ဒိုက်ဦးအမည်တွင်လာပုံ
ဒိုက်ဦးသည် မွန်ဘာသာစကား ဍ်ာအဲု ( ဒိုက်အွီး ) မှလာသည် ။ ဍာ် ( ဿိုက် ) သည် ရေဖြစ်၍ အဲု သည် ပုပ်သည် ဟုအနက်ရသည် ။ ထို့ကြောင့် ဒိုက်ဦးသည် ရေပုပ်ရှိသောအရပ်ဟု အဓိပ္ပါယ်ရပါသည် ။ အချို့ကလည်း ဍ်ာမအုဟ် ဟူသော မွန်စကားမှ ဒိုက်ဦးဖြစ်လာသည်ဟုဆိုသည် ။ ရေများသောအရပ်ဟု သတ်မှတ်ကြသည် ။ နောက်ထပ်တစ်မျိုးမှာ ဒိုက်ဟူသောစကားမှာ မွန်စကားတွင် ဍာ် ကိုမြန်မာအသံထွက်ဖြင့်ခေါ်ရာမှ ဒိုက် ဟုဖြစ် လာခြင်းဖြစ်သည် ။ ရေဟု အဓိပ္ပါယ်ရသည် ။ ဦးမှာ မွန်စကား ဟဦး ကိုမြန်မာအသံဖြင့်ခေါ်ရာမှ ဦး ဖြစ်လာခြင်း ဖြစ်သည် ။ လျှံကြီးခြင်းးဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့် ဒိုက်ဦး၏အဓိပ္ပါယ်မှာ ရေလျှံခြင်း ရေကြီးခြင်း တနည်း အားဖြင့် ရေဖုံးလွှမ်းသောအရပ်ဟု ဆိုရပေမည် ။ နောက်တမျိုးပြောကြသေးသည်မှာ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်မှ ပြွန်တန်ဆာအထိ မီးရထားလမ်းဖေါက်လုပ် ရာတွင် ဒိုက်ဦးတည်နေရာ၌ အိုးအိမ်များမရှိပဲနှင့် နှစ်ထပ်ဘူတာရုံ ဆောက်လုပ်ခဲ့သည် ။ ထို့ကြောင့်ပါတ်ဝန်း ကျင်ကျေးရွာများဖြစ်သော ဖအောင်ဝဲ ၊ ဖေါင်တော်သီ ၊ ကမာဖရုံ ၊ ကတုတ် ၊ ရှမ်းစု ၊ ဆာပါခြုံ ၊ ရွှေအင်ဒုံ ၊ ဖအောင်းစု ရွာများမှ ခရီးသွားလိုသည့်အခါ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတိုက်လာ၍ ဆိုက်ဦး တိုက်ဦး မှ ဒိုက်ဦး ဖြစ်လာသည်ဟုဆိုသည် ။ အထောက်အထားအဖြစ် ပထမဦးဆုံးမြို့ပိုင်ဦးအောင်ကျော်၏ သမီးအုတ်ဂူတွင် တိုက်ဦးဟုရေးထိုးထားသည်ကိုတွေ့ရသည် ။
တည်နေရာ ၊ အကျယ်အ၀န်း
မြောက်လတ္တှီကျူ့ ( ၈၇ံ ၅၀´ ) အရှေ့လောင်ဂျီကျူ့ ( ၉၇ံ ၄၈ ´ ) တွင်တည်ရှိသည် ။ ကားလမ်းမိုင်တိုင် အမှတ် ( ၇၀ / ၀ မှ ၈၈ / ၀ ) အထိရှိသည် ။ ရထားလမ်းမိုင်တိုင်အမှတ်မှာ ( ၆၆ / ၀ မှ ၈၄ / ၀ ) အထိရှိသည် ။ ဒိုက်ဦးမြို့နယ်၏ အကျယ်အ၀န်းမှာ အလျား ( ၂၆ ) မိုင် ၊ အနံ ( ၁၉ ) မိုင် ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ( ( ၄၇၉ . ၀၃ ) ရှိပြီး ဧကပေါင်း ( ၃၀၈၀ . ၉၇ ) ဧက ရှိသည် ။ အရှေ့ဖက်တွင် စစ်တောင်းမြစ် ၊ အနောက်ဖက်တွင် ပဲခူးရိုးမကြိုးဝိုင်းသစ်တော ၊ တောင်ဖက်တွင် ပဲခူးမြို့ ၊ မြောက်ဖက်တွင် ပြွန်တန်ဆာမြို့တို့ တည်ရှိသည် ။ မြို့ပေါ်ရပ်ကွက် ( ၉ ) ရပ်ကွက် ၊ ကျေးရွာအုပ်စု ( ၄၄ ) ကျေးရွာငယ်ပေါင်း ( ၁၇၈ ) ရွာတို့ပါ ၀င်သည် ။ မြို့ပေါ်ရပ်ကွက်များ ( ၁ ) ဈေးပိုင်းရပ်ကွက် ( ၂ ) ကုန်သည်ရပ်ကွက် ( ၃ ) ၀ါဆိုရပ်ကွက် ( ၄ ) ကျောင်းစုရပ်ကွက် ( ၅ ) သံတံတားရပ်ကွက် ( ၆ ) မင်းတဲရပ်ကွက် ( ၇ ) စက်ကွင်းရပ်ကွက် ( ၈ ) ဒရယ်မီးရပ် ကွက် ( ၉ ) ဖအောင်ဝဲရပ်ကွက်တို့ဖြစ်သည် ။ ထိုရပ်ကွက်ပေါင်း ( ၉ ) ရပ်ကွက်တွင် ( ၁၈ ) နှစ်အောက် ကျား/မ ပေါင်း ( ၁၃၀၆၂ ) ယောက် ။ ( ၁၈ ) နှစ်အထက် ကျား/မပေါင်း ( ၂၄၆၃၇ ) ယောက်နှင့် စုစုပေါင်းလူဦးရေ ( ၃၇၆၉၉ ) ယောက်တို့ရှိသည် ။ ကျေးရွာအုပ်စုများမှာ ( ၁ ) ဆင်စခန်းကျေးရွာ ( ၂ ) ကျွန်းကုန်း ( ၃ ) အိမ်ခြေလေးဆယ် ( ၄ ) သဲကော ( ၅ ) သရက်တော ( ၆ ) ပျဉ်ပုံလေး ( ၇ ) သပြေတန်း ( ၈ ) ပသွယ် ( ၉ ) ရှမ်းစု ( ၁၀ ) ဖေါင်တော်သီ ( ၁၁ ) ပေါက်တပင် ( ၁၂ ) ကံကလေး ( ၁၃ ) ကုက္ကိုင်း ( ၁၄ ) အင်းသဇင် ( ၁၅ ) ပွဲတမော့ ( ၁၆ ) ပျဉ်းမလွင် ( ၁၇ ) ကတုတ်ရွာမ ( ၁၈ ) ကတုတ်ဘုရားကြီး ( ၁၉ ) တမံကြီး ( ၂၀ ) ဗျိုင်းချယ် ( ၂၁ ) ဘောနီ ( ၂၂ ) မအူတန်း ( ၂၃ ) ကျိုက်စကောအရှေ့ ( ၂၄ ) ကျိုက်စကောအနောက် ( ၂၅ ) ဘုရားကြီးကွင်း ( ၂၆ ) နတ်ကင်း ( ၂၇ ) ပုကိုင် ( ၂၈ ) မင်္ဂလွန်း ( ၂၉ ) သုံးခွ ( ၃၀ ) ပနွတ် ( ၃၁ ) ကလိ (၃၂ ) ဖအောင်းစု ( ၃၃ ) ကမာဖရုံ ( ၃၄ ) တကောင်း ( ၃၅ ) ရွှေအင်ဒုံ ( ၃၆ ) ဒိုးတန်း ( ၃၇ ) ဆာပါခြုံ ( ၃၈ ) တောင်သလဲမြှောင် ( ၃၉ ) စစ်ဘိုကြီး ( ၄၀ ) ဗျက်ကြီး ( ၄၁ ) ဆင်ဇလုပ် ( ၄၂ ) အုတ်ရှစ်ကုန်း ( ၄၃ ) မှော်အင်း ( ၄၄ ) ပုဂံကွဲ တို့ဖြစ်သည် ။ ထိုကျေးရွာတို့တွင် အသက် ( ၁၈ ) နှစ်အောက် ကျား/မ ( ၇၄၃၄၁ ) ယောက် ။ ( ၁၈ ) နှစ်အထက် ကျား/မ ပေါင်း ( ၁၁၆၂၂၇ ) ယောက် နှင့် စုစုပေါင်း ကျား/မ ဦးရေ ( ၁၉၀၅၆၈ ) တို့ရှိကြသည် ။ ( ၂၀၁၁ - မှတ်တမ်းစာရင်းအရဖြစ်သည် ။ ) .
မြေမျက်နှာသွင်ပြင် ၊ ရေဆင်း
ဒိုက်ဦးမြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဖက်ခြမ်းတွင် ပဲခူးရိုးမရှိပြီး အနောက်ဖက်မှ အရှေ့ဖက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားသည့် မြေနိမ့်လွင်ပြင်ဖြစ်သည် ။ မိုးရေချိန်လက်မအများဆုံး တစ်နှစ်ပျမ်းမျှ ( ၁၆၇ ) နှင့် အနည်းဆုံး ( ၁၀၉ ) လက်မရရှိသည် ။ ဒရယ်မီးချောင်း ၊ ကောလိယချောင်း ၊ ဘိုင်းဒါးချောင်း ၊ ကတုတ်ချောင်း ၊ ဘောနီချောင်းများ က အနောက်မှအရှေ့သို့ဖြတ်သန်းစီးဆင်းသည် ။
လူဦးရေ ၊ လူမျိုး ၊ ကိုးကွယ်သည့်ဘာသာ
ဒိုက်ဦးမြို့တွင် မြို့ပေါ်နေ ကျား/ မပေါင်း ( ၃၇၆၉၉ ) ယောက်ရှိပြီး ၊ ကျေးလက်နေ ကျား/ မပေါင်း ( ၁၅၂၈၆၉ ) ယောက်ရှိသည် ။အိမ်ထောင်စုပေါင်း မြို့ပေါ်တွင် ( ၇၂၄၈ ) ရှိပြီး ကျေးလက်တွင် ( ၃၀၆၃၀ ) ရှိသည် ။ အိမ်ခြေပေါင်း မြို့ပေါ်တွင် ( ၆၉၇၈ ) ရှိပြီး ၊ ကျေးလက်တွင် ( ၃၀၁၀၀ ) ရှိသည် ။လူဦးရေပျှမ်းမျှ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ( ၁၅၃ .၃ ) ဦးဖြစ်သည် ။ အိမ်ထောင်စုတစ်ခုစီ၏ ပျှမ်းမျှလူဦးရေမှာ ( ၄ . ၃ ) ဖြစ်သည် ။ ဒိုက်ဦးမြို့နယ်အတွင်းနေ ထိုင် နိုင်ငံခြားသားများအဖြစ် တရုတ် ( ၃၆ ) အိန္ဒိယ ( ၁၇ ) ပါကစ္စတန် ( ၁ ) နှင့် စုစုပေါင်း ( ၅၄ ) တို့ဖြစ်သည် ။ တိုင်းရင်းသားများမှာ ကချင် ( ၁၀ ) ၊ ကရင် ( ၄၀၁၂ ) ၊ ချင်း ( ၁၀၈၂ ) ၊ ဗမာ ( ၁၈၂၃၃၅ ) ၊ မွန် ( ၂၅ ) ၊ ရခိုင် ( ၅၁ ) ၊ ရှမ်း ( ၄၁၂ ) ၊ အခြား ( ၂၆၅၁ ) နှင့် စုစုပေါင်း ( ၁၉၀၅၆၈ ) တို့ဖြစ်ကြသည် ။
ဗုဒ္ဓဘာသာကိုးကွယ်သူ ( ၁၈၆၃၅၉ ) ဦးရှိပြီး၊ခရစ်ယာန်ဘာသာကိုးကွယ်သူ( ၂၆၂၅ ) ဦး၊ ဟိန္ဒူဘာသာကိုးကွယ် သူ ( ၁၅၇ ) ဦး ၊ အစ္စလန်ဘာသာကိုးကွယ်သူ ( ၁၄၂ရ ) ဦး ရှိသည် ။
စိုက်ပျိုး မွေးမြူရေး
ဒိုက်ဦးမြို့နယ်အတွင်းတွင် စိုက်ပျိုးမြေ ဧက ( ၁၈၁၃၃၅ ) ၊ သစ်တောမြေ ဧက ( ၉၅၂၁၈ ) ၊ တောရိုင်းဧက ( ၂၀၂ ) ၊ မြေလွတ်မြေရိုင်း ဧက ( ၁၅၈၇ ) ၊ မစိုက်ပျိုးနိုင်သောမြေဧက ( ၃၉၇၅၅ ) နှင့် စုစုပေါင်း ( ၃၁၈၀၉၇ ) ဧကရှိသည် ။ အသားတင်စိုက်ပျိုးမြေအဖြစ် လယ်မြေ ( ၁၆၉၉၅၂ ) ဧက ၊ ယာမြေ ( ၅၃၂၀ ) ဧက ၊ ကိုင်းကျွန်း မြေ ( ၄၃ ) ဧက ၊ ဥယျဉ်မြေ ( ၆၀၂၀ ) ဧက ၊ အခြားမြေ ( ၄၆၆၅၅ ) ဧကတို့ဖြစ်သည် ။ စိုက်ပျိုးသီးနှံများအဖြစ် ဆန်စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ မတ်ပဲ ၊ ပဲတီစိမ်း ၊ အစေ့ထုတ်ပြောင်း ၊ ပဲစဉ်းငုံ ၊ ကြံ ၊ ၀ါ ၊ တို့ကိုစိုက်ပျိုးကြသည် ။ မွေးမြူရေးအဖြစ် ကျွဲ ( ၂၃၈၅၆ ) ကောင် ၊ နွား ( ၄၉၃၃၃ )ကောင် ၊ ကြက် ( ၇၇၅၅၁၈ ) ကောင် ၊ ၀က် ( ၅၈၄၁၂ ) ကောင် ၊ ဘဲ
( ၄၂၄၅၀၀ ) ကောင် ၊ သိုး / ဆိတ် ( ၁၅၂၃ ) ကောင် ၊ ငါးမွေးမြူရေး ဧက ( ၂၅၃ . ၁၅ ) တို့ဖြစ်သည် ။
Saturday, October 6, 2018
Thursday, October 4, 2018
"ဒိုက်ဦးမြို့"
မွန်အမည်နာမ ရေကြီးလှသည့်
ဓိပ္ပါယ်အရ နယ်တခွင်လုံး
လှေဝါးသုံးလို့ ထိုးကြလှော်ကြ
မိုးကျခဲ့လျှင် မြင်စေချင်သည်
အစဉ်ရေဖွေး ကြော်ကြော်တေးနှင့်
ရှိသေးတ၀ ဦးတိုက်ကြလို့
ခေါ်ပတိုက်ဦး ရွာအထူးထူး
သာမူးမူးဖြင့် ခရီးမင့်ဆုံ
ဘူတာရုံမှာ သွားလာကြနေ
အဆွေတွေနှင့် ဤမြို့ဖြစ်ရာအကြောင်းတည်း ။
လွန်အညီသာစွ အနောက်မှရှေ့
လိယဒရယ် ချောင်းနှစ်သွယ်က
မြို့လယ်ဖြတ်စီး သွယ်သွယ်စီး၍
အသီးအနှံ ဖြိုးပြည့်လျံအောင်
သူစွမ်းဆောင်ပ ထိုမျှမက
နတ်သမိုင်းမှ အဿမင်းသား
နံကရိုင်းနတ်နန်း မူလစခန်းနှင့်
ရောင်ဆန်းအသွယ်သွယ် ဗုဒ္ဓစွယ်တော်
ကိုးကွယ်သော်ဟု သာသနာပြုသည့်
ဂ၀ံမတိမထေရ် ပွားစည်ဝေခဲ့
( စေတီ ) သုံးဆယ့်သုံးဆူ တစ်ဆူပါဝင်
ကျိုက်မူခလ ဘွဲ့မည်ရပေ
အမွေဝေရစ် ဤတို့နှစ်ရာအကြောင်းတည်း ။
သွန်အတည်ပါရ မွန်အင်းဝနှင့်
လမ်းစချစ်ခင် ငြိမ်းချမ်းစဉ်ဖို့
သိမြင်နှစ်ဖက် လက်နက်ဘေးချ
ပွေ့ဖက်ကြသည် လေးဆယ်မည်စစ်
ရပ်ဆိုင်းဖြစ်အောင် မင်္ဂလာနှောင်၍
စွမ်းဆောင်နေရာ ဧကန်သာတည်း
ပြည်ရွာနုနု တိုင်းစုစုတွင်
သာမှုဝေရာ လွတ်လပ်ခါစ
အားရပါးရ ပျော်မရသေး
အမျိုးသားအရေး ရောင်စုံတေးနှင့်
မဝေးအတိတ် ကောလိယအရိပ်မှာ
မဆိတ်သုန်းသေး ဒဏ်ရာနွေးများ
သွေးနီးကိုယ့်အမျိုး နောက်ကျောထိုး၍
သွေးဆိုးဝင်ကာ ခေါင်မာနက
စေရာတိုက်ပွဲ သတ်ဖြတ်နွဲလျှက်
ကြေကွဲရင်တွေ နင့်နင့်နာနေ
အထွေထွေဖြစ် ဤသို့နစ်ရာခယောင်းတည်း ။
စစ်သွေးအိမ်
7july 2018
မွန်အမည်နာမ ရေကြီးလှသည့်
ဓိပ္ပါယ်အရ နယ်တခွင်လုံး
လှေဝါးသုံးလို့ ထိုးကြလှော်ကြ
မိုးကျခဲ့လျှင် မြင်စေချင်သည်
အစဉ်ရေဖွေး ကြော်ကြော်တေးနှင့်
ရှိသေးတ၀ ဦးတိုက်ကြလို့
ခေါ်ပတိုက်ဦး ရွာအထူးထူး
သာမူးမူးဖြင့် ခရီးမင့်ဆုံ
ဘူတာရုံမှာ သွားလာကြနေ
အဆွေတွေနှင့် ဤမြို့ဖြစ်ရာအကြောင်းတည်း ။
လွန်အညီသာစွ အနောက်မှရှေ့
လိယဒရယ် ချောင်းနှစ်သွယ်က
မြို့လယ်ဖြတ်စီး သွယ်သွယ်စီး၍
အသီးအနှံ ဖြိုးပြည့်လျံအောင်
သူစွမ်းဆောင်ပ ထိုမျှမက
နတ်သမိုင်းမှ အဿမင်းသား
နံကရိုင်းနတ်နန်း မူလစခန်းနှင့်
ရောင်ဆန်းအသွယ်သွယ် ဗုဒ္ဓစွယ်တော်
ကိုးကွယ်သော်ဟု သာသနာပြုသည့်
ဂ၀ံမတိမထေရ် ပွားစည်ဝေခဲ့
( စေတီ ) သုံးဆယ့်သုံးဆူ တစ်ဆူပါဝင်
ကျိုက်မူခလ ဘွဲ့မည်ရပေ
အမွေဝေရစ် ဤတို့နှစ်ရာအကြောင်းတည်း ။
သွန်အတည်ပါရ မွန်အင်းဝနှင့်
လမ်းစချစ်ခင် ငြိမ်းချမ်းစဉ်ဖို့
သိမြင်နှစ်ဖက် လက်နက်ဘေးချ
ပွေ့ဖက်ကြသည် လေးဆယ်မည်စစ်
ရပ်ဆိုင်းဖြစ်အောင် မင်္ဂလာနှောင်၍
စွမ်းဆောင်နေရာ ဧကန်သာတည်း
ပြည်ရွာနုနု တိုင်းစုစုတွင်
သာမှုဝေရာ လွတ်လပ်ခါစ
အားရပါးရ ပျော်မရသေး
အမျိုးသားအရေး ရောင်စုံတေးနှင့်
မဝေးအတိတ် ကောလိယအရိပ်မှာ
မဆိတ်သုန်းသေး ဒဏ်ရာနွေးများ
သွေးနီးကိုယ့်အမျိုး နောက်ကျောထိုး၍
သွေးဆိုးဝင်ကာ ခေါင်မာနက
စေရာတိုက်ပွဲ သတ်ဖြတ်နွဲလျှက်
ကြေကွဲရင်တွေ နင့်နင့်နာနေ
အထွေထွေဖြစ် ဤသို့နစ်ရာခယောင်းတည်း ။
စစ်သွေးအိမ်
7july 2018
Wednesday, March 28, 2018
"ဒိုက်ဦးမြို့မှလွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများ"
သမိုင်းစဉ်ဆက်၊ဘိုးဘွားထက်မှာ
နယ်ချဲ့လက်အောက် ဒူးမထောက်ဖို့
မကြောက်ဟောစွ ဥတ္တမနှင့်
အတူလက်တွဲ ဖအောင်ဝဲက
ဦးညေးယျနှင့် ကောဝိဒရှင့်။
တောင်သူတော်လှန် ဆရာစံနှင့်
မင်းလမ်းမြသောင်း အိမ်အကောင်းမှာ
ဂဠုန်တပ်ဖွဲ့ ဖွဲ့စည်းသကွဲ့
လက်ပံသုံးခွ ဆရာချစ်က
မြတ်နီရွှေညောင် ဘူးတစ်ရာတိုင်အောင်
သည်မောင်တပ်သား တိုက်ခဲ့ငြားသည်
သပိတ်ရေနံ သမဂ္ဂထံမှ
ကျောင်းသားဦးပါ ဦးညွန့်ပါခဲ့
ဦးထွန်းအောင် ဦးကျောက် ရဲသွေးသောက်သို့
သမိုင်းတာဝန် ကျေပွန်ကြ၏။
ဖက်ဆစ်ရန်သူ ရွံ့မုန်းတူ၍
တော်လှန်မည်မှတ် သေနတ်ခြောက်လက်
ကိုင်ရခက်လည်း အထွက်အောင်စိုးမိုး
ဖောင်ဝဲဦးတိုး စစ်ထိုးခဲ့ပြီ
ဒီမျိုးဒီဆွေ ဒီအမွေနှင့်
ဒီလိုသာသည့် ဒီမြို့ရွာမှာ
ဒီတစ်သက်မက ပိုနေချင်စရာပလေး။
Sသွေးအိမ်
သမိုင်းစဉ်ဆက်၊ဘိုးဘွားထက်မှာ
နယ်ချဲ့လက်အောက် ဒူးမထောက်ဖို့
မကြောက်ဟောစွ ဥတ္တမနှင့်
အတူလက်တွဲ ဖအောင်ဝဲက
ဦးညေးယျနှင့် ကောဝိဒရှင့်။
တောင်သူတော်လှန် ဆရာစံနှင့်
မင်းလမ်းမြသောင်း အိမ်အကောင်းမှာ
ဂဠုန်တပ်ဖွဲ့ ဖွဲ့စည်းသကွဲ့
လက်ပံသုံးခွ ဆရာချစ်က
မြတ်နီရွှေညောင် ဘူးတစ်ရာတိုင်အောင်
သည်မောင်တပ်သား တိုက်ခဲ့ငြားသည်
သပိတ်ရေနံ သမဂ္ဂထံမှ
ကျောင်းသားဦးပါ ဦးညွန့်ပါခဲ့
ဦးထွန်းအောင် ဦးကျောက် ရဲသွေးသောက်သို့
သမိုင်းတာဝန် ကျေပွန်ကြ၏။
ဖက်ဆစ်ရန်သူ ရွံ့မုန်းတူ၍
တော်လှန်မည်မှတ် သေနတ်ခြောက်လက်
ကိုင်ရခက်လည်း အထွက်အောင်စိုးမိုး
ဖောင်ဝဲဦးတိုး စစ်ထိုးခဲ့ပြီ
ဒီမျိုးဒီဆွေ ဒီအမွေနှင့်
ဒီလိုသာသည့် ဒီမြို့ရွာမှာ
ဒီတစ်သက်မက ပိုနေချင်စရာပလေး။
Sသွေးအိမ်
Friday, April 14, 2017
ကဗျာဆရာ နွေလယ်နေဆီက မုဒိတာဥဒါန်း အရှင် ဇဝန ၏ ဟာဆန်ရေးဗား မှ ကောလိယချောင်းနံဘေး သို့
................................................................
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့ ရောက် မြန်မာရဟန်းစာဆိုတစ်ပါး၏ "ဇာတိအလွမ်း"ဟုဆိုနိုင်လောက်သောဆောင်းပါးတစ်ပုဒ် ။
"ဇာတိအလွမ်း"ဆိုငြား မည်ကာမတ္တကားမဟုတ် ။
အမှန်တရားကိုချစ်သော၊အဓမ္မကိုဆန့်ကျင်သော၊ မွေးရာပါတော်လှန်ဇောကြောင့်သူဖြတ်သန်းခဲ့ရသော ကာလဝိပတ္တိတကြောမှာ ပင်ပန်းကြီးစွာ စုန်ဆန်မျောခဲ့ရသူ....
အမုန်းသည်းသူ၊အငြိုးကြီးသူ၊ဝံပုလွေဝင်စားသူတစ်အုပ်ရဲ့ အလွန်အကျည်းတန်တဲ့အတေးအနှက်များကြောင့် ကွန်ကရစ်နံရံလေးဘက်ကြားမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဘဝကိုသော့ခတ်ခံရသူ....
နောက်ဆုံး....မိမိချက်မြှုပ်ခဲ့ရာမြေ၊ မိမိရှူရှိုက်ခဲ့ရာလေ၊ မိမိသောက်ချိုးခဲ့ရာရေ။
အားလုံးကိုကျောခိုင်းကာ ထိုင်း၊ဥရောပ၊အမေရိက....စသည်သို့ ။
....... ...... ...... ......
ပစ္စက္ခခြေချရာ ဟာဆန်မြစ်ကမ်းနဖူးမှာရပ်ရင်း ဇာတိရွာဇနပုဒ်နံဘေးမှ ကောလိယချောင်းကလေးကို လွမ်းမျှော်ကာ ရမ်းရော်ရှာခြင်း။
သို့သော်....
အနွမ်းနင့်နင့်တစ်မကြီးနှင့် အလွမ်းပင့်သက်ချပြရုံမဟုတ်။ ချောင်းကလေးကို
ဗဟိုပြုသောဝဲယာကမ်းနှစ်ဖက်ဆီမှ အကြမ်းအခက်တစ်ပုံတစ်ပင်ကို အခန်းဆက်အစုံအလင်ဖြင့် ပုံထင်အောင်ပြောပြနိုင်ဘိခြင်း။
ကောလိယဆိုတဲ့ ချောင်းကလေးရဲ့အမည်နာမရာဇဝင်၊ သွေးညှီနံ့တွေ စွဲထင်ပျော်ဝင်ခဲ့ဖူးတဲ့ ချောင်းရေအလျဉ်ရဲ့အတိတ်သမိုင်း၊ ကလေးဘဝ ပလိုင်းလွယ်ရင်း ရေချိုးဆင်းခဲ့ချောင်းစပ်ရေတိမ်၊မိုးဦးဝင်ချိန်တောင်ရေအကျ ထင်းလိုက်ဆယ်
ကြ အုတ်အုတ်သောသော၊ ချောင်းကြောတစ်လျောက် စုန်ဆန်ကူးသန်း လမ်းပန်းသယ်ယူလွယ်ကူဆင်ပြေ၊ မိုးမှာအောင်ရေ ဆောင်းခါစိုက်ရေ သည်မြေတလွှား အားထားစရာ၊ နွေသောင်ပြင်ရေအခန်းမှာ မမောတမ်းပ ကစားသူငါ....
ထိုမှ...တစ်ခါ ။
ချောင်းကမ်းနဖူးထက်မှ စစ်ဖိနပ်ခွါသံများ၊သေနတ်သံများ၊သွေးကွက်များ....။
ဆိုရှယ်လစ်တလင်းပြင်မှာ တာဝန်ကျေစပါးပုံကြီးဟည်းထနေချိန်
လယ်သမားရဲ့ ဆန်အိုးစောက်တိမ်တိမ်မှာပင့်ကူအိမ်စွဲခဲ့သည့်အဖြစ်များ....။
...... ...... ...... ........ ......
အိပ်မက်ဆိုးမှလန့်နိုးသူပမာ သက္ကရာဇ်ဆိုးများမှ လွန်မြောက်ခဲ့ပြီးနောက်...
သောင်ရင်းမြစ်ကိုလွှားကျော်၍ ထိုင်းမြေပေါ် ရပ်မိတော့လည်း သူ့အတွေးထဲမှာ သူ့ပြည်မြန်မာ....
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့နံဘေးက ဟာဆန်မြစ်ကမ်းနဖူးမှာ ရပ်မိပြန်တော့လည်း သူ့အာရုံမှာ သူ့ဇာတိရွာ....
"ချောင်းကိုအမှီပြုနေရသူတို့၏သမိုင်းနှင့်
ဒီချောင်းကလေး၏သမိုင်းက ခွဲမရခဲ့။ ဒီချောင်းကလေး၏အနိမ့်အမြင့်သည် သူ့ကို
မှီခိုနေရသူတို့၏ အနိမ့်အမြင့်ပင်ဖြစ်သည်"တဲ့။
ဪ...အမိမြေကိုယာယီခွါရင်းကမ္ဘာကြီးရဲ့တနေရာရာမှာ နှစ်ပေါင်း ၆၀
ကျော်အနာဟောင်းကြီးအတွက် အကောင်းဆုံးကုထုံးတစ်လက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့နိုင်စေသား ။။
....... ....... ....... ....... .......
လေးစားစွာဖြင့်
နွေလယ်နေ
၁၂,ဧပြီ' ၂၀၁၇
စာကြွင်း
............. ဒီစာကိုရေးရင်းကျနော့်စိတ်ထဲမှာ မှတ်မှတ်ရရစွဲထင်နေခဲ့တဲ့
(ကောလိယလှိုင်းယဉ်)ဆိုတဲ့ ကလောင်တစ်လက်ကို သတိရမိပါကြောင်း။
Thursday, April 6, 2017
အနုပညာ ရောစွက်လာလျှင်
ညဥ့်နက်မှာကိုလည်း တားလို့မရဘူး၊ လထွက်မှာကိုလည်း တားလို့မရဘူး။ ညဥ့် နက်နက်မှာ သာတဲ့လက ဒီလောကမှာ အလှဆုံးပါ။ ဒီစာသားလေး ကတော့ စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညဥ့် နက်နက်မှာ လထွက်ခြင်း” စာအုပ်ထဲက စာသားလေးပါ။ ဆရာကြီးကတော့ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးခဲ့ရေးခဲ့ ကိုယ်ကလည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နှစ်သက်နေမိတာ အမှန်ပါပဲ။
ဒုက္ခတွေကြားက ရှာဖွေတွေ့တဲ့ သုခ၊ သောကတွေကြားက ဖမ်းဆုပ်မိတဲ့ ပီတိ၊ နာကျင်မှုတွေကြားက ထွေးပွေ့မိတဲ့ သက်သာမှု၊ ဒါတွေဟာ ညဥ့်နက်နက်မှာ သာတဲ့ လတွေပါပဲ။ ဦးပဉ္ဇင်းတို့ တတွေလည်း ဒုက္ခတွေထဲက သုခကို ဆွဲထုတ်၊ သောကတွေထဲက ပီတိကို ရှာဖွေ၊ မွမ်းကျပ်မှုတွေထဲက လတ်ဆတ်တဲ့ လေညင်းကို ရှုရှိုက်မိတဲ့အခါ ဒုက္ခတွေ ရှိချင် သလောက် ရှိပါစေ ဒုက္ခကို ထီမထင်တဲ့ စိတ်၊ သောကတွေ ဘယ်လောက် ပြည့်သိပ်နေပါစေ သောကဖြေဆေး ရှာဖွေထားမိသူ တယောက်လို စိတ်အားအင် ရခဲ့တာတော့ အမှန်ပါပဲ။
ဦးပဉ္ဇင်း ဆောင်းပါးတပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ပြည့်နှက်နေတဲ့ နေရာဟာ နံရံလေးဘက် ကြားက အချိန်ကာလတွေပါပဲ။ ဒီကာလတွေ အတွင်းမှာ အောင်မြင်စွာ သင်ကြားနိုင်ခဲ့တဲ့ ပညာတွေထဲမှာ ပန်းချီဆရာကြီး ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းလည်း တခုပါမယ် ထင်ပါတယ်။ ဒီသင်တန်းရဲ့ အောင်မြင်မှုတွေထဲမှာ ပန်းချီပြပွဲလေးကို နှစ်ကြိမ်လောက် လုပ်ခွင့်ရခဲ့တာပါပဲ။
တံခါးတွေနဲ့၊ သော့အထပ်ထပ် နံရံတွေနဲ့ ကာဆီးထားတဲ့ ကွန်ကရစ်တောကို ဖြတ်ပြီး ရောက်လာတဲ့ ပန်းချီဆေး၊ စုတ်တံ တွေကလည်း အသုံးဝင်၊ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ စွန့်စားရဲတဲ့ ဝန်ထမ်းရဲ့ ကြိုးပမ်းမှု၊ စွန့်စားချင်လာအောင် ကြိုးပမ်း ချင်လာအောင် စည်းရုံးနိုင်တဲ့ စည်းရုံးရေး သမားကောင်း တယောက်ရဲ့ စွမ်းရည်တို့ကိုလည်း ဒီဆောင်းပါးမှာ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။
ဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းဟာ တုတ်တချောင်းနဲ့ မြေကြီးရှိရင် မြေပြင်မှာခြစ်လို့ သင်တန်းကို စမယ်လို့ ဆိုပါတယ်။ အထောက်အကူ ပစ္စည်း ဘာမှ ရှိရှိ မရှိရှိ လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ခက်ခဲမှုကို အာခံတဲ့စိတ်၊ ဘယ်လို ပစ္စည်းရှိမှ အလုပ်ဖြစ်ရမယ်ဆိုတဲ့ အားငယ်တဲ့ စိတ်တွေကို သူတို့ သင်တန်း မစခင်တည်းက အပြီးတိုင် စိတ်ထဲက နှင်ထုတ်ပြီးသား ဖြစ်နေတယ်။ ဦးပဉ္ဇင်းတွေ့တဲ့ အချိန်မှာတော့ မြေပြင်မှာ တုတ်နဲ့ခြစ်ရလောက်အောင် သူတို့သင်တန်းဟာ ပစ္စည်းမပြည့်မစုံ မဟုတ်ပါဘူး။
မယ်လမင်း ပန်းကန်ပြားပေါ်မှာ ခဲဆံနဲ့ ရေးခြစ်ရတဲ့ အဆင့်လောက် ပြည့်စုံလာတာ တွေ့ရပါတယ်။ တနေ့ တယောက် အလှည့်ကျ အကူအညီ တောင်းတာကတော့ သူတို့ရှေ့ မော်ဒယ်လ် ထိုင်ပေးရတာပါပဲ။
လောကကြီးကို ကဗျာဆရာက ကဗျာတွေလို့ မြင်မယ် ။ ပန်းချီဆရာက ပန်းချီလို့ မြင်မယ်။ ဒီလိုစကားကို စာတွေထဲဖတ်ရ တုန်းက ဖတ်ကောင်းအောင် ရေးတယ်လို့ ထင်မိခဲ့တာ။ ဆရာဦးခင်မြင့်အောင် သူ့သင်တန်းသားတွေနဲ့ စကားပြောနေတုန်း အနားကပ် နားထောင်မိတော့ သူမြင်သမျှတွေကို အရောင်တွေ ခွဲပြနေတာကို ကြားလိုက်ရတယ်။
သစ်တပင်ကိုပြပြီး “အားလုံး စိမ်းနေတာမဟုတ်ဘူး။ ကြည့်၊ အလင်းတွေ၊ အမှောင်တွေ၊ နောက် မတူတာတွေ တွေ့လိမ့်မယ်” ဆိုတာကို လက်ညှိုး ညွှန်ပြပြီး ရှင်းပြနေတာတွေ့ရတော့ သြော် … တကယ်ပါလား ။ ပန်းချီ ဆရာရဲ့ ပန်းချီဆွဲစရာ ကုန်ကြမ်းတွေ၊ သင်ကြား ပြသစရာ အထောက် အကူ ပစ္စည်းတွေဟာ သုံးမကုန်အောင် ရှိနေပါလားဆိုတာ သဘော ပေါက်ရတော့တယ်။ တကယ်တော့ သဘာဝ တရားထဲက အလှကို ထုတ်ယူတတ်သူဟာ အနုပညာ သမားတွေဆိုတာ သဘော ပေါက်မိတော့တယ်။
ကဗျာဆရာ တယောက်ရဲ့ ကဗျာထဲမှာ ဖတ်လိုက်မိတဲ့ စာသားလေးက စိတ်ထဲ စွဲနေတယ်။ ဝန်းတံခါးမှာ သံပန်းတံခါးကို မြင်ပြီးကဗျာဆရာက “အနုပညာ ရောစွက်လာလျှင် သံပင် ပန်း ဖြစ်နိုင်တကား” လို့ ဥဒါန်းကျူးရင့် ထားခဲ့တဲ့ စာသားလေးက အနုပညာ ဖန်တီးသူတွေကိုတွေ့တိုင်း ရေရွတ်မိတဲ့ စာသားလေးပါပဲ။ ဒီဆောင်းပါးလေး မရေးခင် စာပေဟောပြောပွဲတခုကို နားထောင်ထားတော့ ဟောပြောပွဲမှာ ဟောသွားတဲ့ စာရေးဆရာရဲ့ စကားလေးက ခေါင်းထဲဝင်လာပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒဂုန်တာရာကို ပြောတယ် –
“ကိုဌေးမြိုင်ရ အိမ်ထောင်ရေးမှာလဲ အနုပညာ လိုအပ်သဗျ”
အရာရာ အနုပညာဆိုတာ လိုအပ်ပါလား။ အနုပညာနဲ့ ထိလိုက်ရင် လှလာပါလား ပေါ့။ သံတောင် ပန်းဖြစ်သေးတာကိုး။ နိုင်ငံရေးသမားတွေရဲ့ နှလုံးသားထဲ အနုပညာ စိုက်ထူလိုက်မိရင် သူတို့ရဲ့နိုင်ငံရေးဟာ လှပလာကြတာတွေကို တွေ့လိုက် ရတယ်။ သူတို့ရဲ့ စကားတွေဟာ အနုပညာကြောင့် လူတွေရဲ့ နှလုံးသားထဲအထိ ထိုးဖောက်သွားကြတာကို တွေ့လိုက် ရတယ်။ အနုပညာသမားတွေရဲ့ နှလုံးသားဆိုတာ ကဗျာတွေအတွက် စကားလုံးတွေ၊ ပန်းချီကားချပ်တွေအတွက် ဆေးရောင်စုံတွေ၊ တေးသီချင်းတွေ အတွက် သံစဉ်တွေကို သိုမှီးရာ တိုက်ခန်းမဟုတ်လား။ အနုပညာ နဲ့ နိုင်ငံရေး ပေါင်းစပ် မိတော့ကော …။
သင်တန်းမှာ ပါဝင်နေသူတွေထဲမှာတော့ ဦးပဉ္ဇင်းတို့ရဲ့ ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါဝင်ခဲ့တယ်။ သူ့မှာ ထင်ရှား သိသာတာကတော့ အနုပညာတွေ သူ့ဆီ စုပြုံနေတာပါပဲ။ ကဗျာကောင်းတွေကို ကိုယ်တိုင်လည်း ရေးသလို ကဗျာဆရာတွေရဲ့ ကဗျာကောင်းတွေကိုလည်း ရင်ထဲအထိ သိမ်းထားသူ၊ တေးသီချင်းပေါင်း များစွာကို တကယ့် အဆိုတော် ကြီးတွေလို သီဆိုနိုင်သူ၊ သူဆွဲထားတဲ့ ပန်းချီ ကားတချပ် အကြောင်းကို မပြီးသေးသော ပန်ချီးကားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးခဲ့ဖူးပါသေးတယ်။
သူဆွဲပေးတဲ့ ပန်းချီကားချပ်ဟာ ရင်ထဲမှာ နှစ်ရှည်လများ တည်အောင် ပေးခဲ့တဲ့ အစွမ်းကို ပြောပြချင်လွန်းလို့ အဲဒီတုန်းက ဆောင်းပါး ရေးခဲ့တာပါ။ အနုပညာ ဖန်တီးသူတိုင်းဟာ ရယ်သံကို ကဗျာ ဖွဲ့သလို၊ ရှိုက်သံကိုလည်း တေးသီချင်း အဖြစ် ပြောင်းလွှဲ နိုင်ကြတယ်။ ဒဏ်ရာနဲ့ ဝေဒနာဟာ သူတို့အတွက်ကုန်ကြမ်းတွေပဲ မဟုတ်လား။ ကိုယ်တိုင် အနုပညာ ဖန်တီးသူဟာ အခြားတယောက် ဖန်တီးထားတဲ့ အနုပညာ တခုကိုလည်း ကျကျနန ခံစားတတ်တယ် ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။
သွေ့ခြောက်နေတဲ့ ထောင်ထဲက နေ့ရက်တွေကို စိုပြည် လန်းဆန်းအောင် ပြုလုပ်ကြတဲ့ အရာတွေထဲမှာ နိုင်ငံရေး ခံယူချက်ပါမယ်၊ ဘာသာရေး အလုပ်လည်း ပါမယ်၊ နောက်အဓိက နေရာက ပါနေမှာကတော့ အနုပညာပါပဲ (ကိုဌေးကြွယ် သင်္ကြန်ရက်ကို ရွေးပြီး ဦးပဉ္ဇင်းကို ပြောပြခဲ့ဖူးတဲ့ “ပိတောက်ပွင့်ဆဲ လသာဆဲ” ဆိုတဲ့ ဝတ္ထု အကြောင်းကိုလည်း ဆောင်းပါးတစောင် ရေးပါဦးမယ်)
သူတို့ ပန်းချီ သင်တန်းက တိုက်ခန်းထဲမှာတင် မဟုတ်ပါဘူး၊ တခါတလေ တိုက်အပြင်ထွက် ရေးဆွဲ တတ်ကြပါတယ်။ ပညာကို ရသလောက် အမိအရ ယူရုံမကပါဘူး။ အနုပညာ အခံရှိသူမှ ဒီအချိန်တွေကို အသုံးချတာပါ။ သဲကုန်းက ကိုသိန်းထွန်း အမေ ဆုံးတော့ သူတို့ အနုပညာနဲ့ နာရေးကူညီမှု တခုကို ပြုလုပ်ခဲ့တယ်။
ပန်းချီပြပွဲထဲက ရုပ်ပုံ ကားချပ်တွေထဲမှာ ရင်ကိုထိမှန်ခဲ့တဲ့ ကားချပ်တွေ ပါဝင်နေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကိုဌေးကြွယ် ဦးပဉ္ဇင်းကို လက်ဆောင်ပေးတဲ့ ကားတကားကတော့ လှိုင်းတွေ အင်မတန်ကြီးမားနေတဲ့ ပင်လယ်ပြင်နဲ့၊ လှိုင်းတွေကို သေချာကြည့်ရင် ဘီလူးတကောင် ပါးစပ် ဟထားသလိုမျိုး။ အစ်ဇင်တွေ ဘာတွေကို ကိုယ်က နားမလည်တော့ သေချာ မပြောတတ်ပေမယ့် ခံစားလို့ ရတယ်။ နောက်ပြီး ပြပွဲက ပုံတွေကကော …။
သံတိုင်ကြားကနေ အပြင်ဘက် ရေအိုးထဲက ရေကို လှမ်းခပ်နေတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘာသာ ဖော်ပြီး ခံစားလိုက်ရတာ။ ရေငတ်နေသူရဲ့ သံတိုင် အတွင်းက စိတ်ခံစားမှုတွေကို အမိအရ ဖော်ပြနိုင်တယ်လို့ ထင်တယ်။ သူဆာနေတာ ရေအပြင် တခြား ဘာတွေကို ထောင်ထဲကနေ တမ်းတနေသေးလဲ။ ဒီမေးခွန်းကိုပါ တဆက်တည်း မွေးထုတ်လိုက်တယ်လို့ ဆိုရမယ်။ သူလှမ်းခပ်လိုက်တဲ့ ရေအိုးထဲမှာကော ရေရှိရဲ့လား။ အရောင်တွေအရ ည ရှုခင်းဆိုတာ မှန်းလို့ရတယ်။ ဒီတော့ ညခင်းကြီးမှာ သူ ဆာနေတဲ့ရေကို ဘယ်သူကဖြည့်ပေးမှာလဲပေါ့။ ဘာပဲပြောပြော နာကျင်နေတဲ့ ဝေဒနာကို မြစ်ဖျားခံခဲ့တဲ့ ကားချပ်ဆိုတာ သိသာပါတယ်။ ဆာလောင်မှု ကုန်ကြမ်းကနေ အနုပညာ ကုန်ချော တခုကတော့ မွေးဖွားလာတာ အမှန်ပါပဲ။ အရုပ်ကဗျာကို ငရဲခန်းထဲက လူသားတွေ ဖန်တီးလိုက်မှုဟာ ဒုက္ခထဲက သုခကို ဆွဲထုတ်လိုက်တာပါပဲ။ မျက်ရည်ကြားက ပီတိ တခုကို ကောက်ရလိုက်တာပါ။
ဆရာ ဦးခင်မြင့်အောင် ကိုယ်တိုင်ရေးဆွဲထားတဲ့ နောက်ကားချပ် တခုကလည်း ရင်ထဲက မထွက်အောင် ရှိနေဆဲပါပဲ။
အသက်အရွယ် ရနေပြီးဖြစ်တဲ့ လူသားတဦးက ပခုံးပေါ်မှာ ကလေးငယ်လေးကို ထမ်းပိုးထားတယ်။ ကလေးငယ်က လူကြီး ပခုံးပေါ် မတ်တပ်ရပ်လို့ သူက အလကား ရပ်နေတာမဟုတ်ဘူး။ အလုပ်တခု လုပ်နေတယ်။ အဲဒီအလုပ်ကတော့ သူ့ လက်ထဲကနေ ငှက်တကောင်ကို လွှတ်ပေးလိုက်တာ ပါပဲ။ မျိုးဆက်သစ်တွေကို ပခုံးထမ်း တင်ပေးနေတဲ့ အနာခံစိတ်၊ ထိုစိတ်နဲ့ အတူ မွေခံထိုက်စေ ဆိုတာ ဖြစ်အောင် အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ပေးတဲ့ သမိုင်းတာဝန်၊ မပြီးပြတ်သေးတဲ့ အမျိုးသားရေး ကိစ္စ။ ဒါတွေဒါတွေဟာ ပန်းချီကားမှာ ပေါ်လွင်နေတယ်။ ကြည့်ရသူ လူတိုင်းကို ရင်ထဲ ထိမှန် စေတယ်ဆိုတာ အသေချာပါပဲ။ ကဗျာတပုဒ်က တာဝန်ယူချင် စိတ်တွေကို ပေးတယ်ဆိုရင် ပန်းချီ ကားတချပ်ဟာလည်း ခံစားသူတွေကို ရှေ့ခရီးရဲ့ အလုပ်တွေကို မီးမောင်း ထိုးပြနေတာပါပဲ။
နောက် ဦးခင်မြင့်အောင်ပဲ ရေးထားတဲ့ ပန်းချီကား တချပ်မှာ လူသားတယောက်ဟာ အင်မတန် လေးလံလှတဲ့ အရာတခုကို ထမ်းလို့ ကြိုးစားပြီး လှမ်းနေတဲ့ပုံ။ နောက် ဒီကားမှာ သိသာတာကတော့ နံရံ တွေကို အထင်းသား တွေ့လိုက်ရတာပါ။ လူ့ အခွင့်ရေးလို့ ပြောနေသူတွေ ဒီပန်းချီကားထဲက လိုမျိုး ခံစားမှုပေးတဲ့ အနုပညာ တခုခုနဲ့ အလုပ်လုပ် လိုက်ရင် သူတို့ အလုပ်တွေ ပိုပြီးလူတွေရဲ့ ရင်ထဲကို ရောက်မှာ သေချာတယ်။
သူတို့ပြပွဲထဲက အခုအချိန်ထိ မပျောက်မပျက် ရင်ထဲ ရှိနေသေးတဲ့ ပန်းချီကား တချပ်ကတော့ ခုတိုင် တချို့ အရပ်ဒေသမှာ ရှိသေးတဲ့ပုံပါ။ ဆီ ကြိတ်တဲ့ဆီဆုံကြီးကို နွားနဲ့ လှည့်နေတယ်။ ဆီ ကျတဲ့ နေရာမှာ ခံထားတဲ့ခွက်ကတော့ ဟန်းကောချိုင့်။ ဒီ ပန်းချီကား ကလည်း သူတို့သင်တန်းသားတွေထဲက တယောက်ရဲ့ လက်ရာပါ။ ရွှေဘိုက ကိုခင်မောင်ကြည် ရေးထားတာ။ အဆီအနှစ်တွေကို သူတို့စားသုံးနေပါလား၊ နွားက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ၊ ဟန်းကောချိုင့်ကကော ဘယ်သူတွေရဲ့ နိမိတ်ပုံလဲ။
ထောင်ထဲရောက်စ အခန်းတိုင်းက ဝိုင်းပြီး ကြိုဆိုတဲ့ အခါက တေးသီချင်းတွေ သီဆိုကြတာကို ပြန် အမှတ်ရမိတော့တယ်။ အမှုတွဲ တယောက်က ထောင်ကျတော့မယ် ဆိုရင် သီချင်းတွေ အများကြီးယူလာခဲ့ဖို့လည်း လိုမယ်ဆိုပြီး ရယ်သလို မောသလို တောင် ပြောဖြစ်လိုက်သေးတယ်။ အနုပညာဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အရာဆိုတာ လက်တွေ့ ဘဝကပေးတဲ့ အသိနဲ့ကို သိလာခဲ့တာပါ။
အနုပညာကို တဘက်က ကိုင်ပြီး လုပ်တဲ့နိုင်ငံရေးဟာ သေနတ်ကိုင်ပြီးလုပ်တဲ့ နိုင်ငံရေးထက် သမိုင်းမှာ နေရာလှလှ ရမှာကတော့ အသေချာပါပဲ။
ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သည်။
Saturday, April 1, 2017
" ဒိုက်ဦး ကောလိယမြို့ဟောင်း "
အပိုင်းလေးပိုင်းလုံးတစ်တွဲတည်းတင်ပေးလိုက်ပါတယ် ပြီးတော့မပြီးသေးပါဘူး
" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4
၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . . နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင် . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .
( ဆက်ပါဦးမည် ။ . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
ကောလိယသမိုင်း ( ဒုတိယပိုင်း )
၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍ မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .
( ဆက်ပါဦးမည် . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။
တတိယပိုင်း ( ကောလိယသမိုင်း )
အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။
( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။
( ဆက်ပါဦးမည် . . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4
၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . . နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင် . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .
( ဆက်ပါဦးမည် ။ . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
ကောလိယသမိုင်း ( ဒုတိယပိုင်း )
၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍ မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .
( ဆက်ပါဦးမည် . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) . .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။
တတိယပိုင်း ( ကောလိယသမိုင်း )
အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။
( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။
( ဆက်ပါဦးမည် . . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) ) . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။
Friday, March 24, 2017
( ဒိုက်ဦးသားတစ်ယောက်အကြောင်း ) ပို့ပို့ လို့ခေါ်တဲ့ ကို နေ ဝင်း
ပို့ပို့ အ ကြောင်းပြော ရ ရင် မေမေရယ် ကိုဝင်းခိုင်ရယ် က မပါမဖြစ်။
မေ မေ က ငယ်ငယ်လေး ကတည်းက စိတ်ထားနုညံ့သိမ်မွေ့သူ၊ ၁၆နှစ် သမီးကတည်းက ဝိပဿနာ အားထုတ်သူ၊ သားသမီးတွေကိုလည်း အမြဲ တရားထိုင်ခိုင်းသူ။
ပို့ပို့နဲ့ ကိုဝင်းခိုင်က သူငယ်ချင်းညီအစ်ကို။ ညီအစ်ကို ၆ယောက် ညီမ ၁ ယောက်ဟာ မိဘတွေရဲ့ ပုံစံအတိုင်း ရိုးဖြောင့်တယ်၊ အရှက်အကြောက်ကြီးတယ်၊ ညှာတာစာနာစိတ်တွေရှိတယ်၊ ချစ်ခြင်းမေတ္တာအားကြီးကြတယ်။
သူငယ်ချင်း ညီအစ်ကို နှစ်ယောက်က ပိုပြီးတွဲပါတယ်။ စာအတူဖတ်၊ တရားအတူထိုင်၊ အတူဆွေးနွေး မေ မေက ဘေးက ကူညီပေါ့။
မေ မေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ တရားထိုင်ရင်း၊စာတွေဖတ်ရင်း ငယ်ရွယ်တဲ့ ပို့ပို့နဲ့ ကိုဝင်းခိုင်တို့ နိဗ္ဗာန်ဆိုတဲ့ လွတ်မြောက်ခြင်းကို တစ်ဦးတစ်ယောက်တည်း မသွားချင်တော့ဘဲ လူအများကို ခေါ်သွားချင်တယ်။ လူအများရဲ့ကောင်းကျိုးကို အားသွန်ခွန်စိုက် လုပ်ပေးချင်လာကြတယ်။
နိဗ္ဗာန်တောင် တစ်ဦးတစ်ယောက်တည်းဆို မသွားချင်သေးဘဲ လူတွေကို ကူညီကယ်တင်လိုတဲ့ အ တွေးတွေဟာ တရားထိုင်ရင်း စာဖတ်ရင်း ပေါ်လာကြတယ်။ လူတွေကို ကယ်တင်နိုင်ဖို့ ပါရမီ ဆယ်ပါး ဖြည့်ရမယ် ဆိုတဲ့ အ တွေးတွေနဲ့ ကောင်းတာတွေချည့် ရှာလုပ်ကြတော့တယ်။
၁၉၆၂ ဗိုလ်နေဝင်း တက်လာပြီး ပါပါးတို့ မေ မေတို့ ကုမ္ပဏီ ပြည်သူပိုင်သိမ်းခံရတယ်။ ဒိုက်ဦးမြို့လည်က အိမ်ကြီးရဲ့ အောက်ထပ် လေးပုံသုံးပုံကို "ပ ပ က ဆိုင်" အဖြစ် ပြည်သူပိုင် သိမ်းခံရတယ်။ ကိုဝင်းခိုင် ၁၀တန်းအောင်တယ် ၊ ပဲခူးတိုင်း ပထမ။ ပို့ပို့ ၁၀ တန်းအောင်တယ်၊ ဆေးတက္ကသိုလ် အမှတ်မှီတယ်။
ပါပါးက ဂျပန်ခေတ် အပြီး လူငယ် ဘဝကတည်းက အလုပ်လုပ်ဖို့ လာတဲ့ တရုတ် အမျိုးသားပါ။ ဒီခေတ် ခရိုနီတွေနဲ့ လုံးဝမတူတဲ့ ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်တဲ့ တရုတ်ပါ။
One FRC တွေ ဆေးကျောင်း မတက်ရတော့ သူတို့ ခံစားရပါတယ်။
လူတွေကို ကယ်တင်ချင်တဲ့ ဆရာဝန်၊ ရွှေလင်းယုန်ရဲ့ "သူ"၊ ဒေါက်တာမြင့်မောင်လို ဆရာဝန် ဖြစ်ချင်ခဲ့ကြတာ။
ဥာဏ်ကောင်းတဲ့ လူတွေဆို တော့ ဒီခံစားချက်တွေက နေ စနစ် တစ်ခုရဲ့ အမှားတွေ မြင်လာကြတယ်။
ပို့ပို့နဲ့ ကိုဝင်းခိုင် ဒေသ ကောလိပ် အတူတက်တော့ ညီအစ်ကို နှစ်ယောက် ထမင်းဖိုးကို တစ်ယောက်စာပဲ မှာပြီး တစ်ယောက်စာကို စာအုပ်တွေဝယ်ဖတ်၊ ရုပ်ရှင်တွေ ကြည့်ကြတယ်။ ရုပ်ရှင်က ကားအားလုံးကြည့် နိုင်ဖို့ ရှေ့ဆုံး ငါးမူးတန်းက ကြည့်ကြတာ။ ဆေးလိပ်ခုံ ဖင်စီခံလုံးမယ့် စာအုပ်တွေထဲက စာအုပ်ကောင်းတွေကို ပိဿာချိန်နဲ့ ဝယ်ဖတ်ကြတာ။ စာအုပ်ကောင်းတွေ အများကြီး ပိဿာချိန်နဲ့ ဝယ်ဖတ်ခဲ့ကြတယ်။
ဒေသကောလိပ်ပြီးတော့ ကိုဝင်းခိုင်က စိုက်ပျိုးရေး တက္ကသိုလိ။
ပို့ပို့ က တစ်တန်းငယ်တော့နောက်နှစ်မှ တိမွေးကု တက္ကသိုလ် ရောက်ပါတယ်။
အဲဒီ့တုန်းက Vet က ရန်ကုန်၊ အင်းစိန်မှာပဲရှိသေးတယ်။ ပို့ပို့ အင်းစိန်မှာ စာပေကိစ္စတွေလုပ်ရင်း မိတ်ဆွေ၊ သူငယ်ချင်း၊ ရဲဘော်တွေနဲ့ တွေ့ဆုံရတယ်။ အလုပ်တွေ ပိုလုပ်ဖြစ်ကြတယ်။
ပို့ပို့ရဲ့ ပုံစံက အားလုံးကို တကယ်စွန့်လွှတ်တဲ့သူ။ လမ်းမှာတွေ့တဲ့သူ ဖိနပ်လိုရင် လမ်းမှာတင် ချွတ်ပေးခဲ့တာ၊ မုန့်ဟင်းခါးစားနေရင်း လာတောင်းတဲ့သူရှိရင် ကိုယ်တိုင်ရိုးရိုးစားပြီး တောင်းသူကို ရှယ်ပွဲ မှာပေးတဲ့သူ။ တခါတ လေ ရှပ်အကျီင်္ ချွတ်ပေးခဲ့ ပြီး စွပ်ကျယ်နဲ့ အိမ်ပြန်လာသူပါ။
သူ့ရဲ့ပုံစံက အင်မတန် ယဉ်ကျေး နူးညံ့ သိမ်မွေ့ပါတယ်။ ဒါပေမယ့် ခေါင်းသိပ်မာပါတယ်။ ယုံကြည်ချက် တစ်ခုကို အမြဲစွဲကိုင်သူပါ။
အင်းစိန်မှာ ပြဇာတ် ဒါရိုက်တာ ဦးရဲဝင်းနဲ့ တွေ့ခဲ့ ခင်ခဲ့ပါတယ်။ ဦးရဲဝင်းရဲ့ တစ်ဦးတည်းသောသမီး သန္တာခင်ကို စိတ်ဝင်စားခဲ့တယ်။
Vet က ရေဆင်းကို ပြောင်းတော့ ရေဆင်း က နေ B.Vs ဘွဲ့ရခဲ့တယ်။ သန္တာနဲ့ အိမ်ထောင်ကြပါတယ်။
၁၉၈၈၊ ၈ လပိုင်းမှာ သမီးဖြိုးဖြိုးအောင်ကို မွေးဖွားခဲ့ပါတယ်။
အ ရေးအခင်း အတွင်း မွေး တဲ့ သမီးနဲ့ ဇနီးကိုပြစ်ထားပြီး
ယုံကြည်ရာ လှုပ် ရှားခဲ့တယ်
အမျိုးသား နိုင်ငံ ရေးတပ်ပေါင်းစု(မနတ) မှာအထွေထွေ အတွင်းရေးမှူး အောက်မြန်မာနိုင်ငံ တာဝန်ယူခဲ့ပြီး မကြာခင်မှာ UG ဆိုပြီး ကိုဌေးသိန်း Dr.ဇော်မင်းတို့နဲ့အတူ အဖမ်းခံရပါတယ်
ထောင် ၂၆ နှစ် အချခံရပါတယ်
အင်းစိန် ထောင်
မြင်းခြံ ထောင်
မန္တလေး သီးသန့်။အိုးဘိုထောင် တွေ မှာ သံခြေချင်းခတ်နဲ့ နေခဲ့ရပါတယ်
ထောင်သက်၁၆ နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်
မွေးပြီးကတည်းက အဖေ နဲ့ခွဲ ထောင်ဝင်စာကို အမေ နဲ့အတူ ထောင်ပေါင်းများစွာ လိုက်ဝင်
ထောင်ဆိုတာကြောက်ချင်စရာ အားငယ်ချင်စရာ
ဖြိုးဖြိုး မကြောက်ခဲ့တာ သန္တာရဲ့ပြုစု ပျိုးထောင်မှုကြောင့်
အမှန်တရားအတွက် အဖေ့ ရဲ့သွေး နဲ့ အမေ့သတ္တိ
အဖွါးကူညီစောင့်ရှောက်မှုတွေဟာ ဖြိုးဖြိုးရဲ့အားတွေပါ
ဖြိုးဖြိုး အောင် ဆယ်တန်းအောင်တော့ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့GTC တက်ပါတယ် ။GTC တက်ရင်းသမဂ္ဂ လှုပ်ရှားမှုတွေရှိနေတော့ အမြဲအလိုက်ခံနေရတယ်
နာဂစ် ဖြစ်တော့ဧရာဝတီတိုင်းကို ကူညီဖို့ပို့ပို့သွားပါတယ်
အဲဒီမှာ အလောင်းတွေကိုဘယ်သူမှတာဝန်ယူ မသိမ်းဆည်းတော့ ပို့ပို့တို့အုပ်စု အလောင်းကောက်သင်္ဂြိုလ်ကြတယ်
ဖြိုးဖြိုးပါ ပါသွားတာပါ
ကိုယ်တိုင် အလောင်းကောက်ရတဲ့အတွေ့အကြုံ ခံစားချက်တွေ သူတို့သားအဖရခဲ့ကြတယ်။
အဲဒီ့ကနေ ရန်ကုန်အပြန်မှာ ကိုနေဝင်း၊ ဖြိုးဖြိုးအောင်တို့ အုပ်စု အဖမ်းခံရပါတယ်။
ကိုနေဝင်းက ဘားအံ နှစ်နှစ်၊ ဖြိုးဖြိုးအောင်က မော်လမြိုင် မှာ သုံးနှစ်ကျော် ထောင်ကျ ခဲ့ပါတယ်။ အသက်အငယ်ဆုံး အမျိုးသမီး နိုင်ငံရေး အကျဉ်းသူပါ။
ဧရိယာ တစ်ခုထဲမှာ သားအဖ ထောင်ကျလို့ တော်သေးတယ်။ မော်လမြိုင်နဲ့ မြစ်ကြီးနားဆိုရင်တော့ ကျမ သေပြီလို့ သန္တာပြောပါတယ်။
စနစ်တစ်ခု ကောင်း မ ကောင်း ကိုနေဝင်းနဲ့ ဖြိုးဖြိုးတို့ ကောင်းကောင်းသိကြပါတယ်။
မနီတာ
၁၅.၃.၁၅
Sunday, March 19, 2017
ခရေ
.၁၉၈၂တုန်းကရေးခဲ့တာတဲ့ ကိုယ်တောင်မမှတ်မိတောဘူး သိမ်းထားတဲ့မိတ်ဆွေ ( Ko Min Thet Wai)ရဲ့ကျေးဇူးကြောင့် ပြန်လည်ရရှိခဲ့ အတိုင်းမသိ ကျေးဇူးပါ
*ခရေ*
အနားမှာ
ရစ်ဝဲကာတလည်လည်နဲ့
ချစ်သဲညှာ ရင်မှာတွယ်တဲ့
စပါယ်နဲ့ခရေ..
*ပန်းနှစ်ပွင့်
လန်းစွင့်ကြူ အကြို ထောက်သမို့
လှမ်းလင့်ယူ ဘယ်ကိုကောက်ရပါ့
မောင့်မှာကအခက်ဝေ...
*ရနံ့တလွင်လွင်
ခရေလျှင်လေမှာ ဝဲပါလို့
စပါယ်တွေပင်မှာသဲပြီဘဲ
ရင်ထဲမှာတော့ရတက်ပေ
စပါယ်လေလား
ခရေလား..
*မြေမခင် စပါယ်လျှင်မောင်မြင်တော့
လေမှာရွှင် မြေကိုလှမ်းလေတဲ့
ခရေပန်း သက်ဝေအပြုံး ကိုတော့
ပြိုင်လေလျှင်စပါယ် ရှုံးမှာပေါ့
အပြုံးတွေ ငွေရောင်သန်းပေမယ့်
ခရေကိုဘယ်လိုစမ်းမှာလဲ
အရွယ်ပျို ပန်းတွေ တောင်လိုမောက်စေဦး
မကောက်ပါရှောင်ကာကွင်းလို့ရယ်
အရောက်သာ အမြန်နှင်းမယ်ကွဲ့
ခရေ. ..ရေ
မင်းရဲ့အနား........။
ဒိုက်ဦး..စိုးမိုးသူ..4.10.1982
ပဲခူး ဓမ္မသိပ္ပံ
ယခု(USA)
မှတ်တမ်းတင်သူ.(မင်းသက်ဝေ.စင်္ကာပူ)င်္
ဝန်မင်းများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင်
****
--*--*--*--*--*--*--*--*--*--*--*--
သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂
( မိုးမခမှာ ၂၀၁၂
ပြည်သူ့ခေတ်မှာ ၂၀၁၆ က လက်ဆောင်ပေးခဲ့တဲ့ သရော်စာ အဟောင်းပါခင်ဗျား )
ရောင်းရင်းရေ …
ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။
တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊ တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊ တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။
ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။ ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။
တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။
ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။
အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က ဗိန္ခောဆရာ ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။
ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။ သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။
“ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ”
“ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“
“သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား”
“ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“
“ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား”
“ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား”
“မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး”
“အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ”
ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။
“ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ”
“အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။
ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။
အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။
ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။
အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။
ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။
မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။
တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။
ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။
ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။
အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။
(နတ်လူ သာဓုခေါ်စေသောဝ်)
ဝန်ခံချက်။ ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောတဲ့ ပုံပြင်ကို မှီငြမ်းပါကြောင်း
Tuesday, February 21, 2017
အကျဉ်းစံအပြန်လမ်း
ရန်ကုန်ဘူတာကြီးက စထွက်ကတည်းက ဦးကြည်ကို ကျနော်မြင်တယ် ။ အသွင်သဏ္ဍန်ကသာ သားသား နားနားနဲ့ ရထားတွဲကြီးတလျောက် ရှေ့နောက်သွားနေတာမို့ ( သူ့လှုပ်ရှားမှုကိုနားမလည်သေးတာမို့ ) မခေါ်လိုက်သေးပဲ လိုက်ကြည့်နေမိတယ် ။ မခေါ်လိုက်နှုတ်မဆတ်ဖြစ်လိုက်မှာကိုလည်း စိုးနေမိသေးတယ် ။ ခုံနေရာမရတာကြောင့် ကျနော်အိမ်သာအပေါက်ဝနားကနေ မတ်တပ်ရပ်လိုက်လာရတော့ ကျနော်ပုံကြီး ကို ဦးကြည်ဘယ်လိုမှ မမြင်နိုင်စရာမရှိပါဘူး ။ ကျနော်တို့တွဲထိပ်ကို တစ်ခေါက်ကျော့လာကတည်းက တစ် ချက်လှမ်းအကဲခတ်ကြည့် ကြည့်လိုက်တာကိုလည်း ကျနော်သိလိုက်မိတယ် ။ ဒီတစ်ခေါက်ရောက်လာရင် တော့စပြီးနှုတ်ဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရထားတွဲဆက်နားကစောင့်နေလိုက်တယ် ။ သူကလည်းရိပ်မိလို့ထင်တယ် ။ ချက်ချင်းပဲရောက်လာတော့ ` ၀ိဇ္ဇာကြည် ´ လို့ခပ်တိုတိုပဲခေါ်လိုက်လျင်ပဲ ရှေ့သွားပေါ်အောင် ပြုံးပြုံးကြီးမော့ကြည့်ပြီး ကျနော်လက်ကို တင်းတင်းကြီးဆွဲတော့တာပါပဲ ။ `ကျနော်လက်က ၀ဲတွေကူးကုန်ပါဦးမယ် အရာရှိမင်းကြီးရယ် ´ လို့နောက်လိုက်ပြန်တော့ အရင်ဝသီအ တိုင်း တဟားဟား ။ ရထားကြီးကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကျနော်တို့နှစ်ယောက်မှာလည်း ပြောစရာ တွေကအစုံ ။ ဦးကြည်က ရှေ့နှစ်တွဲကျော်လောက် ကျနော်ကိုခေါ်သွားပြီး ခုံနေရာတစ်ခုရှာပေးတယ် ။ `ပဲခူး ဘူတာရောက်ရင်ခင်ဗျားဆက်မသွားပဲ ဆင်းရမယ်လို့အမိန့်ချတယ် ။ ဟိုမှာ ၀က်ကြီးတို့ သိန်းအောင်တို့ လည်းရှိတယ် ။ ခင်ဗျားကိုပြုစုကြလိမ့်မယ် တဲ့´ ဆိုပြီး ကျနော်ကိုထားခဲ့ကာ ရှေ့တွဲကိုကူး သွားပြန်ရော ။ တရိပ်ရိပ်လည်ပြီး ကျန်ရစ်ခဲ့တဲ့လယ်ကွင်းတွေ ကုက္ကိုပင်တွေ ထန်းပင်အုပ်လေးတွေ ၀န်းရံထား တဲ့ ရွာက လေးတွေကို ရထားပြူတင်းပေါက်နေ ငေးမောရင်းလိုက်ပါလာခဲ့ပေမယ့် ကျနော်အတွေးထဲမှာကတော့ ဦးကြည်တို့နဲ့အတူ တောင်ငူထောင်ထဲမှာ . . . . . . . .
1975 ပဲခူးရိုးမပြိုတော့ ကျနော်တို့လည်းအဖမ်းခံရပြီး မတရားအသင်းပုဒ်မနဲ့ထောင် 3 နှစ်ကျခဲ့ရတယ် ။ တောင်ငူထောင်ဝင်ရင် ဇာတ်ကြမ်းတွေခင်းရတော့မယ်ဆိုတာကိုကြိုသိထားတယ် ။ နောက်ဆုံးစီရင်ချက်ချ တဲ့ညောင်လေးပင်အချုပ်မှာလာနှုတ်ဆက်ကြတဲ့ မိသားစုတွေ မိတ်ဆွေတွေရဲ့ လက်ဆောင်တွေကို ကျနော် ယူမသွားချင်တော့ဘူး ။ အလကားဆုံးရှုံးကုန်တော့မှာလို့ လာနှုတ်ဆက်တဲ့ကဗျာဆရာအောင်ဇင်မင်းကို တိုးတိုးပြောမိတော့ နည်းနည်းမှမျက်နှာမကောင်းဘူး ။ `ယူသာသွားပါဗျာ ´ လို့အံကြိတ်ပြီးပြောရှာတယ် ။ တောင်ငူထောင်အ၀င်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ။ ပုံစံမထိုင်လို့ဆိုပြီး ၀ိုင်းသမ ။ ကျနော်တို့ကလည်း ပြန်ချ ။ ကြိုးတိုက်ထဲကို ဘယ်လိုရောက်သွားမှန်းမသိလောက်အောင် လောကကြီးနဲ့တစ်ညလောက်ဝေး ကွာသွားခဲ့ရတယ် ။ မြေကြီးမှာ ကျနော်ကိုဒရွတ်တိုက်ဆွဲသွားတာလို့ နောက်မှသိရတယ် ။
တစ်လလောက်ကြာမှ အပြင်ကရဲဘော်တွေနဲ့အဆက်အသွယ်ရတယ် ။ စာလာပို့ပေးတာက၀က်ကြီး ။ နာမည်နဲ့လိုက်အောင် မဲမဲ၀၀ ဗိုက်ပူပူကြီး ။ ကတုံးပြောင်ပြောင်နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ။ အခန်းစဉ် လိုက်မိုက်ကြည့် ကြည့်ပြီး ကြိမ်းဝါးလိုက်သေးတယ် ။ ပြီးမှအလစ်မှာ ကျနော်ကိုစာလေးပစ်ပေးသွားတာ ။ ထောင်တွင်းပါတီကော်မတီက ထောင်စည်းကမ်းကိုလိုက်နာပြီး ထောင်သားအများစုနဲ့ရောနှောနေခြင်းသာ သင့်လျော်ကြောင်း အကြံပေးထားတယ် ။ အတူနေ အတူစား ။ အတူလေ့လာ အတူတိုက်ပွဲဝင် ။ ( တူလေး လုံး ) ကျင့်သုံးဖို့ပေါ့ ။ အဲ့ဒီအချိန်တုန်းက ဦးသန့်ုတို့မှိုင်းရာပြည့်ကာလဆိုတော့ ထောင်ထဲမှာလည်း ကျောင်း သားတွေပြည့်နေတယ် ။ အများစုကတော့ ကျေးလက်ကကျောင်သားတွေ ။
ထောင်ပုံစံအတိုင်းနေပါတော့မယ်လို့ပြောလိုက်တော့ ကျနော်တို့ကိုတိုက်ကထုတ်ပြီး အိပ်ဆောင်တွေဆီခွဲ ပို့ပါတယ် ။ တစ်ခန်းမှာ လူငါးဆယ်ကျော်လောက်နဲ့ရောနှောနေရတာပါ ။ ကျနော်အလုပ်လုပ်ရတာက လက်သမားရုံမှာ ။ နောက်တော့ တက္ကသိုလ်တုန်းကသူငယ်ချင်းတစ်ယောက်က ထောင်မှူးလေးကိုပြောပေး တာနဲ့ ကြိမ်ရုံမှာစာရေးလုပ်ရပါတယ် ။ ထောင်အရာရှိတွေကတော့ ကျနော်တို့ကိုသတိထားပြီး ပြောဆို ဆက်ဆံပါတယ် ။ အရောမ၀င်ရဲကြဘူး ။ အောက်ခြေဘာယာတွေ ထောင်မင်းသားတွေကတော့ထုံးစံအ တိုင်းလူကြမ်းတွေ ။
ဗိုလ်နေ၀င်းကစပြီး ကျနော်တို့အထိအားလုံးဟာစနစ်ရဲ့သားကောင်တွေဖြစ်တယ်လို့ ကျနော်တို့ယုံကြည် တယ် ။ လူသားတိုင်းဟာ မွေးလာကတည်းက သဘာဝအလိုက်ရိုးသားကြသူတွေဖြစ်တယ် ။ တွေ့ကြုံဖြတ် သန်းလာရတဲ့ဘ၀တွေက စာရိတ္တတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ် ။ ဦးကြည်တို့ ၀က်ကြီးတို့လိုထောင် ကိုအိမ်လုပ်နေသူတွေကအစ ကျနော် သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံပါတယ် ။ တချို့လယ်သမားတွေဆို အိမ်က ထောင်ဝင်စာလာမတွေ့နိုင်ကြတော့ တအားချို့တဲ့ကြတာတွေ့ရတယ် ။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့အိမ်ကလာတဲ့ထောင်ဝင်စာပစ္စည်းတွေ ဆေးဝါးတွေကို အခန်းထဲကအကျဉ်းသားတွေ နဲ့ အမြဲပဲမျှဝေစားကြတယ် ။ နှစ်ဆယ်ဝန်းကျင်အသက်အရွယ်သူငယ်လေးတွေ ဘ၀ရဲ့အတက်ကြွဆုံးကာ လတွေတုန်းကပေါ့ဗျာ ။ သူခိုးဓါးပြတွေက သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံတာကို ကြည်နူးကြ တုန့်ပြန်ကြ တာတွေ့ရပါတယ် ။ အရေးအကြောင်းတွေကြုံလာရင် ထင်မှတ်ထားတာထက်ပိုပြီးသစ္စာရှိကြ နှလုံးသားကြီးကြတာကိုလည်းတွေ့ရပါတယ် ။
ထောင်ထဲမှာအဓိကပြဿနာက သတ်မှတ်ထားတဲ့ရိက္ခာကိုအပြည့်အ၀မရတာနဲ့ မတန်မဆညှင်းပန်းနှိပ် စက်ခံရတာပဲဖြစ်ပါတယ် ။ တစ်ပါတ်တစ်ခါအသားကျွေးတဲ့နေတွေဆို ထောင်မှူးကြီးအိမ်မှာ အသားတွေ အခြောက်လှမ်းထားတာကိုဗြောင်ကျကျပဲတွေ့နေရတယ် ။ အဲဒါတွေကို ကျနော်တို့နှစ်ကြိမ်တိုင်တိုင်ရှေ့ ဆောင်ပြီးဆန္ဒြ့ပခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ ပထမအကြိမ်ကတော့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကျောင်း သားတစ်ယောက်ကိစ္စ ။ ရိုက်နှက်တာက မောင်မောင်လွင်ဆိုတဲ့ထောင်မှူးကလေး ။ ကရာတေးသိုင်းသမား စတိုင်နဲ့ တကဲ့စောင့်ကြွားကြွားကောင်ပါ ။ ` ပြည်သူ့ကောင်စီ ခေါ်ပေး ´ ဆိုပြီးကျနော်တို့ကြွေးကြော်ကြ တယ် ။ အဲ့ဒီခေတ်က မဆလခေတ်ဆိုတော့ ပါတီကောင်စီတွေကြီးဆိုးနေတဲ့ခေတ်ကိုး ။ ကောင်စီတွေဝင် လာတော့ကျနော်တို့ကအရိုက်ခံရတဲ့အကျဉ်းသားကိုပြပြီးတိုင်တန်းကြပါတယ်။ ကောင်စီဝင်တစ်ယောက်က ကျနော်တို့အကျဉ်းသားရှေ့မှာတင် မောင်မောင်လွင်ပုခုံးပေါ်က အပွင့်ကိုဖြုတ်ပြလိုက်တယ် ။ အကျဉ်းသား တွေက လက်ခုပ်တီးကောင်းချီးပေးလို့ အောင်ပွဲလေးတစ်ခုရလိုက်တာပေါ့ ။ ကျောင်းသားတွေကတော့ မဆလတွေအမှတ်ယူသွားတာမခံချင်ဘူးဖြစ်နေကြတယ် ။ ကျိုးကြောင်းဆီလျော်ရမယ် ။ အကန့်အသတ် ရှိရမယ် ။ အကျိုးအမြတ်ရှိရမယ် ( ကသုံးလုံး ) တိုက်ပွဲနည်းနာကို မနည်းရှင်းပြရသေးတယ် ။ သူတို့က ထောင်ထဲကနေပြီး ` စစ်အစိုးရ အလိုမရှိ ´ အော်ချင်နေကြတာ ။ ကျနော်တို့က မဆလတွေကိုထောင်တွင်း အခြေအနေတွေကို လေးလေးစားစားတင်ပြနေတာကို သူတို့ကအူယားနေကြတယ် ။ တကယ်တော့ ကျနော်တို့ကွန်မြူနစ်ဆိုတာ အဲ့ဒီမဆလတွေကောင်းကောင်းသိတာပေါ့ ။ သူတို့ပြန်သွားပြီးနောက်တစ်နေ့ ကစပြီးကြိမ်ရုံမှာ ဒိုင်းတွေ တုတ်တွေကို ထောင်ပိုင်ကစပြီးလုပ်ခိုင်းတော့တယ် ။ နောက်တစ်ကြိမ်က ပုံစံ ထမင်းဟင်းအပြည့်အ၀ရရှိရေးတိုက်ပွဲ ။ထောင်ကကြွေးတဲ့ ပုံစံကိုပြပြီး တောင်းဆိုတာ ။ မဆလတွေလည်း ကျနော်တို့ရှေ့မှာ ထောင်မှူး ထောင်ပိုင်တွေကို ဆဲဆိုပြပြီးပြန်သွားတာပါပဲ ။ သိပ်မကြာခင် ထမင်းပုံစံက ယခင်အတိုင်း ဖြတ်စားလက်စားလုပ်လျက်ပါပဲ ။ ထောင်ဝန်ထမ်းတွေမှာကလည်း ဒါပဲသူတို့ရဲ့အဓိက၀င်ငွေ ဖြစ်နေတာကိုး ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ထက်ကို ဦးကြည်တို့ ၀က်ကြီးတို့လိုရာဇ၀တ်သား အကျဉ်းသားတွေကို ပိုပြီးတီးချင်နေကြတယ် ။ သူတို့ကလည်းတကယ်ပဲ လက်ဝဲကြချင်နေကြတာကိုးး ။
ဦးကြည်ဆိုအရင်က ၀ိဇ္ဇာကြည်ဆိုတဲ့ မျက်လှည့်ဆရာကြီးပါ ။ ကျနော်တို့မြို့မှာ ငယ်ငယ်ကတည်းက သိခဲ့ ဘူးတယ် ။ သူ့သားလေးကိုဒကောက်ဖာထဲထည့်ပြီး အပေါ်ကနေဟန်ပါပါနဲ့ လှံနဲ့ထိုးပြတာတွေကို အပြော ပိုင်ပိုင်နဲ့ဆေးရောင်းနေတာတွေကြည့်ခဲ့ရဘူးတယ် ။ ကျနော်ငယ်ငယ်ကမြို့နယ်ပွဲတွေမှာဘောလုံးကန်တာ ကိုလည်း တက်တက်ကြွကြွနဲ့လိုက်အားပေးလေ့ရှိပါတယ် ။ ကျနော်ကိုတော်တော်လေးခင်တယ် ။ ကျနော် ကျောင်းပိတ်လို့ တက္ကသိုလ်ကျောင်းကပြန်လာရင် လာလာလည်တယ် ။ အဖေ့အလစ်မှာလာရတာ ။ အဖေ ကသူ့ကို တစ်စက်မှကြည့်လို့မရအောင် အမြင်ကပ်တာ ။ ကျနော်တောင်ငူထောင်ထဲရောက်တော့ သူပဲအရင်လာပြီး အစစစအရာရာကူညီပေးခဲ့တာ ။ `ကွန်မြူနစ်ဆိုပြီး မင်းတို့ကောင်တွေတရားဟောတာ လည်းမတွေ့ဘူး ´ ဆိုပြီးစဝေဖန်တာသူပေါ့ ။ သူ့လိုအပြောပိုင်ပိုင်နဲ့ရွာတွေမှာလိုက်ပြီးမဟောပြောတတ်လို့ ဒီလိုရှုံးနိမ့်ရတာလို့ သူကထင်နေတယ် ။ နောက်တစ်ခါတောပြန်ခိုရင် သူ့ကိုပါခေါ်ဖို့ပြောတယ် ။ ` မလုပ်ပါနဲ့ ဦးကြည်ရယ် ဒီထက်ပိုဆိုးသွားနေပါဦးမယ် ´ပြောတော့ သူဒေါပွနေလေရဲ့ ။ လေဘာတီမမြရင်တို့ ခင်မောင်ရင်တို့ခေတ်က သီချင်းလေးတွေတောင်းဆိုရင်တော့ ကြည်ကြည်နူးနူးကြီးကို ဆိုပြတတ်သူပါ ။
ဝက်ကြီးဆိုရင်လည်း အချိန်ရတာနဲ့ နာကျည်းစရာသူ့ဘ၀တွေကိုရင်ဖွင့်နေတော့တာပါပဲ ။ ငယ်ငယ်က တည်းက မိဘမဲ့ အနှိပ်ခံဘ၀နဲ့ပြည်တွင်းစစ်ထဲပြေးလွှားခဲ့ရတာတွေ ။ ခိုးဆိုးလုယက်ခဲ့ရတာတွေ ။ နောက်လူလစ်တာနဲ့အမျှ မကြာခဏပြောတတ်တာကတော့ ထောင်အာဏာပိုင်တွေကိုသတ်ပြီး တောခိုဖို့ အကြောင်းတွေပဲဖြစ်ပါတယ် ။ ကျနော်တို့တွေဟာ ဒီလိုရင်ဖွင့်ကြရင်းနဲ့ပဲ ညီအစ်ကိုတွေလို တကယ်ချစ်ခင် လာကြသလိုခံစားရပါတယ် ။ ကိုစိန်လှိုင်ဆိုတဲ့ ကျွဲပွဲဖက်က နွားခိုးကြီးတစ်ယောက်ဆိုရင်လည်း တကယ်ကို အေးအေးငြိမ်းငြိမ်းနေတတ်သူပါ ။ ကျနော်တို့ကို ပြုံးပြုံးလေးကြည့်နေလေ့ရှိတာကို မြင်ယောင်မိတယ် ။ စကားလည်းသိပ်မပြောဘူး ။ တစ်ခါတော့ အလုပ်နားရက် ထောင်မှူးကြီးကအိပ်ဆောင်တွေကိုလိုက်ကြည့် တယ် ။ ကိုစိန်လှိုင်က တစ်ချက်မှလှည့်မကြည့်ပဲ ဗန်းမော်တင်အောင်စာအုပ်ကြီးကို သဲသဲမဲမဲဖတ်နေတုန်း ပေါ့ ။ ထောင်မှူးကြီးက သူ့ကို ` ဟော့ကောင်စိန်လှိုင် မင်းကနွားခိုးမဟုတ်ဘူးလား ´ လို့မေးတယ် ။ သူက `ကျုပ်မနေ့က နွားခိုး ဒီနေ့ကွန်မြူနစ် ´ ဆိုပြီးလှည့်မကြည့်ပဲဖြေလိုက်တယ် ။ ထောင်မှူးကြီးလည်း တဟားဟားရယ်ပြီးပြန်သွားတယ် ။ ` ကွန်မြူနစ်ကြီး လေ့လာပါ ဆက်လေ့လာပါ ´လို့ခပ်ရိရိတောင်ပြော သွားသေးတယ် ။ ဘယ်လောက်အူးယားသွားမလည်း စဉ်းစားသာကြည့်ပါတော့ ။
စနစ်တကျထောင်တွင်းတိုက်ပွဲတွေဆက်မ၀င်နိုင်ပဲ ကျနော်တို့တတွေ တိုက်ထဲရောက်ကုန်ကြတာက လူသတ်မှုဖြစ်လို့ပါ ။ ဖြစ်ပုံက ကျနော်တို့အခန်းထဲကိုထောက်လှမ်းသွေးခွဲဖို့ ထောင်အာဏာပိုင်တွေက လက်ကောက်အကျဉ်းသားတစ်ယောက်ထည့်လာပါတယ် ။ ဒီကောင်အကြောင်းကိုအားလုံးသိထားတော့ သတ်ချင်နေကြတယ် ။ ကျနော်ကသူ့ကို နှလုံးသားနဲ့ဆက်ဆံပြီး အစွဲချွတ်ဖို့စဉ်းစားတယ် ။ အကုန်လုံးက ပြောမရ စည်းရုံးမရလောက်အောင် ပြင်းထန်နေကြလေရဲ့ ။ ထောင်တွင်းပါတီကော်မတီကလည်း မဖြစ် အောင်တားဖို့ ကျနော်ကိုပြောတယ် ။ အပြောရအခက်ဆုံးက ကျောင်းသားတွေပါပဲဗျာ ။ ကျောင်းသားတွေ နဲ့ငြင်းခုန်ရင်း စိတ်တိုလာတော့ ကျနော်ကစပြီး အဲ့ဒီလက်ကောက်ကောင် ဦးကြည်အိပ်ယာမှာအိပ်နေ တာကိုသွားပြီး မျက်နှာကိုဆောင့်ကန်လိုက်တာက စတာပါပဲ ။ တစ်ဆောင်လုံးက၀ိုင်းရိုက်ကြ ဓားနဲ့ထိုးကြ နဲ့ဆူညံသွားတာပါပဲ ။ ထောင်အာဏာပိုင်တွေလာတော့ အဲ့ဒီကောင်က သွေးအိုင်ထဲလဲနေပြီ ။ ကျနော် လည်းအခန်းတံခါးတွေမပိတ်ခင် တခြားအခန်းမှာရောက်နေပြီ ။ ခါတိုင်းနားရက်တွေဆိုရင်လည်း အဲ့ဒီအခန်း မှာသွားပြီး မစ္စတာချန်တင်ဆိုတဲ့ တရုတ်ကြီးဆီမှာ အင်္ဂလိပ်သတင်းစာသွားဖတ်နေကြလေ ။ ဆေးရုံမှာဆေး စစ်ချက်ယူတော့ အဲ့ဒီလက်ကောက်ကောင်က ကျနော်ကိုပဲမှတ်မိတယ်လို့ပြောတယ် ။ မသေတော့ ချောက် ကျသွားတာပေါ့ဗျာ ။ ကျနော်ကိုလာခေါ်ထုတ်တော့ အဲ့ဒီတစ်ခန်းလုံးကထုတ်မပေးဘူးလို့ ငြင်းဆန်နေကြ တယ် ။ ကျနော်ဟာအခင်းဖြစ်တဲ့အချိန်မှာ ဒီအခန်းထဲမှာရှိနေတယ်ဆိုပြီး တညီတညွတ်ထဲပြောကြတယ် ။ နောက်ဆုံးတော့ ညှင်းပန်းနှိပ်စက်မှာမဟုတ်ပါဘူးဆိုတဲ့ကတိနဲ့ ကျနော်ကိုယ်တိုင်ကပဲ ထောင်အာဏာပိုင်နဲ့ ညှိပြီး တိုက်ထဲလိုက်သွားခဲ့တော့တယ် ။
နောက်တော့ ဦးကြည်အိပ်ယာပေါ်မှာဖြစ်တာမို့ ဦးကြည်ကိုအမျိုးမျိုးညှင်းပန်းနှိပ်စက်ကြပေမယ့် သူလုံးဝ မသိလိုက်ဘူးဆိုပြီး တင်းခံခဲ့ကြောင်းကြားရပါတယ် ။တကယ်တော့ ကျနော်စလုပ်တာ သူကောင်းကောင်း တွေ့လိုက်တာပဲလေ ။ ဘယ်လိုပဲမက်လုံးတွေပေးပေး ဦးကြည်ဟာ မျက်မြင်သက်သေအဖြစ်မခံပဲ တင်းခံခဲ့ ကြောင်းသိခဲ့ရတယ် ။ တစ်ရက်ထောင်ပိုင်ကြီးတိုက်ထဲလှည့်ရင်းပေါ့ ။ နောက်အမှုနဲ့ရုံးထွက်ဖို့ပြင်ထားဆိုပြီး ချိန်းခြောက်ပါတယ် ။ ကျနော်ကလည်း ကျနော်မှာတရားရုံးရောက်ရင် ခင်ဗျားတို့အကြောင်းဖွင့်ချစရာတွေ ပြောလို့ရတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ ကုလားကြီးမျက်လုံးကိုပြူးသွားတာပဲ ။ အဲဒါတွေကြောင့်လား မသိဘူး ။ နောက်အမှုလည်းမတိုးတော့ဘူး ။ ဟိုလက်ကောက်ကောင်ကိုလည်းထောင်ပြောင်းပေးလိုက် တယ် ။
ကျနော်ဘယ်လောက်တောင် အတိတ်ကြောင်းတွေတွေးနေမိလည်းမသိ ။ သတိထားမိတော့ ရထားက ပဲခူးဘူတာဝင်တော့မယ် ။ ဦးကြည်လည်းရောက်မလာပါလားလို့ သတိထားမိတယ် ။ အော်ကျေးဇူးတင် စကားလေးတောင်မပြောလိုက်ရပါလားလို့စိတ်ထဲမကောင်း ။ လူရင်းတွေတွေ့ရင် နောက်ပြောင်လိုက် ဒေါက်ဖြုတ်လိုက်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း အပြစ်တင်မိတယ် ။ ဘူတာထဲကို ပြူတင်းဝကခေါင်းထွက် ပြီး ရှေ့နောက်ဝဲယာ ကြည့်နေတုန်းမှာပဲ ဦးကြည်အသံကနောက်ကပေါ်လာတယ် ။ ` ကဲ ဆင်းဆင်းတဲ့ ´။ ဘူတာအထွက်ကလဖက်ရည်ဆိုင်လေးမှာထိုင်မိတယ်ဆိုရင်ပဲ ကိုယ်ကဦးစွာကျေးဇူးတင်စကားပြောလိုက် တယ် ။ ` ဦးကြည်ရယ် ခင်ဗျားသာဖေါ်လိုက်လို့ကတော့ ထောင် 5 နှစ်လောက်ထပ်ကျဦးမှာ ´ လို့ဆိုတော့ ဦးကြည်ကပြုံးပြုံးကြီးကြည့်ရင်းနဲ့ပြန်ပြောတယ် ။ ` ကိုအောင် ကျနော်ဘ၀မှာအဲသလိုနှိပ်စက်ခံရတာရိုးနေ ပါပြီဗျာ ´ ` နောက်ပြီးကျနော်တို့ကို လူကိုလူလိုဆက်ဆံတာခင်ဗျားတို့ပါပဲဗျာ ´ တဲ့ ။ သားသားနားနားဖြစ် နေလို့ခုဘယလုပ်စားသလည်းလို့မေးမိပြန်တော့ ` ခိုးတယ်လေ ´ တဲ့ ။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဒီလိုပဲဖြတ်သန်းနေရတာပဲဆိုပြီး ကျနော်တို့လေသံတွေနဲ့ပြန်တရားဟောနေသေးတယ် ။ အဲဒီတုန်းမှာပဲ ညီလေးလို့ခေါ်သံနဲ့အတူ ပုခုံးလာဖက်တာတာနဲ့လှည့်ကြည့်လိုက်တော့ ၀က်ကြီး ။ ဂျင်းဘောင်းဘီနဲ့ မျက်မှန်နဲ့ ။ သိန်းအောင်ကတော့ ကျနော်အတွက်ဂျာကင်အကျီ င်္လက်ဆောင်ပေးဖို့ဆိုပြီး သူတဲကိုပြန်ပြေး နေတယ်လို့ပြောတယ် ။ ဘူတာနားကထမင်းဆိုင်တစ်ခုမှာ သူတို့ကျနော်ကိုထမင်းကျွေးကြတယ် ။ ကိုသိန်း အောင်ရောက်လာတော့ သူ့ဂျကင်ကြီးကိုအတင်းဝတ်ခိုင်းနေတယ် ။ ` ခင်ဗျားခိုးထားတာဆိုရင် အမှုပတ် နေပါဦးမယ်ဗျာ´ဆိုတော့ မဟုတ်ကြောင်း နိုင်ငံခြားသားတစ်ယောက်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရှင်းပြတယ် ။ ကိုဝက်ကြီးက သူ့နေကာမျက်မှန်ကို အတင်းပေးတယ် ။ ` ကိုယ့်ညီ တကယ်ကသူပုန်မလုပ် ပဲ မင်းသားလုပ်ရမှာဆိုပြီး ထပ်ပင့်နေလို့ ` အစ်ကိုရယ်ကျနော်မှာ ပြန်ပေးစရာဆိုလို့ လောလောဆယ် ၀ဲတွေပဲရှိပါတယ် ´ လို့ဝသီအတိုင်းပြန်ပြောမိတော့ အားလုံးရယ်မောကြရင်း စကားတွေအလုအယက်ပြော နေကြတယ် ။ သူ့တို့အဓိကသိချင်တာက ဘယ်တော့တောထဲပြန်သွားမလည်းဆိုတာပါပဲ ။
ကျနော်လည်း ` လောလောဆယ်ဘယ်တောခိုရမှန်းမသိသေးပဲ ကောင်မလေးတစ်ယောက်ရဲ့အချစ်တော ထဲမှာမိနေကြောင်း ´ အမှန်အတိုင်းပဲပြောလိုက်မိတယ် ။ အလုပ်အကိုင်ကလည်းမရှိ အာဝဇ္ဇန်းကလည်း မရွှင်တော့ ဦးကြည်ကြီးကိုပဲ ဆရာတင်ရမည့်အကြောင်း ရယ်စရာပြောရင်းနဲ့ နှုတ်ဆက် ခဲ့ရတယ် ။ တောင်ငူလော်ကယ်ရထားကြီးထွက်တော့ လက်ပြရင်း ကျနော်ရင်ထဲမှာတော့ မလွတ်မြောက်သေးတဲ့ဘ၀ တွေ အတွက် ခရီးသွားနေသလိုလိုထင်မိခဲ့လေရဲ့ .။
ကိုအောင် ( ဒိုက်ဦး )
Friday, February 17, 2017
ရေစီး
" ရေစီး "
ရေတွေကစီးနေတယ်
မြေပြင်ပေါ်မှာ
မြောင်းတစ်ခုဖြစ်လာဖို့
ရှင်သန်ရာကို အကြိမ်ကြိမ်ပွတ်တိုက်
ရေတွေကစီးနေတယ်
မြောင်းတစ်ခုထဲမှာ
ချောင်းတစ်ခုဖြစ်လာဖို့
ပွတ်တိုက်လိုက်ခြင်းက ရှင်သန်ရာ
ရေတွေကစီးနေတယ်
ချောင်းတစ်ခုထဲမှာ
မြစ်တစ်ခုဖြစ်လာဖို့
ရှင်သန်ခြင်းကို အကြိမ်ကြိမ်ပွတ်တိုက်
ရေတွေကစီးနေတယ်
မြစ်တစ်ခုထဲမှာ
ပင်လယ်တစ်ခုဖြစ်လာဖို့
ပွတ်တိုက်ခြင်းသာ ရှင်သန်ခြင်း
ရေတွေကစီးနေတယ်
ပင်လယ်တစ်ခုထဲမှာ
သမုဒ္ဒရာတစ်ခုဖြစ်လာဖို့
ရှင်သန်ခြင်းမှန်သမျှ
အကြိမ်ကြိမ်ပွတ်တိုက်ပေးလိုက်ရတယ် ။
စသအ
Wednesday, January 18, 2017
သမိုင်းပရမတ္ထ
………………………..
လမင်းဟာ
နေ့တံခါးဆွဲအဖွင့်မှာ
သူဖြန့်ခင်းတဲ့
အလင်းဂုဏ်ပုဒ်ကို
ကမ္ဘာကြီးထဲမှ ဆွဲနှုတ်လို့ သိမ်းသွားရတယ်။
နေမင်းဟာ
အမှောင်တွေကိုလှဲကျဉ်း
လောကကြီးကိုလင်းစေတယ်ဆိုလည်း
ဂေါ်ယာကျွန်းရဲ့ချောက်ထဲ လိမ့်အကျမှတော့
ညနက်နက်ကို အောင်ပွဲခံခွင့်ပေးရပြန်တယ်။
ခေတ်တံခါးချပ်
တထပ်ပြီးတထပ်သော့ပိတ်
စေတနာမမှန်သူများကတော့
သမိုင်း အမှိုက်ခြင်းထဲ
လဲသူလဲ
ကွဲသူကွဲ
ပျောက်သူပျောက်။
စေတနာ အဖြူစင်ဆုံးနဲ့
လူသားတာဝန်ကျေခဲ့သူများကတော့
လမင်းလို
လင်းတခါ မှိန်တလှည့်မဟုတ်။
နေမင်းလို
အရောင်လင်းလိုက် ၊ အမှောင်ခင်းလိုက်မဟုတ်။
သမိုင်း ရာဇာပလ္လင်အထက်
လင်းမြဲ လက်မြဲ ။
စိုးမိုးသူ(ဒိုက်ဦး)
Monday, December 19, 2016
အညတရ . . ရင်ခုန်သံ
အညတရ ရင်ခုန်သံ
...........................
အလှမဆင် အသွင်မွဲပေမယ့်
ဘဝအမြင် အစဉ်ရဲပါဘိ
ရင်းအသည်း သန့်သန့်ကြည်။
အဆင်းအတက်
နင်းချက်ဒဏ် အစဉ်ခံလို့
သင့်ကိုယ်ခန်ခြေရာထင်းပေမယ့်
တက်ဆင်းသူထည့်မတွက်သော်လည်း
ငဲ့ကွက်စရာ ဧည့်ခန်းဆောင်သို့
စိတ်မှန်းယောင် လှမ်းရည်စူးပြီး
ပေလူးနေ မြေမှုန့် အစုံနဲ့
ခြေသုတ်ခုံ ဘဝင်မညှိုး
တိုးလို့ရပ်တည်။
အလှနုံချာ
ဘဝမှုံစွာ ငါလျှောက်လှမ်းလေခိုက်
အောက်တန်း၌ နောက်တန်းကျသည်ဟု
သောကချည် ဘဝအတွေးတွေနှင့်
လောကသည် မမျှသေးပါဟု
ဟစ်ကျွေးကာ ရန်မူ၍
သာသည့်သူ မျက်မာန်ချိတ်
စိတ်ထဲမှာ အနာတည်
မျက်ရည်ပူက ရင်ခိုအောင်း ။
သောကတွေလျှင်
အလှမဆင် အသွင် နုပ်သော်လည်း
ဘဝအမြင် အစဉ်ထုတ်လေတဲ့
ခြေသုတ်ခုံ ငါမြင်မိလေတော့
ရင်ညှိတွယ် မဖွယ် အတွေးတွေလည်း
လွင့်ပြေးရှောင် လျှောပြေကျပါလို့
လောကဧည့်ခန်းဆောင်၌
ဖုံမလှောင် မြူမလွှားရအောင်
တတ်အားသမျှ ဝင်ကာကူဖို့
စိတ်ကြည်ဖြူ ဘဝအမြင်ဖက်တော့
ငါ့ရဲ့ရင်သောက ထွက်လို့
အားဘက်လှည့်ပြောင်း ။ ။
စိုးမိုးသူ (ဒိုက်ဦး)
Sunday, November 20, 2016
ဒိုက်ဦးနဲ့ပက်သက်နေတဲ့DYA
မထင်မရှား အပိုင်းအစများ
လူဗိုလ်
(၁) DYA ကိုမွေးဖွားခြင်း။
ရှစ်လေးလုံး ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအပြီး၊ မြန်မာနိုင်ငံဒေသအသီးသီးရှိ ဒီမိုကရေစီလိုလားသူများ သည်၊ ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ အရယူနိုင်မည်ဟူသော ယုံကြည်ချက်ကို ဆုပ်ကိုင်မိခဲ့ကြပေ သည်။ ထို့ကြောင့်ပင် ဖြစ်နိုင်သည့်လမ်းကြောင်းများရှာကာ တိုင်းရင်းသားတော်လှန်ရေးနယ်မြေအသီးသီးသို့ ပြေးဝင်ခို လှုံခဲ့ကြသည်။ ထိုအထဲတွင် မိမိတို့ရှမ်းပြည်နယ်၊ ပအိုဝ့်နယ်မြေရောက်၊ ကျောင်းသားလူငယ်တစုလည်းအပါအ၀င်။ မိမိတို့အား ပအိုဝ့်ပြည်သူများမှ ဂရုဏာတရားများကိုရှေးရှုလျှက် ကျောက်တလုံးဆိုသောရွာမှ အစပြုကာ သပြေပန်း များဖြင့်ပင် နွေးထွေးစွာကြိုဆိုခဲ့ကြပေသည်။ အလားတူ နယ်မြေခံပအိုဝ့်အမျိုးသားအဖွဲ့ (PNO) မှလည်း သီးခြား လွတ်လပ်သောအဖွဲ့အစည်းတခုအဖြစ် ရပ်တည်ခွင့်ပြုကာ အစစ ကူညီပံ့ပိုးမှုများပေးခဲ့ကြသည်။ မိမိတို့လူငယ်များထဲမှ ပိုမိုတတ်သိနားလည်ကြသူများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍ Democratic Youth Army (ဒီမိုကရက်တစ်လူငယ်များ တပ်မတော်) ကို ဖွဲ့စည်းခဲ့ကြ၏်။ ဤတပ်မတော်ကို ပအိုဝ့်နယ်မြေပန်တွန်ရွာအနီး၊ အောင်ဟမ်းရိုင်း (ရဲရင့်အောင်မြေ) စခန်းတွင် ပအိုဝ့်တပ်မတော်မှ တလခွဲခန့်ကာလ စစ်သင်တန်းများပို့ချပေးခဲ့ပြီး၊ နောင်ခိုင်းရွာတွင် သင်တန်းဆင်းပွဲကို စည်စည်ကားကားပင် ကျင်းပပေးခဲ့ပါသည်။ သင်တန်းဆင်းပွဲအပြီး ရွေးချယ်တာဝန်ပေးမှုများအရ တပ်ဖွဲ့စည်းပုံတွင် တပ်ရင်းမှူးအဖြစ် ဗိုလ်မှူးခွန်ဥက္ကာ (ယခု PPLO, BLC )နှင့် ဒုရင်းမှူးအဖြစ် ဦးအောင်ထူး(ယခု BLC)၊ တပ်ခွဲမှူးများ အဖြစ် ဗိုလ်ခွန်မြတ်နှင့် ဗိုလ်ဝင်းတီတို့မှ တာဝန်ယူခဲ့ကြသည်။ မိမိတို့ဖွဲ့စည်းစ DYA သည် နယ်မြေခံ PNA (ပအိုဝ့်ပြည်သူ့တပ်မတော်)နှင့် ပူးတွဲလှုပ်ရှားမှုပြုခဲ့သော်လည်း စစ်အစိုးရကို တိုက်ပွဲမဆင်နိုင်ခဲ့ကြပါ။ နယ်မြေဒေသမကျွမ်းကျင်မူ၊ စစ်အတတ်ပညာအားနည်းမှုနှင့် လက်နက်မပြည့် စုံမှုများကြောင့် PNO တာဝန်ရှိသူများမှ တိုက်ပွဲကိုရှောင်ရှားစေခဲ့၏။ သို့သော် မိမိတို့တပ်ဖွဲ့ဝင်အများစုမှ စစ်လက်နက် တောင်းဆိုမူများ၊ တိုက်ပွဲတောင်းဆိုမှုများကို မကြာခဏပြုလုပ်ခဲ့ကြပါသည်။ တချို့သောတပ်ဖွဲ့ဝင်များမှာ စစ်အစိုးရ တပ်များကို ပြန်လည်တိုက်ခိုက်ခွင့်မရခြင်းနှင့် ရာသီဥတုနှင့်တောတောင်များတွင် ကြမ်းတမ်းစွာဖြတ်သန်းရခြင်း ဒဏ်များကို ဆက်လက်မခံစားနိုင်ကြတော့ပေ။ နောက်ဆုံးမိမိတို့အား မျက်ရည်စက်လက်နှင့်ပင် နှုတ်ဆက်ကာ သက်ဆိုင်ရာမိဖများရင်ခွင်သို့ ပြန်လည်ခိုဝင်သွားကြသည်ကိုလည်း ရင်နင့်စွာအကြိမ်ကြိမ် တွေ့မြင်ခဲ့ရဖူး၏။ ပအိုဝ့် နယ်မြေသို့ရောက်ရှိလာကြ သူ (၃၀၀) ကျော်အနက် တ၀က်ခန့်ပြန်သွားခဲ့ကြပါသည်။ ပြန်သွားသူအများစုမှာ ကျောင်း သားငယ်များနှင့် မိန်းခလေး များဖြစ်ကြ၍၊ အချို့ကိုမူ ပြန်ဖို့အတွက် ဖိအားပေးရသည့်အနေအထားများပင်ရှိခဲ့ပါသည်။ ၎င်းတို့ကိုယ်တိုင်ကမူ ပြန်လိုစိတ်မရှိကြပါ။ ငယ်ရွယ်သူများအနေဖြင့် ပညာဆက်လက်လေ့လာစေလိုသော တာဝန်ရှိ သူများ၏ သဘောထားများ ကြောင့်သာ။
(၂) ပအိုဝ့်ပြည်သူများနှင့် တသားတည်း။
ပအိုဝ့်နယ်မြေတွင် လှုပ်ရှားနေစဉ်အတွင်း မိမိတို့ DYA မှ ထူးထူးခြားခြားပါဝင်လှုပ်ရှားခွင့်ရသော ဖြစ်ရပ်တခု ရှိခဲ့ပါသည်။ ပအိုဝ့်အဖြူဟုခေါ်ဆိုသော(PNO)နှင့် ပအိုဝ့်အနီဟုခေါ်ဆိုသော ရလလဖ (ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) တို့ ၂ - ဖွဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရခြင်းပင်။ ထိုဆွေးနွေးပွဲ များတွင် ရလလဖအဖွဲ့၏ မဟာမိတ်များဖြစ်သော ကလလတ(ကယားပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး)အဖွဲ့ နှင့် ကယမ်းပြည်သစ်ပါတီစသော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရင်းနှီးခွင့်ကိုရရှိခဲ့ပါသည်။ ရလလဖနယ်မြေရောက် ကျောင်းသားများစုဖွဲ့တားသော ကြယ်နီ၊ DPA ၊ DNA စသော လူငယ်အဖွဲ့အစည်းများနှင့်လည်း အမြင်ဖလှယ်ခွင့်များ ရရှိခဲ့၏။ ၂ ဖွဲ့ တဖွဲ့ပေါင်းစည်းရေးဖြစ်စဉ်မှာ တစုံတရာတိုးတက်မှုရှိခဲ့သော်လည်း နိဂုံးမချုပ်နိုင်ခဲ့ပါ။ အထူးသဖြင့် မိမိတို့လှုပ်ရှားမှုတွင် အအောင်မြင်ဆုံးလုပ်ဆောင်ခဲ့နိုင်သည့် လုပ်ရပ်ဟုဆိုလျှင် လူထုစည်းရုံး ရေးလုပ်ငန်းများဖြစ်ပြီး၊ ပအိုဝ့်ပြည်သူများ၏ချစ်ခင်မှုကိုလည်း အရယူနိုင်ခဲ့သည်ဟုပြောနိုင်သည်။ မိမိတို့ DYA တပ် တွင် စည်းရုံးရေးအဖွဲ့ငယ်တခုကို ရဲဘော်များလေ့လာရေးလုပ်နိုင်စေရန် သက်ဆိုင်ရာရဲဘော်များနှင့်စုဖွဲ့၍ ကျောပိုး အိတ်စာကြည့်တိုက်အဖွဲ့နှင့် သတင်းဖြန့်ချီရေးအဖွဲ့များကို ဖွဲ့စည်းထားခဲ့၏။ စာကြည့်တိုက်အဖွဲ့မှာ ရွာများရောက်လျှင် ဘုန်းကြီးကျောင်းနှင့် ကျောင်းဆရာအိမ်များသို့သွား၍ စာအုပ်ငှားခြင်း၊ ရဲဘော်များကိုပေးဖတ်ခြင်း၊ စာအုပ်များကို ထိမ်း သိမ်းခြင်းနှင့် ပြန်လည်အပ်နှံခြင်းလုပ်ငန်းများကို တာဝန်ယူခဲ့ကြသည်။ ထိုနည်းတူ သတင်းဖြန့်ချီရေးအဖွဲ့မှလည်း ရေဒီ ယို (BBC, VOA, AIR) မှ သတင်းများကိုမှတ်သား၍ မိတ္တူပွားကာ တပ်စိတ်အသီးသီးသို့ ဖြန့်ချီခြင်းများပြုနိုင်ခဲ့ကြ သည်။ စာရွက်အခက်အခဲဖြစ်သည့်ကာလများ၌ ခမောက်လုပ်သည့်ဝါးဖတ်များတွင်ရေး၍ ဖြန့်ချီရသောအခါများလည်း ရှိခဲ့ဖူး၏။စည်းရုံးရေးသဘောအရ ရဲဘော်တိုင်းထမ်းဆောင်နိုင်ခဲ့ကြသည့်အလုပ်များမှာ ရွာများကိုရောက်လျှင် သက် ဆိုင်ရာ စစ်ရေးလုပ်ငန်းများအပြင်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့အဖွဲ့လိုက်သွား၍ ထင်းခွဲ၊ ရေခပ်နှင့် လို အပ်သည့် အလုပ်များကိုပါ ၀ိုင်းဝန်းလုပ်ကိုင်ကြခြင်းပင်။ ထို့အပြင် ရဲဘော်တဦးချင်းစီ၏ တည်းခိုသည့် အိမ်များတွင် လည်း၊ ထင်းခွဲ၊ ရေခပ်၊ စပါးထောင်းနှင့် ပန်းကန်ဆေးခြင်းအလုပ်များကို မညဉ်းမညူ စိတ်ပါလက်ပါ ကူညီလုပ်ကိုင်ခဲ့ ကြ၏။ ခရီးပြန်ထွက်ကြပြီဆိုသည်နှင့် မိမိတည်းခိုသည့်အိမ်မှ အိမ်ရှင်များ (ပအိုဝ့်မိဖ) များကို လက်အုပ်ချီကန်တော့ ခဲ့ကြသည့်အလေ့မှာလည်း ပအိုဝ့်ပြည်သူများ၏ အသည်းစွဲစရာ။ အချို့ပအိုဝ့်မိခင်များ (မိုးဖြားများ) ဆိုလျှင် အိမ်က ထွက်ခွာသွားကြသော မိမိတို့တပ်ဖွဲ့ဝင်များကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်များပင်ကျခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရ ဖူး၏။
(၃)“ ကျောင်းသားတပ်မတော်အဖြစ် အသွင်ပြောင်းဖြစ်တည်လာခြင်း။
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ရှစ်လေးလုံးကာလနောက်ပိုင်းရောက်ရှိလာသည့် ဒီမိုကရေစီရေးလိုလားသူများစုဖွဲ့ထားသော All Burma Students’ Democratic Front ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) နှင့် ပူးပေါင်းနိုင်ရန်အတွက် ထိုင်းနယ်စပ်သို့ထွက်ခဲ့ကြပါသည်။ မိမိတို့ခေါင်း ဆောင်တချို့ ABSDF ဗဟိုနှင့် ညှိနှိုင်းဆွေးနွေးနေစဉ် ကရင်နီနယ်မြေ KNPP (ကရင်နီပြည်တိုးတက်ရေးပါတီ)၊ WNO (၀,အမျိုးသားအဖွဲ့)တို့နှင့် ပူးပေါင်းကာ ဝှေလမ်း၊ တာတမောစသော သံလွင်မြစ်တလျှောက်ရှိ စစ်အစိုးရ တပ်စခန်းများ ကို တိုက်ခိုက်ချေမှုန်းခွင့်ရခဲ့၏။ မိမိတို့ခေါင်းဆောင်များ ABSDF ဗဟိုမှပြန်လာသောအခါ မိမိတို့ (DYA မှ ABSDF, တပ်ရင်း (၆၀၁) ဖြစ်သွားသော)တပ်၏ ရှေ့လုပ်ငန်းစဉ်များကို စုပေါင်းရေးဆွဲကာ၊ ကရင်နီနယ်မြေတွင် ကိုစိုးအောင် ဦးစီးသော ရဲဘော်တချို့၊ ABSDF ဗဟိုတွင် မသက်သက်လွင်အပါအ၀င် ရဲဘော်တချို့ထားခဲ့၍ ကျန်ရဲဘော်များ အားလုံး ပအိုဝ့်နယ်မြေသို့ ပြန်၍လှုပ်ရှားခဲ့ကြပါသည်။ အသစ်ပြန်လည်ဖွဲ့စည်းမှုတွင် တပ်ရင်းမှူးဗိုလ်ခွန်မြတ်၊ ဒုရင်းမှူး ကိုဖိုးသိန်း၊ တပ်ခွဲမှူးကိုတိုက်မောင်းနှင့် ဒုခွဲမှူးမှာ ကိုမင်းအောင်မြင့်တို့ဖြစ်သည်။ ၁၉၉၀ တွင် ဒုတိယအကြိမ် ပအိုဝ့်နယ်မြေသို့ ပြန်လည်ရောက်ရှိသောအခါ PNO အပါအ၀င် ပအိုဝ့်ပြည်သူတ ရပ်လုံးမှ ၀မ်းပမ်းတသာကြိုဆိုကြပြန်ပါသည်။ မိမိတို့တပ်ရင်း (၆၀၁) သည် ယခင် DYA နည်းတူ စည်းရုံးရေးလုပ်ငန်း စဉ်များကို ထမ်းဆောင်နိုင်ခဲ့သည့်အပြင်၊ ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများ၊ တိုက်ပွဲဖေါ်ဆောင်သည့် လုပ်ငန်းစဉ် များအပြင်၊ မဟာမိတ်များနှင့်ပူးတွဲစစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း ဖေါ်ဆောင်နိုင်ခဲ့ပါသည်။ ပြည်တွင်းမှ တပ် ဖွဲ့ဝင်အင်အားသစ်များကိုလည်း စုစည်းတိုးချဲ့နိုင်ခဲ့ပါသည်။
(၄) မုန်တိုင်းတခုနှင့် တွေ့ဆုံခြင်း။
၁၉၉၁ ကာလသည် အပစ်အခပ်ရပ်စဲရေးခေတ်စားကာစ ကာလဖြစ်သည့်အလျှောက် မိမိတို့တပ်ရင်း (၆၀၁) အပေါ်လည်း ရိုက်ခတ်မှုများရှိခဲ့၏။ မိမိတို့လှုပ်ရှားရာ နယ်မြေခံ(PNO)သည် စစ်အစိုးရနှင့် လျှို့ဝှက်အပစ်အခပ်ရပ်စဲဖို့ ပြင်ဆင်နေကြောင်းကို ပအိုဝ့်ပြည်သူမှပင်တဆင့် သတင်းရခဲ့သည်။ PNO မှလည်း မိမိတို့အားလက်နက်ပြန်အပ်ရန် အချိုသတ်၍ ဖိအားပေးခဲ့သည်။ ၎င်းတို့၏ အပစ်အခပ်ရပ်ဆဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ဖို့ကိုမူ တရားဝင်မဆွေးနွေးခဲ့ ချေ။ မိမိတို့တပ်ရင်း၏ အနေအထားအရလည်း တပ်ရင်းမှူး၊ ဒုရင်းမှူးတို့သည်သာ ပအိုဝ့်လူမျိုးများဖြစ်နေပြီး၊ ကျန်အ များစုမှာ အခြားတိုင်းရင်းသားများဖြစ်နေခြင်းကြောင့် မဆွေးနွေးလို့ခြင်းဟု ယူဆနိုင်ပါသည်။ ထိုကာလတွင်ပင် မိမိတို့ခေါင်းဆောင်ထဲမှ တပ်ခွဲမှူးကိုတိုက်မောင်းမှာ ခြေထောက်တွင်ဒဏ်ရာရထားခြင်း နှင့် ပြည်တွင်းမှ ကိုလွမ်းဏီဦးဆောင်သော ရဲဘော်သစ် (၁၇)ဦးခန့်ရောက်ရှိလာကြခြင်းများရှိခဲ့၏။ ထိုရဲဘော်သစ် ထဲတွင် အမျိုးသမီး(၄)ဦး ပါဝင်နေခြင်းများကြောင့် အခြေအနေကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ဖို့ လိုအပ်နေ၏။ တပ်တွင်း ၌ တရားဝင်ဆွေးနွေးခြင်းပုံစံကို မကျင့်သုံးနိုင်တော့ပဲ၊ လျှို့ဝှက်ဆွေးနွေးတိုင်ပင်ခြင်း အဆင့်ကိုပြောင်းကာ၊ ယုံကြည်ရ သူများနှင့်သာ သီးခြားဆွေးနွေးကြရတော့သည်။ မိမိတို့အနေနှင့် လုံခြုံမှုရှိရှိ ပအိုဝ့်နယ်မြေမှ ထွက်ခွာခွင့်ရရေးမှာ လတ်တလောလိုအပ်ချက်ဖြစ်လာခဲ့သည်။ သို့အတွက် လက်နက်ကို ကရင်နီနယ်မြေအစပ်ရောက်မှ ပြန်အပ်ဖို့တောင်းဆိုဆွေးနွေးခဲ့သော်လည်း လုံခြုံရေးကို PNOမှ တာဝန်ယူပါကြောင်းပြောဆိုကာငြင်းပယ်ခဲ့သည်။ နောက်ဆုံးအဆင့်တွင် လက်ရှိအခြေအနေကို မိမိတို့ ABSDF ဗဟိုသို့ကြေးနန်းဖြင့်အကြောင်းကြားခွင့်နှင့် အကြောင်းပြန်ချိန်အထိ လက်နက်သိမ်းခြင်းကိစ္စကို စောင့်ပေးရန်တို့ကို တောင်းဆိုရာ သဘောတူညီမှု ရခဲ့သည်။ မိမိတို့လည်း ရသမျှအခွင့်အရေးကို အသုံးချကာ၊ နယ်စပ်ရှိမိမိတို့တပ်ရင်း၊ ABSDF ဗဟိုနှင့် NDF (National Democratic Front) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုများသို့ မိမိတို့အား လက်နက် သိမ်းတော့မည်ဖြစ်ကြောင်းကို သတင်းပေးပို့နိုင်ခဲ့သည်။ ထို့အပြင် မိမိတို့နှင့်အနီးဆုံး မဟာမိတ်အဖွဲ့ဖြစ်သည့် ရလလဖ အဖွဲ့သို့လည်း မိမိတို့အခြေ အနေကိုအသိပေးကာ တောင်ကြီး၊ လွိုင်ကော်ကားလမ်းအရှေ့ဖက် မဲနယ်တောင်ခြေရှိ ရွာ(၃)ရွာတွင် တပတ်အတွင်း လာရောက်စောင့်ကြိုဆိုပေးရန် လျှို့ဝှက်သည့်နည်းဖြင့် ကြေးနန်းပို့နိုင်ခဲ့ပါသည်။ ထီထပ်ရွာတွင် မိမိတို့ချွေးနဲစာနှင့်ဝယ်ယူထားသော သေနတ် (၈) လက်မှလွဲ၍ ကျန်သေနတ်များအားလုံးကို PNO သို့ ပြန်အပ်လိုက်ရ၏။ ရဲဘော်အများစုမှာ မျက်ရည်များပင်ကျရသည့်အထိ ကျေကွဲဝမ်းနည်းခဲ့ကြရသည်။ ထိုအခြေအနေကာလတွင်ပင် မိမိတို့တပ် ရွာတရွာတွင်နားသည်နှင့် မိမိတို့ကို PNA တပ်(၃) တပ်မှ ဖိုခ နောက်ဆိုင်ဝိုင်းရံကာ ပိတ်ဆို့ထားသည်ကို သတိပြုမိကြ၏။ မိမိတို့တွင် လက်နက်အင်အားနည်းနေရသည့်အထဲ PNO ၏ ဆက်ဆံမှုနှင့် လှုပ်ရှားမှုများအပေါ်တွင် သံသယပွားစရာများကို တွေ့မြင်လာခဲ့ရသည်။ ကရင်နီတယ်စပ်သို့ လိုက်လံ ပို့ဆောင်ပေးမည်ယူသောဂတိကို အရေးမပါသလို၊ ဂရုမမူသလိုလက္ခဏာများကိုပြလာ၏။ မိမိတို့ကို စစ်အစိုးရထံ ထိုး အပ်၍ အညံ့ခံခိုင်းလိုက်မည်ကို စိုးရိမ်လာမိကြသည်။ ထို့ကြောင့်ပင် မိမိတို့လည်း နည်းပရိယာယ်အရ ရွာတရွာတွင် (၃) ရက်စီ ပုံမှန်နား၍၊ နောက်ဆုံး ဟမ်းဆူးရွာသို့အရောက်တွင် စနားသည့်ည၌ပင် ထွက်ပြေးရန်ဆုံးဖြတ်လိုက်ကြ သည်။ ရဲဘော်များကို ညနေစောင်းတွေ့ဆုံချိန်၌ လျှို့ဝှက်သတင်းပေး၍ ည - ၉ နာရီတွင် ရွာပြင်တနေရာ၌ ကိုယ့် အစီအစဉ်နှင့်ကိုယ်ထွက်၍ အသင့်စောင့်ကြရန်၊ ရိက္ခာကိုတတ်နိုင်သမျှ စုဆောင်းထားရန်နှင့် သတင်းလုံခြုံမှုရှိစေရန် တို့ကို တပ်လှန့်ထားလိုက်၏။ ကံကောင်းထောက်မစွာ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် မိမိတို့တပ်မှ ပအိုဝ့်လူမျိုးရဲဘော်အများစုမှာ ခရီးထွက်နေ ကြ၍ မိမိတို့နှင့်အတူမရှိကြပါ။ ထိုည ၉ -နာရီတွင် ရွာအရှေ့ဖက်စုရပ်တွင် အချိန်မီစုစည်းနိုင်ခဲ့ကြသည်။ နယ်မြေကျွမ်း ကျင်သူ ရဲဘော်များမှဦးဆောင်ကာ ရွာများကိုရှောင်၍ ရလလဖ အဖွဲ့နှင့်ချိန်းဆိုထားရာ ရွာ(၃)ရွာဖက်ဆီသို့ ဦးတည်ချီ တက်ခဲ့ကြ၏။ မိမိတို့၏တာဝန်ရှိသူခေါင်းဆောင်တချို့မှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ခရီးလမ်းကို ဖြတ်သန်းနေကြသော်လည်း အသစ်ရောက်ရှိကာစရဲဘော်များမှာ ခရီးစဉ်တလျှောက် ပျော်ပျော်ပါးပါးပင်။ လမ်းတွင် သတိဝီရိယဖြင့် အစီအစဉ်တကျဖြတ်သန်းခဲ့မူများကြောင့် ညတွင်းချင်းကားလမ်းမကြီးကို ဖြတ်ကျော်နိုင်ကာ၊ နောက် နေ့မနက် ၉-နာရီခွဲခန့်တွင် မိမိတို့မျှော်မှန်းရာ ကောင်တရမ်းရွာသို့ရောက်ရှိ၏။ ရလလဖအဖွဲ့မှ လာကြိုသော လုံခြုံရေး ရဲဘော်များနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းတို့အဖွဲ့၏ လုံခြုံရေးတာဝန်ယူမှုဖြင့် ခေတ္တနားနေစဉ်၊ ကျန်ခဲ့သည့် မိမိတို့တပ်ရင်းမှူးမှ စက်ဖြင့်စတင် ဆက်သွယ်လာလေသည်။ မိမိတို့ထွက်ခွာသွားသည်ကို သိကြောင်း၊ တွေ့ဆုံဆွေးနွေးလိုကြောင်းနှင့် မိမိတို့တည်ရှိရာကိုမေးပါသည်။ မိမိ တို့မှလည်း လက်ရှိတည်ရှိရာနှင့် မိုင် ၅၀ ခန့်ဝေးသော ကောင်ပန်းတန်ရွာတွင် တည်ရှိကြောင်းနှင့် အရပ်ဝတ်အရပ် စားဖြင့်၊ လက်နက်မပါပဲလာလျှင် တွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ကာ လက်ရှိတည်နေရာမှ အမြန်ဆုံးရွှေ့ ပြောင်းခဲ့ကြ၏။ နောက်မှသတင်းရသည်မှာ မိမိတို့အကြောင်းပြန်ချက်အရ၊ မိမိတို့တပ်ရင်းမှူး ဗိုလ်ခွန်မြတ် အပါအ၀င် PNA စစ်ကြောင်းသည် ကောင်ပန်းတန်ရွာသို့ နောက်နေ့တွင် အင်အားနှင့်သွားရောက် ၀ိုင်းပတ်ပိတ်ဆို့ကြောင်း သတင်းရခဲ့သည်။ တပ်ရင်းမှူးဗိုလ်ခွန်မြတ်နှင့်အတူ ပအိုဝ့်အမျိုးသားရဲဘော် (၁၁)ဦး ပအိုဝ့်မြေတွင်ကျန်ရစ်ခဲ့ကြသည်။
(၅) တော်လှန်သူတို့၏ ကျေးဇူးတရားများ။
ရလလဖတပ်ဖွဲ့၏ လုံခြုံရေးအကူအညီဖြင့် ခရီးဆက်ရင်း ၎င်းတို့၏ခေါင်းဆောင်များမှ တွေ့ဆုံလိုကြောင်း သတင်းရပါသည်။ ရဲဘော်များကို လုံခြုံသည့်တနေရာတွင်ချန်ထားကာ၊ မိမိတို့ခေါင်းဆောင်တချို့ ရလလဖ ဥက္ကဌ ဦးစောတာကလယ် အပါအ၀င်ခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေးခဲ့ကြသည်။ ရလလဖဥက္ကဌမှ ABSDF ဗဟိုသို့ မပြန်ပဲ ၎င်းတို့နှင့်ပူးပေါင်းလှုပ်ရှားစေလိုကြောင်း၊ ထိုသို့သဘောတူပါက လက်နက်(၅၀) ချက်ချင်းပေးမည်ဖြစ်ကြောင်း ကတိပေး၏။ သို့သော် မိမိတို့မှာ ရေရှည်အကျိုးကိုဦးစားပေ၍ နောက်မှပြန်လည်လှုပ်ရှားလိုကြောင်း၊ လောလောဆယ် မိမိတို့ဗဟိုနှင့် သွားရောက်ညှိနှိုင်းလိုသေးကြောင်း၊ ရဲဘော်သစ်များကိုလည်း သင်တန်းများပေးရန်ရှိသေးကြောင်းများ ရှင်းပြရာ သဘောတူညီမှုများရှိခဲ့သည်။ မိမိတို့လိုလားသော မြင်းတကောင်၊ ရိက္ခာနှင့်အခြားလိုအပ်သော ပစ္စည်းအချို့ ကို ရလလဖမှကူညီကာ ကရင်နီနယ်စပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ဤသည်များမှာ ရလလဖအဖွဲ့၏ မိမိတို့ တပ်ရင်းအပေါ် တင်ရှိခဲ့သော ကျေးဇူးတရားများပင်။ လုံခြုံရေးအခြေအနေစိုးရိမ်မှုများကြောင့် မိမိတို့ခရီးစဉ်ကို လျှို့ဝှက်လမ်းကြောင်းများမှသွားခြင်း၊ ရွာများကို ရှောင်၍သွားခြင်းနှင့် ခရီးပြင်းနှင်နိုင်ခဲ့ခြင်းများကြောင့် ကရင်နီနယ်စပ်သို့ချောမောစွာ ရောက်ရှိခဲ့သည်။ ကရင်နီခေါင်း ဆောင်များသို့ ကြိုတင်သတင်းပေးပို့ထားမှုများကြောင့်လည်း လာကြိုနေသောကရင်နီတပ်များနှင့် အဆင်သင့် တွေ့ဆုံ ခွင့်ကိုရခဲ့၏။ မိမိတို့အား ရလလဖထံမှ လုံခြုံရေးလွှဲပြောင်းယူပြီး ကရင်နီတပ်နှင့်အတူခရီးဆက်ခဲ့ရာ သံလွင်မြစ်ဖြတ်ကူး မည့်နေရာသို့ ဧပြီလလယ် (သင်္ကြန်အကြိုနေ့ညနေ) တွင် ရောက်ရှိခဲ့ပေသည်။ ကမ်းတဖက်တွင်လည်း အသင့်လာကြို နေသော အခြားကရင်နီတပ်ဖွဲ့တဖွဲ့မှာလည်း အသင့်။ သံလွင်မြစ်ကို ကူးရန်သာရှိတော့သည်။ သံလွင်ကမ်းပါးသို့ရောက်ပြီး ထမင်းချက်စားချိန်တွင် စက်လှေသံကိုကြားရပါသည်။ သံလွင်မြစ်ကူးရန် ကရင် နီတပ်မှ ခွန်ဆာထံစက်လှေအကူအညီ တောင်းထားပေးကြောင်းသိရသည်။ ပြဿနာက ခုမှစ၏။ စက်သံကြားပြီး ပြန်ပျောက်သွားသည်။ နောက်ထပ်အသံမကြားရတော့၊ ထိုညသံလွင်မြစ်ဘေးတွင်ပင် ပင်ပန်းသမျှအတိုးချအိပ်လိုက် ကြရသည်။ နောက်နေ့ နေ့လည်လောက်အထိလည်း ဘာမှမထူး၊ သတင်းရသည်ကား ABSDF ကျောင်းသားများပါ လာ၍ စက်လှေမကူညီနိုင်တော့ကြောင်း သိရသည်။ ပြဿနာက မိမိတို့သာမက လိုက်ပို့သောကရင်နီတပ်တွင်ပါ ရိက္ခာမကျန်တော့။ တဖက်ကမ်းမှလာကြိုနေကြသော ကရင်နီတပ်တွင်တော့ရိက္ခာရှိသည်။ ထို့ကြောင့် လိုက်ပို့ပေး သော ကရင်နီတပ်သည် မိမိတို့အားရှိသမျှရိက္ခာပေးပြီး ပြန်သွားကြသည်။ ကြာလျှင် အားလုံးရိက္ခာပြတ်မှာစိုး၍။ အခြေအနေကိုရိပ်မိသော တပ်ခွဲမှူးကိုတိုက်မောင်းသည် တပ်စုမှူး (၂) ဦးအပါအ၀င် ခေါင်းဆောင်အချို့နှင့် ဆွေးနွေးကာ တဖက်ကမ်းသို့ကူး၍ ဆန်ရရှိရေးကို ကြိုးစားဖို့ပြင်ကြသည်။ တပ်စု ၂-စုခွဲ၍ ဖေါင်များတည်ဆောက်ကြ သည်။ ၀ါးရှာသူရှာ၊ နှီးထိုးသူထိုးနှင့် ဖေါင်ပုံစံ (၂) ခုထွက်လာသည်။ အပြိုင်အဆိုင်သဘောမျိုးဖြစ်ခြင်းနှင့် တဖက်ကမ်း သို့ရောက်ရှိရန်စိတ်စောနေသဖြင့် ရဲဘော်အားလုံးမှာ တက်တက်ကြွကြွ။ ကိုတိုက်မောင်းတို့ ရုံးအဖွဲ့မှလည်း ဖေါင်သေး သေး တခုကို ပုံဖေါ်ခဲ့ကြသည်။
(၆) သံလွင်ကမ်းပါးမှ သင်္ကြန်ရက်စွဲများ။
သံလွင်ကမ်းကိုရောက်သည့်ညက ရွာခဲ့သောသင်္ကြန်မိုးအရှိန်ကြောင့် သံလွင်မြစ်ပြင်တွင် ရေများပြည့်လျှံနေ ပြီး၊ သစ်တုံးများနှင့် အမှိုက်များမျောပါလာသည်။ ထူးထူးခြားခြား တောကောင်သေများပင် မျောပါလာသည်ကို တွေ့ရ၏။ သို့သော် ဆယ်ယူ၍မရ။ အင်းသားကိုလူခဲ တဖက်ကမ်းသို့စမ်းကူးသွားရင်း မြစ်တ၀က်ကျော်အရောက်မှာ ရေစီးထဲ မျောပါသွားသဖြင့် လိုက်ဆယ်ကြရသေးသည်။ ၀ါးချောင်းများအလွယ်တကူရှိနေသဖြင့် တယောက်နှင့်တ ယောက်ကို ၀ါးချောင်းများဖြင့် ဆက်ကာဆယ်လိုက်ကြရသည်။ ကိုလူခဲ၏ “မရတော့ဘူးလူ”ဆိုသည်စိတ်ပျက်လက် ပျက်ညည်း တွားသံမှာ တပ်ရင်းတခုလုံးအတွက် နောင်တွင်ပြောစရာ အမှတ်တရစကားတခု။ ခဏအကြာ တပ်စုမှူးကိုခင်ဇော် ဦးဆောင်သောအဖွဲ့၏ဖေါင်ကြီး သလွင်မြစ်ကိုစတင်ကူးခတ်ပါတော့သည်။ ရဲဘော်များထဲမှ အားကောင်းမောင်းသန်များကို ရွေးထုတ်ကာ (၁၁)ဦး လိုက်ပါသွားသည်။ ကျန်ရဲဘော်များ၏ အားပေး သံမှာလည်း ကြောက်ခမန်းလိလိပင်။ သို့သော် သံလွင်မြစ်ရေစီးသန်နေချိန်ဖြစ်၍ တ၀က်မကျော်မီပင် ပြန်လှည့်ခဲ့ရ၏။ ဖေါင်ကြီးပျက်စီး၍ ဖေါင်ပေါ်ပါသွားသူများမှာလည်း ခြေကုန်လက်ပန်းကျကာ ပက်လက်လန်ကုန်ကြသည်။ ရဲဘော် တဦးတယောက်မျှ အန္တရာယ်မဖြစ်ကြသည်ကိုပင် ၀မ်းသာနေရသေး၏။ ကိုခင်ဇော်တို့ဖေါင် ပျက်ဆီးသွားပုံကို သင်ခန်းစာယူ၍ ကိုအောင်ခမ်းတို့အဖွဲ့ဖေါင်ကြီးကို အသေးစိတ်ပြင်ဆင် ကြသည်။ ဖေါင်ပေါ်တွင် အကာအရံများတပ်ဆင်ထားခြင်းနှင့် ဖေါင်နောက်ပိုင်းတွင် တိုက်ငုတ်တခုကိုလုပ်၍ ရေယက် ကြီးကိုပင် တပ်ဆင်ထားသေးသည်။ ကြည့်ရသည်မှာ သင်္ဘောငယ်ငယ်တစီးနဲ့ပင် တူနေတော၏။ နာရီဝက်ခန့်အကြာ ကိုအောင်ခမ်းတို့ဖေါင်ကြီးစထွက်သည်။ ဖေါင်ပေါ်တွင် (၁၀) ယောက်ကျော်ပါသွားသည်။ လှော်အားကောင်းကြသဖြင့် မြစ်တ၀က်ကိုကျော်သွားသော်လည်း ကမ်းကပ်ခါနီးတွင် ရေစီးကြောင်းနှင့်ပြန်မိ၍ ကမ်းမကပ်နိုင်တော့ပဲ မျောပါခဲ့ရပြန် ပါသည်။ ထိုအချိန်တွင် ကိုတင်ဝင်းယောက်သာ ရေထဲသို့ခုန်ဆင်းကာ တဖက်ကမ်းသို့ ကူးသွားနိုင်ခဲ့ပေသည်။ ကျန် ဖေါင်ပေါ်ရှိ ရဲဘော်များမှာလည်း ဘေးမသီရန်မခ။ နောက်ဆုံးဖေါင်ဖြစ်သော ကိုတိုက်မောင်းတို့အဖွဲ့၏ ဖေါင်ငယ်ကလေးမှာလည်းပြီးစီးသွားပေသည်။ ထိုအဖွဲ့ တွင် ကိုတိုက်မောင်း၊ ကိုလူဗိုလ်၊ ကိုမင်းဝေဟင်တို့အပြင် ကရင်နီတပ်ဖွဲ့မှ ကျန်ခဲ့သော ရဲဘော်တဦးလည်းပါဝင်လေ သည်။ ထိုရဲဘော်မှာ သူ့သေနတ်ကိုဖေါင်တွင်အကျအနချည်ကာ ကူးခပ်ရန်ပြင်ဆင်နေသည်။ ဖေါင်ကို ရေဆန်အထက် သို့ အရင်ဆွဲတင်သွားသည်။ မြစ်၏အပေါ်ပိုင်းရောက်မှ ခပ်စောင်းစောင်း မျောကူးရန်ပြင်ဆင်ခဲ့ကြသည်။ စတင်ကူးခပ်သည်ဆိုသည်နှင့် ကျန်ရဲဘော်များမှ စိတ်ဝင်တစားအော်ဟစ်အားပေးကြသည်။ ကူညီနိုင်ရန်အ တွက်ကိုလည်းပြင်ဆင်ထားကြသည်။ ကိုတိုက်မောင်းတို့ဖေါင်သည်လည်း မြစ်လယ်ကိုကျော်ပြီးသည်နှင့် ရေစီးကို မကျော်နိုင်ပဲမျောပါလေသည်။ ပြဿနာကား ဖေါင်ပေါ်တွင်ပါသူများက နောက်ပြန်ကူးရန်မစဉ်းစားပဲ တဖက်ကမ်း သို့သာရောက်ရန် စိတ်ထက်သန်နေကြခြင်းကြောင့် ဖေါင်မှာ ရေစီးနှင့်မျောပါသွားလေသည်။ လှော်တက်များမှာလည်း ၀ါးများဖြင့်လုပ်ထားသောကြောင့် ကြာလေရေနူးလေဖြစ်ကာ ပျော့လာ၏။ လှော်သလောက် မထိရောက်တော့ချေ။ ရေစီးနှင့်မျောပါသွားသောဖေါင်အား ကမ်းပေါ်မှရဲဘော်များက ကမ်းပြန်ကပ်ရန်အော်ဟစ်သတိပေးရင်း မြစ်ကမ်းတ လျှောက် အုပ်လိုက်ပြေးလိုက်သွားကြသည်။ ကမ်းပေါ်ကကြည့်နေရာ မိုင်ဝက်ခန့်လောက်အထိပါသွားလေသည်။ မြစ် အောက်ဖက် ၂ - မိုင်ခန့်တွင် စစ်အစိုးရတပ်စခန်းတခု ရှိနေ၍လည်း အလွန်စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင်အချို့က သေနတ်များကိုဆွဲ၍ လုံခြုံရေးအတွက်ပြေးလိုက်သွားကြသည်။ လူအုပ်များသည်ကတကြောင်း၊ ၀ါးများကို အဆင်သင့်ပြင်ဆင်ထားသည်ကတကြောင်းနှင့် ရှေ့က ကိုလူခဲကို ကယ်ခဲ့သည့်အတွေ့အကြုံများကြောင့် ရဲဘော်တယောက်က ၀ါးတလုံးကိုင်ပြီးရေထဲဆင်း၊ နောက်တယောက်က ၀ါးထိုး ပေး၊ နောက်တယောက်နဲ့ဆက်၊ ဤသို့ဖြင့်ကိုတိုက်မောင်းတို့အဖွဲ့ကို ပြန်ကယ်ခဲ့ကြရသည်။ ရဲဘော်အားလုံးမှာ ဖတ် ဖတ်မောကုန်ကြပြီ၊ မလှုပ်နိုင်ကြတော့။
(၇) … နောက်တလှမ်းဆုတ်ခြင်း။
ကိုတိုက်မောင်းမှာ မမောနိုင်၊ မနားနိုင်ရှာ။ သူကတပ်ခွဲမှူးနှင့်လောလောဆယ် တာဝန်အရှိဆုံးဖြစ်နေသည် ကိုး။ တပ်ခေါင်းဆောင်များကိုခေါ်ကာ တခုခုဆက်လုပ်နိုင်ရန်အတွက် ဆွေးနွေးကြပြန်သည်။ ထွက်လာသည့် ဆုံးဖြတ် ချက်က တပ်ကိုနောက်ကြောင်းပြန်ဆုတ်၍ အခြားလမ်းကြောင်းတခုကိုရှာရန်။ တပ်စိတ်မှူး ကိုစံလှဦးဆောင်သည့် သန်သန်မာမာရှိနေဆဲ ရဲဘော်(၇) ဦးကို ရှေ့ပြေးအဖွဲ့အဖြစ်ရိက္ခာရှာထားနိုင်ရန် ကြိုလွှတ်လိုက်သည်။ ကိုစံလှက ရှမ်း လူမျိုး။ ဤနားတ၀ိုက်က ရွာတွေက ရှမ်းရွာများသည်။ စကားပေါက်လျှင် လုပ်ငန်းပိုအဆင်ပြေနိုင်သည်။ ထိုရှေ့ပြေး အဖွဲ့မှာ သွက်သွက်လက်လက် တက်တက်ကြွကြွပင် ထွက်သွားကြသည်။ မနက်ကတည်းက ထမင်းစားမထားရသော် လည်း ရဲဘော်အားလုံးပုံမပျက်ကြ။ ခါတိုင်းကဲ့သို့ပင် လန်းလန်းဆန်းဆန်း။ ကျန်အဖွဲ့များမှာ မောပန်း၊ အားကုန်နေကြသူများ၊ ဆာလောင်ညည်းတွားနေကြသူများနှင့် နာမကျန်းဖြစ်နေ ကြသူများသာ။ အမျိုးသမီးကလည်း(၄)ဦး။ ကိုစံလှတို့အဖွဲ့ထွက်သွားပြီး (၂)နာရီလောက်ကြာမှ စစ်ကြောင်းစထွက်ဖြစ် သည်။ ညနေ (၃)နာရီကျော်ကျော်ရှိပြီ။ စစ်ကြောင်းကတော့ လိပ် (ဖြေးဖြေး) စစ်ကြောင်း၊ ဤအချိန်တွင် ရန်သူစစ် ကြောင်းနှင့်တိုးမိမည်ကိုသာ စိုးရိမ်မိကြသည်။ လက်နက်ကလည်းနည်း၊ ထမင်းငတ်ထား၍ လူများကလည်းအားနည်း နေကြလျှင် …။ သို့သော် ဤနယ်တ၀ိုက်မှာ ရန်သူလှုပ်ရှားမှုမရှိဟု မဟာမိတ်များထံမှ စက်သတင်းများအရသိထားရ၍ စိတ်တခြမ်းအေးနေရသည်။ ပြန်ဆုတ်လာရာလမ်းတလျှောက်လုံး တွေ့သမျှ စားလို့ရသည့်အသီးအရွက် မှန်သမျှကိုစားကြသည်။ ရှမ်းကယား နယ်စပ်သံလွင်ကမ်းပါးတ၀ိုက်က အပင်များမှာ စိမ်းစိမ်းစိုစိုမရှိ။ နွေရာသီဖြစ်သည်ကတကြောင်း၊ နဂိုက ကျောက်ဆောင်၊ ကျောက်တောင်ဖြစ်နေခြင်းနှင့် အပူပိုင်းဒေသဆန်နေခြင်းများကြောင့် ဆူးပင်အပါအ၀င်အညာဒေသ ပေါက် သစ်ပင်များကိုသာတွေ့ရ၏။ ဥရှစ်ပင်၊ လေ၀င်ခါးသီးပင်နှင့် လက်ခုပ်သီးဆန်ဆန်အပင်များမှာ မိမိတို့အတွက် အာဟာရကို ဖြည့်ဆီးပေးခဲ့ကြသည်။ ဥရှစ်သီးအဆီးလောင်သူလောင်၊ လေ၀င်ခါးသီးများစားမိ၍ အန်သူအန် ဖြစ်ကြ သော်လည်း၊ လက်ခုပ်သီးလိုလို အတွင်းမှဖြူဖြူအမှုန့်များပါသော တခါမှမမြင်ဖူး၊ မစားဖူးသည့်အသီးများမှာ နို့မှုန့်နှင့် တူ၍ အရသာလည်းရှိပေသည်။ သို့သော်သိပ်များများမတွေ့ခဲ့ရ။ အချို့အဖွဲ့များမှာ ငှက်ပျောအူ၊ သဖန်းသီး၊ ယုန်စာ ရွက်၊ စသည့်တွေ့ရာအသီးရွက်များကို စားကြရသူများလည်းရှိ၏။
နိဂုံးမဟုတ်သည့် နိဂုံး။
မိမိတို့စစ်ကြောင်းသည် ပလဲလဲ၊ နမ်းမွန်းစခန်းမှ သံလွင်မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ကြကာ ထိုင်း၊ ကရင်နီနယ်စပ် က အောင်ဟမ်းရိုင်းစခန်းသို့ KNPP ၏ အကူအညီဖြင့် ချောချောမောမောပင် ရောက်ရှိခဲ့ကြပါသည်။ ကရင်နီနယ်မြေမှ ကရင်နယ်မြေ(မာနယ်ပလောဒေသ)သို့၎င်း၊ ၁၉၉၅ ခုနှစ် မာနယ်ပလောကျပြီး ကရင်နီနယ် မြေသို့၎င်း၊ ရလလဖနယ်မြေသို့၎င်း ပြန်လည်လှုပ်ရှားကြရင်းဖြင့် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင် ခွင့်ရခဲ့ကြသည်။ တပ်ရင်း (၆၀၁) အနေနှင့်ပင် “ဒေါင်းစစ်သည်စာစောင်” ကို အမှတ်စဉ် (၅) အထိထုတ်နိုင်ခဲ့ပြီး။ “ကျားဆိုးနှင့် တုဖက်ပြိုင်မယ်” သီချင်းခွေကိုလည်း ထုတ်ဝေနိုင်ခဲ့သေးသည်။ သို့သော် ကရင်နီနယ်မြေသို့ ဒုတိယ အကြိမ်ပြန်လည်အခြေချချိန် ၁၉၉၆ -ခုနှစ်တွင် တပ်ရင်း (၃၀၃)၊ တပ်ရင်း (၂၁၀)၊ တပ်ရင်း (၈၀၁) တို့နှင့် ပူးပေါင်းကာ တပ်ရင်း(၄) အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြသဖြင့်၊ ထိုအချိန်မှစတင်ကာ မိမိတို့တပ်ရင်း (၆၀၁) ဆိုသည်မှာ နိဂုံးချုပ်ခဲ့ ရတော့၏။ ၁၉၉၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် တပ်ရင်းမှူးကိုတိုက်မောင်းကျဆုံးပြီးနောက်ပိုင်း မိမိတို့ရဲဘော်များသည် ၀ါးအစည်းပြေသကဲ့သို့ဖြစ်ကာ အချို့အလင်းပြန်ဝင်ခြင်း၊ အချို့တတိယနိုင်ငံများသို့ထွက်ခွာကြခြင်းများဖြင့် တစစ လျော့ပါးခဲ့လေသည်။ လက်ရှိကာလတွင် ABSDF ၌ မိမိတို့တပ်ရင်း (၆၀၁) မှ ရဲဘော်များ လက်ချိုးရေတွက်၍ ရရုံသာ ကျန်တော့၏။ သို့သော် ကျန်ရဲဘော်ဟောင်းများမှာ ပြည်တွင်းပြည်ပ၊ နိုင်ငံအသီးသီး၊ နယ်စပ်အဖွဲ့အစည်းအသီးသီးနှင့် ဒုက္ခသည်စခန်းအသီးသီးတို့တွင် ပြန့်နှံ့ရှင်သန်နေကြဆဲ။ အနာဂတ်အိပ်မက်များ ရှိနေကြဆဲ။ လှမ်းလျှောက်နေကြဆဲ။ စစ်အစိုးရမှလွဲ၍ Institutional Life ( အဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှု) အားနည်းနေကြဆဲ မြန်မာနိုင်ငံဖွား အဖွဲ့အစည်းများထဲတွင် မိမိတို့ DYA တဖြစ်လဲ တပ်ရင်း (၆၀၁) သည်လည်း တခုအပါအ၀င်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့်ပင် ဖြစ်ပျက်ဆိုသည့် ဖြစ်စဉ်တခုကို ဆယ်စုနှစ် (၂) ခုမျှလောက်သာ ဆွဲဆန့်နိုင်ခဲ့ကြသည်ဟု ကောက်ချက် ချနိုင်မည်ထင်၏။ ရည်ရွယ်ချက်၊ စိတ်စေတနာမည်မျှပင် သန့်ရှင်းမွန်မြတ်ပါသော်လည်း ဥာဏ်ပညာနှင့် ရင့်ကျက်မှုများ နည်းပါခဲ့သောကြောင့် သဘာဝဖြစ်ပျက်တရားကြီးကို အလွယ်တကူ အရှုံးပေးခဲ့ကြရပေသည်။ မည်သို့ပင် ဖြစ်ပျက်ခဲ့စေကာမူ မိမိတို့တပ်ရင်း (၆၀၁) ၏ ဖြတ်သန်းမှုများမှာကား အနည်းဆုံးအားဖြင့် တစုံ တရာနှင့် တစုံတယောက်တို့ အတွက် တစုံတခု … ။ ။
လူဗိုလ် (၂၀-၁၂-၂၀၀၈)
လက်သည်းခြစ်ရာ
က်သည်းခြစ်ရာ
အခန်း(၁)
သစ်ရွက်တွေက လေထဲမှာ ဝဲပျံနေတယ်။ ငှက်တွေကလည်း ပေါ့ပါးနေလိုက်တာ သစ်ရွက်တွေလိုပဲ။ တေးတွေဆိုပြီး သော့ခတ်ခံရခြင်းမရှိတဲ့ ရှင်သန်မှုနဲ့ ဘဝရဲ့လွတ်လပ်မှုကို ပိုင်ပိုင်နိုင်နိုင်ကြီး အသုံးချနေလိုက်ကြတာ …။ ဒီအချိန်မှာပဲ ငှက်တွေရဲ့လွတ်လပ်မှုကို ခုန်အုပ်ဖို့ချောင်းနေတဲ့ ကျွန်တော်တို့တိုက်ရဲ့ အချစ်တော်လေး ဖိုးရှုပ်ကတော့ တကယ့်မုဆိုးဟန်နဲ့ ငှက်ကိုချောင်းနေတယ် …။
“ဟေ့ကောင် ဖိုးရှုပ်၊ မင်း မစွံပါဘူးကွာ”
ကျွန်တော် သူ့ကို လှမ်းအော်လိုက်တော့ တချက်ပြန်ကြည့်ပြီး သူ့မျက်လုံးနဲ့ အာရုံက မူလနေရာဆီပဲ ပြန်နှစ် ထားလိုက်တယ်။ ဒီအချိန်မှာပဲ အခန်းထဲက အသံတသံက ဖိုးရှုပ်ရဲ့အာရုံတွေကို နေရာပြောင်းသွားစေတယ်။
“တောက် တောက် တောက် တောက် တောက် … …”
ပလပ်စတစ်ဘူးခွံကို ခေါက်လိုက်တဲ့အသံက ဖိုးရှုပ်အတွက် အစာတခုရတော့ မယ်လို့ အချက်ပေးသံမှန်း ဖိုးရှုပ် ကောင်းကောင်းမှတ်မိနေတယ်။ ဖိုးရှုပ် မူလနေရာက ချက်ခြင်း ခုန်ပေါက်ပြီး အသံရှိရာအခန်းကို ပြေးလွှား ဝင်ရောက်သွားတယ်။
ဖိုးရှုပ် ကျွန်တော်တို့တိုက်ကို ရောက်လာပုံလေးက ထူးဆန်းတယ်။ ကျွန်တော်တို့ နည်းတူနေရတဲ့ အခြားတိုက်တတိုက်မှာ ကြောင်မကြီးက သားသုံးကောင် လာမွေးတယ်။ ကြောင်ကလေးတွေ အစာစားနိုင်တဲ့ အချိန်၊ နို့လည်း ဖြတ်လို့ရနိုင်တဲ့အချိန်မှာ အဲဒီတိုက်က အဘဦးရှိန်တင်က အကြီးဆုံး ကြောင်လေး တကောင်ကို ကျွန်တော်တို့တိုက်ကို ပို့ပေးတယ်။ အဖော်ငတ်နေတဲ့ ကျွန်တော်တို့အတွက် အဖော်အဖြစ် ဒီ ကြောင်လေးကို ပို့လိုက်တာပါ။ ကြောင်လေးစရောက်ခါစကတော့ နာမည် မရှိသေးဘူး။ ကြောင်ပေါက်စလေးက အင်မတန် ဆော့တယ်။ ကျွန်တော်တို့ စားစရာ ဟင်းရွက်တွေနဲ့ ချက်ဖို့ပြုတ်ဖို့ လုပ်နေရင်ဖြစ်စေ၊ အခြား အလုပ်တခုတခု လုပ်နေရင်ဖြစ်စေ၊ လူကြားသူကြား ထဲမှာ သူက ခုန်ပေါက်ပြေးလွှား ဆော့ကစားတယ်။ ကျွန်တော်တို့ အလုပ်တွေ ကြားထဲဝင်ရှုပ်တော့ အားလုံးက သူ့ကို အခု နာမည်ပေးလိုက်ကြတယ်။ တခါတခါတော့ သူ့အမေကြီးက သူ့သားဆီကို လိုက်လိုက်လာတယ်။ နို့လာတိုက်တယ်။ ကျွန်တော်တို့ တိုက်က ကျွေးတဲ့သူ့သားအတွက် အစားတွေကို သူ့အမေ ကြောင်မကြီးပါ ညခင်းဆို လာစားတတ်တယ်။ ဒါပေမယ့် ခက်တာက ကြောင်ထီးကြီး တကောင်က ဝင်ဝင်လာပြီးတော့ ဖိုးရှုပ်ကို အကြမ်းဖက်တာက ဖိုးရှုပ်အတွက် အန္တရာယ်ဖြစ်စေတယ်။
အခန်း(၂)
ဖိုးရှုပ်ရဲ့အမြီးမှာ ပလပ်စတစ်စကို ချည်ပေးပြီး ဖိုးရှု့ပ်ကို စတယ်။ ဖိုးရှုပ်က အမြီးမှ ပလပ်စတစ်စကို ပြန်ဖြုတ်ရင်း ဆော့ကစားနေတယ်။ ချာလည်လည်နေတဲ့ ဖိုးရှုပ်ကိုကြည့်ပြီး ကျွန်တော်တို့ နှစ်ယောက်သား သဘောကျနေတယ်။ ကျွန်တော်တို့ တိုက်မှာက အခန်းခြောက်ခန်းရှိပြီး တခန်းကို နှစ်ယောက်စီ နေကြရတယ်။ ညမိုးချုပ် ထောင်ပိတ်တာနဲ့ ကျွန်တော်တို့အားလုံး အခန်းထဲဝင် အပြင်ကသော့ခတ်၊ ပတ်ဝန်းကျင်တခုလုံးကို တံခါးကျဉ်းလေးထဲက ငေးမောနေရတဲ့ အချိန်ပေါ့။ အပျော်တွေ သော့ခတ်ခံထားရချိန်မှာ ဖိုးရှုပ်က ခြောက်သွေ့နေတဲ့ ကျွန်တော်တို့ စိတ်လွင်ပြင်ကို အပျော်မိုးရေစက်တို့ သွန်ချပေးတယ်။ တခန်းမဟုတ်တခန်းမှာ ဖိုးရှုပ် ရှိနေတတ်တယ်။ အခန်းတိုင်းမှာ ဖိုးရှုပ်စားဖို့အတွက် စားစရာခွက် တခုစီတော့ ထားပေးကြတယ်။ ဒီအချိန်မှာပဲ တိုက်ဝင်းတံခါးအပြင်ဘက်က ဖိုးရှုပ်ရဲ့အမေ ကြောင်မကြီးအော်သံက ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဖိုးရှုပ်ကို ရပ်တန့်သွားစေတယ်။
“ဟိတ် ရေထွက်ပေါက်ကို ပိတ်ထားလား”
ကျွန်တော်က အခြားအခန်းတွေကို လှမ်းအော်ပြီး မေးလိုက်တယ်။ တခန်းကျော် မှာနေတဲ့ ဇော်ထင်က ….
“ဟုတ်တယ် ကျွန်တော် ကြောင်ထီးကြီး ဝင်လာမှာစိုးလို့ ပိတ်ထားတယ်”
ကြောင်မကြီးက တိုက်ဝင်းတံခါးပါပိတ်ထားတော့ ညဘက် သူ့သားဆီလာချင်ရင် ရေထွက်ပေါက် မလွယ်ပေါက်ကနေ အထဲကိုဝင်လာရတာပါ။ အခု မလွယ်ပေါက်ကို အုတ်ခဲကျိုးတွေနဲ့ ပိတ်ထားပြီဆိုတော့ အန္တရာယ်ပေးတဲ့ ကြောင်ထီးကြီးသာမက နို့ချိုတိုက်ကျွေးမယ့် ကြောင်မကြီးကိုပါ တားဆီးသလိုဖြစ်နေတယ်။ ဖိုးရှုပ်လည်း ကျယ်လောင်စွာ အော်မြည်နေတဲ့ ကြောင်မကြီးရှိရာ မလွယ်ပေါက်ကို အတင်း ခုန်ပေါက်ပြီး ပြေးသွားတယ်။ အပြင်ဘက်က အော်မြည်နေတဲ့ ကြောင်မကြီး အသံနဲ့ အတွင်းဘက်အထဲက အော်နေတဲ့ ဖိုးရှုပ်ရဲ့အသံက ကျွန်တော်တို့ ရင်ထဲကို စူးရှစွာ တိုးဝင်နေတယ်။ အမေနဲ့ဝေးသူ၊ မိသားစုနဲ့ဝေးသူတွေရဲ့ ရင်ထဲကအနာကို ဖိုးရှုပ်တို့သားအမိက လာပြီး ထိုးဆွနေသလိုလို့ ကျွန်တော့်စိတ်ထဲ ထင်နေတယ်။ ခုတော့ ဖိုးရှုပ်အပေါ် မကျရောက်စေချင်တဲ့ အန္တရာယ်ကတော့ မကျရောက်ပါဘူး။ ဖိုးရှုပ်ကတော့ အန္တရာယ်ပေးမယ့် အကြောက်တရား မဝင်ရောက်ပေမယ့် အမေ့ရင်ခွင် မခိုဝင်ရတဲ့ သောကကို ဖန်တီးပေးလိုက်သလို ဖြစ်နေပါတယ်။
“ဟေ့ နောက်နေ့ကျရင် ရေပေါက်ကို မပိတ်ထားနဲ့တော့ကွာ ကြောင်ထီးကြီး ဝင်လာရင် အားလုံး ဝိုင်းထုကြတာပေါ့”
ကျွန်တော်တို့ထဲက တယောက်က အခန်းထဲကနေ ဖိုးရှုပ်တို့သားအမိရဲ့ တဖက်နဲ့ တဖက် အော်မြည်နေကြတဲ့အသံကို မခံစားနိုင်တဲ့စိတ်နဲ့ မလွယ်ပေါက်ကို ဖွင့်ထားဖို့ အဆိုတင်တယ်။ အားလုံးကလည်း သူ့အဆိုကို ငြိမ်သက်ပြီး သဘောတူကြောင်း ပြသကြတယ်။ ကျွန်တော်တို့က လူတိုင်း မိသားစုဆီကအပျော်တွေ ဆီးတားခြင်းကို မလိုလားသူတွေလေ။ လူတွေမပြောနဲ့ ကြောင်ကလေး ဖိုးရှုပ်တို့ သားအမိရဲ့ နံရံခြားခြင်းဒုက္ခကို မခံစားနိုင်ကြဘူး။
အခန်း(၃)
အခန်းတံခါးမှာ သံတိုင်ကိုမှီပြီး ကျွန်တော်တို့ တခန်းနဲ့တခန်း လှမ်းအော် နေကြတယ်။ ဒီအချိန် ဒီလိုညခင်းတွေမှာ တလှည့်စီ တခန်းစီ သီချင်းတွေ ဆိုချင်ဆိုကြမယ်။ သီချင်းမဆိုရင် တခန်းနဲ့တခန်း လှမ်းအော်ကြတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြုန်းကြတာလေ။ အခုလည်း အပြင်ဘက်မှာ သာနေတဲ့ လမင်းကြီးရဲ့အရောင်ကိုကြည့်ပြီး တခန်းနဲ့တခန်း စကားတွေ လှမ်းပြောနေကြတယ်။
“ဖိုးရှုပ် ဘာလုပ်နေလဲ”
အခန်းတခန်းက ဖိုးရှုပ်ကို လှမ်းမေးနေတယ်။
“ဖိုးရှုပ် ကျုပ်တို့အခန်းမှာ အိပ်နေတယ်ဗျ”
ကျွန်တော်က ဘေးအခန်းမှ မေးလာသူကို ပြန်ဖြေလိုက်တယ်။
“လရောင်ဆိုတာကို ဒီကောင် ဖိုးရှုပ် မခံစားတတ်ပါဘူးဗျာ၊ လရောင်အကြောင်း ကဗျာလေးဘာလေး ရွတ်ပါလား”
ကျွန်တော်တို့က မြင်နေရတဲ့လရောင်ကို ရင်ခုန်သံ နှိုးဆွသူအဖြစ်ရှာကြံရင်း စကားတွေပြောနေကြတယ်။ ဒါပေမယ့် လရောင်ကိုသာမြင်ရပြီး သာနေတဲ့ လမင်းကြီးကို အခန်းကျဉ်းလေးထဲက မြင်တွေ့ခွင့်မရတာ နှစ်ပေါင်းတောင် အတော် ကြာပြီ။ ဒီနံရံ လေးဖက်ကြားကိုမရောက်ခင်က ရင်းနှီးခဲ့ဖူးတဲ့ လမင်းကြီးရဲ့ သဏ္ဍာန်ကိုသာ စိတ်ကူးထဲပုံဖော်ရင်း ဒီလမင်းကြီးကကြဲချတဲ့ အလင်းရောင် တွေကို ရင်ခုန်နေကြတာပါ။ ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ …
“ကပ္ပလီတွေ ကပ္ပလီတွေ”
အခန်းတခန်းက အော်သံထွက်လာတယ်။
“ဘာတွေလဲဗျ”
ကျွန်တော်က လှမ်းမေးလိုက်တော့ …
“ဖိုးရှုပ် အမေဗျ၊ သူ့သားနှစ်ကောင်ပါ ခေါ်လာတယ်။ မဲမဲသဲသဲတွေဗျာ ဖိုးရှုပ်လို မလှဘူး၊ အခုကျုပ်တို့ အခန်းကို တက်လာတယ်။ စားစရာခွက်ဆီ သူ့သားတွေကို ခေါ်သွားလေရဲ့”
ဖိုးရှုပ်ကို ကျွန်တော်က ပုတ်နှိုးလိုက်တယ်။ ဖိုးရှုပ် လန့်နိုးသွားတယ်။ ပြီးတော့ သူ့ညီအစ်ကိုတွေက ဖိုးရှုပ်ကို ဂန္ဓာရုံဖြင့် သတင်းပို့လိုက်ဟန်ရှိတယ်။ ဖိုးရှုပ် ချက်ချင်း အသံပေးပြီး သူ့ညီတွေရှိရာအခန်းကို ပြေးထွက်သွားတယ်။
“ဖိုးရှုပ် လာပြီဗျ”
ကျွန်တော်က လှမ်းအော်လိုက်တယ်။ တအောင့်အကြာမှာ ဧည့်သည်ကြောင်တွေ ရောက်နေတဲ့အခန်းမှ ဘိုးတော်က …
“ဖိုးရှုပ်က အစာဝလို့ထင်တယ်ဗျ ဝင်မစားဘူး ဘေးနာက ထိုင်နေတယ်၊ သူ့အမေကြီးလည်း ထိုင်နေတယ် ကပ္ပလီနှစ်ကောင်ကတော့ စားလိုက်တာဗျာ”
ကြောင်တွေအကြောင်းကို အခြားအခန်းတွေလည်းကြားအောင် လှမ်းအော်ပြော တယ်။ တခဏအကြာမှာ ကြောင်လေးကောင် အခန်းအပြင် ဘက်ကို ထွက်လာတယ်။ ကြောင်မကြီးက ရှေ့ကဦးဆောင်လို့ နောက်က သူ့သား သုံးကောင်။
ကြောင်မကြီးက အိပ်လိုက်တယ်။ ကြောင်ကလေးတွေက တိုးဝှေ့ပြီး ကြောင်မကြီး ဆီက နို့ကို စို့နေကြတယ်။ ခဏအကြာမှာ သူတို့သုံးကောင်ဟာ တိုက်ရှေ့ ကွက်လပ်ပေါ်မှာ ပြေးလွှားခုန်ပေါက် ဆော့ကစားနေကြတယ်။
အစပထမက လရောင်ကိုကြည့်ပြီး ရင်ခုန်နေကြတဲ့ ကျွန်တော်တို့ အခုတော့ ဖိုးရှုပ်တို့ ညီအစ်ကိုတွေကိုကြည့်ပြီး အပျင်းဖြေရပြန်တယ်။ ဒီအချိန်မှာဘယ်သူက ဘယ်လိုအတွေးပေါက်သွားတယ် မသိဘူး။ အော်ပြောလိုက်တဲ့ စကားသံက ကျွန်တော့်ရင်ထဲ စူးနစ်ဝင်ရောက်သွားတယ်။
“ဟေ့လူတွေ ဖိုးရှုပ်က လရောင်အကြောင်း ဘာမှ မသိပါဘူးဆို၊ ခင်ဗျားတို့ ကိုယ်ပေါ် လရောင်ကျတာခံရော ခံဖူးကြလို့လား လရောင်နဲ့ အသား မထိဘူးတာ ဘယ်လောက်ကြာပြီလဲ”
အခန်း(၄)
“အောင်မလေးဗျ”
ကျွန်တော်တယောက်တည်း လမ်းလျှောက်နေတုန်း ပန်းရုံကြားကချောင်းပြီး ကျွန်တော့်ခြေထောက်ကို ခုန်အုပ် ဆော့ကစားလိုက်တဲ့ ဖိုးရှုပ်ကြောင့် ကျွန်တော် အလန့်တကြား ဖြစ်သွားတယ်။ ကျွန်တော့်ဆီ ကြောက်လန့်ခြင်းတွေရောက်အောင် ပို့နိုင်လို့ သူ အားရဝမ်းသာ ခုန်ပေါက်ပြေးလွှားသွားတယ်။ ပြီး တဖန် ပြန်ချောင်းဟန်ပြုနေတယ်။ ဒီလိုပဲ ကျွန်တော်တို့ ခြောက်သွေ့နေတဲ့ နေ့ရက်များဟာ ဖိုးရှုပ်ကြောင့် ပြန်လည် စိုပြေလာသလို ရှိတယ်။ ဖိုးရှုပ်ကတော့ အခန်းတိုင်းကို တက်မယ်။ သူ့ကိုချကျွေးတဲ့ ငါးခြောက်ကြော်၊ ကြက်ကြော်တွေကို စားမယ်။ ပြီး ဆော့မယ်။ သူ့အဖော်က ကျွန်တော်တို့ပဲရှိသလို ကျွန်တော်တို့ရဲ့ အဖော်က လည်း သူပဲဖြစ်နေတယ်။
ညနေမိုးချုပ်ခါနီး ထောင်ပိတ်ချိန်နီးနေပြီ။ အားလုံး ခြေထောက်ဆေး၊ လိုအပ်တဲ့ ရေတွေ အခန်းထဲသယ်ပြီး အခန်းတံခါးပိတ်ဖို့ စောင့်နေတဲ့အချိန် တခြားတိုက်က သတင်းစကားတခုက ရောက်လာတယ်။ အဲဒါကတော့ ဖိုးရှုပ်တို့အမေနဲ့ ကြောင်လေးတကောင်ကို ဝန်ထမ်းက အပြင်ခေါ်သွားမယ်။ အဖော်ကွဲကျန်ရစ် ခဲ့မယ့် ကြောင်လေးတကောင်ကို ဒီတိုက်ကိုပို့ပြီး ဖိုးရှုပ်နဲ့ အဖော်ရအောင် လာထားပေးမယ်ဆိုတဲ့သတင်းပါပဲ။ ဖိုးရှုပ်အတွက်တော့ ကျွန်တော်တို့ စိတ်ကျေနပ်စရာပါ။ ဖိုးရှုပ် ဘဝတူအဖော်ရပြီပေါ့။ ထောင်ပိတ်ဖို့ ဝန်ထမ်းကလည်း စောင့်နေတယ်။ အဲဒီအချိန်မှာပဲ တခြားတိုက်က ကြောင်လေးတကောင်ကလည်း ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခြေထောက်ရေဆေးရင်း …
“ထောင်ကလွတ်ဖို့ တရက်နီးပြီဟေ့”
လို့ တယောက်က နေ့စဉ် အော်နေကျစကားကို ဝတ္တရားမပျက် အော်လိုက်တော့ နောက်တယောက်ကလည်း ထုံးစံအတိုင်း ဝတ္တရားမပျက် ...
“သေဖို့လည်း တရက်နီးပြီ”
လို့ ထပ်အော်တယ်။ ဘာပဲဖြစ်နေဖြစ်နေ ဒီလိုအော်သံတွေက အမှန်ဖြစ်ပေမယ့် ဒီအမှန်ကိုပဲ ကျွန်တော်တို့က အပျော်အဖြစ် တနေ့တာကို အနားသတ်ရတယ်။ အဖော်ဝေးသူတို့ရဲ့ တနေ့တာမှာ အပျော်ရှာကြံခြင်းဆိုတာဟာ ကန္တာရထဲ ရေရှာရသလိုပဲ။
အခန်း(၅)
ဖိုးရှုပ်တို့နှစ်ကောင် ပျော်နေကြတယ်။ ယခင်ရက်တွေက လူတွေနဲ့ဆော့ကစားရင်း အချိန်တွေကိုအသုံးပြုနေတဲ့ ဖိုးရှုပ်ခမျာ အခုတော့ လူတွေနဲ့ ဆော့ရမယ့်အချိန် ထက် သူ့ညီနဲ့ ဆော့ရမယ့်အချိန်က ပိုများသွားတယ်။ မောရင် နှစ်ကောင်သား နီးရာအခန်းတက် စားသောက်ကြတယ်။ အပြင်ရောက်သွားတဲ့ ဖိုးရှုပ်ညီ ကြောင်လေးရဲ့သတင်းကိုလည်း ခေါ်သွားတဲ့ဝန်ထမ်းလာတိုင်း မေးရတာ အမောပဲ။
“ကပ္ပလီတို့သားအမိ အပြင်မှာ ပျော်နေကြဆိုပဲဗျ”
ကျွန်တော်တို့ဆီ ရောက်လာတဲ့ သူတို့မိသားစုသတင်းက ကျွန်တော်တို့ကြားထဲမှာ ပြောစရာစကားတခု တိုးလာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထဲမှာ နှစ်ရှည်လများနေလာကြတော့ ဘဝတလျှောက် သူဖြတ်သန်းခဲ့တာ နားထောင်၊ ကိုယ်ဖြတ်သန်းခဲ့တာ ပြောပြနဲ့ ကြာတော့ ပြောစရာစကားတွေ ကုန်လာတယ်။ အဖြစ်အပျက်လေး အသစ်တခုဟာ ကျွန်တော်တို့အတွက် အားရပါးရ ဆွေးနွေးစရာတွေ ဖြစ်ဖြစ်လာတယ်။ အခုတော့ အပြင်ရောက်သွားတဲ့ ကြောင်မကြီးနဲ့ ကြောင်ကလေးအကြောင်းက စကားအသစ်ဖြစ်လာတယ်။
ကြွက်တကောင်ကိုဖမ်းမိပြီး ဆော့ကစားနေတယ်ဆိုတဲ့ အပြင်ရောက်သွားတဲ့ ကြောင်ကလေးရဲ့အောင်မြင်မှုကတော့ ကျွန်တော်တို့ နားတွေကို မြိန်စေတယ်။ သူတို့သားအမိကို လိုက်ကိုက်တဲ့ ခွေးတကောင်ကို သားအမိနှစ်ယောက် ပြန်လှန်တိုက်ခိုက်လို့ အော်မြည်နေတဲ့ ခွေးရဲ့အသံက ကျွန်တော်တို့ ဆီကထွက်ခွာသွားတဲ့ ကြောင်သားအမိ အတွက် ဂုဏ်ပြုရမယ့်သတင်းစကားတွေ ဖြစ်နေတယ်။ သစ်ပင်ပေါ်ကနေ အိမ်ခေါင်မိုးပေါ် ကူးချည်သန်းချည်လုပ်နေတဲ့ ဖိုးရှုပ်ရဲ့ညီ ကြောင်လေးရဲ့အဖြစ်ကို ဖိုးရှုပ်မြင်စေချင်တယ်။ ဖိုးရှုပ်သာဆို သူတို့ထက်ပိုတတ် သူတို့ထက်ပိုသွက်တော့ ဒီထက်မက အောင်မြင်မှုရမှာမလွဲပဲ။ နိုင်ငံရေးသတင်းအသစ် တခုဝင်မလာမခြင်း ဖိုးရှုပ်တို့အကြောင်းက စကားဝိုင်းမှာ နေရာယူထားဦးမှာ ကျိန်းသေလို့ ဆိုရမယ်။
အခန်း(၆)
အဝေးဆီက ဖြတ်မောင်းသွားတဲ့ ကားတစီးရဲ့အသံက နံရံတွေကိုကျော်ပြီး ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခပ်ဝေးဝေးက ဆူညံစွာ ဟောင်နေကြတဲ့ ခွေးတွေရဲ့အသံကလည်း ကားသံရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်လာတယ်။ အခန်းတံခါးပိတ်လို့ မအိပ်ကြသေးခင် ညစဉ်ထုံးစံအတိုင်း တခန်းနဲ့တခန်း လှမ်းအော်ပြီး စကားတွေ ပြောနေကြတယ်။ ခုရက်အတွင်းကတော့ တတိုက်လုံးအတွက် ပြောစရာစကားဟာ ဖိုးရှုပ်တို့ မိသားစုအကြောင်း ဖြစ်နေတယ်။
“ဖိုးရှုပ် ဘာလုပ်နေလဲဗျ”
ဘေးအခန်းကနေ လှမ်းအော်မေးသံကို …
“အိပ်နေတယ်ဗျ”
“အေးဗျာ ကားသံတွေ၊ ခွေးဟောင်သံတွေကလည်း ဖိုးရှုပ်ကို အိပ်ရာကနိုးအောင် မလုပ်နိုင်ဘူးနော်”
သူရဲ့ပြောစကားက ကျွန်တော့်ကို အတွေးတခုကို ရုတ်တရက် ဖြစ်ပေါ်စေတယ်။ ဒါနဲ့ ကျွန်တော်ကပြန်ပြီး ...
“ဒီနံရံလေးဖက်ကြားကိုသာ သူက ဘဝလို့ထင်နေတာဗျ၊ ဒီထက်သာတဲ့ လောကကြီးတခုရှိသေးတာကို သူမသိတော့ ကားသံကလည်း ရင်ခုန်စရာ မဟုတ်ဘူးပေါ့ဗျာ။ ခွေးဆိုတာ သူ့ကို အန္တရာယ်ပေးတတ်တဲ့ သတ္တဝါလို့တောင် သိမှာမဟုတ်ဘူး ဘာမှမသိတော့ ဘာမှ ရင်မခုန်ဘူးပေါ့ဗျာ”
အခြားအခန်းမှ လူတယောက်ကလည်း …
“ကျုပ်တို့တောက လယ်သမားတွေ တီဗီမသိ၊ တီဗီမရှိ လျှပ်စစ်မရှိနဲ့ နေခဲ့ရတာကြာတော့ လိုအပ်တဲ့ ပစ္စည်းလို့တောင်တွေးပြီး သူတို့ ရင်မခုန်ကြဘူးဗျ။ အင်တာနက်လို့ပြောရင် မဲမဲကြီးလားလို့မေးမှာ အီးမေးလ် လို့ပြောရင် ရွံစရာတွေ လာပြောနေတယ်လို့တောင် ပြောချင်ပြောမှာ မသိတော့ ရင်မခုန်ဘူးဆိုလို့ပါ”
“အပြင်လူတွေရဲ့ နားတွေ မျက်စိတွေကိုပိတ်ထားတာကလည်း သူတို့ကို ထောင်ချထားတာနဲ့ အတူတူပဲပေါ့ဗျာ”
ဒီလိုစကားကောင်းနေတုန်းမှာပဲ အပြင်ဘက်မှ ဝန်ထမ်းရဲ့ အော်သံက ရုတ်တရက် ဝင်ရောက်လာတယ်။
“ဗျို့ … အဘ ကြောင်မကြီး ဘာအစားမှားလည်း မသိဘူးဗျာ၊ နေ့လည်က ရှောသွားပြီ”
အခန်း(၇)
ကျွန်တော်တို့အားလုံး နောက်နေ့မှာ ဖိုးရှုပ်တို့အတွက် စကားတွေပြောဖြစ် ကြတယ်။ ဖိုးရှုပ်အမေကြီး အပြင်ဘက်မှာ သေသွားခြင်းက အထဲက ဖိုးရှုပ်တို့ရော ကျွန်တော်တို့ကိုပါ လာရောက်ရိုက်ခတ်နေပြီ။ ခုတော့ ဖိုးရှုပ်အမေ ကြောင်မကြီးနဲ့ပါသွားတဲ့ ကြောင်ကလေးရဲ့ အဖော်မဲ့နေမှုကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ ဝိုင်းစဉ်းစားကြတယ်။ ဖိုးရှုပ်ကတော့ ဒီမှာအသားကျ နေတယ်။ သူ့အတွက်ကတော့ တကောင်တည်းနေလည်း နေတတ်နေပြီ။ အပြင်ရောက်သွားတဲ့ကြောင်ကလေးကတော့ နေရာအသစ်မှာ ဘယ်လို သောကတွေနဲ့ နေထိုင်နေပြီလဲဆိုတဲ့ စိုးရိမ်စိတ်က ကျွန်တော်တို့အားလုံး တူညီနေကြတယ်။ နောက်ဆုံးတော့ ဖိုးရှုပ်နဲ့လာထားတဲ့ ကြောင်ကလေးကို အပြင်က သူ့ညီအစ်ကို ကြောင်ကလေးအဖော်ရဖို့ အပြင်ကိုပို့တာ အကောင်းဆုံးပဲဆိုတဲ့ အဖြေကို အားလုံး သဘောတူကြတယ်။ နောက်တီးနောက်တောက် ပြောတတ်တဲ့ ကျောင်းဆရာက …
“ငါတို့က လူတွေရဲ့သောကကိုပါမက ကြောင်တွေရဲ့သောကကိုပါ စဉ်းစားတဲ့သူတွေပါ”
ဆိုတဲ့စကားသံက ရင်ထဲ ဝင်ရောက်လာတယ်။ သူက ရယ်စရာအဖြစ်ပြောပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ဘူး။ ငါတို့နှလုံးသားတွေက သနားတတ်တာ သူများသောကကိုကြည့်တာ အစွန်းများရောက်နေပြီ လားလို့ ဒီအတွေးကို တွေးနေမိတယ်။
အခန်း(၈)
အစပထမကတော့ ဖိုးရှုပ်ဘာမှ မသိသေးဘူး။ အချိန်လေးနည်းနည်းရလာတော့ သူ့ရဲ့လိုအပ်ချက်ကို သူ သိလာတယ်။ သူအိပ်နေစဉ် သူ့ညီကြောင်ကလေးကို ဖမ်းခေါ်သွားတာမို့ ကြောင်ကလေး သူ့မျက်စိအောက် ကပျောက်သွားတာ အမှုမဲ့ အမှတ်မဲ့ပဲ။ အခုတော့ ဖိုးရှုပ်ရိပ်မိလာပြီ။ တခန်းဝင်တခန်းထွက် အော်မြည်သံနဲ့ တစုံတခုကို ရှာဖွေနေတယ်။ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ အသားနိုင်းချင်းနဲ့ အစာခွက်ဟာလည်း သူ့ကို မဆွဲဆောင်နိုင်ဘူး။
“ညောင် ညောင် …”
ဖိုးရှုပ်ရဲ့အသံမှာ တုန်ခါမှုတွေပါနေတယ်လို့ ခံစားရတယ်။ သူ တညောင်ညောင် အော်ပေမယ့် ကျွန်တော်တို့ နားထဲမှာ ‘ညီလေးရေ … ညီလေးရေ’ လို့ အော်ခေါ်နေသံပဲ ကြားနေတယ်။ ဖိုးရှုပ်အစာလည်း မစားဘူး။ အခုတော့ ရှာရတာမောလို့ ကျွန်တော့်ဘေးမှာ လာအိပ်နေတယ်။ ငါးကြော်လေးတတုံးကို ယူပြီး ဖိုးရှုပ်နှာခေါင်းနား သွားတေ့တယ်။ ယခင်ကဆို ဘူးဖွင့်သံကြားတာနဲ့ ကဆုန်ပေါက်ပြေးလာတတ်တဲ့ ဖိုးရှုပ်ဟာ အခုတော့ သူ့ရဲ့ပြုမူတတ်တဲ့ အမူအကျင့်တွေကို ဘာကြောင့် ရုတ်သိမ်းလိုက်ရတာလဲ။ ဖိုးရှုပ်ရဲ့သောက က ကျွန်တော်တို့အားလုံးရဲ့သောက ဖြစ်လာတယ်။ သူ့ရဲ့မတုံ့ပြန်မှုက …
“ကျနော် တောင့်တနေတာ ငါးကြော် မဟုတ်ပါဘူးဗျာ” လို့ ပြောနေသလိုပဲ။
“ကျုပ်တို့ တခုခု ဖိုးရှုပ်အတွက် လုပ်ပေးကြရအောင်”
အားလုံးက ငြိမ်သက်ပြီး ဘာမျှပြန်မပြောကြဘူး။ သူတို့မှာ ပြောစရာမရှိလို့ မဟုတ်ဘူး။ ပြောစရာစကားက ပြည့်ကျပ်နေလို့ အပြင်ကို အသံအဖြစ် ထွက်မလာတာ ကျွန်တော် သိတယ်။
အခန်း(၉)
အားလုံးသဘောတူညီချက်နဲ့ ဖိုးရှုပ်ကို အပြင်က သူ့ညီကြောင်ကလေးဆီပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်လာတော့မယ့်ဝန်ထမ်းကို ကျွန်တော်တို့ တတိုက်လုံး စောင့်နေကြတယ်။ အားလုံးက ဖိုးရှုပ်အတွက် စိတ်မကောင်းကြဘူး။ ဖိုးရှုပ်ကတော့ ဘာမှမသိရှာဘူး။ ခွေခွေလေး အိပ်နေတယ်။ ဝန်ထမ်းလာတော့ ဖိုးရှုပ်ကို အသာအယာပွေ့ချီပြီး ဆာလာအိတ်ထဲ ထည့်လိုက်တယ်။ အကြောက်တရားရော သောကပါ ရောမွှေခြင်းခံထားရတဲ့ ဖိုးရှုပ်ဟာ ငယ်သံပါအောင် အော်မြည်နေတယ်။ လက်သည်းတွေနဲ့ ဆာလာအိတ်ကို အတင်းကုတ်ခြစ်နေတယ်။ ကျွန်တော်တို့ တိုက်ကလူတွေစုရုံးလာပြီး ဖိုးရှုပ်ကို ဝိုင်းနှုတ်ဆက်ဖို့ ပြင်ကြတယ်။
“သားရေ … ဖိုးရှုပ် အပြင်လောက အကျယ်ကြီးကို မင်းရောက်တော့မှာပါကွာ”
ဒီစကားပြောပြီး တယောက်က စနှုတ်ဆက်တယ်။ ဖိုးရှုပ်လည်း အပြင်ဘက်က အသံကြောင့် အော်သံ ခဏရပ်လိုက်တယ်။ နောက်တယောက်က …
“ဖိုးရှုပ်ရေ … သား”
ချက်ခြင်းပဲ ဖိုးရှုပ်ဆီက တုံ့ပြန်သံထွက်လာတယ်။
“ညောင် ညောင် ညောင် ညောင်…”
ရင်ခေါင်းသံကြီးနဲ့ အော်မြည်လိုက်တဲ့ ဖိုးရှုပ်ရဲ့အသံက …
“ကျွန်တော့်ကို ကယ်ပါဗျာလို့”
လူတိုင်းရဲ့ရင်ထဲမှာ ဘာသာပြန်ပြီး ဖြစ်စေတယ်။ ကျွန်တော်တို့အားလုံးကို အားကိုးတကြီး အော်ဟစ် အကူအညီတောင်းနေတယ်လို့ လူတိုင်းက သဘောပေါက်တယ်။ ဒါပေမယ့် ဘယ်သူမှ စိတ်မကောင်းကြဘူး။ ဆာလာအိတ်ကို ကုတ်ခြစ်နေတဲ့ ဖိုးရှုပ်ရဲ့လက်သည်းတွေက ကျွန်တော်တို့ အသည်းကိုပါ လာရောက်ကုတ်ခြစ်နေတယ်။ သူကုတ်ခြစ်လိုက်တဲ့ လက်သည်းရာကတော့ အချိန်ကာလ ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ရင်ထဲမှာ အနာမကျက်ဘဲ ရှိနေမယ်မသိဘူး။
(ထောင်တွင်း တကယ့်အဖြစ်အပျက်ကို ခံစားရေးဖွဲ့ပါသည်)
စိုးမိုးသူ(ဒိုက်ဦး)
Wednesday, September 21, 2016
ကိုယ်တိုင်ရေးရာဇဝင်
#ကိုယ်တိုင်ရေးရာဇဝင်..
အမှန်တရားအတွက်..
ခံယူချက်တိုက်ပွဲတွေ
ပြင်းထန်ခဲ့ကြ..။
စီးကြောင်းတစ်ခုလိုမျောပါခြင်းမှာ
ခေတ်တွေဟာ
ရိုးသားမှုတွေကိုပါတိုက်စားခဲ့ကြ..။
မီးစင်ကြည့်က ရတဲ့ဘဝမှာ
ခေါင်းမာခြင်းဟာ..
ခဏ ခဏ လက်ပူတိုက်ခံရတဲ့အခါ
လောကဓံကိုအပြစ်တင်ကြ..။
ယုံကြည်ချက်တွေပြန်နွှေးကြ
အိပ်မက်တွေကို ဆုပ်ကိုင်ထားကြ
ဘဝ ဟာ
ကြုံ ရာပြကွက်နဲ့ ဆွဲဆောင်တဲ့အခါ
အတ္တတွေလည်း
ဖုတ်ပူမီးတိုက် အသက်ဝင်ကြ..။
ဒီနေ့
ဒီည
မနက်ဖြန်
မသေချာဘူး..
ရှာဖွေကြ
အမှန်တရားတွေ ရှာဖွေကြ..
ချန်ခဲ့ကြ
ရိုးသားမှုတွေချန်ခဲ့ကြ..
ငါတို့မပါတော့မယ့်
အနာဂါတ်အတွက်
သမိုင်းလှလှတစ်ပုဒ်စီ
ရေးခဲ့ကြ..။ ။
#စောအေးချမ်း
ဒိုဗွီ
#ဒိုဗွီ
ဒိုဗွီ ဟာ
အရေးတကြီးကောက်ဆွဲထွက်လာရတော့
သူ့ခရီးဆောင်အိတ်လေးထဲမှာ
မေတ္တာတရားပဲ ပါခဲ့တယ်
ဒိုဗွီ ဟာ
နှလုံးသားနဲ့ဖြတ်ထားတဲ့လက်မှတ်နဲ့
ဥပက္ခာရထားလေးနဲ့လာခဲ့တယ်
ဒိုဗွီဟာ
အဖေ့ဘက်ပါတဲ့သွေးနဲ့
အမေ့ဘက်ပါတဲ့စိတ်ကြောင့်
မပြန်ဖြစ်တော့ပဲ
ဒီငရဲမှာ ကျောက်ချဖိုဖြစ်ခဲ့တယ်
ဒိုဗွီဟာ
မတရားမှုဟာ လူနဲ့ဓာတ်မတည့်တဲ့ရောဂါမှန်း
ရှာဖွေတွေ့ရှိခဲ့ပြီး
စာနာနိုင်မှု ကွာကွယ်ဆေးကို ဖော်ထုတ်နိုင်ခဲ့တယ်
ဒိုဗွီဟာ
ရေနည်းငါးတွေအတွက်
ရေသယ်မိုးတိမ်ကလေးဖြစ်ခဲ့ပြီး
တုတ်ဓါးသေနတ်ပြီးခဲ့တာကနေ
ဒူးမထောက်တတ်တာအဆုံး
တကိုယ်လုံးဖြုတ်ယူခွင့် ပြုထားတာကနေ
တစ်ဘ၀လုံး မြုပ် ထားခဲ့တာအဆုံး
ကောင်းကင်က နေမင်းလို
ဒိုဗွီကိုနတ်ဘုရားအမှတ် အိမ်မှာဆောင်ထားကြတယ်
ဒိုဗွီ ဟာ
ကျည်ဆံတွေကို သူ့ခေါင်းမှန် ပန်ပြခဲ့ပြီး
စစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို
ဝမ်းဆက် ချုပ်ဝတ်ပြခဲ့တယ်
ဒိုဗွီလာရင်
ပင်လယ်ကြီးဆီးကြို
တောင်းတန်းကြီးဦးညွှတ်
ကမ္ဘာကြီး ထရပ်ကြရတယ်
ဒိုဗွီက
အရာရာ ပြီးပြည့်စုံသူ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်
ဒါပေမယ့်
သမိုင်းက ထာဝရ ဂရန်ဒီပေးထားတဲ့
အထက်တန်းစားပဲ
ကံကောင်းလို့ပဲဆိုဆို
ထိုက်လို့ပဲပြောပြော
ဒိုဗွီကို
ငါတို့ရခဲ့တာတန်တယ်
ဒီဗိသုကာမုဆိုးမကြီးကို ရခဲ့တာ မြတ်တယ်
ဒိုဗွီဆိုတာက
ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ လေ. . . . . .
Mပိုင်
Tuesday, August 23, 2016
ခရီးသွား
ခရီးသွား
သောတာပန်အကြောင်းမသိတဲ့
ပုထုဇဉ်လူသားတစ်ယောက်
သစ္စာတရားကိုအရေခွံမျာများထည့်ခြုံထားတာ။
မာနအသားက ဘာရနံ့ ရလဲ။
အတ္တတရားဟာ နိဗ္ဗာန်ရောက်ကြောင်းလား။
မဖြစ်နိုင်တဲ့တရားသဘောမှာ
ဖြစ်ချင်လိုတဲ့ဆန္ဒတွေကို ဆွဲတင်မနေနဲ့ ။
မင်းရဲ့ ချက်မြှုပ်မှာ ငိုကြွေးသံတွေ
ဌာပနာထိုးခဲ့ကြရင် သင်္ခါရတွေပါ။
တရင်းတနှီးကျွမ်းဝင်ခြင်းမှာလဲ
သူလို...ငါလို ဧည့်သည်တွေချည်းပဲ။
ကျော်ရဲလင်း
Friday, July 1, 2016
ပန်မတွေ့တော့တဲ့ကြယ်ကလေး
ပြန်မတွေ့တော့တဲ့ကြယ်ကလေး
အဲ့ဒီညက
အိမ်အပြင်ထွက်မိတော့
သတိလက်လွတ်ကောင်းကင်ကိုမော့ကြည့်မိ
ငါ့နဲ့တူရှုရာမှာ တဖြတ်ဖြတ်လက်နေတဲ့ကြယ်ကလေး
ရင်ဘတ်ထဲ တိုးဝင်လာတယ် ။
အမှတ်ရလိုက်မိကြောင်း
ငါ့ကိုယ်ငါသိလိုက်တယ် ။
အဲ့ဒီအတွေးဟာ
ငါ့ဆိုင်ကယ်ပေါ်ကိုလိုက်လာတယ်
ငါထိုင်နေကျလဖက်ရည်ဆိုင်ထဲအထိ
ငါ့သူငယ်ချင်းတွေနဲ့စကားသံကြားမှာ
ရနံ့တွေ
ကြယ်ကလေးရဲ့ရနံ့တွေ
မော့သောက်နေမိတယ် ။
အပြန်ခရီးမှာ ငါဟာနှုတ်ဆိတ်လို့
ငါ့လက်ကဆွဲထားတဲ့လီဗာကြိုးဟာ
ကီလိုလေးဆယ်မကျော်ဘူး . . . .
ငါ့မျက်နှာကိုငါပြန်ကြည့်ချင်ပေမယ့်
နောက်ကြည့်မှန်ဟာ
ငါ့ကိုယ်ငါကြည့်လို့မရဘူး ။
အဲ့ဒီကြယ်ကလေး
တစ်ညလုံးငါ့ရင်ထဲလင်း
အညှီအဟောက်တရားတွေကင်းလို့ ။
ညတိုင်းမော့မော့ကြည့်နေမိတယ် ။
စစ်သွေးအိမ်
Tue Jun 28 / 2016
1: 48 Am
Wednesday, June 15, 2016
ကြိုးကြာရိပ်
ကြိုးကြာရိပ်
ကိုလွင် ( နန်းမြေ )
အပိုင်း ( ၁ )
ပေါင်းမိုးတပ်ထားတဲ့စက်လှေရဲ့ကူဘိုတာအင်ဂျင်အသံက နားနှစ်ဖက်မှာလျှံထွက်နေ တယ် ။ စက်လှေဦးခေါင်းပိုင်းပေါင်းမိုးရဲ့ လွတ်ရာနေရာလှေဦးမှာထိုင်နေတဲ့ ကျွန်တော် ရဲ့ အတွေးတွေက ထို . . . တစ ၊ သည် . . . တစ ။ လှေကဆိပ်ကမ်းက စတင်ထွက် ခွာလာကတည်းက ရေစီးသန်လွန်းတဲ့ ကောလိချောင်းရဲ့ရေဆန်လမ်းကို အင်ဂျင်အသံ ကိုညှစ်ပြီး ထွက်ခွာလာခဲ့ရတယ် ။ ဘောလည်ရွာလေးကိုကျော်လွန်လာတော့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ ပကတိပြန့်ပြူးတဲ့ လယ်ယာမြေတွေပေါ်က မိုးဦးကာလရဲ့သန့်စင် လတ်ဆတ်တဲ့ လေတွေကိုတ၀ကြီးရှုဖြစ်ခဲ့တယ် ။ တောင်ဖက်မှာ မိုးသားတိမ်ညိုတွေက မိုးသားပြာပြာနောက်ခံပေါ်မှာ အဆုပ်ဆုပ် ။ လေကတစ်ချက်တစ်ချက်နင့်နင့်ပိုးပိုး ။
ကျွန်တော်တို့က မ ဆ လ ရဲ့ စစ်သံဖိနပ်အောက် လျှို့ဝှက်ရေးသည် ပထမ ။ လျှို့ဝှက် ရေးသည် ဒုတိယ ။ လျှို့ဝှက်ရေးသည် တတိယ ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး သိပ်သည်းစွာနဲ့ လက်ဝဲစာပေလေ့လာရေးအဖွဲ့ကိုဖွဲ့စည်းတယ် ။ စစ်အာဏာရှင်ရန်သူ ကို အန်တုလေ့လာရေးကို ပြင်းပြင်းထန်ထန်လုပ် ၊ အခြေအနေပေးရင်လူထုကြားကို ဆင်း ၊ လူထုနဲ့အတူ သုံးတူနဲ့တသားတည်းကျအောင်နေရင်း စည်းရုံး ။ ဒီလိုတက်ကြွ နေချိန် ၊ ဒီအချိန်မှာပဲ ဒိုက်ဦးမြို့ရဲ့အနောက်ဖက် ခုနှစ်မိုင်အကွာ သစ်တောကြိုးဝိုင်းအ စပ်က ကြိုးကြာကွင်း ဆိုတဲ့ရွာကလေးမှာကျောင်းသားကျောင်းသူရှစ်ဆယ်ဝန်းကျင်ဟာ အစဉ်အဆက်ဘုန်းတော်ကြီးကျောင်းမှာ စာသင်နေရကြောင်း ခေတ်ပညာကိုခေတ်နဲ့ အညီ သင်ယူလိုကြကြောင်း တတ်မြောက်စေချင်ကြောင်း ၊ မိဘတွေမှာဆန္ဒပြင်းထန်နေ ကြောင်းနဲ့ ကျောင်းဆရာတစ်ယောက်အလိုရှိကြောင်းသတင်းရတယ် ။
ဒီအချိန် ကျွန်တော်တို့ကလည်း ဆရာထက်မြတ် ၊ ဆရာနိုင်ဝင်းဆွေရေးတဲ့ အိုယန်းဟိုင် ရဲ့တေးသံကို စူးစူးနစ်နစ်လေ့လာနေဆဲလည်းဖြစ်တယ် ။ အထူးသဖြင့် အိုယန်းဟိုင် ရဲ့ တေးသံ ကိုရေးသားသူ မူရင်းစာရေးဆရာ ချင်ချင်းမိုင်ရဲ့ အမှာစာပါ ပြည်သူအကျိုး ဆောင်ကြ ၊ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ ပစ္စည်းမဲ့လူတန်းစားဆောင်ပုဒ်ကို စွဲစွဲ မြဲမြဲဆုပ်ကိုင်ထားလို့ ပြည်သူကိုအလုပ်အကျွှေးပြုရေးဟာ အဓိကအခန်းမှာပါဝင်နေ တယ် ။ ဒါကြောင့် ၁၉၈၀ - ၈၂ ဆိုတဲ့အချိန် မ ဆ လ ရဲ့ ပဉ္စလက်ဆိုရှယ်လစ် မီးပူပူ ပြာပူပူကြီးကိုအံတုရင်း ကိုယ်ကျိုးစီးပွားကို စွန့်ပယ်လို့ ပစ္စည်းမဲ့လူတန်းစားအကျိုးကို ဆောင်ရွက်ဖို့ စိတ်ဒုန်းဒုန်းချ ယတိပြတ်ဆုံးဖြတ်လိုက်ပြီး ကိုယ်နဲ့သူစိမ်းတရံစာ ဒီကြိုး ကြာကွင်း ဆိုတဲ့ရွားလေးကို ခေတ်ပညာတွေသင်ပေးဖို့ထွက်လာခဲ့တယ် ။
မိုးသက်လေကတဖြူးဖြူး ။ ရေအဆန်ကိုဆန်တက်နေတဲ့ စက်လှေကတရွေ့ရွေ့ ။ ပျဉ်ပုံရွာလှေဆိပ်ကိုရောက်တော့ ကိုယ့်ရဲ့ခရီးကဆုံးပြီ ။ လှေဆိပ်မှာစောင့်နေကြတဲ့ ရွာသားတွေက တစ်ယောက်တစ်လက်နဲ့ ပါလာတဲ့ ပုံနှပ်စာအုပ်တွေ ဗလာစာအုပ် ၊ ခဲတံ ၊ ကျောက်သင်ပုန်းပါမကျန် ထမ်းပိုးပြီး သူတို့နေထိုင်ရာ ကြိုးကြာကွင်း ရွာကလေးဆီကို မျှော်လင့်ချက်တွေ ၊ ရည်မှန်းချက်တွေနဲ့ ချီတက်ကြတော့တယ် ။ မိမိနဲ့အတူကျေးရွာလူ ကြီးအချို့ကျန်ခဲ့ပြီး နောက်ကဖြည်းဖြည်းလိုက်ခဲ့ကြတယ် ။ ပျဉ်ပုံဆိပ်ကမ်းက လောလိ ယချောင်းရဲ့ မြောက်ဖက်မှာ ။ ချေင်းကပျဉ်ပုံရောက်တော့ အနောက်တောင်ဖက်ဆီကို ချိုးကွေ့ဆန်တက်သွားတယ် ။ဒါကြောင့် ပျဉ်ပုံလေးရဲ့ အနောက်မြောက်အရပ်မှာရှိနေ တဲ့ ကြိုးကြာကွင်းရွာကလေးဟာ ကောလိယချောင်းနဲ့ ခပ်ဝေးဝေးမှာ ။ ပထမချောင်း ကမ်းဘေးအတိုင်းလျှောက် ၊ နောက်တော့ချောင်းကိုဖယ်ခွာပြီး လယ်ကြားကန် သင်း လမ်းတွေအတိုင်း ကွေ့ကွေ့ကောက်ကောက်လျှောက်ကြရတယ် ။ ဖုန်းဆိုးတောတန်း လေး တစ်ခုကိုကျော်တော့ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ရွာလေးတစ်ရွာကိုလှမ်းမြင်လိုက် တယ် ။ အဲ့ဒါကွှန်တော်တို့ရွာလေ ဆရာလေး ၊ ကျွန်တော်လှမ်းကြည့်လိုက်တော့ ရွာရဲ့ တောအုပ်စိမ်းစိမ်းနောက်မှာ သစ်တောကြိုးဝိုင်းတောထူထူ ။ အဲ့ဒီနောက်မှာမှ ပဲခူးရိုးမ တောင်တန်းပြာပြာ ။ အုပ်ဆိုင်းနေတဲ့ မိုးသားတိမ်စိုင်ခဲတွေဟာရွာအပေါ်မှာအုပ်မိုး လို့ တောင်အရပ်ကလေအသင့်နဲ့ပါလာတဲ့ ငွေဗျိုင်းဖြူဖြူတစ်အုပ်ဟာ နောက်ခံမိုးသားမည်း မည်းထက်မှာ ထင်းထင်းကြီးပျံသန်းနေကြလေရဲ့ ။
အပိုင်း ( ၂ )
ဖုန်းဆိုးတောတန်းလေးကိုကျော်လာပြီးနောက် စောက်နက်နက်ရိုးချောင်းတစ်ခုကို လူ ရောလှည်းတွေပါကူးလို့ရတဲ့ လှပတဲ့သစ်သားတံတားတစ်ခုကို ဖြတ်ထိုးထားတယ် ။ ဒီရိုးဟာ ရွာရဲ့အနားသတ်မျဉ်းပေလား ကျွန်တော်မပြောတတ် ။ တံတားကိုဖြတ်ကျော် လာပြီးရှေ့နားရောက်တော့ ဒါဆရာလေးစာသင်ရမယ့်ကျောင်းပဲ ။ ကျွန်တော်အထင်ရွာ အပြင်မှာခြေတံရှည်ရှည်လယ်စောင့်တဲ့တစ်ခုအဖြစ်ထင်နေတဲ့ အဆောက်အဦးက စာ သင်ကျောင်းတဲ့ ။ ကျေးရွာလူကြီးတွေပြောတော့ မအံ့သြပါဘူး ။ ဒီလောက်ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲ မြို့နဲ့ဆက်သွယ်ရေးကလည်း သီခြားဆိုလိုဖြစ်နေတဲ့ဒေသ ။ ကုန်းကျ ပြီး မြေဆီမကောင်းတဲ့လယ်သမားမြေတွေပေါ်မှာအသက်မွေးနေရတဲ့ တောင်သူလယ် သမားတွေရဲ့ဘ၀ ။ ဒီဘ၀တွေ . . . . ဒီ . . . ဘ . . . ၀ တွေ ။
ခုလည်းကြည့်တော့ လေးပေလောက်မြင့်တဲ့ ခြေတံရှည်တဲပေါ်မှာ ၀ါး ထရံ ဒူးပိတ်ကကျဲ ကျဲ ၊ သက်ငယ်မိုးနဲ့ အခင်းပျဉ်က ကျိးတို့ကျဲတဲ ၊ ဒီကျောင်းလေးပေါ်မှာ ကျောင်းသား ရှစ်ဆယ်ကိုခေတ်မှီပညာရေးတွေ သင်ကြားပေးရတော့မယ် ။ ကျွန်တော်တစ်ယောက် ထဲ . . . . ။
သင်ကြားရေးတွေက အသားကျနေချိန် ၊ ကလေးတွေရဲ့ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ ပျော် ရွှင်စေဖို့ဘော်လုံးကစားကွင်း ၊ ထုပ်ဆီးတိုးကစားကွင်းတွေဖန်တီးပေးထားတယ် ။ ကျောင်းရဲ့အနောက်တောင်ထောင့်က အုန်းနှဲပင်ကြီးအောက်မှာ ကျား မ သီးသန့် သန့် စင်ခန်းကလေးတွေ တည်ဆောက်ပေးပြီးချိန်ပေါ့ ။
တစ်ည . . ကာလသားခေါင်း ကိုပြုံးမောင်ရေနွေးကြမ်းသောက်ဖိတ်လို့ရွာ မြောက်ပိုင်း ကိုသွားတော့ ကိုပြုံးမောင်အိမ်မှာ ကျွန်တော်တွေ့လိုလှတဲ့လူငယ်တော်တော်များများ ကို တစ်စုတစ်ဝေးထဲတွေ့လိုက်ရတယ် ။ လူငယ်တွေရဲ့လက်တွေမှာ ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ မျက်နှာတွေက ရှုးသိုးသိုး လူငယ်တွေရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကိုပြုံးမောင် ကဒီရွာကိုဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးတဲ့ကျောင်းဆရာ . . . . ဆိုတဲ့ဆရာလေး ဟာ ဒီရွာရဲ့ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် မိန်းမပျိုလေးတွေရင်ထဲ နှလုံးသားထဲကို အချိန်မရွေးရောက်ရှိနိုင်ကြောင်း ဆရာလေးအနေနဲ့လည်းအခွင့်ရှိကြောင်း သို့သော် လည်းဒီရွာရဲ့ထုံးဓလေ့အရ ဒီရွာရဲ့ကွမ်းတောင်ကိုင်ဟာ ဒီရွာသားနဲ့သာ အိမ်ယာထူ ထောင်ရမှာဖြစ်ကြောင်း ၊ ဆရာလေးအနေနဲ့ ဒီရွာရဲ့ဓလေ့ကိုသီရှိစေချင်ကြောင်း လူ ငယ်တွေနဲ့လည်း တရင်းတနှီးဖြစ်စေလိုတဲ့အတွက်ရေနွေးကြမ်းသောက်ဖိတ်ရခြင်းဖြစ် ကြောင်းတွေကိုပြောပြတော့ ကျွန်တော်ကို ဓားကိုယ်စီနဲ့ခပ်ရိုင်းရိုင်းတားနေတဲ့အဖြစ်က ကျွန်တော်ရဲ့ဒေသကိုငယ်ထိပ်တက်စေတော့တာပါပဲ ။ မြွေးပွေးတစ်ကောင်ကို တို့ထိ လိုက်သလိုမျိုးအဖြစ်ကိုရောက်သွားတယ် ။ ဒါပေမယ့် အသိဉာဏ်တွေပိန်းနေအောင် မှောင်ပြီးအတွေးအခေါ်နုံ့နဲ့နေတဲ့ မိမိလူတန်းစားတွေကိုဒေါသစိတ်နေရာမှာ သနားခြင်း ဆိုတဲ့အစားထိုးဖြေသိမ့်လိုက်ရတယ် ။
ကျွန်တော်ဒီရွာကိုလာခဲ့ရတဲ့ရည်ရွယ်ချက်တွေကိုအတတ်နိုင်ဆုံးနားလည်အောင်ရှုင်းပြ ဖြစ်တယ် ။ကျွန်တော်ရဲ့ရှည်လျားစွာ ရှင်းပြပြီးတဲ့နောက်မှာလူငယ်တွေရဲ့မျက်နှာတွေ ပြုံးလာနိုင်ကြတယ် ။ ဒီနောက်ပိုင်းသူတို့ရဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးဟာစာသင် ချိန်မှာတောင် ကျားဖွပ်ဖို့အချက်ပေးလို့ ။ ကလေးတွေကိုအတန်းလိုက်စာတွေချပေးခဲ့ပြီး ကျောင်းပေါ်ကနေသုတ်သုတ်ဆင်းလိုက်ရတဲ့အထိရင်းနှီးလာခဲ့တယ် ။ကျွန်တော်ဟာ ကွန်မြူပါတီဥက္ကဌကြီး မောာ် ရဲ့သုံးတူနဲ့တသားထဲကျရေး ( သွားအတူ ၊ နေအတူ ၊ စားအတူ ) နဲ့တစားဖြစ်ထဲဖြစ်နေရေးမှုအရပဲ လူငယ်တွေနဲ့ပျိုးကြဲ ပျိုးနှုတ် ၊ ကောက် စိုက်စတဲ့အလုပ်တွေကို ကျောင်းအားချိန်နဲ့ ကျောင်းပိတ်ရက်တွေမှာ တသားထဲဖြစ်လာ ခဲ့တယ် ။ယုတ်စွအဆုံး ရေမြွေဖမ်းတဲ့အထိကို မျှော့ကြောက်ကြောက်နဲ့လိုက်ခဲ့ရတယ် ။
သူတို့လူငယ်တွေနဲ့ အားလပ်ချိန်တွေတိုင်းမှာ အတူနေထိုင်ရင်းတစ်ချိန်မှာ ဒီကျေးရွာရဲ့ အိမ်ထောင်ဦးစီးတွေဖြစ်လာမယ့် ယနေ့လူငယ်တွေကို အရင်းရှင်ပုဂ္ဂလိက လယ်ယာ မြေတွေအစား စုပေါင်းထွန်ယက် စုပေါင်းစိုက်ပျိး ၊ စိုပေါင်းရိတ်သိမ်း ၊ ဖိနှိပ်စော်ကားမှု တွေကိုစိုပေါင်းဆန့်ကျင် ၊စိုပေါင်းတော်လှန် ၊ ဆိုတဲ့ကျေးလက်ဘုံလယ်ယာမြေစနစ်တွေ ထူထောင်နိုင်ဖို့ တဖြည်းဖြည်းစည်းရုံးသိမ်းသွင်းနေခဲ့တယ် ။ ဒီဒေသဟာတစ်ချိန်က ပစ္စည်းမဲ့လူတန်းစားတွေရဲ့တပ်ဦးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့အမာခံကျောရိုးဒေ သတွေဖြစ်ခဲ့ဘူးတယ် ။
ဒီအခြေအနေတွေကိုမိမိတည်းခိုနေထိုင်ရာအိမ်က ဦးလေးဦးသန်းရွှေနဲ့ ဒေါ်စိန်မေတို့ကို တီးခေါက်ကြည့်မိခဲ့တယ် ။ ဆရာလေးရယ် ကွန်မြူနစ်တွေ ရွာကိုလာရင်တစ်လကိုးသီ တင်းနေကြတာ ရွာကိုဝင်လိုက်တာနဲ့လက်နက်တွေဖျောက် ၊ အားလုံးလူစုခွဲပြီး အားလုံး ဟာလည်း ရွာသားတွေဖြစ်ကုန်ကြတယ် ။ ရဲဘော်တွေဟာ ဒေါ်ဒေါ်တို့အစ်ကိုတွေ မောင်တွေဖြစ်နေတတ်ပြီး ရဲမေတွေကတော့ အစ်မတွေ ညီမတွေဖြစ်ရော ။ အိမ်တိုင်း က အလုပ်တွေဟာသူတို့ရဲ့အလုပ်တွေပဲလေ ။ တသားတည်းကိုဖြစ်နေတာ ၊ မိုးဦးဆို ထယ်ထိုး ၊ထွန်မွှေ ၊ ကောက်စိုက် ၊ နွားကျောင်း ၊ အလုပ်တွေကို သူတို့ပဲလုပ်ပေးကြ တာ ။ ရေခပ် ၊ ထင်းခွေ အဆုံးပါပဲကွယ် ။ မိန်းကလေးတွေကိုလည်း သူတို့ရဲ့အမေတွေ အစ်မတွေ ညီမတွေလိုကိုစောင့်ရှောက်ကြတယ် ။ ဒေါ်ဒေါ်တို့ဘ၀တွေလုံခြုံကြတယ် ကွယ် ။ အဲ . . . ကြောက်ရတာက နေ၀င်း - စန်းယု စစ်တပ် ။ ၇ွာတွေကိုရောက်လာရင် အဆီးအတားဆိုတာမရှိကြတော့ဘူး ။အနက်ရောင်နယ်မြေ ဆိုပြီး စိတ်ထင်တိုင်းကြဲကြ တော့တာပဲ ။ ဒေါ်ဒေါ်တို့ပြေးပုန်းပုန်းနေရတာချည်းပဲ ။နေ၀င်းမုဒိန်းတပ်ပြန်မှပဲ စိတ် ဒုန်းဒုန်းချ ရွာပြန်ကပ်ရဲတော့တယ် ။ ညဖက်ဆိုရွာလယ်ပိုင်းကအစ်ကိုသန်းတို့ခြေတံ ရှည်အိမ်ကြီးအောက်မှာ ကွန်မြူနစ်တွေကခေါ်တယ် ။ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူ ကြီးတွေကိုပါ ။အောက်လင်းဓါတ်မီးကြီးထွန်းပြီး တူ တံ ဇဉ် အလံကြီးနောက်ခံထားလို့ မာစ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်တွေကိုညစဉ်သင်တန်းပို့ချတယ် ။ သူတို့ ပြန်ရင် ဒေါ်ဒေါ်တို့မျက်ရည်အမြဲကျရတာချည်းပါပဲကွယ် . . . ။ ကျွန်တော်ရင်ထဲ ပြည်သူချစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ အင်အားကြီးမားလှတဲ့ ကွန်မြူနစ် ပါတီကြီးတစ်ခုလုံး ဒီကနေ့ဝါးအစည်းပြေ ပြေခဲ့ရတာတွေကို ယူကြုံးမရဖြစ်ခဲ့ရတယ် ။ ပါတီရဲ့အမှားတွေကို သင်ခန်းစာယူ ရှေ့ကိုဆက်လက်တိုက်ပွဲဆင်ပြီး အခြေခံလူတန်း စားတွေလွတ်မြောက်ဖို့ကြိုးပမ်းရမယ် ။
မတွေ့ချင် . . . မြင်ရက်သား . . . ဆိုတဲ့စကားပုံဟာ ကျွန်တော်အတွက်ပဲလို့ ဆိုရင် တောင်ရတယ် ။ ၀ါတွင်းဥပုသ်နေ့တွေတိုင်းမှာ ရွာမြောက်ဖျားကဘုန်းတော်ကြီးကျောင်း မှာ ကျေးရွာလူကြီးတွေက ဥပုသ်သီတင်းတည်ဆောက်နေကြစဉ်မှာ လူငယ်ကာလသား ကာလသမီးတွေက ဘုန်းကြီးကျောင်းဝန်းအတွင်းနဲ့စေတီတော်ကို သန့်ရှင်းရေးလုပ်ကြ ရတယ် ။ စုပေါင်းလုပ်ကြတဲ့ သန့်ရှင်းရေးပွဲတိုင်းမှာ သူမနဲ့ဆုံဖြစ်တယ် ။ သူမဆိုတာက ကြိုးကြာကွင်းရွာရဲ့အလှဆုံး ၊ အကျော့ရှင်းဆုံး ၊ ကွမ်းတောင်ကိုင်အပျိုစင်လေး ချိုသဲ ဆိုတဲ့မိန်းကလေးပါ ။ ကွမ်းတောင်ကိုင်လေးပီပီ ဆံတောက်လေးမှာတစ်ပွင့်ပန်းလေးအ မြဲပန်ဆင်လေ့ရှိတယ် ။ နားနှစ်ဖက်က နားသံသီးလေးကကိုယ်ကို လှုပ်ရမ်းရယ် လိုက်တိုင်း တလှုပ်လှုပ် ၊ အဖြူဖက်ကိုကဲနေတဲ့ ညိုယောင်ယောင်အသားအရေ ၊ ၀န်း ၀ိုင်းပြီး အနက်ရောင်လက်လက်မျက်ဝန်းပိုင်ရှင်လေး ။
ပျိုးနှုတ် ကောက်စိုက် ခလုတ်တိုက်တွေ့ခဲ့ပေမယ့် မသိသလိုနေထိုင်ခဲ့တယ် ။ နောက် ပိုင်းဝါတွင်းအပါတ်စဉ်ဘုန်းတော်ကြီးကျောင်းဆုံတွေ့ရတဲ့အဖြစ်တွေက မျက်လုံးချင်း တွေ မကြခဏဆုံဖြစ်တော့တယ် ။ သူရဲ့အကြည့်ဟာ ကျွန်တော်အပေါ် ဒီရွာကိုအခမဲ့ ပညာလာသင်ပေးနေတဲ့မြို့သားကျောင်းဆရာလေးဆိုတဲ့ အကြည့်ထက်မပိုခဲ့ဘူးလို့ ထက်ရပေမယ့် ထပ်ခါထပ်ခါဆုံဖြစ်တဲ့အကြည့်တွေမှာ အချစ်ရနံ့တွေသင်းလာခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်ကကြည့်တဲ့အကြည့်ဟာ ဒီရွာကလှပတဲ့ကွမ်းတောင်ကိုင်မလေး တစ်ယောက်အဖြစ်နဲ့ရယ်ပါ ။ ဒါပေမယ့်နောက်ပိုင်းမှာ မြင်ပါများတော့ ယဉ်ဆိုသလို ကျွန်တော့်မျက်ဝန်းဟာလည်း မရိုးသားနိုင်တော့တာမိမိဘာသာအသိ ။ ကျွန်တော်ရဲ့ မရဲတရဲအကြည့်နဲ့ သူရဲ့စူးစူးနစ်နစ်အကြည့်တွေ ပိုပြီးပိုပြီးရင်းနှီးလာခဲ့တယ် ။ ကျွန်တော်ရဲ့ ကိုယ်ကျင့်တရား ၊မာဂျင်လိုင်းလေးကဆွေးဆွေးမြေ့မြေ့ ။ ဘယ်အချိန် ကျိုးပဲ့နိုင်လေမလည်း ။ လောလောဆယ်မစဉ်းစားနိုင်သေးပါ ။ ခိုးခိုးကြည့်နေတဲ့အ ကြည့်လေးတွေဟာကျွန်တော်ရဲ့ဘ၀တစ်ခုအဖြစ် အသိမဲ့မဲ့ခံစားနေရတယ် ။ချိုသဲ . . . . . . တဲ့ ။ လန်းဆန်းလတ်ဆတ်သစ်လင်တောက်ပတဲ့ မြန်မာ့ကျေးလက်က သမီးပျိုတစ်ယောက် ၊ ကျွန်တော်ရဲ့အိပ်ချိန်တွေအပေါ်ကိုတောင် တစတစ နင်း လျောက်လာပါပကော ။ ကျွန်တော်ကိုယ်တိုင်လည်းလူငယ်စိတ်နဲ့ လောင်ကျွမ်းနေပေါ့ ။
သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ လပြည့်နေ့မှာ ကောလိယချောင်းအထက် သပြေ တန်းရွာကစလို့ ချောင်းရိုးအတိုင်း ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကြီး မီးမျှောပူဇော်ပွဲကို နှစ်စဉ် အစဉ်အဆက်ကျင်းပမြဲဖြစ်တယ် ။ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ဟာ သပြေ တန်းရွာကတစ်ဆင့် ကောလိယချောင်းအတိုင်းနတ်စဉ်ကုန်း ပြီးတော့ ပျဉ်ပုံရွမှာဆိုက် ကပ်အပူဇော်ခံပြီး ကောလိယချောင်းရေနဲ့အတူ ချောင်းအောင်ပိုင်းရွာစဉ်အဆက်ဆက် ကို အပူဇော်ခံလေ့ရှိတယ် ။
ကျွန်တော်တို့ကြိုးကြာကွင်းရွာလေးက ရှင်ဥပဂုတ္တမထေရ်ကိုပူဇော်လိုရင် ပျဉ်ပုံကတို့ ဆိပ်ကမ်းကိုသွားကြရတယ် ။ မီးမျှောပွဲအတွက် ကြိုးကြာကွင်းရွာက လူငယ်တွေ အမျိုး သမီးလေးတေဟာ မိုးမချုပ်မှီကတည်းကတပြင်ပြင် ။ ကျွန်တော်ရွာအရှေ့တောင်ဖက် ရိုးချောင်းတံတားပေါ်မှာသီတင်းကျွတ်လပြည့်ရဲ့ လရောင်လင်းလင်းအောက်ရပ်နေမိ တယ် ။သွားလေရာရာလက်နက်တွေ ယူဆောင်လာတတ်တဲ့ကိုယ့်ရွာက လူငယ်တွေ ကိုစောင့်ကြည့်ရင်းပေါ့ ။ ထင်တဲ့အတိုင်းပါပဲ ဘာသာရေးပွဲတော်ကို ဓားအတို အရှည်တွေယူလာကြတယ် ။ ဘာသာရေးပွဲမို့ လက်နက်တွေမဆောင်သင့်ကြောင်း ငြိမ်း ငြိမ်းချမ်းချမ်းရှိစေချင်ကြောင်းတွေဟောပြောပြီးလက်နက်တွေအပ်ခိုင်းပြီးမှ ပျဉ်ပုံရွာကို လွှတ်ဖြစ်တယ် ။ လူငယ်အချို့ကျန်နိုးကျန်နိုးနဲ့စောင့်နေရင်း ဗြုံးဆို ချိုသဲတို့မိန်းက လေးတစ်စုတံတားပေါ်ရောက်လာကြတယ် ။ ကျွန်တော်ကိုမြင်တော့ ဟယ် . . . ဆရာ လေးဒီမှာဘာရပ်လုပ်နေတာလည်း .. ချိုသဲတို့အထဲကတစ်ယောက်ကနှုတ်သွက် လျှာ သွက် လှမ်းပြီးနှုတ်ဆက်ရင်း တံတားပေါ်မှာသတို့ရဲ့ခြေလှမ်းတွေကို ရပ်လိုက်ကြတယ် ။ အကျိုးအကြောင်းပြောပြဖြစ်တယ် ။ လပြည့်ညရဲလရောင်ထိန်ထိန်အောက်က ချိုသဲ ရဲ့အကြည့်တွေဟာရွှန်းမြတောက်ပလွန်းပြီး လရောင်လက်လက်ကြောင့် ချိုသဲ မျက် ၀န်းလေးတွေ အရည်လဲ့နေတယ် ။
အပိုင်း ( ၃ )
ဆရာလေးချိုသဲတို့နဲ့လိုက်ခဲ့ပါလား . . . ။ ပထမ . . . ဆုံးပါပဲ ။ ကျွန်တော်ကိုဆရာ လေးလို့ခေါ်လိုက်တဲ့စကားတစ်ခွန်းတော့ ကျွန်တော်ရဲ့နားကတစ်ဆင့်နှလုံးသားဆီကို ချိုချိုအေးအေးလေးနဲ့စိမ့်ပြီးစီးဆင်းသွားတယ် ။ ဒီရွာရောက်ပြီးငါးလကျော်အကြာမှာ ကျွန်တော်တိတ်တဆိတ်စိတ်ဝင်စားနေတဲ့ ကွမ်းတောင်ကိုင်မလေးချိုသဲ နှစ်ဦးသားဆုံမိ တိုင်းမျက်ဝန်းတွေနဲ့စကားတွေပြောပြောနေတတ်တဲ့ချိုသဲ ၊ စကားကိုပင် ဟဟမပြော ဖြစ်ခဲ့ကြပါပဲ ဒီည . . . . မှ ။
ကျွန်တော်ရဲ့ပျော်ရွှင်ဝမ်းသာစိတ်ကို မနည်းမြိုသိပ်လိုက်ရတယ် ။ ဒီကြားထဲ မိန်းက လေးအုပ်စုက ချိုသဲကိုကျွန်တော်နဲ့အတူနောက်ကလိုက်ခဲ့ဖို့ပြောရင်းရှေ့ကထွက်သွား ကြတော့ ချိုသဲအရှက်ပြေရယ်ရင်း ဒီကောင်မတွေကတော့ဟယ် . . လို့ငြီးငြူရင်း ကျွန် တော်ကိုအားတုန့်အားနာစွာနဲ့ မျက်လွှာလေးလှန်ကြည့်တယ် ။ သူ့အကြည့်တွေတိုင်း ဟာကျွန်တော်နှလုံးသားကိုစူးစူးနစ်နစ်ရှိနေစေတာတော့ အမှန်ပါပဲ ။
ကျွန်တော်တို့နှစ်ယောက်လပြည့် လရောင်အောက်မှာ တံတားပေါ်ကဆင်းပြီး လမ်း လျောက်လာခဲ့ကြတယ် ။ ဖုန်းဆိုးတောတန်းလေးအလွန်အထိနှစ်ယောက်သားယှဉ်တွဲ လျောက်လာနိုင်ပေမယ့်တံတားလေးအကျော်မှာ လယ်ကွင်းတွေရဲ့ကန်သင်းလမ်းတွေ အတိုင်းရှေ့နောက်စဉ်ပြီး ကွေ့ကွေ့ကောက်ကောက်သွားရင်း ကောလိယချောင်ကမ်းနံ ဘေးကုနရောက်လာကြတယ် ။ သီတင်းကျွတ်ရေစစ်ရေကျချိန်မို့ ကောလိယချောင်းရေ ဟာ သဲချောင်းပီပီ ကြည်လဲ့နေတယ် ။ ချောင်းရေပြင်ပါးပါးပေါ်က လရောင်ကငွေနှင်း ကော်ဇော်ကြီးသဖွယ် ၊ အားစမ်းနေတဲ့မြောက်ပြန်လေက တစ်ချက်တစ်ချက်ခပ်စိမ့်စိမ့် လေအတိုးမှာချောင်းရေထဲကလပြည့်လဟာ လှုပ်လှုပ်ခပ်ခပ် ။
ကမ်းနံဘေးလှည်းလမ်းအလယ်ဟာ နှစ်ယောက်ယှဉ်တွဲလျောက်ဖို့လုံလုံလောက် လောက်မရှိ ။ ယှဉ်လျောက်လာတဲ့ ချိုသဲနဲ့ကျွန်တော်က ရံဖန်ရံခါပုခုံးခြင်းထိမိတဲ့အထိ ဖြစ်စေတယ် ။လမ်းလျောက်နေရင်း နောက်မှာကျန်ကျန်နေတဲ့ချိုသဲက အရှက်တရား ထက် စိုးရိမ်စိတ်နဲ့ အကြောက်တရားပိုမိုလွှမ်းမိုးထားတဲ့အခါ ကျွန်တော်လက်မောင်းကို လှမ်းလှမ်းဆွဲတတ်တယ် ။ နှစ်ဦးသားပူးပူးကပ်ကပ်ရှိနေချိန်မှာ ချိုသဲခေါင်းပေါ် ပန်လာ တဲ့ စံပယ်ကုံးနဲ့ ချိုသဲမျက်နှာပြင်ကသနပ်ခါးရနံ့တွေဟာ ကျွန်တော်ကိုသာယာမိစေတာ ကတော့အမှန်ပါ ။ တဖြည်းဖြည်းကျွန်တော်တို့နှစ်ယောက်ပျဉ်ပုံရွာကိုရောက်လာခဲ့တယ် ။ ကမ်းနံဘေးအောက်လင်းဓာတ်မီးတွေက ထိန်လို့ အသံချဲ့စက်ရဲ့တရားဓမ္မသံတွေဟာ သီတင်းကျွတ်လပြည့်ရဲ့အဓိပ္ပါယ်ကိုပေါ်လွင်အောင်ဖော်ဆောင်နေတယ် ။ နတ်စဉ်ကုန်း ရွာကစုန်ဆင်းလာမယ့် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကမဆိုက်ရောက်သေး ။ ကမ်းန ဖူးနဲ့သဲသောင်ပြင်မှာလူတွေက တလှုပ်လှုပ် ၊ လပြည့်ညအတွက်မီးပူဇော်သူတွေက သဲသောင်ပြင်တ၀ိုက်မှာမီးကြာခွက်တွေရေမှာမျှောပြီးပူဇော်နေကြတယ် ။
ကျွန်တော်နံဘေးမှာကပ်ပါလာတဲ့ချိုသဲက ဆရာလေး မီးပူဇော်ရအောင်လေ လို့ချိုသဲ သတိပေးမှ မီးပူဇော်ဖို့သတိရတော့တယ် ။ ကမ်းပေါ်ကမီကြာကလက်နှစ်ခုကိုဝယ်ပြီး ဖရောင်းတိုင်ကိုမီးထွန်းလာခဲ့တယ် ။ လူနည်းနည်းရှင်းတဲ့ ဟိုး. . . ခပ်လှမ်းလှမ်းသဲ သောင်စပ်မှာနှစ်ယောက်သားထိုင်ဖြစ်တယ် ။ ကောလိယချောင်းရဲ့ရေစီးကြောင်း ကောက်ကောက်ကွေ့ကွေ့ပေါ်မှာမီးကြာခွက်ရောင်စုံတွေကလှလှပပစီးမြောနေလေရဲ့ ။ လပြည့်ညထိန်ထိန်သာနေတဲ့လရောင်ရယ် ကမ်းနံဘေးကဘားပေါ်ကအောက်လင်း ဓာတ်မီးရဲ့အလင်းရောင်တွေရယ် ရေးစီးကြောင်းပေါ်က မီးကြာခွက်တွေရဲ့အလင်း ရောင်က ချိုသဲရဲ့အလှကိုပိုမိုတောက်ပလာစေတယ် ။ ကျွန်တော်နဲ့အတူကပ်ပြီးယှဉ် ထိုင်ရင်း မီးကြာခွက်ကိုင်ထားတဲ့ကွမ်းတောင်ကိုင်လေးရဲ့အလှ ၊ ဒီအလှတွေကိုချိုသဲ မမြင်မိလေအောင် ခိုးခိုးဝှက်ဝှက်ငဲ့စောင်းကြည့်ဖြစ်တယ် ။ စိတ်ကစေခြင်းမရှိပါဘဲမိမိ ပါးစပ်ကစကားလုံးအချို့ခုန်ပေါက်ထွက်ကျသွားတယ် ။ သိပ်လှတယ်ချိုသဲရယ် ……။ ချိုသဲတအံ့တသြကြားလိုက်ရတဲ့စကားသံကဟုတ်ပါလေစဆိုတဲ့အကြည့်မျိုးနဲ့လည်ပြန် လှည့်ကြည့်တယ် ။ မဖျက်သိမ်းနိုင်သေးတဲ့ကျွန်တော်ရဲ့စူးနစ်လှတဲ့အကြည့်ကို ချိုသဲ မတုန့်ပြန်နိုင်ဘူး ။ အို . . . . . ဆရာလေးကလည်း ။ ချိုသဲရဲ့ပန်းနုရောင်မျက်နှာလေး ကိုမီးရောင်နဲ့ လရောင်အောက်မှာအထင်းသားတွေ့ရတယ် ။ ချိုသဲရဲ့ရှက်ပြုံးတစ်ပွင့်နဲ့ အတူတစ်ဖက်ကိုလှည့်လိုက်စဉ်မှာ ချိုသဲရဲ့ဆံတောက်လေးအပေါ်မှာရစ်ခွေပန်ဆင် ထားတဲ့စံပယ်လေးကို နုနုဖွဖွ ခိုးနမ်းလိုက်ဖြစ်တယ် ။ ရေပြင်ပေါ်မှာပူးကပ်သွားတဲ့ပုံရိပ် တစ်စုံ ၊ လရောင်အောက်မှာနီးစပ်သွားတဲ့ပုံရိပ်နှစ်ခု ။
ပူဇော်ပွဲအပြီးအပြန်လမ်းဟာကျွန်တော်တို့နှစ်ဦးအတွက်အချိန်တွေအကုန်မြန်လွန်းလှ တယ် ။ ဒီလမ်းခရီးဟာတိုတေင်းလွန်းလှတယ် . . လို့ရင်ထဲမှာမကျေမနပ်ခံစားရပြန် တယ် ။ ရွာကလူငယ်တွေနဲ့ မိန်းကလေးတွေ အစုကပြန်နှင့်ကြပြီ ။ မိန်းကလေးအစုက စာသင်ကျောင်းမှာစောင့်မယ်ဆိုတဲ့အသိကိုပေးခဲ့တယ် ။ ကျွန်တော်တို့နှစ်ဦးရဲ့အပြန် လမ်းမှာ ချိုသဲဟာရဲရဲတင်းတင်းပဲ ကျွန်တော်လက်ကိုတွဲခဲ့တယ် ။ ခြေလှမ်းတွေကတုန့် တုန့်နှေးနှေး ။ လရောင်ဟာညဉ့်နက်လေ ပိုမိုသစ်လွင်လေ ။ လယ်ယာမြေတွေက ပုရစ် အော်သံအချို့မှတပါး ပကတိအငြိမ် ။နှစ်ဦးသားပြောစရာစကားများရှိပါလျက်က ပတ် ၀န်းကျင်နဲ့အတူ ဆိတ်ဆိတ်နေနေကြတယ် ။ ဆရာလေးရယ် . . ချိုသဲတော့ . . ဒီည . . အိပ်ပျော်မယ်မထင်တော့ဘူး . . . ချိုသဲရဲ့အသံယဲ့ယဲ့လေးက တိတ်ဆိတ်နေတဲ့ဝန်း ကျင်မှာတော့ပီပီသသ ။ ကျွန်တော်လည်း . . .ထပ်တူပါပဲ . . ချိုသဲရယ် . . . ။
ပေါက်ကွဲတော့မယ့်မိမိရဲ့စိတ်တွေကိုအသိနဲ့အချိန်မီထိန်းထားရင်း စာသင်ကျောငးလေး မှာစောင့်နေကြမယ့်ချိုသဲရဲ့အဇော်တွေရှိရာကို ကျွန်တော်အရာက်ပို့ပေးခဲ့တယ် ။ ချိုသဲ နဲ့သူရဲ့မိန်းကလေးအစုရွာတောင်ပိုင်းကိုဝင်သွားချိန်အထိ ကျွန်တော်ဟာစာသင် ကျောင်းကလေးရဲ့လှေခါးထစ်မှာထိုင်ရင်း လရောင်အောက်မှာ တစ်ကိုယ်ထဲလွမ်း လွမ်း ဆွေးဆွေး . . . ကျန် . . . . နေ . . . . ရစ်. . . . . တော့တယ် ။
လူငယ်စိတ်တွေနဲ့ကျွန်တော်ဟာလောင်ကျွမ်းနေခဲ့ပေမဲ့ တစ်ဖက်မှာရွာကိုပေးထားတဲ့ ကတိတွေ နောက်အခြားတစ်ဖက်မှာ အိုယန်ဟိုင်းရဲ့ပြည်သူ့အကျိုးဆောင်ကြ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ပစ္စည်းမဲ့လူတန်းစားခံယူချက် ။ ဒါတွေနဲ့အတူကျွန် တော်ကြိုးတန်းပေါ်လျောက်ခဲ့တယ် ။ ဒီကျွန်တော်ရဲ့တွေဝေစိတ်တွေဟာ ပညာတတ် ညဉ်နဲ့ဓနရှင်အတွေးအခေါ်ကဆင်းသက်လာကြောင်းတွေကို မိမိကိုယ်မိမိအဖန်ဖန်ဝေ ဖန်ရင်းဖောက်ပြန်တဲ့အတွေအခေါ်တွေအဖြစ် ထင်ထင်ရှားရှားဖြစ်လာချိန်မှာ ကျွန်တော် ပြတ်သားခဲ့ရတယ် ။ မ ဆ လ ရဲ့ကြွေးကြော်သံဖြစ်တဲ့ အူမတောင့်မှသီလစောင့်မယ် ဆိုတဲ့အရင်းရှင်လက်သစ်ဝါဒရဲ့ဖောက်ပြန်ရေးအဆိုကို ခါးခါးသီးသီးဖြစ်ခဲ့ဖူးပြီ ။ ခုလည်းနေမြင့်လေ အရူးရင့်လေ ဆုတဲ့ကိုယ်ကျိုးစီးပွားသမားတွေရဲ့ ရှေ့နေစကားတွေ ကိုလူတန်းစားအမြင်ကြည်လင်စွာနဲ့ဖြတ်တောက်ပစ်ရတော့မယ် ။ ဆင်ခြင်သုံးသပ်မှု တွေနဲ့အတူ ပစ္စည်းမဲ့လူတန်းစားတွေရဲ့အရေးကိုသေတပန်သက်ထက်ဆုံး ဦးထိပ်ပန် ဆင်ဖို့ ဒီလက်ဝဲစာပေတွေကိုလျှို့လျှို့ဝှက်ဝှက်နဲ့ နက်နက်နဲနဲလေ့လာခဲ့ခြင်းမဟုတ်ပါ လား ။နောက်ဆုံးမှာကျွန်တော်ဟာပြည်သူ့အကျိုးဆောင်ခြင်းဆိုတဲ့အရာကနေသွေဖီမ သွားနိုင်ဖို့ သွေးအေးအေးနဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာတည်ဆောက်လိုက်တယ် ။ ကျွန် တော်ချိုသဲကို အတတ်နိုင်ဆုံးမတွေ့ဆုံမိဖို့ပါပဲ ။ဒါပေမယ့် ကွေ့ကွေ့ကောက်ကောက်နဲ့ ချိုသဲကိုရှောင်ကွင်းနိုင်ရေးလမ်းဟာတစ်ကြိမ်မှာ ထိပ်တိုက်ကြီးကြုံတွေကလာခဲ့တယ် ။
ဒီအခြေအနေဟာလည်းနောက်ဆုံးအချိန် ဖြစ်လိမ့်မယ်ဆိုတာကိုရင်ထဲမှာ . . . အသိ ။
အပိုင်း ( ၄ ) ဇာတ်သိမ်း
တန်ဆောင်မုန်းလပြည့်နေ့ နှစ်ကျိပ်ရှစ်ဆူသောဘုရားရှငငင်မှားလှည့်လည်ပူဇော်ပွဲနဲံ့ ဇာတ်လမ်းသရုပ်ဖေါ်ကားတွေဟာ ကျွန်တော်တို့မြို့ကလေးပေါ်မှာ ကားတန်းကြီးတွေစီ စီရီရီနဲ့လှည့်လည်ကြတော့နယ် ။ မြို့သူမြို့သားတွေနဲ့ မြို့နဲံ့နီးစပ်ရာရွာတွေက မြို့ပေါ် တက်ပြီး ပျော်ရွှင်စွာဆင်နွဲနေချိန်မှာ မြို့ရဲ့အနောက်ဖက်ခုနှစ်မိုင်အကွာ သစ်တောကြိုး ၀ိုင်းအစပ်ကကြိုးကြာကွင်းရွာကလေးက သူနဲ့ဘာဆို ဘာမှမဆိုင်သလိုပင် ။ မြို့ပေါ် ကျွန်တော်ကိုယ်တိုင် နှစ်စဉ်ဆင်နွဲခဲ့လေရာ အပျော်ရွှင်ရဆုံးကာလ ၊ ဒီအချိန်မြို့ပေါ်မှာ မေတ္တာသုတ်တွေရွတ်ဖတ်ပူဇော်ရင်း မိမိရပ်ကွက်ရဲ့အမျိုးသမီးလေးတွေ အမျိုးသား လေးတွေရောင်စုံမီးတွေကိုယ်စီနဲ့ လှည့်လည်ကြတော့မယ် ။ ဒီအချိန်မှာပဲ စတိတ်ရှိုး ကားတွေ တေးသရုပ်ဖေါ်ကားတွေ အလှပြယဉ်ကိုကြည့်ရှုငေးမောရင်း တညတာအချိန် တွေကိုကုန်လွန်စေမယ် ။
ဒီလိုပျော်ရွှင်ဖွယ်အချိန်တွေကို ဒီရွာလေးအတွက် စတေးလိုက်တယ် ။ မြို့ပေါ်က ပျော် ရွှင်မှုတွေကို ဒီရွာကပစ္စည်းမဲ့လူတန်းစားတွေအတွက် လျဟ်လျူရှုလိုက်တယ် ။ ဒီရွာ လေးရဲ့အခြေခံလူတန်းစားတွေနဲ့အတူ နေထိုင်ခြင်းတွေကအကောင်းဆုံးနေ့တွေအဖြစ် သုံးသပ်လိုက်ပြီး ရွာဓလေ့ဖြစ်တဲ့ ကောက်စော ကောက်ညှင်းပေါင်းဆွမ်းကပ်ပူဇော်ပွဲ လေးထဲမှာ နစ်မြူပ်ပစ်လိုက်တယ် ။ ဒီပွဲမှာ ချိုသဲနဲ့ ပြန်လည်ဆုံတွေ့တယ် ။ ဖြစ်ချင် တော့ မိမိနေထိုင်ရာဦးသန်းရွှေလယ်ကအစောဆုံးကောက်ညှင်းစပါးထွက်လာတော့ မုန့်ဆမ်းထောင်းပွဲ နဲ့ဆွမ်းကပ်ခွင့်ရခဲ့တာပေါ့ ။ ချိုသံဟာ ကျွန်တော်ကိုမြင်တွေ့တော့ မျက်ဝန်းထဲမှာ မျက်ရည်တွေကရစ်ဝိုင်းလို့ ဆရာ . . . လေး လို့ခေါ်လိုက်ချိန်မှာ သူရဲ့ မျက်ဝန်းအကြည့်တွေက ကျွန်တော်အပေါ် ပဟေဠိများစွာထင်နေတော့တယ် ။ စိမ်း ရက်လေခြင်း ပစ်ထားရက်လေခြင်း တစ်ဖက်သတ်ဆန်လေခြင်းဆိုတဲ့ အကြည့်တွေ ဟာ ကျွန်တော့်အတွက်နက်နက်နဲနဲ ရင်ကွဲချင်စရာပါ ။ သူရဲ့ပါးနှစ်ဖက်ကပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းလေးတွေလိမ့်ဆင်းလာတော့ မြားစင်းပေါင်းများစွာနဲ့ မိမိနှလုံးသား ကို ပစ်သွင်းနေသလိုပါပဲ ။ ရင်ထဲကတစစ်စစ်ကိုက်ခဲနာကျင်လာတယ် ။
ချိုသဲလို မိန်းကလေးတစ်ယောက်ရဲ့စွဲလမ်းမှုကို ကျွန်တော် ဥပက္ခာမပြုနိုင်သလို မိမိ နှလုံးသားရဲ့စေညွှန်မှုကိုလည်း ရှေ့တန်းထွက်မပြသင့်ဘူး ဆိုတဲ့ အစွန်းနှစ်ဖက်ကြား နေရင်းက ကျွန်တော်စိတ်တွေကို နာကျဉ်း နာကြည်းစွာ မြတ်သားရတော့တယ် ။ ကျွန် တော်နဲ့ ချိုသဲက နှလုံးသားခြင်းပတ်သက်နေပေမယ့် တရားဝင်ချစ်သူအဆင့်ကိုမ ရောက်ကြသေးတာဟာ ရပ်သိရွာသိ ။ ဒီတန်ဆောင်မုန်းလပြည့်ဟာ နှလုံးသားကိုဆေး ပေါင်းမခနိုင်တဲ့ ည ။ လမ်းခွဲရတော့မယ့်လမ်းခွဲညလေး ။ နာကျင်စွာနဲ့ဘာမှမသိရှာသေး တဲ့ အပြစ်မဲ့မျက်ဝန်းလေး ။ မောင်းဆုံအနီးမိန်းမပျိုလေးတွေနဲ့အတူထိုင်ရင်းက ကျွန် တော်ကိုအရိပ်တကြည့်ကြည့်နဲ့ မော့ကာမော့ကာ ပျော်ပါးကြည်ရွှင်နေတဲ့ မျက်နှာကို တ၀ကြီးကြည့်နေဖြစ်တယ် ။
နှစ်ယောက်သားရတဲ့အချိန်အားလေးမှာ သူ့ကိုအကျိုးအကြောင်းတွေနဲ့ ဖျောင်းဖြဖြစ် တယ် ။ ဒီရွာလေးကိုလာရတဲ့ရည်ရွယ်ချက်မှာ အဓိကအချက်က ရွာကကလေးတွေကို ခေတ်ပညာတွေသင်ပေးရင်း ဒီရွာရဲ့ ပစ္စည်းမဲ့ဆင်းရဲသားတွေကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း ၊ ဒုတိယအချက်က အရပ်သားအစိုးရကိုသေနတ်ပြခြိမ်းခြောက်ပြီး ယူနီ ဖောင်းချွတ်ထားတဲ့ နေ၀င်း စစ် ဖက်ဆစ် အာဏာရှင်အစိုးရနဲ့ စစ်မှန်တဲ့ဆိုရှယ်လစ်ဝါဒ ကိုအိုးမဲသုတ် ၊အရေခြုံဆိုရှယ်လစ်ဆိုတာကြီးအကြောင်းဖွင့်ချဖို့အကြောင်း ၊ တတိယ အချက်က စစ်မှန်တဲ့ဆုရှယ်လစ်ဝါဒကိုတကယ့်ပစ္စည်းမဲ့ဆင်းရဲသားတွေကိုယ်တိုင်ဦး ဆောင်ပြီး အထွေထွေသွေးစုပ်ချယ်လှယ်မှုတွေအောက်က လွတ်မြောက်အောင်တိုက် ရွဲဝင်ကြရမှာဖြစ်ကြောင်း မိမိတို့ဟာသမိုင်းကထမ်းပိုးခိုင်းတဲ့ သမိုင်းတာဝန်တွေထမ်း ဆောင်နေကြတာဖြစ်ကြောင်း ၊ ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်ကို တစ်နိုင်ငံလုံး လက်နက်သဖွယ်တပ်ဆင် ။ တော်လှန်ရေး ကိုအောင်ပွဲခံတဲ့နေ့ဟာမိမိတိုရဲ့တာဝန်ပြီး ဆုံးပြီလို့ယူဆကြောင်း တစ်တိုင်းပြည်လုံးရဲ့ပစ္စည်းမဲ့လူတန်းစားညီညွတ်ရေးလမ်း ကြောင်းဟာယ်လောက်ရှည်လျားပြီး ဘယ်လောက်ရှုပ်ထွေးနေဦးမယ်လို့ခန့်မှန်းမရနိုင် ကြောင်း . . . တွေပြောပြတော့ နားထောင်ရင်းရစ်ဝိုင်းနေတဲ့ချိုသဲမျက်ဝန်းက မျက် ရည်တွေပါးနှစ်ဖက်က ပါးကွက်ကြားလေးပေါ်ဖြတ်သန်းသန်းစီးဆင်းသွားတာကို လ ပြည့်ညရဲ့လရောင်အောက်မှာ ထင်းထင်းကြီးမြင်လိုက်တယ် ။ ဒီလပြည့်ညဟာ သူရော ကျွန်တော်ပါ အနာကျင်ဆုံး ခံစားရတဲ့ညတစ်ညလို့ . . . . ဆိုချင်ပါတယ် ။
စာမေးပွဲအဖြေလွှာတွေကိုကျောပိုးအိတ်ထဲအထည့် မြို့ပြန်ဖို့ပြင်နေတုန်း ချိုသဲ သူငယ် ချင်း တစ်ယောက်ရောက်လာတယ် ။ မီးမျှောပွဲညက စံပယ်ကန်းကုံးလေးတဲ့ ချိုသဲ ပေးခိုင်းလိုက်တာပေးပြီး သုတ်သုတ်ပြန်ဆင်းသွားတယ် ။ ဖွင့်ကြည့်တော့ မီးမျှောပွဲည ကျွန်တော်ခိုးပြီး နမ်းရှိုက်ခဲ့တဲ့စံပယ်ပန်းကုံးအခြောက်လေး ။ ရင် . . ထဲ . .နင့် . . ကနဲ ။ ဆည်းဆာနေရောင်ကရဲ့နီနေတယ် ။ ကျွန်တော်ချစ်တဲ့ ကလေးတွေ ကျွန်တော်ချစ်တဲ့ လူငယ်တွေ လူကြီးတွေ ကျွန်တော်ချစ်တဲ့ရွာကလေးနဲ့ကျွန်တော်ရဲ့ ကွမ်းတောင်ကိုင် လေး . . . . . ။ ကျွန်တော်အားလုံးကိုကျောခိုင်းလိုက်တယ် ။ ရဲရဲနီနေတဲ့ ဆည်းဆာ ရောင်ခြည်ဟာကျွန်တော့်ကိုလွှမ်းခြုံထားသလို ကျွန်တော်ချစ်တဲ့ ကြိုးကြာကွင်းရွာလေး အပေါ်ကိုလည်း ဖျန်းဆွတ်ထားမယ် ဆိုတာ နောက်လှည့်မကြည့်ပဲသိနေတယ် ။ က လေးတွေရဲ့အဖြေလွှာတွေနဲ့ ကျွန်တော်ရဲ့အ၀တ်အစားမှန်သမျှ ကျောပေါ်က ကျော်ပိုး အိတ်ထဲမှာ . . . . . ။ လက်ထဲမှာ . . . က ချိုသဲပေးလိုက်တဲ့ စက္ကူဗူးဖြူဖြူထဲက နွမ်း နွမ်းခြောက်ခြောက် စံပယ်ကုံးလေးတစ်ကုံး ။
လက်တစ်ဖက်က ကျော်ပိုးအိတ်ကြိုးသိုင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး လေ ကိုငတ်မွတ်စွာ ပြင်းပြင်းရှုသွင်းလိုက်တယ် ။ ရှေုဆက်ချီတက်ရဦးမယ့် ခရီးရှည်ကြီးအ တွက် အားအင်တွေပြည်လည်စုစည်းရင်း တော်လှန်ရေးသီချင်းတစ်ပုဒ်ကို ရင်ကော့ ခေါင်းမော့ပြီး သီဆိုလိုက်တော့တယ် ။
အို . . . ရဲဘော် ချစ်ရဲဘော် ရယ် . . . . ငုပ်မိသဲတိုင် . . . တတ်နိုင်ဖျားရောက် . . . . . အောင်ရမယ် ။ တစ်နေ့ တလံ ပုဂံ ဘယ်ပြေးမယ် ( ဟုတ်တယ် )၄ မာ့က္ခစ် လီနင်ဝါဒ ဟာ အောင်ပွဲရတဲ့ ဒီ ချိန်ခါမယ် အနာဂါတ်ကို တို့ပိုင်တယ် . . . . အ နာ . . . ဂါတ် . . . ကို . . . တို့သာ . . ပိုင် . . . . ဆိုင် . . . .တယ် ။
ကိုလွင် ( နန်းမြေ )
Subscribe to:
Posts (Atom)