအလှကို ပို၍ပင်ပနံရစေခဲ့သည့်အချိန်ကား ၂၅ နှစ်မြောက် မတ်လတော်လှန်ရေးငွေရတုသဘင်ပင် ။
အပိုင်း ( ၄ )
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
တော်လှန်ရေးနေ့ ငွေရတုသဘင်တွင် ပြည်သူ့ဆက်ဆံရေးတပ်မှ ရဲဘော်များက ကိုယ်တိုင်သငိကြားပြသ ပေးခဲ့ပါသည် ။ ပြဇာတ် ကဇတ်စသော အကပဒေသာများတွင် ကျောင်းသူကလေးများ၏ သရုပ်ဖေါ်ကဟန် ကျောင်းသူ မဌေးရီ ( ဆရာမဒေါ်ဌေးရီ ) တို့ဒိုးပတ်အကတို့မှာလည်း ယနေ့တိုင် မမေ့နိုင်အောင်ပင် ။ မြိုင်မြိုင် ဆိုင်ဆိုင် ပရိသတ်ကိုတင်ဆက်ကပြနေသည်ကို မြင်ရသူအဖို့ ကျောင်းသူ ကျောင်းသားများမှဟုတ်ပါလေစ ၊ တ ကယ့်ဇာတ်သဘင်သည်များ ကနေရော့သလားထင်မိပါသည် ။စာဆိုတော်နေ့တွင် ဆရာဦးသိန်း ဆရာမဒေါ်ခင် ကြည်တို့က စုပေါင်းကာ စာဆိုတော်နေ့အဖွင့်သီချင်း “ စာဆိုသခင်များစံမြန်းပါတဲ့ နန်းဖန်ဆောင် သော်တာလ ရောင် ယွန်းပြောင်နေသည့်အလား တင်စားပါလို့စိတ်မှာပျော် ထင်ရှားပါတဲ့မြန်မာ့စာဆိုတော် ” စသည်တို့ကို ကျောင်းသူများကသီဆို၍ စာဆိုနေ့ကိုကျင်းပခဲ့ပါသည် ။ အောင်မင်္ဂလာရုံတွင် ( ချစ်ကာရာအိုကေအနီး ကျောင်းကြီးလမ်း ) ဆို က ရေးတီး ပြိုင်ပွဲကိုပါဝင်ဆင်နွဲခဲ့သဖြင့် တန်းမြင့်ရဲ့အနုသဘင်သည် ပီပီပြင်ပြင်ပေါ် ထွန်းခဲ့ပါသည် ။ အောင်ပွဲတရာဖြင့် ဖျော်ဖြေရေးအတွက် ဆာပါခြုံသို့ထွက်ခဲ့ပါသည် ။ တောင်သူလယ်သမားနေ့ ကပြရန်ဗိုလ်မှူးမျိုးညွန့် ဖိတ်ကြားချက်ဖြင့် ဖူးပွင့်ဝေဆာအကပဒေသာဖြင့် ခမ်းခမ်းနာနားနားဖျော်ဖြေခဲ့ပါသည် ။ ကျောင်းသူမမူမူမြင့်နှင့် ကျောင်းသားမောင်သီလှ မောင်စိုးမြင့်တို့၏ အိမ်ရှေ့စံတစ်ခန်းရပ်ပြဇာတ်ကိုလူကြိုက် များခဲ့ပါသည် ။ မုမုမြင့်၏ တပင်တိုင်ကဟန်မှာ တကယ့်သဘင်သည်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်နိုင်ခဲ့ပေ သည် ။ ကျောင်း၏ အနုပညာအသင်းလှုပ်ရှားမှုအနေဖြင့် အကနည်းပြဆရာဦးမြတ်ကျော် ( သ/မ ကွယ်လွန် ) နှင့်ဦးထွန်းရင်တို့က ၁၉၇၀ - ၇၁ ခုနှစ်တွင် အဆို အက သင်တန်းဖွင့်ကာ ဆရာ ဆရာမများကိုပါ သင်ကြား ပေးခဲ့ပါသည် ။ ထို့အတူ တောင်ပေါ် ၁၄ ရွာသို့ဗျူဟာမှူးဖိတ်ကြားချက်ဖြင့်သွားရောက်ဖျော်ဖြေခဲ့သည် ။ကျောင်းသူ မသိန်းသိန်းထွန်း မသန်းလှတို့၏နှစ်ပါးသွားအက ကျောင်းသူမမြင့်မြင့်သိန်း နှင့် ကျောင်းသားတို့ ၏ အိုဘယ့်တဏှာ မိမာယာ တေးသရုပ်ဖေါ်တို့မှာလည်း ရင်ဝယ်ပီတိ ဂွမ်းဆီထိခဲ့ပါသည် ။ ညောင်လေးပင် ဆန္ဒခံ ယူပွဲမှာလည်း သမ ဥက္ကဠ ဦးအောင်ဒင်၏ဖိတ်ကြားချက်ဖြင့် သွားရောက်ဖျော်ဖြေခဲ့ပါသည် ။ ကျောင်းသူ ကျောင်းသားတို့၏ ပဒေသာကပွဲမှာ နှစ်ခြိုက်စရာပင် ။ နှစ်စဉ်ကျင်းပမြဲ တန်ဆောင်ပွဲတွင်တနှစ်တမျိုး မရိုးရ အောင် ယနေ့တိုင်မမေ့နိုင်အောင်စွဲထင်ကျန်ရစ်ခဲ့သည့် ကျောင်းမဟာရဲ့တံခါးမှူး ဒတ္တတေးသရုပ်ဖေါ်မှ တံခါး မှူးလေး မောင်အောင်ဇင် ( ဒတ္တ )နှင့် ဇနီးချော ထွန်းထွန်းတို့၏ “ မောင်ရယ် မောင်ရယ် ဒီနားကပ်ကသေး တယ် ကြီးကြီးဝယ်ပေးကွယ် ” ဆိုသောသီချင်းလေးမှာ ကလေးများပါးစပ်ဖြားတွင်ရေပန်းစားခဲ့ပါသည် ။
အပိုင်း( ၅ )
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
အမျိုးသမီးတို့၏ဘ၀ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူမှာ ကျောင်းသားထွန်းထွန်းပင်။ တံငါသည်မောင်အုန်းကြိုင် ကလည်းသနားသဖွယ်အသွင် ။ လာဘ်ပေးလာဘ်.ယူတို့ရန်သူ။ တံခါးမှူးဒတ္တတွင် သရုပ်ဆောင်သူများမှာ မောင်သန်းလွင် (စက်မှုတက္ကသိုလ် ) ရှင်ဘုရင် မောင်အောင်ဇင် ( ဒတ္တ ) မောင်အုန်းကြိုင် ( တံငါသည် ) ထွန်း ထွန်း ( ဒတ္တ ဇနီး ) အဖြစ်လည်းကောင်း တံငါသည်ဇနီးအဖြစ်လည်းကောင်း မောင်စိုးဝင်းနှင့်ကျောင်းသားများ က စစ်သည်တပ်သား မှူးမတ်များအဖြစ်ပါဝင်ကြပါသည် ။ ကျောင်းသူမဇင်မော်လွင်နှင့် မခင်မြင့်နွယ်တို့၏ ရွှေဘိုမြိုင်ထနှင့် ကျောင်းသူကလေးများ၏ အကပဒေသာတို့မှာ ပရိတ်သတ်၏နှုတ်ဖျားတွင်ရေပန်းစားကာ ကျွန် မတို့ အ ထ က ကျောင်း၏ ကျောင်းဆောင်နောက်သို့ လိုက်ကြည့်ကြသည့် ပရိတ်သတ်မှာကြက်ပျံမကျစည် ကားလှပါသည် ။ တန်းမြင့်ရဲ့အနုသဘင်သည် ရေနှင့်ကြာပမာ တင့်တယ်ပါသည် ။ အမိကျောင်းတော်ကြီး၏ရင် နှစ်သည်းခြာ သားသမီးရတနာကလေးများကလည်း မိခင်မျက်နှာ ရွှန်းမြမြရှိစေရန် တာဝန်ကျေကြပါပေ့ ။အောင် ကြည် သိန်း ၏တန်းမြင့်အနုသဘင်ကပြရန်အချိန်ရောက်ခဲ့ပြန်ပါပြီ ။ ဆရာ ဦးလှအောင် ဆရာဦးသိန်း ဆရာမဒေါ်ခင်ကြည် တို့ကို မှတ်မိစိမ့်သောငှာ အောင်ကြည်သိန်းဇာတ်သဘင်ဟု ကင်ပွန်းတပ်ခဲ့ခြင်းပင် ။ ၁၉၇၅ ခု ဧပြီလ ၂ ရက် ၃ ရက် ညတွင် အ ထ က ငွေရတုအကြို၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အောင် မင်္ဂလာရုံမှာ ကျင်းပပါသည် ။ ထိုကပွဲတွင် ဆရာဦးသိန်း ဦးလှအောင် ဆရာမ ဒေါ်ခင်ကြည် ဆရာမဒေါ်အေး အေးလွင် ဆရာမဒေါ်မြမြ ဒေါ်တင်တင်သိန်း ( ကွယ်လွန် ) ဆရာမဒေါ်ကြည် ဒေါ်ယဉ်မေ ဒေါ်ဝင်းကြည် ဒေါ်သန်းညွန့် တို့က ဦးဆောင်၍ ကျောင်းသူ မမြင့်မြင့်သိန်း မနွဲ့နွဲ့ကြည်တို့က အကများကူညီကာ ကျောင်းသူ ကလေးများကို သင်ကြားပေးခဲ့ပါသည် ။ နှစ် ၂၀ ပြည့်ငွေရတုအကြိုတွင် မမော်မော်လွင် မခင်မြတ်နွယ်တို့၏ရွှေ ဘိုမြိုင်ထ ပစ်တိုင်းထောင်အကတို့သည်လည်းကောင်း မစန်းစန်းအောင် မလွင်လွင်အေး မာလာဦး ဇင်မော် လွင် အေးသန္တာညွန့် မလဲ့လဲ့ထွန်း တို့၏ သူငယ်တော်အက စုပေါင်းခြင်းသည်ခွန်အား သရုပ်ဖေါ်လှေယိမ်း သီး ပွင့်ဝေဆာမြေပဒေသာယိမ်း မင်းသားလတ်ယိမ်း ဆီမီးခွက်အကနှင့် ယိုးဒယားတပင်တိုင်တို့မှာ မရိုးနိုင်သကဲ့ သို့ တံခါးမှူးဒတ္တနှင့် ပေါက်ပင်ဘာကြောင်းကိုင်းရတယ် တေးသရုပ်ဖေါ်တို့မှာ မြင်ရသူဘ၀င်ခိုက်အောင် ဆွဲဆောငိနိုင်ခဲ့ပါသည်။
အပိုင်း ( ၆ )
တခေတ်တ ချိန်က ဒိုက်ဦးမြို့ အထက်တန်းကျောင်း၏ သမိုင်းမှတ်တမ်းဖြစ်သော
တန်းမြင့်ရဲ့ အနုသဘင် ( မယဥိမေ ) ၏ ဆောင်းပါးအား
ဒိုက်ဦးမြို့ အထက်တန်းကျောင်း ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည် ။
ယူသင့်ယူထိုက်သောအမွေ အသက်ခန္ဓာတည်သရွေ့ထိန်းသိမ်းထိုက်သောအမွေကို ချစိမိခင်၏ ရင်နှစ်သည်း ချာသားသမီးရတနာများက ဆက်လက်ထိန်းသိမ်းရပေမည် ။ အောင်ရတနာခမ်းမဆောင်ကား ကျက်သရေရှိပါ ဘိ။ ဆရာကြီးဦးအောင်ကြိုင်၏ အုပ်ချုပ်မှုအောက်တွင် ကစ္စာရှိရှိ တာဝန်သိသိဖြင့်ကျေပွန်ခဲ့ကြပါသည် ။ ၁၉၇၉ ခုနှစ်ဖေဖော်ဝါရီလ ၃ . ၄ ရက် ဒိုက်ဦးမြို့အစိုးရအထက်တန်းကျောင်းတွင် စိုက်ပျိုးနှီးနှောဖလှယ်ပွဲကြီးကို ကျင်း ပပါသည် ။ထိုပွဲသို့ ဒုဝန်ကြီး ဦးမောင်မောင်အေး ညွန်ကြားရေးမှူးချုပ် ဦးသန်းဦး တိုင်းစစ်ဆေးရေးဦးကျော်ဝင်း ဦးစောဝင်း ( ကြိုသက်အတွင်းရေးမှူး )နှင့်အဖွဲ့ ဖိတ်ကြားထားသော အ ထ က ၊ အ လ ကမှ ဆရာ ဆရာမ တစ်ရာကျော်တို့ရောက်ရှိလာကြပါသည် ။စိုက်ပျိုးရေး မွေးမြူရေး အိမ်တွင်းမှုပြခန်းတို့ဖြင့် တခမ်းတနားကျင်းပ ခဲ့ကြပါသည် ။ထိုညီလာခံတွင် သူမပါလျှင်မပြီးတဲ့ တန်းမြင့်ရဲ့အနုသဘင်တွင် စတုတ္ထတန်းမ ကျောင်းသူလေး ၏ဒေ၀စ္ဆရာ ကဟန် အေးအေးမြင့်နှင့် စန်းစန်းအေးတို့၏ နှစ်ပါးသွားအကတို့မှာ အနုပညာအခြေခံရှိသူမို့ထင့် ရှု မြင်ရသူအဖို့ ရင်သပ်ရှုမော အံ့သြခဲ့ရပါသည် ။ ကျောင်းသူကလေးများ၏ ရိုးရာဓလေ့ ရခိုင်ယိမ်း လှေပွဲယိမ်းအ ပြင်ပန်းအားဖြင့် မည်မျှပင် အရုပ်ဆိုး အကျည်းတန်စေကာမူ နှလုံးလှဖို့အရေးကြီးကြောင်း သရုပ်ဖေါ်သည့် နှလုံးလှအလှဆင်မယ် တနိုင်စိုက်ပျိုးခြင်းအားဖြင့် ၀င်ငွေတိုးလာပုံကိုသရုပ်ဖေါ်သည့် ဖူးပွင့်ဝေဆာမြေပဒေသာ ဒေါ်အေးအေးလွင်တီထွင်သည့် ဒေါင်းတို့ပျော်ရာတောမြိုင်သာ စိတ်အစဉ်ပျော်စရာ သူငယ်တော်အက ကလည်း ဆွဲအားအပြည့် မင်းသားလတ်ကလည်း အင်အားဖြည့်ကာ ယိုးဒယားဆီမီးခွက်အကတို့ကလည်း မျက် စိတမှိတ် လျှပ်တပြက်အတွင်းမှာ အခန်းပြောင်းကသွားကြပုံတို့ကိုမြင်ရသောအခါ တန်းမြင့်ရဲ့အနုသဘင်ကိုမချီး ကျူးပဲမနေနိုင်အောင် ဖြစ်ခဲ့ရသည် ။စိုက်ပျိုးရေးသရုပ်ဖေါ်ပြဇာတ်တွင် ဖခင်ဖြစ်သူလယ်သမားကြီးဦးဘိုးလှက သူ၏သားကိုမပင်ပန်းစေလို ပညာသင်ခိုင်း၏ ။ သို့သော်လည်း သားဖြစ်သူမောင်အောင်က စာဖတ်လည်းမပျက် အိမ်အတွက်ဝိုင်းဝန်းကူညီ စိုက်ခင်းဝင်ခဲ့ပါသည် ။ ထိုအခါ ဖခင်ရင်မှာ ပြင်းထန်သောဝေဒနာတစ်ရပ်ကိုခံစားခဲ့ ရပါသည် ။သားအားယခုကဲ့သို့ တနိုင်မွေးမြူစိုက်ပျိုးရေးကို မလုပ်စေလို ဖခင်ကဲ့သို့ ပင်ပန်းမည်စိုးပါသည် ။သား ဖြစ်သူကခေတ်ဟောင်း စနစ်ဟောင်းကအယူအဆတွေမှားကြောင်း ယခုအခါတောင်သူလယ်သမားတို့အားဓား စကိပျံဟုခေါ်သော လယ်ထွန်စက်များအသုံးပြုပုံ မိုးမရွာသော်လည်း ဆည်မြောင်းရေသွင်သွင်စီးပြီမို့ နှစ်သီး လောက်စိုက်မယ်ရှင် ။ဗိုလ်ကိတ်နှင့် နံနံပင် နှမ်းလျင်နှင့် ကုလားပဲဆိုသကဲ့သို့ ၎င်းတို့ကိုစိုက်ပျိုးခြင်းအားဖြင့် ၀င် ငွေတိုးကာ ရတနာမိုးရွာခဲ့ပုံကိုပြောပြခဲ့ပါသည် ။တနေ့တွင် ဖခင်ကအလုပ်မလုပ်နိုင်သဖြင့်သားအားခွင့်တရက် ယူစေကာ လုပ်ငန်းတွင်ကူညီခိုင်းပါသည် ။သားကလည်း စာတွေလက်တွေ့ပေါင်းစပ်ကာ သိပ္ပံနည်းကျစိုက်ပျိုး စေရုံမက ဓာတ်မြေသြဇာထည့်သည့်ပုံတို့ကိုပါ စနစ်တကျပြုလုပ်ခဲ့သဖြင့် ဖခင်မှာသားလုပ်ဆောင်ချက်ကိုအား ရ၀မ်းသာမိရုံမက အထွက်တိုးကာဝင်ငွေဖြိုးခဲ့သဖြင့် သား၏လုပ်ဆောင်ချက်ကို လက်ခံယုံကြည်ခဲ့သည် ။တဖန် သားနှင့်အတူ သမီးမြမြ၀င်းကလည်း အချက်အပြုတ် အချုပ်ပညာတို့ကိုတတ်ကျွမ်းကာ မိခင်ကိုကူညီခဲ့သဖြင့် မိခင်ကလည်းအံ့သြ၀မ်းသာဖြစ်ရပုံတို့ကိုတင်ဆက်ပြသနိုင်ခဲ့ပါသည် ။
( ဤ တွင်ပြီးပါပြီ )
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment